March 22, 2009

သီချင်းတစ်ပုဒ် ဆုံးသွားတိုင်း

လမ်းကြို လမ်းကြားထဲက
ဝါးဆစ်ဗုံလေး..ခတ်လိုက်တဲ့...
ဂီတပေါ့....

မိုး လေ...မလုံတဲ့
သံစဉ် နရီ လေး တွေ...
ပြသဒါး ဇာတာခွင်ထဲ..မှာ
ဘ၀ကို......
ဖြစ်သလို.......
နေ ရာ ချ ထား ကြ ရှာ တယ်..

နတ်ထွင်းတဲ့ ခံတွင်းလေးတွေပါ
အဲဒီ့မှာ.....
မှော်ဝင်နေတဲ့ တေးသွားတွေ
အ ဖိတ် ဖိတ် အ စင် စင်..

အပျိုဖေါ်ဝင်သမလေး...မချိရှက်ပြုံးနဲ့...
လမ်းဘေး....ပလက်ဖေါင်းပေါ်က
အသံရောင်း ပွဲတော်လေးမှာတောင်
မစည်ကားနိုင်လေတော့......

မိစ္ဆာ ၀ှက်ခံထားရတဲ့
အနာဂါတ်လေးတွေရေ...
မင်း..တို့...သီချင်းတွေထဲမှာ..............
မင်း တို့ မနက်ဖန်တွေဟာ.....
မျော.........လို့....... ။ ။

အိန္ဒြာ(၂၁.၃.၂၀၀၉)



သူငယ်ချင်းတစ်ယောက်ပေးတဲ့ youtube က link ကလေးကို ဖွင့်ကြည့်ရင်း...စိတ်ထဲကို စိုက်ဝင်သွားခဲ့တဲ့ အတွေးတစ်စပါ..။
ဒါပဲအတွေးထဲရောက်နေတော့ ကဗျာလေးတစ်ပုဒ်ချရေးမိပါတယ်..
နောက်တော့..ကဗျာလေးကိုရော...ဒီ link ကိုပါ ဝေမျှချင်စိတ်ပေါ်လာတာနဲ့...
သိပ်ရှည်ရှည်ဝေးဝေးတွေ စဉ်းစားမနေတော့ပဲ...Post အဖြစ်အသွင်ပြောင်းချလိုက်တယ်ပေါ့.....။

19 comments:

  1. အဲလိုအဖြစ်တွေမြင်တိုင်း ရင်ထဲမှာ မွန်းကြပ်လာတယ်အမရေ.... ပြောစရာတွေ တွေးစရာတွေ...
    ဟူးး.......
    ဖိုးမောင်

    ReplyDelete
  2. လာလည်သွားတယ်နော် ...။

    ReplyDelete
  3. အဲဒီ video လေးရောက်လာတယ်အစ်မ...
    အစ်မကတော့ နက်နက် ရှိုင်းရှိုင်းခံစားလိုက်ရတယ် ထင်တယ်။။

    ပြဿဒါး ဇာတာခွင်ဆိုတာ နားလည်ခံစားမိတယ်
    နတ်ပေးတဲ့ ခံတွင်းဆိုတာလေးကို သဘောကျတယ်

    “အပျိုဖေါ်ဝင်သမလေး...
    အသံရောင်း ပွဲတော်လေး
    မိစ္ဆာ ၀ှက်ခံထားရတဲ့
    အနာဂါတ်လေးတွေ”
    ရင်ထဲ ရောက်သွားတယ်...
    ခံစားမိတယ်...
    မိစ္ဆာမပါတဲ့ မနက်ဖြန်တွေ မျှော်လင့်မိတယ်..။

