

သံသရာက ထိန်းကျောင်းပေးခဲ့သော ၀တ်မှုန်အချို များ
အာရုံကို အာရုံချင်းချိတ်ဆက်ယှက်သွယ်ထားလိုက် ပုံ
...........................
ဆန်းပြားတယ်.။
မေတ္တာနဲ့နူးညံ့နေတဲ့ စိတ်ခင်းကဗ္ဗလာ
မေတ္တာနဲ့ သွေးလေလည်ပတ်မှုအနွေး
ခံစားနားလည်ပေးနိုင်မှုချင်း ထုံကူးကြ
ဖြေရှုင်းထုချေစရာ လျှောက်လှဲချက်မရှိ
ဖြေရှုင်းထုချေစရာ လျှောက်လှဲချက်လည်းမလို
အကျိုးအကြောင်းညွှန်းဆိုပြခြင်း သက်သေခံရာမရှိ
အကျိုးအကြောင်းညွှန်းဆိုပြခြင်း သက်သေခံရာမလို
အလိုလို တိတိကျကျ အညွှန်းခံ
အိပ်မက်ရုပ်ကြွ တစ်ခု
နေ့စာမျက်နှာတွေပေါ် ဖျတ်ကနဲကိုယ်ထင်ပြခဲ့ပေါ့
တစ်စိတ်တည်းတစ်ဝမ်းတည်း သဒ္ဓါတရားများ
ဆက်ထုံးများ
အဖြူထည်အထူးပြု ပန်းချီကားချပ်များ
နှောင်တည်းခဲ့..
ကြည်နူးခဲ့..
အလိုလိုဖွဲ့တည်သွားတဲ အိမ်လေးတစ်လုံးပါ
မမကြီးရှိ
ညီမလေးတွေရှိ
မောင်လေးတွေရှိ
သားငယ်လေးလည်းရှိ
နှလုံးသားတွေအကြားအလပ်မရှိနွေးထွေးနေမှုက
အဲဒီ့ အိမ် လေးကို
သာယာနာပျော်ဖွယ်
ရယ်မောဂီတနဲ့ချည်း ထုံမွှန်းမွှေးပျံစေခဲ့တာ.
အနုပညာသမားတွေပဲ..
အရာရာအနုစိတ် မြတ်နိုးတတ်ကြသလို
အရာရာတမြေ့မြေ့ကြေကွဲတမ်းတတတ်ကြတော့
" မမ ရေ.."
တကယ်ဆို
တည်ငြိမ်ဖို့ကြိုးစားနေရတဲ့
ကန်ရေမျက်နှာပြင်လို ဘ၀မျိုးရယ်ပါ..
ခုတော့
အလွမ်းတွေ သိုင်းသိုင်းဝိုင်းဝိုင်းဂယက်ထကျန်ခဲ့လို့
အဲသလိုနဲ့....
သံယောဇဉ်ပေးသူတွေကို
သိပ်ချစ်စရာ
ရန်သူတော်စာရင်း သွင်းချင်နေမိပေါ့။ ။
အိန္ဒြာ
(၂၃.၀၁.၂၀၁၀)
၃၁.၁၂.၂၀၀၉ မှ ၁၁.၁.၂၀၁၀ အထိ မမ မနော်ဟရီ ၊ သား ခေတ်နေ ၊
ညီအမ မောင်နှမတွေနဲ့ ပျော်ရွှင်ခဲ့သောနေ့ရက်များကို လွမ်းဆွတ်စွာ
(ကဗျာခေါင်းစဉ်ကတော့ အဆိုတော် ဓီရာမိုရ် ရဲ့ အလွန်ကြိုက်နှစ်သက်ရသော အိမ်သီချင်းတွေထဲက အကြိုက်နှစ်သက်ဆုံးစာသားလေးကို အငှားယူသုံးမိပါတယ်)
ညီအမ မောင်နှမတွေနဲ့ ပျော်ရွှင်ခဲ့သောနေ့ရက်များကို လွမ်းဆွတ်စွာ
(ကဗျာခေါင်းစဉ်ကတော့ အဆိုတော် ဓီရာမိုရ် ရဲ့ အလွန်ကြိုက်နှစ်သက်ရသော အိမ်သီချင်းတွေထဲက အကြိုက်နှစ်သက်ဆုံးစာသားလေးကို အငှားယူသုံးမိပါတယ်)
မယ် တစ် :P
ReplyDelete၂ ၂၂၂၂၂၂
ReplyDelete၃၃၃၃၃၃၃၃၃၃၃၃၃
ReplyDelete၄၄၄၄၄၄၄၄၄ ၄၄၄၄ ၄၄၄၄၄ ၄၄၄၄၄
ReplyDeleteမယ်ကို စချင်လို့ ကော်မန့်တွေ များများလုပ်ယူလိုက်မိပါကြောင်း ဝန်ခံအပ်ပါသည်။
ReplyDeleteကဗျာကို ဖတ်ပြီးရင်ထဲမှာတစ်မျိုးဖြစ်သွားတယ် မမရေ။
အလိုလိုဖွဲ့တည်သွားတဲ အိမ်လေးတစ်လုံးပါ
မမကြီးရှိ
ညီမလေးတွေရှိ
မောင်လေးတွေရှိ
သားငယ်လေးလည်းရှိ
နှလုံးသားတွေအကြားအလပ်မရှိနွေးထွေးနေမှုက
အဲဒီ့ အိမ် လေးကို
သာယာနာပျော်ဖွယ်
ရယ်မောဂီတနဲ့ချည်း ထုံမွှန်းမွှေးပျံစေခဲ့တာ.
