July 4, 2009

စိတ် ကစားတဲ့ကွင်း


တကယ်ဆို
ဖိုသတ္တ၀ါရဲ့ နံရိုးလောက်ပါပဲ..

ဒီ ဘ၀မှာတော့..
နေ့စဉ်လှုံလှုံနေရတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့
တဖြည်းဖြည်း ကျွတ်ဆတ်လာတဲ့ မိန်းမ တစ်ယောက်အဖြစ် တည်နေခဲ့..။

သင်ရော..
ကံကံ၏ အကျိုးဆိုတာကိုယုံကြည်လား..
သင့်ကိုယ်သင်
တစ်ထစ်ချင်းနင်းပြီး
ဆင်းကြည့်ဖူးသလား..
သင်လွန်ကျူးမိသမျှ
အမှားယွင်း အကျအပေါက်တွေကို..
စနစ်တကျ စာရင်းပြုစုကြည့်ဖူးလား...

ကိုယ့်ကိုယ်ကို
ကာကွယ် ထုချေ ဖြေရှုင်းနိုင်သေးသ

သိပ်မဆိုးသေးဘူးလို့
ကျွန်မတို့
ယုံ ကြည် ပေါ့ ပါး လိုက်ရအောင်...

အဲဒီလိုမျိုး...
တစ်ဘ၀လုံးလုံး...
စိတ်က ကိုယ့် ကို
စိတ်ရှိသလို ကစားပစ်ခဲ့တာ..။ ။

အိန္ဒြာ
(၅.၇.၂၀၀၉)

(ပုံလေးကို ချစ်သော မမ မနော်ဟရီက ရှာပေးထားတာပါ..။)

15 comments:

  1. ကိုယ့်စိတ်ကို လာကစားသွားတဲ့ကဗျာတစ်ပုဒ်
    စိတ်နဲ့ပုတ်မထုတ်လိုက်နိုင်ခင်မှာ
    သူက ကိုယ့်မျက်ရည်တချို့ကို စိတ်လိုလက်ရ
    ခတ်ထုတ်သွားတော့ရဲ့........

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. သိပ်မဆိုးသေးဘူးလို့
    ကျွန်မတို့
    ယုံ ကြည် ပေါ့ ပါး လိုက်ရအောင်... တဲ့လား။

    မရေ... ကဗျာလေးက နာကျင်စေရပါလား။ထိခိုက်သွားပြီ မရေ...

    ReplyDelete
  4. သို့ ကဗျာရေးသူ (တခြားမည်သူမှကိုမဆိုလို :P)
    ကျွန်ုပ်သည် ကံ ကံ ၏ အကျိုးကို ပက်ပက်စက်စက် ယုံကြည်သော သူဖြစ်သတည်း။

    ကျန်းမာရေးထိခိုက်စေသော ကဗျာ အမျိုးအစားဖြစ်၏။

    ထို စိတ်သည် အဆော့သန်သောစိတ် ဖြစ်၍ အဆော့သန်သော ဆိတ်လို လိုက်ဝှေ့နေသည်... ပထမဆုံး comment ရေးသူ အဆိုအရ အဲဒီ စိတ် (၀ါ) ဆိတ်က ချို နဲ့ ခတ်ထုတ်သွားသည် ဟုသိရသည်။

    ဤ ကဗျာသည် နံရိုးပိုင်ရှင်အတွက်ဟု မှတ်ယူဖွယ်ရှိသည်။ သူ့ခြေရာကိုလည်း ပုံထဲတွင်မြင်နေရသည်...။ အသည်းပုံကို ခြေမနှင့် ပုံဆွဲခဲ့သည်ဟု ယူဆစရာအကြောင်းရှိသည်။

    ကာကွယ် ထုချေ ဖြေရှုင်းနိုင်သေးသ၍
    ဆိုသည်ကို သဘောကျသည်..

    သို့သော် ထို ကာကွယ် ထုချေ ဖြေရှုင်းနိုင်ခွင့်ကို
    တယောက်ယောက်က ပေးသနားတော်မူလိုက်မှာ စိုးရိမ်မိသည်...။

    ထို့ကြောင့် ကျွန်ုပ်လည်း ကျန်းမာရေးထိခိုက်သည်...။

    ထို့ကြောင့် တရားစွဲမည်...။

    ကာကွယ်ထုချေဖြေရှင်းခွင့် အရ
    ဖြေရှင်းခွင့် မပြုကြောင်း ပြောကြားအပ်ပါသည်။

    With Peace,
    Z

    ReplyDelete
  5. ဒီ ဘ၀မှာတော့..
    နေ့စဉ်လှုံလှုံနေရတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့
    တဖြည်းဖြည်း ကျွတ်ဆတ်လာတဲ့ မိန်းမ တစ်ယောက်အဖြစ် တည်နေခဲ..။

