May 27, 2010

ကကြီးရေး အ


ကံ့ကော်ရနံယောင်ဆောင်ပြီး လာခဲ့ချင်တယ် အချစ်ရယ်
ခံစားချက်

ဂယက်တွေနဲ့ ရင်ခွင်တစ်ခုလုံးက လှိုင်းထ

ဃဂနဏ မသိနိုင်တဲ့ ရင်ခုန်သံစည်းချက်တွေက စလို့

ငါ့ စိတ်ဝိညာဉ်ဟာ နင့်ပင်လယ်နက်နက်ထဲမှာမှ

စုံးစုံးကျ နစ်မြုတ်ခဲ့ရပေါ့..

ဆန္ဒအတိုင်းဖေါ်ထုတ်ခွင့်ဆိုတာကလည်း

ဇဝေဇ၀ါ ၀ိုးတ၀ါး

ဈာန်ရနေတဲ့ အလွမ်းတွေသာ နင့်ဆီမှာ ပျံလို့ဝဲလို့ရယ်....

ညည ရ ထားတဲ့ အိပ်မက်ဗီဇာလေးတစ်ခုနဲ့ပဲ
တမ်းတတိမ်းမူး ငါ့မှာရူးလုမတတ်ပေါ့....

ထိတ်လန့် စိုးရွံ့မှုတွေက ဆောက်တည်ရာမရ..
ဒီသံသရာကြီးတစ်ခုလုံး မင်းပိုင်စိုးထားလေသလား
ဓမ္မဓိဋ္ဌာန်ကျကျကို
နိုင်စား မင်းမူနိုင်လွန်းခဲ့

ပြန်မရနိုင်တဲ့ အတိတ်တွေကလည်း မှုန်ဝါး
ဖမ်းစားထားတဲ့ မင်းအသံလှိုင်း အရုပ်လှိုင်းရဲ့

ဗဟိုချက်မတိုင်းက ငါ့နှလုံးသားပုံဆောင်ခဲနေရာ

ဘ၀ရှင်သန်ရာအရပ်ဟာ.

မျှော်လေတိုင်းမှိုင်းရီ ရာသီတော့ မဖြစ်သင့်ဘူးပေါ့ကွယ်


ယိမ်းနွဲ့နေတဲ့ လေညှင်းအကစားခံ သစ်နုရွက်လေးလို ငါလှုပ်ရှား

ရတနာတစ်ခုလို လည်မှာဆင်မြန်းထားချင်စိတ်တို့ရဲ့
လမ်းခရီးတစ်လျှောက် အပျံ့မွှေးဆုံးရနံ့ချိုတွေဟာ

ဝေနေအောင်သာနေတဲ့ အလွမ်းရင့်ရောင် ပန်းတွေပေါ့...

သိုသိပ်ထိမ်ဝှက်ထားရသမျှ

ဟေ့.....အချစ်ရေ....


ဟေ့............အ ချစ်..ရေ...(အင်းးးးး)


ဟေ့......အ ချ စ်ေ ရ . . .

ဠင်းတကြီးစီးပြီး.......


အရောက်လာခဲ့မှာပေါ့.....မင်းဆီ...။ ။

( ကဲ..အစ်မရေ..မတတ်နိုင်တော့ဘူးးးးး အဲနေရာမှာ သုံးလို့ရတာ ဠင်းတပဲရှိတယ်..။)


အိန္ဒြာ (27-5-2010)

++++++++++++++++++++++++++++++++++

ချစ်သော အစ်မ ဆရာမမေငြိမ်းရဲ့ TAG ကိုဖြေထားတဲ့ ကဗျာပါ..။
အဲဒါကြောင့် အစ်မကို မူပိုင်ပေးထားပါတယ်..။
လူရွှင်တော်တွေ ပျက်လုံးထဲ ထည့်သုံးချင်ရင် အစ်မဆီမှာ ဆက်သွယ်ခွင့်တောင်းနိုင်ပါကြောင်း....;P

22 comments:

  1. အမ မေငြိမ်းရေ .. အချစ်ရေ အချစ်ရဲ့ကလည်းခေါ်သေး
    စီးတော့ ဠင်းတ တဲ့ .. မော်ဒန်ထင်တယ်နော်း))
    ဒီကဗျာဆရာမ စိတ်နဲ့ပတ်သက်တာတွေ အကုန်ဖြစ် နေတယ်ဆိုပဲ ... ဒါကြောင့်ဖြစ်မှာပါ ... လို့ တွေးလိုက်တယ် ပွင့်တဲ့ပန်းတွေကျတော့လည်း အလွမ်းရင့်ရောင် ပန်းတဲ့
    သတ်ပစ်ချင်လောက်အောင် လွမ်းနေပုံပဲး))

    ReplyDelete
  2. ကကြီးကနေ အ အထိ ကဗျာလှလှလေး (ဠင်းတ မပါ :D) ရေးနိုင်တာ လေးစားပါတယ် အစ်မရေ..

    ReplyDelete
  3. ဠင်းတ ဆိုတာကလဲ
    တကယ်တော့ သိပ်လှတဲ့ ငှက်မျိုးနွယ်ပါ....