အနုပညာသမားတွေပဲ..
အရာရာအနုစိတ် မြတ်နိုးတတ်ကြသလို
အရာရာတမြေ့မြေ့ကြေကွဲတမ်းတတတ်ကြတော့
သံယောဇဉ်ပေးသူတွေကို
သိပ်ချစ်စရာ
ရန်သူတော်စာရင်း သွင်းချင်နေမိပေါ့။ ။
ဒီလေးပိုဒ်လေးဖတ်ရတာ ပျော်သလိုလိုနဲ့ ဝမ်းနည်းသွားတယ်။
မောင်လေးရီနို
ဟမ်... ဘယ်လောက်လို့ပြောရပါ့...
ReplyDelete၅၅၅၅၅၅၅၅၅၅၅၅၅
ဟဲဟဲ...
ကိုရီနိုပြောသလို ပျော်သလိုလိုနဲ့ ၀မ်းနည်းတာ...
တွေ့ကြဦးမှာပါလေ....း)
မမရယ်...
ReplyDeleteအလွဲတကာ့အလွဲမှာ မယ့်အလွဲက အနက်ဆုံးပါပဲ။
ဖြုတ်ကနဲ
ဖြတ်ကနဲ
လွင့်ကနဲ
ကံသီပြီးရောက်ခဲ့တဲ့
ကြင်နာမှု တစိတ်တစ်ဖဲ့လေးကို
ပန်သီခွင့်မဆိုနဲ့
ခူးခွင့်အခါတောင် မရခဲ့ပါဘူး။
ရက်စက်ခံရသူပါ။
ဆိုးတဲ့ဘဝပါ ဆိုကာ လက်ညှိုးပဲ
ထိုးရတော့မလား....
ထိရှလွယ်သူမို့
ဒီလိုနဲ့
ရင်တွင်းနာက သေရာပါတော့မှာ။
ဒီဖက်က နက်ကကျ နေတုန်း မသူတော်တစ်ယောက် ၂၃၄ တွေ ယူသွားပေါ့ :P
ReplyDeleteချစ်ညီမလေး မယ်
ReplyDeleteဘာတွေများ အားငယ်နေလည်းကွယ်...
အနာသိရင်ဆေးရှိတယ်..
တစ်ခုပဲ...
ဒဏ်ရာအတိမ် အနက်သေချာဖို့
း(
ReplyDeleteနေရစ်ခဲ့တော့လို့ ဆိုပြီး သမင်လည်ပြန် မျက်ရည်တွေကျ… သွားပါတော့ဆိုပြီး တွဲထားတဲ့ လက်မဖြုတ်တာတွေကို ညီမျှခြင်းတွေ ချကြည့်ရင် အကြွင်းကျန်ရစ်တာက တဖြည်းဖြည်းလျှော့သွားတဲ့ မာနတွေ၊ အတ္တတွေ..
ReplyDeleteအမှန်တော့ ပူလောင်ခြင်း တစနဲ့ အေးမြခြင်း တစ်ဝက်ရောထားတာက ဒီသံယောဇဉ်တွေ…
မပိုင်ဘူး ဆိုပေမယ့် ဆိုင်နေရတဲ့ ဒီလို သံယောဇဉ်ချစ်ခြင်းတွေကို ဘယ်သူတွေက သေသပ်ကျနစွာ ပုံသေကားချပ် တစ်ခုလိုရေးဆွဲခဲ့တာလဲ..
တကယ်ဆို….
ငါက ခပ်အက်အက် ဖန်ခွက်ထဲက အနည်ကျနေပြီးတဲ့ ရေပါ…
မဲ့ပြုံးတွေရဲ့ ရိုက်ချက်ကို
ငါကျောကော့နေအောင် ခံခဲ့ရတော့မှ
မျက်ရည်စို့တတ်တဲ့ နှလုံးသားဒဏ်ရာကိုမှ တယုတယ မွေးမြူမိတာ… မဆန်းတော့ပါဘူး..
