August 11, 2009

၃၂ နှစ်စာအတွေး...

ဒီဝတ်စုံက
ဘယ်ခေတ်မှာ..မှ ပွဲမ၀င်တော့ဘူး ။

ကောင်းကင်ကို ချွတ်ပြီးလဲလို့ရရင်
ကိုယ့်လူက ဘယ်အရောင်ကို ကဲလိုက်ချင်သလဲ
ကိုယ်ကတော့ တိမ်တွေကို နည်း.နည်း..လျှော့ပစ်မယ် ။

သမိုင်းဆိုတာ တစ်နေ့ တခြားထူထဲလာတဲ့ စာအုပ်စင်
ရာဇ၀င်ဆိုတာ နှောင်းလူတွေ အသက်ပြန်သွင်းဦးမယ့် စိတ်ဝိဉာဉ်
ကိုယ့်လူက ... ကိုယ့်သမိုင်းကိုယ် ဖဲဆင်ရိုက်ဦး..မ လို့ ၊
ကိုယ်ကတော့.....ကိုယ့်ရာဇ၀င်ကို အပွန်းပဲ့ မခံနိုင်သလို
နှောင်းလူတွေ ငြင်းဆိုနေမှာကိုလည်း ..
ရှက် တတ် တယ် ။

လမ်းဘေးမှာ ဆေးမြစ်အော်ရောင်းသလိုကြီး..
လက်ခုပ်တဖျောင်းဖျောင်း တီး ပြီး ဂုဏ်ဖေါ်ဖို့ကလည်း
ဘ၀က ခပ်ညံ့ညံ့ မျက်လှည့်ဝိုင်း မဟုတ် ဘာမဟုတ်
ဒီလို ရောင်းအားမြှင့်တင်နည်းမျိုးဟာ..
ဒီခေတ်မှာ သိပ် ရိုး တာ သွားပြီ ။

တောင်ရှည်ပုဆိုး .. ဗန်ကောက်လုံချည် .. ဂျင်းဘောင်းဘီ
ဒါကို ခေတ်ရေစီးပါ..လို့
ပေါ့ပေါ့လွင်လွင် ၊ ကိုယ့်လူ ပြောနိုင်ရင်..
ကိုယ်က
အတ္တ ၊ လှည့်ကွက်
ကိုယ့်ဘက်ကိုယ်ယက်မှု၊
အနုပညာ
လိမ်ဆင်နဲ့ လိင်စိတ် တွေကို ဘုံထုတ်ထားချင်တယ်..။

ဆိုလိုရင်းက...
"သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား” ဆိုတာလည်း
ကိုယ့်လူ သစ်ပင်အတွက်
ကိုယ့်လူ့  ငှက်တွေချည်းပဲ မဟုတ်လား...။

လက်တွေ့ က
အခု ကဗျာရေးနေသလောက် ပေါ့ပါးချမ်းသာ မနေတော့-
မွေးနေ့ ဆိုတာ သေနေ့ ရဲ့ နိဒါန်းစာမျက်နှာ
ဒါ့ထက်ပိုပြီး...ရင် ခုန် ကြည် မွေ့ စ ရာ-
မ ရှိ ။ ။

အိန္ဒြာ

၂၀၀၆ခုနှစ်၊ဧပြီလထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာပုံနှိပ်ဖေါ်ပြခဲ့ပါတယ်..
မွေးနေ့နဲ့ဘာမှမဆိုင်ပါဘူး..တင်ချင်စိတ်ပေါက်လာလို့ပြန်တင်လိုက်ခြင်းသာဖြစ်ပါတယ်..။

15 comments:

  1. စာလုံးရေတလုံးတိုင်းမှာ ဒဿနတွေက ရာထောင်ချီတွေးဖို့ပေးနေလို့
    တန်ဖိုးထားစွာ ဖတ်နေဆဲပါကိုယ့်လူ (အဲဒီကိုယ့်လူကိုက စွဲစရာဖြစ်နေတော့တာ)

    ReplyDelete
  2. အေ့လေ.. မမွန်ကိုထောက်ခံ၏.. တော်ဒယ် နာ့တီတီဂ။

    ၂၀၀၆ မှာ ၃၂ဆိုတော့ ၂၀၀၉ မှာ ၃၅ပေါ့.. တီတီ့အသက် ခုမှပဲသိဒယ်။ ပြောမပြချင်လည်းနေပေါ့အေ။ အဟက်..

