October 3, 2009

လွမ်းတိုင်းဆိုဖြစ်တဲ့...သီချင်း

လင်းပတဲ့ လပြည့်ဝန်းက မေ့မေ့ခေါင်မိုးပေါ်မှာ မွန်းတည့်လုနီးနီးရှိနေမယ်....
ဖယောင်းတိုင်လေးတွေ တစ်တိုင်ချင်းထွန်းညှိနေတဲ့ မေမေက..မျက်ရည်တွေဝဲနေလိမ့်မလား..
အလင်းရိပ်ဖျော့ဖျော့မှာ.မေ့မေ့ပါးပြင်ကပါးကွက်ကလေးက..၀ါဝင်းနုညက်နေမှာပါ..၊
မေမေ..သမီးတစ်ချက်လောက် နမ်းမွှေးချင်လိုက်တာ..။
မေမေ့တစ်ကိုယ်ရည်ပန်းခင်းလေးထဲမှာ.ခရမ်းနုရောင်နှင်းဆီတွေရော..ဖူးပွင့်နေရောပေါ့..
မေမေပေးခဲ့တဲ့ အသက်ဓါတ်ကလေးက..သူ့နှင်းဆီဆူးတွေသူချွန်သလို့..
မေမေ့ကလေးမလေးက...အခု အထီးကျန်ဆန်တဲ့..လူလတ်အရွယ်မိန်းမတစ်ယောက်အဖြစ် တိတ်ဆိတ်တဲ့အခန်းကျဉ်းလေးထဲမှာ..
မေမေ့ကို လွမ်းတဲ့ အလွမ်းတွေ အတွက်..တေးတစ်ပုဒ်ညည်းညူနေတယ်..မေမေ...။

Mamma
You gave life to me
Turned a baby into a lady

Mamma
All you had to offer
Was the promise of a lifetime of love

Now I know
There is no other
Love like a mother's love for her child

သမီးရဲ့ ဆံနွယ်တွေကလည်း မေ့မေ့ကိုလွမ်းနေလိုက်ကြတာ ...
ဒီလိုလပြည့်ညတွေတိုင်း..မေမေ့ခြေဖမိုးရင်းမှာ..ခေါင်းအပ်ပြီး အညွှတ်နူးဆုံးကန်တော့နေတဲ့ သမီးကို..ဆံနွယ်တွေကိုပွတ်သပ်ပြီး
မပျက်မကွက် မျက်ရည်ကျနေလေ့ရှိတဲ့ မေမေ...၊
မတိုင်ပင်ပဲ..ဟိုး အတိတ်တွေကိုပြန်ရောက်လို့.....
ဘ၀ရဲ့လောကဓံဆိုတာမှန်သမျှ နံပါတ်စဉ်ထိုးပြီး..
သားအမိနှစ်ယောက်ကျောခြင်းကပ်ရင်ဆိုင်ခဲ့ကြရတဲ့ ကာလတွေ...
မေမေ...။ မေမေ..။ မေမေ..။
မေ့မေ့ကို ကြည့်နေရင်းကို မေမေ့ကို လွမ်းဆွတ်နေခဲ့တာ...။
မေမေ...သမီး..ဖြစ်တည်မှုတွေရဲ့..လက်ဆ လက်န သိပ်ကောင်းခဲ့တဲ့ ပန်းပုဆရာ..၊
သမီးရဲ့ ရေခံမြေခံအတွက် အမွန်မြတ်ဆုံးဥယျဉ်သာ...
မေမေ..လမင်းကို တစ်ချက်လောက်မော်ကြည့်လိုက်ပါလား......
သမီးရဲ့မျက်ရည်ရောင်ဝိုးဝင်းနေတဲ့မျက်ဝန်းအစုံကိုမေမေမြင်နိုင်မလား...
အခုမေမေ့ကို စိတ်ညွှတ်ပြီး ကန်တော့နေတဲ့ သမီးဆံနွယ်တွေကို မေမေ ပွတ်သပ်ပေးပါဦးမေမေ...
မေ့မေ့လက်ဖ၀ါးအထိဖွဖွကလေး...ဟာ...
အေးစက်ထုံထိုင်းနေတဲ့..သမီး..ဘ၀ခုလတ်ထဲ...
နွေးနွေးမြမြ စီး..၀င်...ပေါင်းစည်း လာမယ့်...
အသန်မာဆုံးနဲ့ တစ်ခုတည်းသော စွမ်းအင်တစ်ခုပါ..မေမေရယ်...
And I know
A love so complete
Someday must leave
Must say goodbye