    ကင်ဆာဖြစ်နေတာ အစက မသိလိုက်ဘူး

    ReplyDelete
  6. ဒီ ဘ၀မှာတော့..
    နေ့စဉ်လှုံလှုံနေရတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့
    တဖြည်းဖြည်း ကျွတ်ဆတ်လာတဲ့ မိန်းမ တစ်ယောက်အဖြစ် တည်နေခဲ့..။

    အိန္ဒြာရေ
    ခံစားဖတ်သွားတယ်နော်
    ချစ်ခင်လျက်

    ReplyDelete
  7. မအိမ် ရေ...
    ကဗျာလေးက နာကျင်နေတဲ့ မန်းမတယောက် ဆိုညည်းတဲ့ တေးတစ်ပုဒ်လိုပဲ။
    သံစဉ်ချိုမြတွေကိုလဲ နားဆင်ချင်မိရဲ့။

    ReplyDelete
  8. ကိုယ့်ကိုယ်ကို
    ကာကွယ် ထုချေ ဖြေရှုင်းနိုင်သေးသ၍
    သိပ်မဆိုးသေးဘူးလို့
    ကျွန်မတို့
    ယုံ ကြည် ပေါ့ ပါး လိုက်ရအောင်...

    ဒီလိုနဲ့ပဲ အစ်မရေ ...

    ReplyDelete
  9. အဲဒီလိုမျိုး...
    တစ်ဘ၀လုံးလုံး...
    စိတ်က ကိုယ့် ကို
    စိတ်ရှိသလို ကစားပစ်ခဲ့တာ..
    စိတ်ကစားတဲ့ကွင်းက ကျယ်ပြန့်လှတယ်မဟုတ်လားညီမရေ

    ReplyDelete
  10. လောကကြီးက စိတ်ကစားတဲ့ကွင်းလား...
    စိတ်ထင်သလို ကစားနေလာခဲ့တာ....
    ဟုတ်ပါတယ်လေ..ကိုယ့်အမှားကိုယ် ဖြေဆည်နိုင်သေးသရွေ့တော့ တော်ပါသေးတယ်..။

    ReplyDelete
  11. အမရေ တားတားလာဖတ်တွားတယ်..။
    မှန်တာပေါ့ မမရေ..။
    “ကိုယ့်ကိုယ်ကို ကာကွယ်ထုချေ ဖြေရှင်းနိုင်သေးသ၍ သိပ်မဆိုးသေးဘူး” ဆိုတာလေ..။
    ဒါပေမယ့် တထုတော့ကျိတယ်
    တားတားကျဉ်းဂျား မိတာက
    အင်..ဖစ်ရပ်မှန်ပဲဖစ်မယ်နော်...ဟီးဟီး
    ခင်မင်စွာဖြင့်
    ........စည်သူ။

    ReplyDelete
  12. အိန္ဒြာရေးသမျှထဲက မကြိုက်တဲ့ကဗျာကို ပြပါဆိုရင်တော့ ဒီကဗျာကိုပဲပြရမယ်။ တကယ်ဆို ကျနော့်အနေနဲ့ ဘော်ဒါရင်းကြီးလဲဖြစ်၊ ကိုယ့်အမလဲ ဖြစ်နေတော့ ဒီကဗျာလေး မိုက်တယ်၊ မဆိုးဘူးလို့ပြောသင့်တာပေါ့။ ဒါပေမယ့် ကျနော့်နှလုံးသားက လက်မခံနိုင်ဘူး။

    မကြိုက်တဲ့အကြောင်းရင်းကိုတော့ ကဗျာရေးသူနဲ့ ဆွေးနွေးပြီးပါပြီ။ ကွန့်မန့်မှာ ရေးပြီးဆွေးနွေးမယ်ဆိုရင် တခြားသူတွေနဲ့ အယူဝါဒပိုင်းအရ စကားရှည်လာစရာ အကြောင်းရှိတာမို့ ရိုးရိုးမကြိုက်ကြောင်းပဲ ရေးခဲ့ပါရစေ။ ရေးချင်လွန်းလို့ပါ။ :D
    ခွင့်လွှတ်ပါ..ငါ့အမရေ...။

    မိုးမောင်(HappyCloud)

    ReplyDelete
  13. စိတ်ကလူကို ကစားသလို
    စိတ်ကို လူက ပြန်ကစားနိုင်ခဲ့ရင်
    သိပ်ကောင်းသွားမှာ။ ။

    ReplyDelete
  14. စ လယ် ဆုံး နားလည်တယ် ဆိုတော့၊ လိုင်းမယ် တွေ့ ရင် ရှင်းပြခိုင်းရတော့ဘူးပေါ့.. ဟီးးး လကား နောက်တာ..ကဗျာလေး ခံစားသွားကြောင်း...။
း)

    ReplyDelete
  15. ညီမလေး....

    ဖတ်သွားပါတယ်...

    ချမ်းမြေ့ပါစေ...။

    ReplyDelete