August 9, 2009

သူတို့ ပစ်မှတ်က စိတ်

ဘယ်အမုန်းမှထပ်မတိုးနိုင်လောက်အောင်
ဘ၀တွေ အမုန်းနဲ့ချဉ်စုတ်နေခဲ့ကြ

လေလာလာ မိုးလာလာ..
အကြောက်တရားကို ခြုံထားမိလောက်အောင်..
အနာတရတွေကလည်း..ရင့် ၀ါ

ဟောင်းရိ နွမ်းနယ်နေတဲ့
ဟောဒီ့ ဖိနပ်အိုထဲ...
ငါတို့ခရီးက ကျဆုံးခဲ့ပြီလား...

အထပ်လိုက်ဆွေးမြည့်သွားတဲ့
အိပ်မက်တွေထဲမှာ..
ပွဲတက်ခွင့်မရလိုက်တဲ့
သတင်းစကားတစ်ချို့ပါနေတယ်

ဒိုင်ယာရီတွေဟာ..
ဒဏ္ဍာရီမဟုတ်ကြောင်း
သက်သေပြနေရတာကိုက ခံပြင်းစရာပါ..

နေအတု နေ့အတုတွေထဲမှာ
ဘ၀တွေ အလင်း အ နေကြရပေါ့

အချစ်ရေ..
အားမလျှော့လိုက်နဲ့ကွယ့်
စိတ်နဲ့ကျစ်ကျစ်မြဲမြံထားတဲ့လက်တွေမှာ...
သစ္စာတွေ အရဲရင့်ဆုံး ထုံကူးနေကြတယ်..။


အိန္ဒြာ
(၉.၈.၂၀၀၉)

22 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ပစ်မှတ်တစ်ခုရဲ့ အတွင်းသဘောဒီစိတ်မှာ
    သစ္စာတွေ အနူညံ့ဆုံးထုံးကူးတယ်ဆို
    ဒဏ္ဍာရီမဟုတ်တဲ့ ဒိုင်ယာရီ
    အပြန်အလှန်လှန်နဲ့
    ဖြစ်တည်နေသ၍
    ခရီးက အဆုံးမရှိပေါ့ ..။

    ခင်မင်စွာ
    idulize (အရုပ်ကလေး)

    ReplyDelete
  3. စိတ်နဲ့ကျစ်ကျစ်မြဲမြံထားတဲ့လက်တွေမှာ
    သစ္စာတွေနဲ့ အရဲရင့်ဆုံးထုံကူးမတဲ့လား
    အလင်းအ နေတဲ့ဘဝတွေ
    နေအတုနဲ့နေ့အတုထဲမှာအလင်းအနေကြပေမယ့်
    နှလုံးသားထဲက အလင်းစစ်စစ်ကတော့
    ကြည်လွင်ချိုမြနေခဲ့လိမ့်မယ်။

    ReplyDelete
  4. ကဗျာရေးသူနဲ့တော့ မဆိုင်ပါဘူး...
    သူ့ ခံစားချက်ဘယ်လိုရှိမယ်မပြောတတ်ပါ..
    အခု လှုပ်နေတဲ့ကဗျာလေးကို
    ကျနော်ဆေးစက်နဲနဲထဲ့ကြည့်မယ်...
    ဒါဟာ ကျနော်နဲ့သာသက်ဆိုင်တဲ့ ကျနော်အမြင်သက်သက်ပါ...
    .......
    " အချစ်ရေ "...ဆိုတဲ့စကားလုံးလေးကို
    ကျနော် တခုခုပြောင်းလိုက်ရင်...
    ဘာဖြစ်သွားနိုင်လဲ...

    ReplyDelete
  5. နေအတု နေ့အတုတွေထဲမှာ
    ဘ၀တွေ အလင်း အ နေကြရပေါ့...


    ကိုကြီးသု ပြောတဲ့ “အချစ်ရေ..” ဆိုတဲ့ နေရာမှာ....

    ရင်ဘတ်နဲ့ ခံစားဖတ်ရှုကြည့်တယ် မကြီးရေ...

    ချစ်ခင်လေးစားမှုတွေနဲ့..

    ကိုရင်.. ခင်လေး..