Goodbye's the saddest word I'll ever hear
Goodbye's the last time I will hold you near
Someday you'll say that word and I will cry
It'll break my heart to hear you say goodbye
မေမေ..သမီးသွားတော့မယ်..။
ခေါင်းကိုတစ်ချက်မော့ပစ်လိုက်ပြီး...အေးလို့ ခြောက်ခြောက်ကပ်ကပ်ကြီးပြောလိုက်တဲ့ မေမေ..။
သမီး..ကို မေမေယုံကြည်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျန်းမာရေးဂရုစိုက်ဖို့ပဲ...မှာချင်တယ်လို့ အသံမတုန်အောင်ကြိုးစားပမ်းစားထိမ်းချုပ်ပြောနေတဲ့မေမေ...
မေမေ..အဲလိုနှုတ်ဆက်လိုက်ရတဲ့..ခဏတာခွဲခွာမှုလေးမှာတောင်..သမီး..နှလုံးသားကချုံးချုံးကျသွားခဲ့ရတာ..
Mamma
You gave love to me
Turned a young one into a woman
Mamma
All I ever needed
Was a guarantee of you loving me
'Cause I know
There is no other
Love like a mother's love for her child
မေမေပေးခဲ့တဲ့..အသက်ခန္ဓာ ḩာဏ်ပညာ..အိုမေမေပေးအပ်ခဲ့တဲ့ အရာရာမှာ..
သမီးအတွက်အလေးလံဆုံးက နှလုံးသားအစုံပေါ့ မေမေ
မေမေပေးခဲ့တဲ့ အာရုံငါးပါးနဲ့ မြင်သိကြားနာစိတ်တွေမှာ ခံစားကြေကွဲတတ်မှုတွေက အလျှံငြီးတတ်လွန်းခဲ့ပေါ့...။
မေမေအသွေးအသား..မေမေ့သတ္တိနဲ့..မေမေ့ခွန်အားတွေနဲ့ မေမေညှိပေးခဲ့တဲ့ အလင်းလေးတစ်စဟာ..
သူ့လောင်ကျွမ်းမှုတွေနဲ့သူ..လင်းဝါလှပလို့
သူ့လောင်ကျွမ်းမှုတွေနဲ့သူ..ပူလောင်ပြင်းပျလို့.....
And it hurts so
That something so strong
Someday will be gone, must say goodbye
Goodbye's the saddest word I'll ever hear
Goodbye's the last time I will hold you near
Someday you'll say that word and I will cry
It'll break my heart to hear you say goodbye

"မေမေ..."
သမီးသွားတော့မယ်..နှုတ်ဆက်ရမယ့် အချိန်....
"သမီး.."
မေမေသွားတော့မယ်..နှုတ်ဆက်ရမယ့်အချိန်...
ဒီဘ၀..
တစ်နေ့နေ့............

ဟင့်အင်း...
အဲဒီ့ခဏလေး..
အခုခဏလေး...အတွက်တောင်....
သမီးနှလုံးသား..က ချုံးချုံးကျနေခဲ့ရတာ....

