အမရာရဲ့ အိုင်လွယ်
အချစ်ဆိုတာရဲ့နောက်မှာ
အချစ်ပဲ ကပ်ပါလာခဲ့တယ်။
အခု ဆုပ်ကိုင်လိုက်ကြတဲ့
လက်ဖဝါး နှစ်စုံက အနွေးဓာတ်တွေဟာ
တော်ဝင်မြင့်မြတ်ခြင်း မင်္ဂလာဖြစ်တယ်
ရှင်သန်နိုးကြားခြင်း အသက်ဓာတ်ဖြစ်တယ်
ချစ်ခြင်းမေတ္တာဖွဲ့ အနုပညာမြောက်မှု ဖြစ်တယ်
မခမ်းမခြောက် စီးဆင်းတော့မယ့် မြစ်ဖျား ရေကြည် ဖြစ်တယ်
စိမ်းလန်းနူးညံ့ရာ နေမှုထိုင်ခင်း ဖြစ်တယ်
မြတ်နိုးမှု အထွဋ်အထိပ် နှလုံးသား တေးသွားဖြစ်တယ်
တစ်ယောက်စိတ်ဝိညာဉ်ထဲက တစ်ယောက်ရဲ့ အိမ် ဖြစ်တယ်
အဲဒီအနွေးဓာတ်ကလေးဟာ
ဘဝမှာ နောက်ထပ် ဘာမှ မလိုတော့တဲ့
ပြည့်စုံကုံလုံခြင်းလည်း ဖြစ်တယ်ပေါ့။
အမရာရေ .. အချစ်ထက် အရေးကြီးတာဘာများရှိမလဲကွဲ့
အဆက်ဆက်နီစွေးနေတဲ့
နှလုံးသွေး စီးဆင်းရာတိုင်းမှာ
အချစ်တွေ အနွေးထွေးဆုံး စီးမျော ပျော်ဝင်နေမှတော့ ..
လောကဓံဆိုတာ
အချစ်ရဲ့ ထားရာနေ စေရာသွားပေါ့ကွယ်။
အိန္ဒြာ
(၂၂၊၄၊၂၀၁၀)
ချစ်ခင်ရသော မောင်လေး အိုင်လွယ်ပန်နှင့် ညီမလေး အမရာ တို့ ယနေ့မှ စ နှစ်တစ်ရာတိုင်ပါစေ။
အိုအောင်
ReplyDeleteမင်းအောင်
ပျင်းအောင်
ပေါင်းရပါစေသား...............လို့
This comment has been removed by the author.
ReplyDeleteအလဲ့ သူတို့က ဒီလိုကိုးး))
ReplyDeleteဝမ်းသာပါတယ်။
တီနော်ပြောသလိုပဲ
အိုအောင်
မင်းအောင်
ပျင်းအောင်ပေါင်းနိုင်ပါစေပေါ့း)))
အစ်မ
ReplyDeleteအချစ်ဆိုတာ ဒီကဗျာလေးထဲက အတိုင်းပဲလားဟင်...မချစ်ဖူးလို့ပါ :P
ဖတ်ရတာ၊ ကြားသိရတာ ဝမ်းသာကြည်နူးမိပါတယ်....
ReplyDeleteသားတစ်ရာ မြေးတစ်ဖြာနဲ့ အိုအောင်မင်းအောင် ရိုးမြေကျ ဘဝအဆက်ဆက် ခိုင်မြဲစွာလက်တွဲနိုင်ကြပါစေ..
ကဗျာမောင်နှံ ကဗျာဆန်ဆန် ပျော်ရွှင်ကြည်နူးကြပါစေ..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်ခင်လေးငယ်
This comment has been removed by the author.
ReplyDeleteသြော်... သူတို့က ဒီလိုလား
ReplyDelete၀မ်းသာစရာ။
ဘ၀တလျှောက်လုံး ကြည်နူးပျော်ရွှင်စွာ လက်တွဲနိုင်ကြပါစေ။ :)
လောကဓံဆိုတာ
ReplyDeleteအချစ်ရဲ့ ထားရာနေ စေရာသွားပေါ့ကွယ်။
လောကထဲမှာ..
အချစ်ဆိုတာနဲ့.. အရာရာကို ရင်ဆိုင်ဖြတ်သန်း..
ဘဝလမ်းမှာ ရွှေလက်တွဲ မြဲနိုင်ကြစေသော်ဝ်
ကိုယ်တိုင်ကိုယ်ကျကော
ReplyDeleteကဗျာလက်ဆောင်ကောပါ
ချီးမြှင့်ပေးတဲ့ အတွက်
ကျေးဇူးအထူးပါ အစ်မ+အစ်ကို ရေ :)
(မသိမသာ ပြန်ဖွတာ :))
(အမရာ + အိုင်လွယ် )
ဇနီး၊မောင်နှံ ရာသက်ပန် ပျော်ရွှင်စွာ လက်တွဲသွားနိုင်ပါစေ။
ReplyDeleteလောကဓံဆိုတာ
ReplyDeleteအချစ်ရဲ့ ထားရာနေ စေရာသွားပေါ့ကွယ်။ တဲ့လား မိုက်လိုက်တာ။
ပုံတွေ ကြည့်ချင်ပြီနော် ချစ်မလေး + အစ်ကို ဘယ်သူလဲတော့မသိ :P ရယ် ချစ်မလေးအမရာတို့ရယ် :D
ရွှေလက်ခိုင်မြဲ အတူတွဲ၍ သက်ဆုံးတိုင်ထိ လျှောက်လှမ်းနိုင်ကြပါစေသောဝ်။း)
ReplyDelete