    ReplyDelete
  4. တောက်.....
    ကျွန်တော်မအားပါ...ဘယ်သူစာမှလဲ ဝင်ပြီးကောင်းကောင်းမဖတ်နိုင်ပါ...
    ကိုယ်တိုင်က ဘဝပျက်နေတော့ ချနင်းမဲ့သားကောင် လိုက်ရှာနေရတယ်...
    ........
    အခုကဗျာနဲ့ အခွေလေးတွဲကြည့်လိုက်ရတော့
    ရင်ထဲကို နင့်နေတာပဲ...
    ဒါဟာ ဖြစ်သင့်တဲ့ အစစ်အမှန်ဘဝမှ မဟုတ်တာ
    လက်မခံချင်ပဲ လက်ခံနေရတဲ့
    မျက်ကန်းချင်ယောင်ဆောင်နေသူတွေရဲ့
    ကျိန်စာ...
    ကဲ....ကိုယ့် ဘဝထဲက သူတို့လေးတွေက
    အပိုင်းအစတစ်ခုဖြစ်နေမယ်ဆိုရင်ရော...

    တောက်......

    ReplyDelete
  5. ကဗျာကိုဖတ်တယ် ပြီးတော့ ဗီဒီယိုလေးကြည့်ပြီး တစ်ကြောင်းချင်းသေချာပြန်ဖတ်မိတယ် ရင်ထဲမကောင်းဘူး အစ်မရေ့ ဒီအရွယ်လေးတွေလည်း လူပျို အပျိုပေါက်စလေးတွေဆိုတော့ ရှက်တတ်ပြီပေါ့ ။ သူတို့အနာဂတ်လေးတွေကေ၀၀ါးနေပါလားးး :(

    ReplyDelete
  6. အစ်မ ကဗျာဖတ်ပြီးမှ နက်နက်ရှိုင်းရှိုင်း ခံစားမိပြီး ဝမ်းနည်းသွားတယ်။

    ReplyDelete
  7. စိတ်မကောင်းစရာပါဗျာ....
    ရင်ထဲနင့်သွားတာတကယ်ပါ....

    မြန်မာတွေ မြန်မာတွေ မြန်မာတွေ....

    ဒါတွေကို သဘောပေါက်ကြဖို့လိုနေပြီ...

    ညီတဲလက်တွေ ထိစပ်ကြဖို့တော့လိုနေပြီ...

    ကျေးဇူးအများကြီးတင်ပါတယ်.. အခုလို တင်ပြပေးတဲ့အတွက်.. လေးစားပါတယ်...

    ReplyDelete
  8. အဲဒီဗွီဒီယိုလေးကို ကြည့်လိုက်ရပါတယ်
    ဒီအဖြစ်တွေများများလာတယ်။

    နတ်ထွင်းတဲ့ခံတွင်းတွေကို ဟောင်းလောင်းပွင့်စေတဲ့ မိစ္ဆာတွေဟာ အဲဒီသီချင်းတွေရဲ့ ကျိန်စာသင့်တဲ့နေ့ကို ရောက်လာမှာပါ။

    ReplyDelete
  9. အဲဒီဗွီဒီယိုလေးကို ကြည့်လိုက်ရပါတယ်
    ဒီအဖြစ်တွေများများလာတယ်။

    နတ်ထွင်းတဲ့ခံတွင်းတွေကို ဟောင်းလောင်းပွင့်စေတဲ့ မိစ္ဆာတွေဟာ အဲဒီသီချင်းတွေရဲ့ ကျိန်စာသင့်တဲ့နေ့ကို ရောက်လာမှာပါ။

    ReplyDelete
  10. (((((တောက်))))).........
    ဒန်တယ်လို့တောင် မထင်ဘူး။ အဲဒါ သရုပ်မှန်ဝါဒရဲ့ ဒိဠဓမ္မပဲ။

    လေးစားလျက်
    မိုးမောင်

    ReplyDelete
  11. ရင်ထဲမကောင်းဘူးအစ်မရေ ...
    ချပြသွားတဲ့ စာသားတွေက
    ပိုပိုပြီး နင့်စေတယ် ....