But the love you gave me will always live
You'll always be there every time I fall
You are to me the greatest love of all
You take my weakness and you make me strong
And I will always love you 'til forever comes


And when you need me
I'll be there for you always
I'll be there your whole life through
I'll be there this I promise you, Mamma
မလွဲမသွေ ဆိုတာမျိုးတွေကို..မတွေးဘူး..
ဘယ်တော့မှ........
ဟုတ်တယ်...ဘယ်တော့မှ သမီးမတွေးဘူးးးးး...မေမေ....
ဘယ်လိုမှ ဆုံးရှုံးလို့မဖြစ်တဲ့..သမီး.အသက်ဓါတ်တည်ရာမှီရာလို...
မေမေ... မေမေ...လို့ ခပ်စိပ်စိပ် တတွတ်တွတ် ရေရွတ်နေရုံကတင်...
သမီးဆီ..မမြင်နိုင်တဲ့ ခွန်အားတွေ..၊ သတ္တိတွေ...၊ အလိုလိုစီးဝင်လို့
သမီးဆီ..ချိုမြနေတဲ့ ချစ်ခြင်းတရားတွေ နူးညံ့မွှေးရီလို့ ၊
ဒီ့ထက်ခမ်းနားလေးနက်စရာမရှိတဲ့..အလေးမြတ်ဆုံးမေတ္တာပုံတူပန်းချီ..တစ်ချပ်..
မေမေ..
သမီးနှလုံးသားထဲ...မှာ ပဲ့တင်ရိုက်နေတဲ့ သီချင်းတစ်ပုဒ်...သမီး ဖွဖွသိပ်သိပ်..ညည်းညူနေတယ်လေ..

Mamma, I'll be
I'll be your beacon through the darkest nights
I'll be the wings that guide your broken flight
I'll be your shelter through the raging storm
And I will love you 'till forever comes
Goodbye's the saddest word I'll ever hear
Goodbye's the last time I will hold you near
Someday you'll say that word and I will cry
It'll break my heart to hear you say goodbye

'Till we meet again...
Until then...
Goodbye
မေမေပေးခဲ့တဲ့ ရုပ်နာမ်နဲ့ ဇက်ကုန်စိုင်းနေတဲ့ မြင်းရိုင်းတစ်ကောင်ပေါ့ မေမေ...
သမီးကိုမှန်းပြီး..ပို့သနေမယ့် မေမေ့ နေ့နေ့ညည မေတ္တာဓါတ်တွေနဲ့ တနဲ့နဲ့ခရီးဆက်နေတဲ့..ခရီးသည်တစ်ယောက်ပေါ့..မေမေ
"အဲဒီ့သမီးက မေမေ့ညနက်တွေထဲမှာ မီးပြတိုက်လို လင်းလက်နေပါရစေ.."
"အဲဒီ့သမီးက မေမေ့ပျံသန်းခြင်းတိုင်းရဲ့အတောင်ပံတစ်စုံဖြစ်ပါရစေ.."
"အဲဒီ့သမီးက.မေမေ့မုန်တိုင်းတွေရဲ့လေကွယ်အရပ်တစ်ခုလို..မေမေ့ကို အရိပ်လို မိုးပေးခွင့်ရပါစေ...."
"အဲဒီ့သမီးက မေမေ့ သွေးကြောတွေထဲ ခွန်းအားအသွယ်သွယ်အဖြစ်တိုးဝင်ရောစိမ့်ပေးနေပါရစေ..."

Goodbye's the saddest word I'll ever hear
Goodbye's the last time I will hold you near
Someday you'll say that word and I will cry
It'll break my heart to hear you say goodbye

မေမေ...ဟာ..သမီး..ဖြစ်တည်မှုချစ်ခြင်းတရားတွေဆီမှာ..အကြားအလပ်မရှိ..သက်ဝင်လှပလို့...

'Till we meet again... Until then... Goodbye

"မေမေ..."
"မေမေ..ရေ..."

ဒါဟာ...
မေမေက သမီးကို ဘယ်တော့မှမပြောမယ့်စကားလုံး.....တစ်ခု..
သမီးက မေမေ့ကို ဘယ်တော့မှမပြောမယ့်စကားလုံး..တစ်ခု..
ဟုတ်တယ်...


