June 9, 2010

ဒုံးခွင်း ကဗျာ



တာသုံးတာနဲ့....ပြေးထွက်ဖို့

အဆင်သင့် စောင့်နေတဲ့..
ဒုံးကျည်.....

စိုးရိမ်ပူပန်မှုတွေနဲ့..
တဆတ်ဆတ်ခါနေတဲ့..
နှလုံးသားတွေပေါ်က..
ရွှီးကနဲ ဖြတ်ပြေးသွားမယ့်
ဒုံးကျည်....

နည်းပညာ...တွေရဲ့...
သွေးဆာလောင်မှုလား...
ကမ္ဘာ့ဂရက်ကို...
ခပ်သွက်သွက်..လှုပ်ခါလိုက်တာလား...
ဒုံးကျည်ဟာ...
သူ့ပြေးလမ်းကြောင်းအတွက်...
ခွာရှပ်သံတွေပေးနေပြီ....။

တေပိုဒေါင်ရဲ့ခန်းငြားထည်ဝါမှုအတွက်....
ကင်ဂျုံအီ...ရဲ့ရင်ခုန်သံတွေဟာ..
နေရောင်အောက်က ဓါးသွားလို..
တ ဖျတ် ဖျတ် လက် ဖြာ နေ ခဲ့ တယ်.....။

ပြုံယမ်းရဲ့ ဥပဇာမှာ....
စစ်ခရာတွေ..တွန်လို့...။ ။


အိန္ဒြာ(၄.၄.၂၀၀၉)

၂၀၀၉ခုနှစ် ၄ လပိုင်းတုန်းက မြောက်ကိုရီးယားနိုင်ငံက ဂျပန်နိုင်ငံရဲ့ခေါင်မိုးပေါ်ကနေဖြတ်ပြီး
တေပိုဒေါင်အမည်ရှိတဲ့ ဒုံးကျည်ပစ်လွှတ်ချိန်က ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ..။

ခုတလော တောင်ကိုရီးယားစစ်သဘောင်္ာတစ်စီးနစ်မြုတ်ပြီး
အပြစ်မဲ့ ၀န်ထမ်း ၄၀ ကျော် သေဆုံးရတယ်ဆိုတဲ့ သတင်းတွေ ၊
ဂါဇာကမ်းမြှောင်ကို အကူအညီပေးဖို့သွားတဲ့ သဘောင်္ကို အစ္စရေးက စီးနင်းခဲ့တာတွေ
အဲဒီ့လို စိတ်မကောင်းစရာသတင်းတွေပဲ
ကြားနေ ဖတ်နေရပါတယ်.

အဲဒါနဲ့ နည်းနည်းတိုက်ဆိုင်တဲ့ ဒီကဗျာလေးကို
အသစ်ရေးထားတာလည်းမရှိတဲ့ အတွက် ပြန်ရှာပြီးတင်ပေးလိုက်တာပါ..။

11 comments:

  1. အဲဒီအပူရောင်ကဗျာတွေ ဖတ်လိုက်ရင် လန့် လန့် ခေတ်ကြီးကို သွားတယ်...။

    ReplyDelete
  2. လင်းဒီပ said...

    အဲဒီအပူရောင်ကဗျာတွေ ဖတ်လိုက်ရင် လန့် လန့် ခေတ်ကြီးကို သွားတယ်...။

    :S
    တူဘာပြောတွားဒါယဲငင် တီဒြာ....
    ကဗျာကလည်း အနုမြူစော်နံတယ်။ ဒုံးနံ့သင်းတယ်။ :D

    ReplyDelete
  3. လင်းဒီပက ကဗျာမရေးခင်က သိုက်စာတွေရေးတာလေ

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. "အဲဒီအပူရောင်ကဗျာတွေ ဖတ်လိုက်ရင် ခေတ်ကြီးကို လန့် လန့် သွားတယ်...။"

    အမှန်က အဲလိုရေးတာ ... သိုက်ဆရာဆိုတော့ ရေးဟန်တွေ ရောကုန်တာလေ...။

    (စာကလေးသိုက် ကျီးကန်းသိုက် ဇရက်သိုက် အကုန်နှိုက်တယ် :P)

    ReplyDelete
  6. ကြောက်စရာကောင်းလိုက်တာ ဆိုတဲ့ စကားကို အခုတလော ခဏခဏ သုံးဖြစ်နေတယ်။ ကြောက်တယ် ချစ်မလေးရယ်။ လောကကြီးထဲ ဆက်နေဖို့တောင် ကြောက်တယ်။

    ReplyDelete
  7. လာဖက်သွားပါတယ်ရှင် ကမ္ဘာမြေငြိမ်းချမ်းပါစေ..။

    ReplyDelete
  8. Hi Ma Dar, ...

    I hate the leader who don't care for people.
    Why all nations support north korea?
    It is totally nonsense ...

    They don't have enough money to eat ..
    but still have billions of $ to invest on nuclear warheads ...

    All human beings who think there must be a war are insane.

    I prefer no war and no soldier age ....
    If men are absolutely civilized .... dreams will have to do come true ...

    ......................

    ReplyDelete
  9. ဆိုတော့ကာ..
    ကိုဇက်ပြောသွားသလိုပါပဲ..

    ReplyDelete
  10. Yeah, I couldn't agree with u more son !
    hoping that the dream of Mr John Lenon come alive!

    ReplyDelete
  11. ဟုတ်တယ်ဗျာ.. အခုတော့ ကမ္ဘာကြီးက ဂလိုဂလိုတွေဖြစ်နေပြီ.... စစ်ခရာတွေ တွန်လို့တဲ့.. မှန်လိုက်လေခြင်းဗျာ....

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete