July 18, 2010

အာဇာနည်ဆိုတာ...

အာဇာနည်တွေရဲ့ သက်စောင့်ဓါတ်က သစ္စာတရားပဲ..
အာဇာနည်ဆိုတာနဲ့
ခန့်ငြားလုံခြုံတဲ့ အရိပ်က..အလိုလိုလွှမ်းခြုံပေးလိုက်တယ်..

အာဇာနည်ဆိုတာ
အောင်နိုင်ခြင်း..ဒါမှမဟုတ်...တစ်စုံတစ်ရာအတွက်
ပေးချေလိုက်ကြရတဲ့..အရင်းအနှီး

အာဇာနည်ဆိုတာ
တိုင်းပြည့်နဖူးပြင်ပေါ်က အမာရွတ်လည်းဖြစ်ခဲ့ပေါ့

အာဇာနည်ဆိုတာ..
မြောက်များလှစွာသော..နှလုံးအိမ် အစုအဝေးတွေထဲက
တညီတညွှတ်တည်း..ယိုစိမ့် ကျလာခဲ့တဲ့ ပညတ်ချက်

အာဇာနည်ဆိုတာ
မျိုးနွယ် သို့မဟုတ်..နိုင်ငံ...သို့မဟုတ်...ယုံကြည်ချက်..သို့မဟုတ်..အားလုံးရဲ့
အထွဋ်အမြတ်ဝိဥာဉ်တစ်ဆူ

အာဇာနည်ဆိုတာ ငြင်းပယ်မရနိုင်တဲ့ သမိုင်းကြောင်းပေါ်က
အနှစ်ချုပ်စာမျက်နှာလည်းဖြစ်ခဲ့တယ်.

အာဇာနည်တွေရဲ့ရာဇ၀င်ဟာ
နာကျည်းကြေကွဲဖွယ်ရာ ဇာတ်ဝင်ခန်းတွေနဲ့...ခန့်ငြားသိပ်သည်းလို့

အာဇာနည်ဆိုတာ
ပြောင်းလဲခြင်းတစ်စုံတစ်ရာကိုရည်သန်တဲ့
မီးဟုန်းဟုန်းတောက် ပဋိပက္ခအကြား...မားမားစွင့်စွင့် ရပ်ဝံ့ သူ
အာဇာနည်ဆိုတာ ရဲဝံ့စွန့်လွှတ်နိုင်ခြင်းရဲ့ ဧကရာဇ် တစ်ဆူပဲ

အာဇာနည်ဆိုတာ ပြည်သူ့သွေးကို သူ့အသက်နဲ့မောင်းနှင်ပေးသူတွေ..

အာဇာနည်ဆိုတာ အသက်ကိုခဲယမ်းလို သဘောထားနိုင်ကြသူတွေ...

အာဇာနည်ဆိုတာ အဆုံးစွန် စွန့်လွှတ်နိုင်ခြင်းစွမ်းရည်ရှိသူတွေ...

အာဇာနည်တွေမှာ
တစ်ဘ၀လုံးဖြန့်ကြည့်တာတောင်
ဝတ်စုံကောင်းကောင်း မရှိခဲ့ကြဘူး...

အာဇာနည်ဆိုတာ...အမှန်တရားကိုကိုးကွယ်ပြီး
သူ့လည်ဂုတ်ပေါ်မိုးနေတဲ့ ဓါးသွားထက်
စိတ်တွေပေါ်က ဓါးအတွက် စိုးကြောက်တတ်ခဲ့တာ....


အာဇာနည်ဆိုတာ.
..................................

အာဇာနည်ဆိုတာ.
သေတာတောင်မျက်စိမပိတ်နိုင်ကြသူတွေ...။ ။

အိန္ဒြာ
(၁၉.၇.၂၀၀၉)

(ကျဆုံးလေသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဤကဗျာဖြင့် ဦးညွှတ်ကန်တော့လျက်....)