သိပ်မကြာပါဘူး........
သိပ်မကြာတော့ပါဘူးးးးးးးးးးး
သမီး..ပြန်လာခဲ့မှာပေါ့...မေမေ့ဆီ...။ ။

အိန္ဒြာ
သီတင်းကျွတ်လပြည့်နေည။(၃.၁၀.၂၀၀၉)
(မေမေ့ ကိုလွမ်းဆွတ်ခြင်းများနဲ့ရေးပါတယ်..။ )

ဒီပိုစ့်လေးရေးဖြစ်အောင် ညည်းဖြစ်တဲ့သီချင်းတွေခေါင်းစဉ်နဲ့ Tag တဲ့
အကိုဆောင်းယွန်းလကို ကျေးဇူးအထူးတင်ပါတယ်..။

ဆက် Tag ချင်တဲ့သူတွေ
(၁)။အမည်မဲ့
(၂)။မိုးကုတ်သား။
(၃)။မယ်ကိုး

21 comments:

  1. ပြိုင်ဘက်မရှိ ”တစ်”ဟေ့....
    နေရာလာဦးထားတာ ညီမလေးရေ..
    အရေးကြီးကိစ္စနဲ့ အပြင်ခဏထွက်ရမှာမို့
    ပြန်လာတာနဲ့ ပြန်ဖတ်ပြီးမှ ကွန်မန့်ပြန်ထပ်ရေးဦးမယ်

    ReplyDelete
  2. သီချင်း နားထောင်သွားတယ် အစ်မ
    အမေ လို့ ခေါ်လိုက်တဲ့ လွမ်းဆွတ်ခြင်းကို
    ကြေကြေ ကွဲကွဲ ....

    ReplyDelete
  3. သီချင်း နားထောင်သွားတယ် အစ်မ
    အမေ လို့ ခေါ်လိုက်တဲ့ လွမ်းဆွတ်ခြင်းကို
    ကြေကြေ ကွဲကွဲ ....

    ReplyDelete
  4. သမီးတယောက်က အမေကို လွမ်းတိုင်းဆိုမိတဲ့ ညည်းမိတဲ့ သီချင်းလေးတပုဒ်ကို
    အမေနဲ့နှစ်ပေါင်းများစွာ......ဝေးကွာခဲ့ရတဲ့ သားတယောက်က သူ့ရဲ့ လွမ်းဆွတ်နှလုံးသားတစုံကို ရင်မှာပိုက်ရင်း အရှိုက်အထိ နင့်နဲကြေကွဲစွာနဲ့ နားထောင်လိုက်မိတဲ့အခါ....ခံစားလိုက်ရတဲ့ ခံစားချက်က ဘာနဲ့မှနှိုင်းမရအောင် ပြင်းထန်လွန်းလှပါတယ် ညီမလေးရေ...
    ကြေကြေကွဲကွဲ ရေးထားတဲ့ အရေးအသားတွေကလည်း ပြောင်မြောက်လှပနေလျက်ပါ ညီမလေးရေ...
    သီချင်းလေးလည်း နားထောင်လို့ အရမ်းကောင်းပါတယ်

    ခုလိုအမှတ်တရ တဂ်ပို့စ်ကို အမှတ်တရအနေနဲ့ အိပ်ရေးအပျက်ခံပြီး ရေးဖွဲ့ခံစားပေးတဲ့ ညီမလေးအိန္ဒြာကို ကျေးဇူးအရမ်းတင်မိပါတယ်....

    သိပ်မကြာပါဘူး........
    သိပ်မကြာတော့ပါဘူးးးးးးးးးးး
    သမီး..ပြန်လာခဲ့မှာပေါ့...မေမေ့ဆီ...

    အကိုလည်း အဲလို သီချင်းမျိုးကို အသက် ၁၉နှစ်သား ကျော်ကျော်ကတည်းကညည်းခဲ့မိတာ ဒီနေ့အထိပါပဲ ညီမလေးရယ်...မေမေကတော့ မျှော်လင့်တကြီးနဲ့ပေါ့
    တခါတလေ ကိုယ်ကသာမေ့နေခဲ့တယ် မေမေကတော့ မေမေချစ်တဲ့သားကြီးကို တလင့်လင့်မျှော်ဆဲ...

