August 12, 2009

ခင်ခင်ပျိုရေ စောင့်ခဲ့တယ်

တစ်ရက်ကို ငါဘာလို့မစောင့်နိုင်ရမှာလဲ
ငါစောင့်ခဲ့တယ်..။
မီးလျှံလို
ကြိုးတန်းမှာ လိန်ညှစ်ထားတဲ့ အ၀တ်လို
ပျောက်ဆုံးသောအရာ
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ ..
ငါ စောင့်ခဲ့တယ်။
ကိုယ်ကသာပြောစရာရှိပြီး
သူကပြောစရာမရှိသောယတိပြတ်မှုကို
ငါ ချိမ်းဆိုခဲ့ပါတယ်..
ငါစောင့်ခဲ့တယ်..။ ။

အောင်ချိမ့်

6 comments:

  1. စောင့်ပေါ့ ကိုအောင်ချိမ့်ရယ်...
    ကျွန်တော်တို့က
    စောင့်နေရင်းနဲ့ ကြီးပြင်းခဲ့ကြ
    စောင့်နေရင်းနဲ့ သေဆုံးသွားခဲ့ကြ
    စောင့်နေရင်းနဲ့ သီလတွေ မြဲခဲ့ကြ
    စောင့်နေရင်းနဲ့ သီလတွေ ပြဲခဲ့ကြ
    တစ်ရက် တစ်ရက်နဲ့ အနှစ်နှစ်အလလ
    စောင့်ခဲ့ရပေါ့.....
    ခင်ခင်ပျိုရေ....
    အောင်ချိမ့်ကြီး
    ခါးထောက်ပြီး စောင့်နေပြီဗျ။

    ReplyDelete
  2. စောင့် ခဲ့ တယ် ....
    စောင့် ခဲ့ တယ် ...
    စောင့် ..... ခဲ့ ..... တယ် ........

    ReplyDelete
  3. ကဗျာလာဖတ်သွားပါတယ် မ။

    ReplyDelete
  4. စောင့်ခဲ့တယ်။
    စောင့်နေဆဲ။
    ကိုယ်ကသာ ပြောစရာရှိပေမဲ့
    သူက ပြောစရာ မရှိသော ယတိပြတ်မှုကို.....

    ......

    ...

    ReplyDelete
  5. စောင့်ဆိုင်းခြင်း အနုပညာ..........
    ....................

    ReplyDelete
  6. ချိန်းဆိုမှုတွေရဲ့နက်နဲမှုတွေပေါ့....

    ReplyDelete