    ReplyDelete
  12. အပိုင်းပိုင်းအစစ ကွဲကြေမွနေတဲ့
    ဘဝတွေပေါ့...
    ကဗျာတပုဒ်လုံးက ဆို့နင့်ကြေကွဲစရာ ဘဝကို
    ပီပြင်အောင် ဖော်ကျုးထားနိုင်တဲ့အတွက် ပိုပြီးခံစားရတယ် ညီမရေ

    ReplyDelete
  13. အဲ ဗီဒီယိုလေး ကြည့်ရပါတယ် စိတ်မကောင်းလို့ ဆုံးအောင် ဆက်မကြည့်တော့ဘူး...
    ကဗျာနဲ့ပါ တွဲကြည့်ဖို့တော့ ပိုတောင် ဆိုးပါသေးတယ်လေ...
    ကြေကွဲစရာတွေပဲ ဗမာပြည်မှာ များသည်ထက်ကို များလာနေတော့တာပါပဲ...

    ReplyDelete
  14. စိတ်ထဲမကောင်းဘူးအမရေ
    ကဗျာဖတ်ရတော့ ဆို့နင့်နင့်ကြီး
    ဗီဒီယိုဖိုင်ကြည့်ရတော့လဲ ဆိုနင့်နင့်ကြီး
    ရွှေပြည်ကြီး နီးပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ

    ReplyDelete
  15. မိစ္ဆာ ၀ှက်ခံထားရတဲ့
    အနာဂါတ်လေးတွေရေ...
    မင်း..တို့...သီချင်းတွေထဲမှာ..............
    မင်း တို့ မနက်ဖန်တွေဟာ.....
    မျော.........လို့....... ။ ။

    ကဗျာရယ်--ပုံလေးရယ်--
    ကြည့်ပြီး--နာနာကျဉ်ကျဉ် ခံစားရပါတယ်--

    ReplyDelete
  16. မကြီးရေ...

    ဘဝတွေ... ဘဝတွေ...
    ရင်ထဲမှာ တစ်ဆို့နေပြီ မကြီးရာ...

    with love....

    ReplyDelete
  17. နတ်ထွင်းတဲ့ ခံတွင်းလေးတွေ နဲ့ အသံရောင်း ပွဲတော်လေး ဆိုတဲ့ အဖွဲ့ လေးတွေ ကြိုက်ပါတယ်။ ဒီအဖြစ်လေးတွေကို ပါးစပ်နဲ့ စာနာမယ့်အစား ကြုံတိုင်း ကရုဏာကြေးထည့်ဝင်ကြပါလို့ ။ ကျွန်တော်ကတော ဘတ်စကားစီးရင့် အမြဲတမ်း ထည့်နေကြပါ။ အသံရောင်းပွဲတော်လေးတွေကတော့ နယ်မှာ ခဏခဏတွေ့ ဖူးပါတယ်။

    ReplyDelete
  18. စိတ်မကောင်းဘူး မကြီးရာ။ ထိခိုက်လွန်းတယ်။
    သနားစရာဘ၀တွေကို လှောင်ပြောင်တတ်တဲ့ သူတွေကို ပိုမုန်းတယ်။ အဲဒီ့ဗီဒီယိုမှာ ပါတဲ့လူလိုမျိုးလူတွေပေါ့ အဖြူပေါ်မှာ အစက်ချနေကြတာ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  19. အပျိုဖေါ်ဝင်သမလေး...မချိရှက်ပြုံးနဲ့...
    လမ်းဘေး....ပလက်ဖေါင်းပေါ်က
    အသံရောင်း ပွဲတော်လေးမှာတောင်
    မစည်ကားနိုင်လေတော့......

    ဒီအပိုဒ်ကို ဖတ်အပြီးမှာ ... အသံရောင်းပွဲတော်ဆိုလိုက်လေတော့
    ပလက်ဖောင်းပေါ်က စင်တင်ရှိုးဘီယာဆိုင်ကြီးကို စိတ်ထဲ အရင် မြင်မိသွားတယ် ...
    Youtube ထဲက ပုံလေးကို မြင်မိမှ ... အော် ....ကဗျာဆရာ ဆိုလိုချင်တာ ...
    မြွေတစ်ကောင်ရဲ့ လျှာပါလားလို့ ...

    ReplyDelete