    ReplyDelete
  3. လက်တွေ့ က
    အခု ကဗျာရေးနေသလောက် ပေါ့ပါးချမ်းသာ မနေတော့
    မွေးနေ့ ဆိုတာ သေနေ့ ရဲ့ နိဒါန်းစာမျက်နှာ
    ဒါ့ထက်ပိုပြီး ရင် ခုန် ကြည် မွေ့ စ ရာ
    မ ရှိ ။

    အပိတ်လေး တစ်အားလှတယ်အစ်မ ...

    ReplyDelete
  4. ဆိုလိုရင်းက...
    "သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား” ဆိုတာလည်း
    ကိုယ့်လူ သစ်ပင်အတွက်
    ကိုယ့်လူ့  ငှက်တွေချည်းပဲ မဟုတ်လား...။

    အတွေးတွေ အများကြီးပေးတဲ့ ကဗျာကောင်းတပုဒ်အတွက် ကျေးဇူးဗျ အစ်မ ။ အသေအချာခံစားသွားပါတယ် ။

    ReplyDelete
  5. ကိုယ့် သမိုင်းကို ကိုယ်ဖဲဆင် မရိုက်ရဲ ပါဘူး

    ဘူကြီး ပဲ ကျနေလို့

    နေသာသလိုပဲ တွမ်တီဝမ်း ရိုက်မလားလို့...း)

    သေနေ့ရဲ့ နိဒါန်းစာမျက်နှာ တွေ ရေးနေတာ ကြာပေါ့။။။

    နိဂုံးတော့ချုပ်ချင်ပြီး မမရယ်....

    အဆုံးသတ်လေး လှအောင်ဖန်တီးပေးကြပါ...


    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  6. ကောင်းကင်ကို ချွတ်ပြီးလဲလို့ရရင်
    ကိုယ့်လူက ဘယ်အရောင်ကို ကဲလိုက်ချင်သလဲ
    ကိုယ်ကတော့ တိမ်တွေကို နည်း.နည်း..လျှော့ပစ်မယ်


    လက်တွေ့ က
    အခု ကဗျာရေးနေသလောက် ပေါ့ပါးချမ်းသာ မနေတော့


    အင်း ကိုယ့်လူရေ...

    ReplyDelete
  7. မရေ...မွေးနေ့အကြောင်း မတွေးချင်သူများထဲမှာ မယ်လည်း ပါတယ်။

    မအတွေးလေးတွေက စာကြောင်းတိုင်း အရမ်းခိုက်စရာ။

    မွေးနေ့ ဆိုတာ သေနေ့ ရဲ့ နိဒါန်းစာမျက်နှာ
    ဒါ့ထက်ပိုပြီး...ရင် ခုန် ကြည် မွေ့ စ ရာ-မ ရှိ ။ ။

    နောက်ဆုံးအကြောင်းက အကြွေဆုံးပါပဲ။

    ReplyDelete
  8. မွေးနေ့ဆိုတာ
    ကြိုးကွင်းတန်းလန်းနဲ့
    လူဘုံခန်းဝါရောက်လာရတဲ့ဇာတ်ဝင်ခန်း
    နိဒါန်းမှာကိုက..အနိဌာရုံနဲ့....

    ကောင်းကင်ကိုအရောင်ပြောင်းလိုက်တော့လည်း
    သစ်တောတွေကစိမ်းနေဦးမှာပဲ
    တိမ်တွေကိုပဲမှာလိုက်တော့မယ်
    မိုးခါးတွေများများရွာပစ်ခဲ့လိုက်ဖို့ (တစ်ဘဝစာ)

    ပြိးရင်တော့
    လက်ကျန်သံသရာကိုခပ်ထုတ်ပစ်
    ခန္တီစအသစ်တွေနဲ့ လူလုပ်ရတာညည်းငွေ့ကြောင်း
    နောက်ထပ်မူးယစ်ပစ်ချင်စရာအကုသိုလ်လက်ကျန်တွေ
    နည်းနေပြီဖြစ်တဲ့အကြောင်း
    သေဆုံးသွားတဲ့စကားလုံးတွေရဲ့ဈာပန
    ဘာကိုမှ တဖွဖွမမှာချင်တော့တဲ့အကြောင်း
    စာလုံးပေါင်းမှန်မှန်နဲ့ပြောပြဖို့
    လေသေနတ်တစ်လက်တော့လိုလိမ့်မယ်။