    ReplyDelete
  6. ကဗျာ ခံစားသွားပါတယ် ။
    ဘ၀ အတုတွေလည်း နေအတုတွေ ကြောင့် လင်းပနေကြပေါ့ ။

    ReplyDelete
  7. စိတ်တွေကို ပစ်တဲ့အခါ အစိတ်စိတ်အမွှာမွှာ မဖြစ်ဖို့ အရေးကြီးမယ်။

    အချစ်ရေလား...။ အချစ်တို့ရေ ပေါ့...

    အချစ်က နားလည်ပါတယ်။

    ReplyDelete
  8. ဘာ...ပြော...ရ...မ...လဲ။

    ထူးအိမ်သင်သီချင်းဆိုကြည့်တာ။ ကဗျာထဲမှာ စိတ်တွေ။
    စိတ်ထဲမှာ ကဗျာတွေ။ တွေ့လိုက်တယ်။ အတွေးတွေ။ ဆိုလိုရင်းတွေ။ ရင်တွင်းမြစ်တွေ စီဆင်းနေကြတယ်။ သစ္စာတွေ အရဲရင့်ဆုံး ထုံကူးနေကြတယ်။


    ဆူးရင့်

    ReplyDelete
  9. အောက်ဆုံးအကြောင်းက အထိဆုံးဗျို့..း)

    ReplyDelete
  10. ရဲရင့် မာန်ပါတဲ့ကဗျာမို့ ဖတ်ရင်းကို စိတ်လှုပ်ရှား ယစ်မူးစရာကောင်းနေတာပါပဲ
    သူတို့ပစ်မှတ်က စိတ် ခေါင်းစဉ်ကိုက အားပါတယ်

    ReplyDelete
  11. မရေ...

    ကောင်းလိုက်တာ။

    ချဉ်ချဉ်ဟောင်းဟောင်း
    အလင်းအ နေတဲ့
    ဘဝတွေအတွက်

    အားမလျှော့လိုက်နဲ့ကွယ့် ... တဲ့လား။

    အဆုံးမဲ့ ချစ်တဲ့...

    မယ်

    ReplyDelete
  12. စိတ်နဲ့ကျစ်ကျစ်မြဲမြံထားတဲ့ လက်တွေ..
    လွတ်လွတ်လပ်လပ် ပင့်မြှောက်ခမောင်းခတ်နိုင်ပါစေ..
    ( သြော်..
    အချစ်ရေ... )
    မေ့ကျန်သွားလို့..း)

    ReplyDelete
  13. အမုန်းနဲ့ ချဉ်စုတ်နေတော့လည်း အမုန်းထဲမှာ အမုန်းထပ် အမုန်းလုံးခြာလိုက်လို့ပေါ့
    လေ လာ လာ မိုးလာ လာ
    အကြောက်တရားက ခြုံထားမိမတဲ့လား
    ဖိနပ်အိုထဲ ကျဆုံးသွားတဲ့ ခရီးအိုတွေ
    ဆွေးမြည့်သွားတဲ့ အိပ်မက်တွေ
    ပွဲတက်ခွင့်မရပေမယ့် သတင်းစကားတောပါးလိုက်ပါရဲ့
    ပြောဖို့စောပါသေးတယ် ဒိုင်ယာရီရယ်
    ဒဏ္ဍာရီဟာ နှစ်ချို့ နေ့စွဲတွေ ဖြစ်တယ်
    နေအတု နေ့အတု
    အားလုံး အတုတွေထဲ
    ဘ၀တွေ အလင်း အတုနဲ့ အနေတာ

    အချစ်ရေ(ဘာပဲဖြစ်ဖြစ်ပါ)တဲ့လား
    စိတ်နဲ့ ကျစ်ထားတဲ့ လက်တွေ
    သစ္စာတရားတွေ အရဲရင့်ဆုံးနဲ့ အဖြောင့်မတ်ဆုံး ထုံကူးပွင့်ဝေသွားကြပေါ့။ ။

    ReplyDelete
  14. အကြောင်းကြောင်းကြောင့် အသံထွက်ခွင့်
    မရတဲ့ နှုတ်ခမ်းဖျားတွေရဲ့
    ရင်ထဲကမြည်ဟီးတဲ့ အသံ ဟာ ကမ္ဘာတုန်တယ်အစ်မရေ ...