    ReplyDelete
  5. ဖတ်ရတာ ရင်ကွဲလိုက်တာ မရယ်။ စကားလုံးတိုင်းဟာ ကြေကွဲခြင်းတွေသိပ်သည်းလို့ ...
    မရေ..အမှတ်တရတဂ်တဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်။

    ReplyDelete
  6. အဓိပ္ပါယ်ရှိပြီး လွမ်းဆွတ်စရာကောင်းလောက်အောင် လှပ ပါတယ်။
    ခံစားချက်တွေ တထပ်တည်းကျကုန်ပြီ ညီမရယ်..

    ReplyDelete
  7. လပြည့်ရဲ့ အခါသမယ .. သူတကာလို အမေ့ထံပါး ၀ပ်တွားခယ လက်စုံမိုး၍ ကန်တော့ချင်မိတယ် အမေ ..
    အဝေးက သား .. ဆိုးသွမ်းမှုကြားမှာ နစ်မြုတ်ခဲ့လို့
    အလိမ္မာတွေ တနင့်တပိုး သွန်ပြခဲ့တဲ့ မောင်နှမတွေ ..
    သူ့ခန္ဓာ သူ့အသက် သူ့အသွေးတွေနဲ့ စီးဆင်းဖွဲတည်နေသလို အမေချစ်တဲ့သား ..အဝေးမှာ
    မှုန်ပြပြလေးနဲ့ ငိုရှိုက်နေတယ် အမေ .. ကတိတွေ ထပ်တလဲလဲ ဖြစ်နိုင်ခြေတွေ အခါတစ်ရာမက ရှိခဲ့လည်းပဲ အပေါင်းအသင်း ရောင်းရင်းတွေနဲ့ ခဏတာပျော်ပိုက် စိတ်အအိုက်ကို ဖြေခဲ့သော်လည်း အမေကိုချစ်တဲ့သား
    အမေ့ထံပါး ရောင်ချင်ပေမယ့် ဖြစ်တည်မှုသမိုင်းမှာ အနှစ်ချီမပါခဲ့တာ .. သားဖြေသိမ့်မှုမှာ ရင်နာနာနဲ့ပါ အမေ .. သားချစ်ခဲ့တဲ့ မောင်နှမတွေ လပြည့်နေ့မှာ ကိုယ်ကျင်လည်နေတဲ့ဘ၀ရဲ့ တစိတ်တဒေသအဖြစ် ဘလော့ခ်စာမျက်နှာမှာ မိဘအတွက် ကဗျာတစ်ပုဒ်တောင် မရေးဖြစ်ခဲ့တဲ့သားကို အမေကတော့ အဝေးကနေ သတိတရနဲ့ လွမ်းနေမှာ သားသိတယ် အမေ ...။ အမေ သားးအပေါ် သတိတရလွမ်းနေမှုမှာ မျက်ရည်တွေယိုစီးနေမှာ သား မြင်ယောင်နေမိတယ် .. သားဆိုးတစ်ယောက် .. မကြီးရဲ့ ပို့စ်ကိုဖတ်ရချိန် .. ငိုရှိုက်မိတာ .. လိမ္မာတဲ့ မကြီးတစ်ယောက်လည်း လွမ်းလို့ မျက်ရည်များဝဲနေမလားပဲ ...။

    မကြီးရေ .. စိတ်ထဲရှိတာ ချရေးသွားတာ ...
    အမေနဲ့ အဆက်အသွယ်မပြတ် လိမ္မာနေတဲ့ သားသမီးတွေကျတဲ့မျက်ရည် ..
    အမေကို ဒုက္ခမပေးခဲ့ပေမယ့် အမေအတွက် ဘာမှ မဖြစ်ထွန်းခဲ့တဲ့ သားအဖြစ်ခံယူထားတဲ့ ကျွန်တော့်မျက်ရည် တူနိုင်မယ် မထင်ဘူး မကြီး ..။