    အဲဒီသစ်ပင်
    ရင်မခုန်ချင်စရာများပြောပါတယ်
    အကုသိုလ်တွေလည်း အိုးထိန်းစက်လို
    ဂျွမ်းထိုးမှောက်ခုံ................
    အရောင်တွေစုံလို့။

    (သိပ်ကောင်းတဲ့ကဗျာတစ်ပုဒ်ဖတ်အပြီး
    ခုလို ခပ်ညံ့ညံ့ကဗျာတစ်စ ထွက်ကျလာခဲ့တယ်
    ခွင့်လွှတ်ပါ..မြေရိုင်းလို့ပန်းရိုင်းတာမဟုတ်ပါဘူး
    နဂိုတည်းကိုက....ကိုယ်ခံအားနည်းခဲ့ကြတာပါ
    ဒါကပဲ မိစ္ဆာတွေဆီကလာတဲ့ ဆုလာဘ်တစ်ခုအလား.....)

    ReplyDelete
  9. ခေတ်ကြီးကို ငြီးငွေ့လွန်းနေတဲ့ ကဗျာဆရာတစ်ယောက်ရဲ့ ဖြတ်သန်းမှု.....

    .......ကိုယ့်ဆရာရဲ့သစ်ပင်မှာ ကိုယ့်ဆရာရဲ့ ငှက်တွေ ချည်းပဲ...။........

    ReplyDelete
  10. ၃၂စာ အတွေးနဲ့
    အစ်ကိုသုရဲ့ ၄၃ညနေစာနဲ့ အတူတွဲလို့
    ရရှိလာတဲ့ အတွေး အများကြီးဗျာ ..။


    ခင်မင်စွာ
    idulize (အရုပ်ကလေး)

    ReplyDelete
  11. ဖတ်ဖူးပြီးသားပေမယ့် ထပ်လာဖတ်သွားတယ်။
    အဆင်ပြေနေတုန်းပဲး)

    ReplyDelete
  12. တကာမကြီး ..
    တကာမကြီးကဗျာက ဒေါသအမျက်ထွက်နေတယ်ကွဲ့ ..
    အိမ်း ..
    ခေတ်ကိုက မကောင်းပေမယ့်
    လူဆိုးတွေနဲ့တွေ့တိုင်း
    မဆိုးရဘူးကွဲ့ ...
    အိမ်း ..
    သူ့ဘာသာသူ ပန်းပန်လျက်နေပါစေလေ ...
    ခေါင်းလောင်းပန်းဖြစ်ဖြစ် ..
    ခွေးသေးပန်းဖြစ်ဖြစ် ...

    သံသရာမှာ ပြန်ဆုံဖွယ်မရှိတဲ့ ငနဲတွေအတွက်
    သာဓုခေါ်ကြရအောင် ဒဂါမဂျီး ငဲ့
    သာဓု သာဓု သာဓု ..
    အခုလျှော့ရ ကုသလကြောင့် ဒေါသမောဟလောဘ ကင်းကွာ သံသရာဝယ် ... ဖြစ်ချင်ရာဖြစ်ကြပါစေလေ ...။ ။

    ReplyDelete
  13. သိပ်တော်တဲ့ မင်းပဲ
    မင်းတို့လုပ်တော့ သိပ်ကိုကောင်း
    သိပ်ကိုလှပေါ့
    သိပ်ကိုဟုတ်နေကြတဲ့လက်ရာတွေပေါ့
    မင်းသုခတို့လုပ်တော့ ၀ိုင်းပြောလိုက်ကြတာ
    တော်တော် တရားကျဖို့ကောင်းတဲ့ဟာတွေ
    သိပ်တော်နေရင်လည်း တော်ရာမှာ နေလိုက်တော့

    ReplyDelete
  14. ကဗျာလေး လာဖတ်သွားပါတယ် မကြီး။

    ReplyDelete
  15. ဘယ်၂ခါပဲဖတ်ရဖတ်ရ..ကောင်းပြီးရင်းကောင်းပဲ....

    ReplyDelete