နေ့တွေကို လတွေက သယ်ဆောင်ရင်း လတွေကို နှစ်တွေက တိုက်စားသွားနေတယ်.. တကယ်တော့ အားလုံးက သံယောဇဉ် အလွမ်းတွေကြား ခရီးသွားရင်း အမုန်းကို တိုက်ခိုက်နေတဲ့ ရန်သူစစ်စစ်တွေ...
အဲဒီ အဖြူရောင်ကြိုးတွေနဲ့
ReplyDeleteနှောင်တည်းဖွဲ့သော အိမ်ကလေး
နွေးထွေးခဲ့တယ်
ကြည်နူးခဲ့တယ်....
နောက်.. ခိုင်မြဲခဲ့တယ်...
မေတ္တာနဲ့ အုတ်မြစ်ချ...
ထာဝရ တည်ရစ်မဲ့ အဲဒီအိမ်လေးထဲမှာ..
ခိုလှုံမိသူများ.....
အထားအသို မညီမျှတဲ့ဘဝမှာ...
တစ်နေရာစီ ကိုယ်စီ....ခရီးဆက်နေကြ
တမ်းတမိတဲ့ အချိန်တိုင်းမှာ....
အေးမြတဲ့ အိမ်ကလေးရဲ့တံခါးကတော့
ဖွင့်ဖို့ သော့လည်းမရှိ.. သော့လည်းမလို
ရင်ဘတ်ထဲကို ဝင်ကြည့်တိုင်း
အလွမ်းတွေ အပြိုင်းအရိုင်းနဲ့
သိုင်းသိုင်းဝိုင်းဝိုင်း ကြိုလို့...။
(ဒို့တွေ ချစ်ကြတာ
ရန်သူတွေဖြစ်ဖို့မှမဟုတ်တာလေ...
" ဘာပဲဖြစ်ဖြစ်
ရန်သူစစ်စစ်ကိုလဲ ချစ်တယ် " တဲ့ ..
မကြီးရဲ့ စာလေးလိုပေါ့
စစ်မှန်တဲ့ ရန်သူကိုတောင် ချစ်တတ်နိုင်တဲ့ နှလုံးသားက... စစ်မှန်တဲ့ သံယောဇဉ်နဲ့ ချစ်ကြသူတွေကိုဆို...
ဘယ်လောက်ကို ချစ်နိုင်ကြလိမ့်မလဲနော်......
လွမ်းနေရပေမဲ့ ကျေနပ်ကြည်နူးစရာ။)
သတိတရနဲ့ တရေးနိုးထလာရင်း...
ကဗျာလေး ဝင်ဖတ်မိပြီး စိတ်ထဲရှိတာ အိပ်ချင်မူးတူး ချရေးသွားပါတယ်...
အနုပညာသမားတွေပဲ..
အရာရာအနုစိတ် မြတ်နိုးတတ်ကြသလို
အရာရာတမြေ့မြေ့ကြေကွဲတမ်းတတတ်ကြတော့
(တမ်းတတတ်ပေမဲ့ မကြေကွဲရဖို့တော့ လိုသေးတယ်။ ဆုံတွေ့တဲ့အခိုက်မှာ ရင်ဘတ်တစ်ခုလုံးစာ မညာတမ်းချစ်ခဲ့ပြီး..... အခြေအနေအရ ခွဲခွာကြရတဲ့အခါ အဲဒီ ရင်ဘတ်တစ်ခုလုံးစာ လွမ်းရင်း ကျေနပ်နေဖို့ပါပဲ... နှလုံးသား၊ စိတ်ဝိဥာဉ်ချင်း ဝေးကွာသွားတာကမှသာ ကြေကွဲစရာပါလေ)။။။
မေတ္တာဖြင့်
သူတို့များကျတော့ ပျော်စရာကြီး
ReplyDeleteမနာလိုဖြစ်စရာကြီးနော်....တို့များကျတော့ ကမ္ဘာပတ်ချင်လို့တောင် လေယာဉ်စရိတ်ကမရှိ ဗီဇာကမရှိနဲ့
ကျွန်တော် မပါလိုက်ရတဲ့ပွဲလေးကို နှမျောတသစွာ ကြည့်ပြီး ပြန်သွားပါတယ် ။
ReplyDeleteဓာတ်ပုံလေးတွေ သုတ် သွားပါတယ် ။
ReplyDelete“ငါးမရ ရေချိုးပြန်” ဆိုသလိုပေါ့ ။ :P
အော်... တူတို့ တိပ်ကျော်နေကျဘာယား...