    ကမ္ဘာအတွင်းက လူသားများစွာ မိဘအတွက် တစ်ဖက်တစ်လမ်းက စောင့်ရှောက် ကူညီနိုင်တဲ့ သားကောင်း သမီးကောင်းတွေ ဖြစ်ပါစေလို့ ဆန္ဒပြုရင်း ..။


    ..... idulize (အရုပ်ကလေး)

    ReplyDelete
  8. ထုံးစံအတိုင်း..လွမ်းလွမ်းဆွတ်ဆွတ်...ထက်ထက်မြမြ..

    ReplyDelete
  9. လွမ်းတယ်.. ငိုတယ်..
    သီချင်းသံကြောင့်ရော..
    မျက်ရည်တွေကိုခြွေချလိုက်တဲ့
    စကားလုံးတွေကြောင့်ရော.......
    .......................
    .......................
    စိတ်ထိခိုက်လွယ်တာသိရက်နဲ့ တီဒြာ..း(

    ReplyDelete
  10. လပြည့်ညမေမေ

    မေမေလို့ ခေါ်ခဲ့ဘူးတဲ့
    မရေမတွက်နိုင်တဲ့ အကြိမ်များစွာနဲ့ ကွဲပြားပြီး ဒီနေ့ ခေါ်ကြည့်တယ်
    “မေမေ…” ကျမအသံဟာ လည်ချောင်းဝမှာတင် တိမ်ဝင်သွားခဲ့၊

    ဆံနွယ်တွေမဟုတ်ဘူးမေမေ..
    မေမေ့ကိုချစ်တဲ့စိတ်နဲ့ အလွမ်းစိတ်တွေပါမေမေ
    မေမေ့ခြေရင်းကို ထိပြီး ခိုက်ပြီး ကန်တော့ပါတယ်မေမေ၊

    ဟောဒီ သီတင်းကျွတ်လပြည့်ဝန်းကြီးက
    မေမေနဲ့ ကျမကြားထဲမှာ နေ့တိုင်းသာနေခဲ့တာ
    ကျမ မျက်ဝန်းမှာစိုစွတ်ရုံကလွဲလို့ မပိုမိအောင်ထိန်းသိမ်းပါတယ်၊
    ဒါပေမယ့်..၊

    ကျမ ခေါင်းပေါ်ကို မေမေ့လက်ကလေးလာတင်တယ်လို့
    ကျမသိနေရတယ်မေမေ
    ဆံနွယ်တွေကိုပွတ်သပ်ရင်း မေမေ့ မေတ္တာဓါတ်တွေ
    ကျမ ကိုယ်ထဲကို မေမေကိုယ်တိုင် ထည့်ပေးနေတာ
    အဝေးက အထီးကျန်ကျမ ဘ၀ကိုထိပ်တိုက်တိုးဘို့
    ခွန်အားတွေ တိုးမြှင့်နိုင်ခဲ့တယ်မေမေ၊

    ခေါင်းတချက်ဆတ်ပြီး
    အေး..လို့ ခြောက်ကပ်ကပ်ကြီးပြောလိုက်တဲ့ မေမေ့အသံ
    ဘ၀တလျှောက်လုံး ပဲ့တင်ထပ်နေအုန်းမှာပါ မေမေ၊

    ဒီမနက်အစောကြီး
    မေမေဖုန်းဆက်တယ်..
    သိလို့
    ဖုန်းချခါနီးမှ
    မေမေ..သမီးကန်တော့ပါတယ်
    ပိုစ့်လေး
    ရေးဖြစ်တယ်ဆိုတော့
    ငိုပြီး
    ချက်ခြင်း ဖုန်းချသွားတယ်
    ဒီမှာလဲ..ငိုကျန်ခဲ့တယ်
    တကယ်ကမေ့ထားတာ
    တဖွဲ့တနွဲ့
    မလွမ်းချင်ဘူး၊
    အဲဒါကို ကျမ မအောင်မြင်ဘူး။ ။


    (အိန္ဒြာ ကိုယ်စား)
    အမည်မဖော်လိုသူ ကဗျာရေးသူတစ်ဦး

    ReplyDelete
  11. အမည်မဖေါ်လိုသူ..ကဗျာဆရာရေ..