    ဠင်း(လင်း)ယုန် လို့ရေးတာ ဟုတ်ဘူးးး

    ဠင်းတ ဠင်းတ
    ဟေ့ ဠင်းတ

    ဠင်းတ ဖြစ်ရတဲ့ဘဝ...

    ကဗျာလေးတောင်

    မလှပဘူး လို့.... ရေးသူ ကတောင် အထင်ခံရ ပါလားနော်....

    ကဗျာရေး တော်ချက်ကယ်.......

    ReplyDelete
  4. ဂဃနဏ မဟုတ်ဘူးလား။

    ReplyDelete
  5. ကောင်မလေး သိပ်တော်.. ဒါမဲ့ ထည့်မရရင် မထည့်နဲ့ ဠင်းတကြီးတော့ စီးနဲ့အေ.. လှဘူး..။ :D

    ReplyDelete
  6. ဠင်းတတွေနဲ့ ဝေးရာမှာသာ မင်းကို စောင့်နေပါရစေ.. ဘာ ညာ လုပ်ရအောင်ပါ :P

    ReplyDelete
  7. ကဗျာလေးက လှလိုက်တာ ချစ်မလေးရယ် ...
    ဠင်းတကြီး အထိ :P

    ReplyDelete
  8. အဲ့.. လဒကြီး စီးးမယ် ဆိုပါလား...

    ReplyDelete
  9. ခင်ခင်ရေ မသိချင်ယောင်ဆောင်နေပေးနော်...
    ဟားဟား..မရရအောင်ဆောာ်ရတာ

    ReplyDelete
  10. အစ်မ ခုမှ လာမပြောနဲ့ မရတော့ဘူး စီးပြီးနေပြီ...
    သူပဲ ရအောင်ရေးဆိုပြီး...
    ဒါတောင် ဋ ဌ တွေ ကိုရူးချင်ယောင်ဆောင်နေလိုက်ရတာ...ဟားဟား..

    ReplyDelete
  11. ကိုရင်....

    နင်သတိထားးးးးးးးးးး

    ReplyDelete
  12. မမ သူညားးးးးးကို ရန်တိုက်ပေးတယ်...
    မိုးကုတ်သားကတော့ လင်းတကို လှတယ်တဲ့ မယ်ကိုးနဲ့ သိင်္ဂါကျော်ရေ..နောက်မှ(ဒီ TAG ပြီးမှ) တစ်ခုခု ပြောင်းစီးပေးမယ်နော်း))

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. အဟိ... မိုက်တယ်ကွာ....
    သူ့ထက်လန်းတာတောင် သူ့လောက်မလန်းဘူး
    lol

    ReplyDelete
  15. ဘုရားရေ.. အဆုံးကျမှ..လင်းတ ကြီး လက်ထဲ ထဲ့လိုက်ရက်တယ်..း)

    ReplyDelete
  16. ဟာ...
    ကြံကြံဖန်ဖန် ဠင်းတကြီးစီးမှာတဲ့
    Avatar ထဲကမင်းသမီးလို
    ကျစ်ဆံမြီး နဲ့ ဠင်းတကြီး ဆက်ပြီး
    (ဟိုင်း...ရား...) ဆိုပြီး ......

    အောင်မလေး .....အိန္ဒြာ ရေ ...
    တာ့တာဟေ့.......ပြေးပြီ...

    ReplyDelete
  17. ကဗျာချိုလေးဆိုတော့ ဖတ်ကောင်းကောင်းနဲ့ ဖတ်လာလိုက်တာ အဆုံးကျမှ ဠင်းတစီးမတဲ့။

    မင်းဆီ လဒ ကြီးဆီးပြီး ကိုယ်လာခဲ့ပါမယ်....

    ကောင်မလေးတွေအဲလို သွားပြောရင် ပါးရိုက်ခံရမလား မသိဘူး။ ဟဲ ဟဲ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  18. မမအိန္ဒြာ....
    ကဗျာက လွှတ်ကောင်းနေတုံး
    ဟိုအကောင်ဖျတ်တယ်....

    ReplyDelete
  19. ကဗျာလေး တကယ်ကောင်းတယ်။ ကကြီးကနေ အထိ ကို ရေးထားတာလေး သဘောကျတယ်။
    အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  20. မမရေ
    သဘောတကျ အားရပါးရ လာခံစားသွားတယ်နော်
    အတုလဲ ယူမိပါတယ်
    ချီးကျူးပါတယ်
    တော်တော်တွေးတတ်တယ်...

    ReplyDelete
  21. ပြောကို မပြောချင်တော့ဘူး
    ပြောပြန်ရင်လည်း ကိုယ့်လှံ ကိုယ်ပေါင် ထောင်းသလို
    ပဲဖြစ်တော့မယ် ( ဟီး .... ဟီး နောက်သွားတာမမရေ)

    စဉ်းစားတက်တာကိုပဲ လေးစားပါတယ်

    မောင်ငယ်ရီနိုမာန်

    ReplyDelete
  22. ကဗျာလေးဖတ်ပြီး သဘောကျလာတာ.. နောက်ဆုံး ဠင်းတ ရောက်တော့မှ ရယ်မိသွားတယ်။ :)

    ReplyDelete