ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ
ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ
ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ
အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ
ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ
ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ
အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ
မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။
မြင့်မိုးအောင်
မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ReplyDeleteဖမ်းဖို့ မကြိုးစားတဲ့အထိသာ။..
မကြီးရေ မျှဝေပေးတာ ကျေးဇူး..
ကျောက်ဆောင်တခုလို ငြိမ်ငြိမ်လေး ရပ်နေမိပြီ။
ReplyDeleteကဗျာကောင်းလေးတပုဒ်
ReplyDeleteဖတ်သွားတယ်...မရေ...
ဝေမျှပေးတာကျေးဇူး....
မရဲ့ကဗျာလဲဖတ်ချင်သေး
တယ်လေ...လုပ်ဦး...
ချစ်ခင်စွာဖြင့်
အမရာ
မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ReplyDeleteဖမ်းဖို့ မကြိုးစားတဲ့အထိသာ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကဗျာကောင်းလေးတွေကို အပင်ပန်းခံရိုက်ပြီး မျှဝေပေးတဲ့ မကို အရမ်းကျေးဇူးတင်ပါတယ်။ တကယ်။
ReplyDeleteအဆုံးမဲ့ချစ်တဲ့
=)
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ.. Idea ကောင်းကောင်းလေးကို သဘောကျသွားပါတယ်..
ReplyDeleteyu ya
မမရေ...ကဗျာလေး ကောင်းလိုက်တာ..။
ReplyDeleteကိုယ့်ဆရာအကိုကြီးကဗျာကိုဖတ်သွားပါတယ်
ReplyDeleteဖတ်ဖူးပြီးသားပေမယ့် ဘယ်အချိန်ဖတ်ဖတ်ကောင်းနေပါတယ်
မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ReplyDeleteဖမ်းဖို့ မကြိုးစားတဲ့အထိသာ။
;)
ကဗျာလေးက အရမ်းကောင်းတယ်ဗျ.............
ReplyDeleteThis comment has been removed by the author.
ReplyDeleteငါဟာကျောက်ဆောင်တစ်ခုပေါ့
ReplyDeleteလမ်းမှားလာမဲ့ငါးအစစ်တစ်ကောင်ကို
စောင့်ကြိုနေခဲ့တယ်
သူတွန်းတိုက်တိုးခွေ့သွားဖို့
နှလုံးသားကိုတောင်အသင့်ပြင်ထားခဲ့ရဲ့
ဒါပေမယ့်
မူမမှန်တဲ့ ငါ့အသက်ရှူသံအောက်
ငါးကလေးပျောက်ဆုံးသွားမှာတော့
စိုးနေမိ.............
တစ်ချို့ဘဝတွေက မုန်တိုင်းထန်နေခဲ့ကြတယ်။
(ခပ်တည်တည်နဲ့ရေးချလိုက်ပြီ
ခွင်လွှတ်ပါတော့ကိုမြင့်မိုးရေ..:P )
မဖမ်းတော့ဘူး ကျွန်တော့်လက်ကို သူကိုက်တယ် ဖြစ်မှာစိုးလို့..:P
ReplyDeleteလန်းလှချည်လား ကဗျာက..
ReplyDeleteThis comment has been removed by the author.
ReplyDeleteညီဇေရေ..
ReplyDeleteမျှော်နေတာ..ဟ
အိန္ဒြာ
အပိုအလို မရှိ ကွက်တိ ရင်ထဲ ရောက်ပါ၏ ။
ReplyDeleteကျနော်တော့ ငါးကင်ကပို ကောင်းမယ်ထင်တာပဲ
ReplyDelete