    အမှတ်တရ ကွန်းမန့်ထဲကိုယ့်ဘာသာဝင်ထည့်ပစ်လိုက်ပါတယ်...။


    ကျေးဇူး အထူးတင်ရှိပါတယ်...
    ဒီကဗျာဖတ်ပြီးမှ..ပိုပြည့်စုံသွားသလိုပါပဲ...

    လေးစားခင်မင်စွာ

    အိန္ဒြာ

    ReplyDelete
  12. ကဗျာလေးတွေကော သီချင်းလေးကိုပါ အင်မတန် နှစ်သက်မိပါတယ်ခင်ဗျာ။

    yu ya

    ReplyDelete
  13. ငို ပြန်သွားပီ
    ဒီကောင်က အမေရော အဖေရော လွမ်းနေတာ

    ReplyDelete
  14. သီချင်ေးလးကိုခံစားရင်းရေးဖွဲ့ထားတဲ့ ခံစားချက်လေးက
    အသက်ဝင်ပြီး ဘေးလူတွေပါ
    အလွမ်းတွေ ကူးစက်ကုန်ပြီ
    အမည်မဖော်လိုသူ ကဗျာဆရာရဲ့ ကဗျာကလဲ
    ကိုယ်စားရေးတယ် သာ ဆိုတယ် ကိုယ်တိုင်ခံစား ထားသလိုပါပဲ..

    ReplyDelete
  15. အမေ့အတွက် သမီးရဲ့ အလွမ်းတွေကို တဖွဲ့တနွဲ့ မဆိုပေမင့် အလွမ်းတွေက စာလုံးတိုင်းမှာ စိမ့်အိုင်လို့ စွတ်စိုနေခဲ့။
    ဘ၀တိုက်ပွဲကို ကျောချင်းကပ် အတူ ရင်ဆိုင်ခဲ့ကြတဲ့ သားအမိနှစ်ယောက်။ ခုလို တမြေစီ ခွဲခွာနေရပေမဲ့ အမေ နဲ့ သမီးရဲ့ ကျောပြင်တွေဟာ ပြင်ပက ဓားဒဏ်ရာတွေ မထိရှလေအောင် တစ်ယောက်ကိုတစ်ယောက် မေတ္တာငွေ့နဲ့ နီးစပ်နေခဲ့ကြ။
    တစ်နေ့နေပမှာ ဒီအမေနဲ့ ဒီသမီး တစ်ယောက်ရင်ငွေ့ကို တစ်ယောက် ခိုလှုံနိုင်ကြပါစေ..... လို့.......

    ချစ်ခင်လေးစားစွာဖြင့်

    ReplyDelete
  16. အလွမ်းတွေနဲ့ပွင့်ဝေနေမယ့်ရင်ခွင်တစ်စုံဟာ
    မေမေ့ကိုချစ်တဲ့ချစ်ခြင်းတွေနဲ့လှပနေလိမ့်မယိ
    မမြင်နိုင်တဲ့အဲဒီခွန်အားတွေက
    မေမေနှလုံးသားဆီကနေပျံသန်းလာခဲ့တာပေါ့
    ချစ်ခြင်းတရားရဲ့အလင်းရောင်နဲ့
    အမှောင်တွေဟာတောက်ပလင်းလက်လာခဲ့
    သမီးညတွေမှာကြယ်တွေစုံနေစေခဲ့တယ်
    ကမ္ဘာမြေရဲ့ဘယ်လိုထောင့်မှာဖြစ်ဖြစ်
    ပြာလွင်နေတဲ့ကောင်းကင်ကိုမြင်ရသလိုပေါ့မေမေ
    သမီးရဲ့နှလုံးသားကောင်းကင်မှာလည်း
    မေမေအမြဲရှိနေပါလိမ့်မယ်
    ..................
    ချစ်သောညီမအိန္ဒြာ
    တောင်းသောဆုလိုအပ်သောဆန္ဒများနှင့်
    ပြည့်ဝပျော်ရွှင်နိုင်ပါစေ ... လို့