    WHAT TO DO :):):)

    ခင်မင်စွာဖြင့် :)

    ReplyDelete
  15. စိတ်... စိတ်...
    စိတ်... စိတ် ပါကွယ်...

    ReplyDelete
  16. ဘယ်အမုန်းမှထပ်မတိုးနိုင်လောက်အောင်
    ဘ၀တွေ အမုန်းနဲ့ချဉ်စုတ်နေခဲ့ကြ
    ဂျောက်ဂျောက်ဂျောက် ... အထက်ပါအယူအဆသည် လုံလောက်ကြံ့ခိုင်စွာ
    စစ်ထုတ်ယူငင်ထားပြီးဟုယူဆရ ..
    ..
    လေလာလာ မိုးလာလာ..
    အကြောက်တရားကို ခြုံထားမိလောက်အောင်..
    အနာတရတွေကလည်း..ရင့် ၀ါ
    ဘယ်အမုန်းမှထပ်မတိုးနိုင်လောက်အောင်
    ဘ၀တွေ အမုန်းနဲ့ချဉ်စုတ်နေခဲ့ကြ
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်.
    ကဗျာဆရာနှင့်အတူ ကြေကွဲနာကျင်နေသည်ဟုသေချာ ...
    ဂျောက်ဂျောက်ဂျောက် ...

    လေလာလာ မိုးလာလာ..
    အကြောက်တရားကို ခြုံထားမိလောက်အောင်..
    အနာတရတွေကလည်း..ရင့် ၀ါ
    ဟောင်းရိ နွမ်းနယ်နေတဲ့
    ဟောဒီ့ ဖိနပ်အိုထဲ...
    ငါတို့ခရီးက ကျဆုံးခဲ့ပြီလား..
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်.
    ..ဖိန်ပ်အိုထဲတွင်လဲပြိုခါနီး သက်ကြီးရွယ်အို တစ်ဦး နာကျင်ဖျော့တော့ခြင်းမရှိစွာ တင့်တယ်လျက် ...
    ရဲရင့်လင်းပစွာ ...ရှိနေဆဲ ...
    ထိုအချင်းအရာသည် လက်ပံပွင့်များကိုဆာလောင်သူတို့အတွက် ဒေါမနသပွားစေနိုင်ဟု တိတိကျကျယူဆမိ ....
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်.

    အထပ်လိုက်ဆွေးမြည့်သွားတဲ့
    အိပ်မက်တွေထဲမှာ..
    ပွဲတက်ခွင့်မရလိုက်တဲ့
    သတင်းစကားတစ်ချို့ပါနေတယ်
    ဒိုင်ယာရီတွေဟာ..
    ဒဏ္ဍာရီမဟုတ်ကြောင်း
    သက်သေပြနေရတာကိုက ခံပြင်းစရာပါ..
    မွန်းတည့်တစ်ခုသည် သံသရာတွင် အရှည်ကြာဆုံးစံချိန်တင်ခဲ့သည်ဟု ကျွန်ုပ်တို့နာကျင်ရင်ကွဲလျက် ..သို့ဖြစ်၍ ဤနေရာတွင် ငိုကြွေူးသူများသည် စိတ်ဓာတ်ပျော့ညံ့၍ မဟုတ်ဘဲ နာကျင်သောခံစားချက်ရှိ၍သာဖြစ်နိုင်ဟု သက်သေကထွက်ဆို ..
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်.

    နေအတု နေ့အတုတွေထဲမှာ
    ဘ၀တွေ အလင်း အ နေကြရပေါ့
    ထိုအရာသည် ကဗျာမဟုတ်တော့လောက်အောင် ဆိုးရွားနာကျင်လာသည် ...အလင်းအနေသောကောင်းကင်အောက်မှာ ခွက်လက်စွဲနေသော အမှန်တရားသည် .... ပလက်ဖောင်းပေါ်မှာတက်လိုက်ဆင်းလိုက်လုပ်နေသည်ဟု နောက်ဆုံးတွေ့ခဲ့သူက မှတ်ချက်ပြုပြောကြား ...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်.
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်.