11 comments:

  1. အာဇာနည်ဆိုတာ
    အသက်ကိုခဲယမ်းလို သဘောထားနိုင်ကြသူတွေ
    ပြည်သူ့သွေးကို သူတို့အသက်နဲ့မောင်းနှင်ပေးသူတွေ
    အာဇာနည်ဆိုတာ
    ငြင်းပယ်မရနိုင်တဲ့ သမိုင်းကြောင်းပေါ်က အနှစ်ချုပ်စာမျက်နှာ၊
    အာဇာနည်ဆိုတာ
    တိုင်းပြည့်နဖူးပြင်ပေါ်က အမာရွတ်လည်းဖြစ်ခဲ့ပေါ့။

    (ဟုတ်တယ်ဗျာ.. ကောင်းလိုက်တဲ့ စာသားတွေ..။
    ကျွန်တော်လည်း ဦးညွှတ် အလေးပြုသွားပါတယ်။)

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ကြယ်ဆိုတာ သူ့ခြေရာ သူ
    မြတ်နိုးတာမျိုး ဟုတ်ရိုးလားကွယ်။

    လင်းဒီပ ရဲ့ အဲဒီကဗျာ စာကြောင်းလေးက ရင်ထဲ အမြဲထိခတ်ခဲ့တယ် ..

    အာဇာနည်ဆိုတာ သှူုခြေရာတွေ သူ မမြတ်နိုးတတ်သူ တွေ လေ

    ညီမ ရဲ့ အာဇာနည်ကဗျာ ကလဲ အာဇနည်တွေရဲ့ ဘ၀ တွေကို ပိုပြီထင်လင်းစေခဲ့ပြီ

    ReplyDelete
  4. အိန္ဒြာရေ..အာဇာနည်များအတွက် ကဗျာလေးလာဖတ် ရင်း အာဇာနည်များကို ဂုဏ်ပြုပါတယ်။

    ReplyDelete
  5. ကဗျာလေးကိုတလေးတစားဖတ်ရင်း..
    မမအိန္ဒြာနဲ့အတူဦးညွတ်ကန်တော့လျက်..

    ReplyDelete
  6. အာဇာနည်ဆိုတာ
    ပြောင်းလဲခြင်းတစ်စုံတစ်ရာကိုရည်သန်တဲ့
    မီးဟုန်းဟုန်းတောက် ပဋိပက္ခအကြား...မားမားစွင့်စွင့် ရပ်ဝံ့ သူ
    အာဇာနည်ဆိုတာ ရဲဝံ့စွန့်လွှတ်နိုင်ခြင်းရဲ့ ဧကရာဇ် တစ်ဆူပဲ
    .....

    မစွန့်လွှတ်နိုင်လို့ သာမာန်လူတွေအခါခါသေကြပေမယ့် အာဇာနည်တွေကတော့ ထာဝစဉ်ရှင်သန်ကျန်ရစ်ကြမှာ...
    .....

    မရဲဝံ့သူတစ်ယောက် အမြဲဦးညွတ်ကန်တော့လျက်ပါလို့ ....

    ReplyDelete
  7. အာဇာနည်ဆိုတာ
    ပြောင်းလဲခြင်းတစ်စုံတစ်ရာကိုရည်သန်တဲ့
    မီးဟုန်းဟုန်းတောက် ပဋိပက္ခအကြား...မားမားစွင့်စွင့် ရပ်ဝံ့ သူ
    အာဇာနည်ဆိုတာ ရဲဝံ့စွန့်လွှတ်နိုင်ခြင်းရဲ့ ဧကရာဇ် တစ်ဆူပဲ
    .....

    မစွန့်လွှတ်နိုင်လို့ သာမာန်လူတွေအခါခါသေကြပေမယ့် အာဇာနည်တွေကတော့ ထာဝစဉ်ရှင်သန်ကျန်ရစ်ကြမှာ...
    .....

    မရဲဝံ့သူတစ်ယောက် အမြဲဦးညွတ်ကန်တော့လျက်ပါလို့ ....

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ချစ်မလေးရေ...စိတ်မရှိပါနဲ့နော် ...နက်မကောင်းလို့ ကွန်မန့်သုံးခါတက်သွားတာ....

    ReplyDelete
  10. အာဇာနည်ဆိုတာ... ကိုယ်ကျိုးထက် သူများအတွက် အသက်နဲ့ပေးဆပ်ခဲ့တဲ့ မမေ့အပ်တဲ့ မြင့်မြတ်သူတွေ

    ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို မရဲ့ကဗျာလေးဖတ်ရင်း ဦးညွှတ်အလေးပြုသွားပါတယ်။

    ReplyDelete
  11. မ...အဓိပါယ်ဖွင့်ဆိုချက်တွေ လေးနက်တယ်ကွယ်... ကဗျာလေးအတွက် ကျေးဇူးပါ...လေးစားပါတယ်

    ReplyDelete