    ReplyDelete
  17. စကားလုံးတိုင်းအတွက်....
    ထပ်တူထပ်မျှကြေကွဲရင်း...
    အိုးးးးးးမငိုပါဘူးလို့တင်းထားတဲ့
    ကြားက..ဒီမျက်ရည်က အလိုက်မသိဘူး......

    ReplyDelete
  18. လွမ်းမိတိုင်းလည်းဆိုမိတယ်..
    ဆိုမိတိုင်းလည်း ငိုမိတယ်...

    ထပ်တူထပ်မျှ

    ReplyDelete
  19. သြော်...

    ဒီသီချင်းကိုမကြားရတာ
    ၂၀၀၁ ကတည်းကလေ..

    တစ်ခါတစ်လေ.. အမေ အဖေကိုလွမ်းတာ ဘယ်လိုမှ ထိန်းလို့မရဘူး..

    အဖေကိုလွမ်းတာက တော်သေးတယ်
    အဖေက ယောကျာ်းလေးလေ တောင်ကျကျ ပြားကျကျ ဘာမှမဖြစ်ဘူး

    အမေကိုလွမ်းတာက မလွယ်ဘူးဗျာ..
    ငါ့သားလေး အိပ်ပျော်ပါစေတော့ဆိုပြီး
    နဖူးကို လက်ကလေးနဲ့သပ်တာက တစ်မျိုး..

    ကျောကိုပွတ်ပေးတာက တစ်မျိုး..

    ငါ့သားလေး အေးမှာစိုးလို့ ပွေ့ဖက်ထားတာက တစ်မျိုး..

    ဘာစားစား ငါ့သားလေးစားပါစေတော့ဆိုပြီး သားလေးကို အရင်ကျွေးတာကတစ်မျိုး..

    ညညအိပ်ရင်လည်း ချင်ကိုက်မှာစိုးလို့ ထထပြီး ယက်ခပ်ပေးရတာက တစ်မျိုး..

    အများကြီးပေါ့ဗျာ..

    တကယ်တမ်းပြောရမယ်ဆိုရင် အမေကို ပိုလွမ်းပါတယ်..

    အဖေကိုလည်း လွမ်းပါတယ်.. ဒါပေမယ့် ဖြေလို့ရတယ်လေ..

    ခင်မင်စွာဖြင့်
    စည်သူ။

    ReplyDelete
  20. အိမ်လွမ်းသူတို့မျက်ရည်ဝဲစေတဲ့ပို့စ်လေးပါပဲအစ်မရေ...
    ကျွန်တော်လဲ..အမေ့ကို..သတိတွေတအားရနေတယ်...လေ..ကျေးဇူး..။

    ReplyDelete
  21. မွေးနေ့ဆိုတဲ့ အသိမှာ ပထမဦးဆုံး သတိရမိတာ အမေ..။ တစ်ခါတစ်ခါ အဖေ့ကိုတော့ ပိုသတိရမိသား..။ ဒီလိုခွဲခြားပြန်တော့လည်း သူတို့အချင်းချင်း စိတ်ကောက်ကြဦးမလားပဲ...။ တစ်ခါတစ်ခါကျတော့လည်း ဒီလိုပဲ အလွမ်းကို အလွမ်းနဲ့ ပြန်ဖြေရပြန်တယ်..။
    Happy Missing Birthday ပေါ့နော်...။
    ဘာသာပြန်ထားတဲ့ lyric တွေက ပိုလွမ်းစေလို့လေ...။

    ချစ်ခင်စွာ
    J.M.E

    ReplyDelete