ReplyDeleteတို့ တော့ တောက်လို့ မ၀တေးဝူး.... အော်... အော်... အာပျိုကြီးရေ... နောက် တခါ ဧည့်ဒယ်လာရင်... အနော်ဒို့ဂို... ဂျိုဗြောနော်...
မှာချရာ ချိတာရေးဒွေ... မှာချင်နို့ဗာ...
အဲဘို့... မှာ ဂျေးချိုဂျ...
အေ့...
အေ့...
အေ့...
(မှတ်ချက်.. လေချင်တတ်ခြင်းဖြစ်ပါသည်...။)
တစ်အိမ်တည်းနေ... အတူသောက် ... အမှောက်... အတူရစ်နေကြ... ချစ်သော အမကြီး ရဲ့ မတွေ့ချင်ဆုံးသော မောင်ဆိုးလေးနှစ်ယောက်...
ဖိုးမောင်၊ မိုးကြယ်
ကြားနေကျအသံတွေပြန်လှည့်လာတဲ့အခါ
ReplyDeleteအရာရာကို ထုံပေပေဖြစ်နေတဲ့ စိတ်က သိပ်မမှတ်မိချင်တော့ဘူး
အဝါရောင်ခပ်မွမွအသံတစ်ခုရဲ့ အရသာကို
ပြန်စဉ်းစားကြည့်မိတဲ့အခါ ……… သစ်တောတွေကစိမ်းညိုပြလို့
ငါတို့ဘာကို ဖယ်ထုတ်ပြစ်ကြမလဲ
ကောင်းကင်လားပင်လယ်လား သစ္စာတရားလား
အရာအားလုံးဟာ အနားသပ်ထားတဲ့ ငွေလိုင်းတွေနဲ့။
ဓါတ်ပုံတွေကို ဒီနေ့ထိကြည့်ဖြစ်နေတုန်းပဲ
သစ်ရွက်တွေကတော့ ခုန်ဆင်းသွားခဲ့ကြပြီ
အဖြူရောင်မေတ္တာတွေအကြောင်းပြောပြတဲ့အခါ
နားမလည်သူတချို့ကို ချန်လှပ်ထားခဲ့လိုက်ပါ
အရာရာတိုင်းမှာ ထပ်တူကျနိုင်မှတော့
ကမ္ဘာစစ်တွေလည်း စဲနေလိမ့်မပေါ့ ..
အလွမ်းတွေက ဒီနေ့ထိ တတိတိတက်နေတုန်းပဲ
အရိပ်တွေကတော့ တိတိပပနေရာယူထားလိုက်ကြပြီ
ထိုင်ခုံနံပါတ်မလို ကြိုတင်ချိန်းဆိုထားစရာမလို
ခွင့်ပြုချက် အမှတ်မလို နှုတ်တစ်ရာ စာတစ်လုံးမလို
အလိုလိုကိုပြီးပြည့်စုံနေတဲ့ နားလည်မှုတွေနဲ့
ကမ္ဘာတစ်ခုဖြစ်တည်သွားခဲ့တယ် …
သံယောဇဉ်ဆိုတာ တငွေ့ငွေ့လောင်တတ်တဲ့ ဖွဲမီးမျိုးတဲ့လား
အပူပေးတတ်သူတိုင်း ရန်သူမဟုတ်ကြောင်း
သူ့ကို ပြောပြပေးပါ ………
This comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
ReplyDeleteကျနော်တော့် အရိုးရေးတဲ အိမ်ကို ပိုကြိုက်တယ်ဗျ။
ReplyDeleteသိပ်ချစ်စရာ..ရန်သူတော် တွေက..များများလာ...း)
ReplyDeleteပုံတွေကြည့်ပြီး လန့်သွားတာပဲ.. ဟိုး ငယ်ငယ်က..ဗမာကားတွေမှာ.. မျောတာတို့..သရဲခြောက်တာတို့ ဆို... အဲလို မျိုးကြီးတွေ နဲ့ လေ..မှတ်မိလား..း) သေချာ..ကြည့်တော့.မှ .အားလုံး ချော နေကြတာပါပဲလား..
အိမ်... ဆိုတဲ့ စကားသံတွေ စာသားတွေ
ReplyDeleteမြင်ရ ကြားရရင်း
ဖြေမဆည်နိုင်တဲ့ ဝေဒနာအသိတစ်မျိုးကို
ဝမ်းနည်းခြင်း ၀မ်းသားခြင်းတွေနဲပဲ
ဖတ်သွားတော့တယ် မကြီးရေ ..
မောင်ငယ်လေး
idulize(အရုပ်ကလေး)