    အချစ်ရေ..
    အားမလျှော့လိုက်နဲ့ကွယ့်
    စိတ်နဲ့ကျစ်ကျစ်မြဲမြံထားတဲ့လက်တွေမှာ...
    သစ္စာတွေ အရဲရင့်ဆုံး ထုံကူးနေကြတယ်..။
    သို့သော် သစ္စာတရားဆေးဖက်ဝင်ခဲ့သောခေတ်သည် ၂၁ ရာစုမဟုတ်တော့ကြောင်း ဆိုးရွားနာကျင်သောစူးတစ်ချောင်းသည် ထုတ်ချင်းခတ်လိုက်သည် ... သို့ဖြစ်၍ သေဆုံးသူသည် ... သက်သေစုံလင်စွာဖြင့် အသက်ကုန်သွားခြင်းသာဖြစ်ပြီး မတရားမှုအောက်ဆီဂျင်နည်းပါးမှုကို အောက်ဆီဂျင် ဆက်လက်မရှူတော့ခြင်းဖြင့် အဟိံသလမ်းစဉ်အတိအကျ အတိုင်း ကြွေကျသွားသော ကြယ်တစ်စင်းမျှသာဖြစ်ကြောင်း .... ထပ်မံစစ်ဆေးရန်မလိုအပ်တော့၍ ... ကိုယ်စိတ်ကို ကိုယ်ပြန်ခေါက်သိမ်း၍ ... မနက်ဖြန်တစ်ခုစာ .. ချိတ်ပိတ်ထားလိုက်ရန် ..အမိန့်ချမှတ် ...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်.

    အိန္ဒြာ

    ဂျောက်ဂျောက်
    ပြန်လည်စုစည်း တင်ဆက်သူ ..
    ဂျောက်ဂျောက်ဂျောက်...
    အမည်မဖော်လိုသူ
    Zephyr
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက်ဂျောက်ဂျောက်...
    ဂျောက် ....။ ။

    ReplyDelete
  17. နေအတု နေ့ အတုတွေမှာ

    ဘဝတွေ လင်း အနေရပါလားးး

    နေအတု ထက်စာရင် လရိပ်ကို ခို လှုံ ပြီး

    အမှောင်ထု ကြီးတဲ့ ညတွေမှာ

    ပျော်ဝင်နှစ်ခြိုက်နေချင်ပါတယ်...

    အားမလျှော့ပါဘူး..

    စိတ်နဲ့ ကျစ်ကျစ် မြဲ မြံ ထားတဲ့ လက်တွေ

    မလွတ်သ၍ပေါ့....



    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  18. အချစ်ရေ..
    အားမလျှော့လိုက်နဲ့ကွယ့်
    စိတ်နဲ့ကျစ်ကျစ်မြဲမြံထားတဲ့လက်တွေမှာ...
    သစ္စာတွေ အရဲရင့်ဆုံး ထုံကူးနေကြတယ်..။

    စိတ်....တွေ
    စိတ်....တွေပါပဲ

    ReplyDelete
  19. စိတ်နဲ့ကျစ်ကျစ်မြဲမြံထားတဲ့ လက်တွေမှာ..
    သစ္စာတွေအရဲရင့်ဆုံး ထုံကူးနေကြတယ်..တဲ့လား..

    ဟုတ်တယ်နော်...
    ကဗျာလေးကတော့ ရင်ထဲတော်တော်ထိတယ်...
    အားပေးလျက်ပါ အစ်မရေ...

    ReplyDelete
  20. အားမလျှော့လိုက်နဲ့ အချစ်ရေ

    ReplyDelete
  21. သစ္စာတွေ ထုံကူးဖို့ အရဲရင့်ဆုံး
    လက်နှစ်စုံရှိနေတာကို
    ဂုဏ်ယူလိုက်ပါတယ် အစ်မ။

    ReplyDelete
  22. စိတ်....စိတ်..ဟာ...
    စိတ်သက်သက်သာ..ဆိုတာလိုပေါ့.....
    အရမ်းကောင်းတယ်...

    ReplyDelete