July 23, 2010

မိတ္တူ

ဒီလိုနဲ့.....၀ါကျဟာ
နက် မှောင် စေး ထန်း လာ
အေး ခဲ ကျွတ် ဆတ် လာ...
ခြောက် ခန်း တိတ် ဆိတ် လာ

ဝါကျထဲ ကျသေနေတဲ့ အသံတွေနဲ့ ၀ါကျတစ်ခုလုံး ပုတ်ဟောင်ညှီလောင်လာ..
ဝါကျက နတ်ဆိုးလက်ဖ၀ါးထဲက သတင်းစကားဆန်လာ
ဝါကျတည်ဆောက်ပုံနည်းနာက စိတ်ထောင်းကိုယ်ကြေစနစ်အထိပြောင်းလဲလာ

ဒီလိုနဲ့ ၀ါကျမှာ အဓိပ္ပာယ်တွေ ရောထွေးရှုပ်ယှက်လာ
ဦးတည်ချက်တွေ ထွေပြားေ၀၀ါးလာ...
ဒီလိုနဲ့ ၀ါကျဟာ သင်းကွဲပါဒဖြစ်လို့လာ

ဒီလိုနဲ့ပဲ ၀ါကျဟာ သဏ္ဍန်ပျက်ခြင်းအဆင့်လွန်အထိ
ယိုယွင်း ရွေ့လျား ယိမ်းယိုင်လာ..

စိတ်ကို စိတ်နဲ့ လုပ်ကြံခံခဲ့ရ...

အဲ ဒီ့ ၀ါ ကျ ထဲ..
သေမထူး နေမထူး ဘာသာဗေဒနဲ့
အနာတရများ အရူးအမူးရှင်သန်တယ်..။


အိန္ဒြာ
( ၂၂.၇.၂၀၁၀)

11 comments:

  1. ၀ါကျဟာ.. ၀ါကျပါ....

    (သဘာဝဟာ သဘာဝပါ ဆိုတဲ့ စိုင်းထီးဆိုင် သီချင်းဆိုသံနှင့် ဖတ်ပေးပါရန်)

    နတ်ဆိုးရေးတဲ့.. သေမထူး နေမထူး နေ့စွဲတွေလဲ ရှိသလို

    ဘုရားပေးတဲ့ ငြိမ်းချမ်းရာ နေ့ထူးနေ့မြတ်တွေလဲ ရှိပါတယ်....။

    လွတလ်လပ်ငြိမ်းချမ်းသော နေ့ရက်ပေါင်းများစွာ ပိုင်ဆိုင်ပါစေ........

    ကဗျာဆရာမ လှလှကြီးရေ......

    (ထူးထူးခြားခြား စက်လေးအားတုန်း..
    ကတုံးကရိုက်.. လာဖတ်လိုက်တယ်ဗျို့)

    ReplyDelete
  2. လွတ်လပ် ကို စာလုံးပေါင်း ရှန်းသွားလို့ပါ..

    စာပေစိစစ်ရေးက လာဝေဖန်ရင် မောနေမှာစိုးလို့ စာလုံးပေါင်းမှားကြောင်း ပြန်လာပြောပါတယ်ခင်ဗျ...

    အဲ.. အရူးအမူး ရှင်သန်မနေပါနဲ့ဗျာ...
    အနာတရ ရှိသူများအားလုံး...အနာရွတ်ပါမကျန် ဒဏ်ရာတွေ ပျောက်ကင်းနိုင်ကြစေဖို့ ဆန္ဒပြုသွားပါတယ်..

    (ခုလောလောဆယ်တော့ ကျွန်တော်လဲ လက် ကီးဘုတ် ရှသွားဘီ....) :-P

    ReplyDelete
  3. ၀ါကျတည်ဆောက်ပုံနည်းနာက စိတ်ထောင်းကိုယ်ကျေ စနစ်အထိပြောင်းလဲလာ...

    နှစ်သက်သဘောတူညီပါကြောင်း ...

    စိတ်ထောင်းကိုယ်ကြေလွန်းလို့ ...ဝါကျတစ်ကြောင်းပင် မတည်ဆောက်နိုင်လောက်အောင် =(
    ...

    ReplyDelete
  4. ဟေး..(ကဗျာဆရာမကျ) ဆီက..ကဗျာရေးနည်း အတုခိုးသွားတဲ့..(ကဗျာဆရာမ)...

    တို့ကတော့.. ကဗျာကယာ .. မ.. ပြီး.. မိတ္တူ ပဲ ကူးသွားတယ်။

း))

    ReplyDelete
  5. မိတ္တူကူးရင်း ကူးရင်း ၀ါကျတွေက ၀ါးချလာတယ် ၀ါကျင်လာတယ် ဘယ်စာကို ဘယ်နှစ်ဝါကျအောင်....

    ReplyDelete
  6. ဝါကျလေးက သူ့ဟာသူ အိပ်တာကို ... သွားလှုပ်နှိုးလိုက်ပြန်ပြီ

    ReplyDelete
  7. မရေ... ကဗျာလာဖတ်သွားပါတယ်။

    ReplyDelete
  8. အဲဒီမိတ္တူကိုတော့ ကူးမသွားတော့ဘူး
    မကူးပဲတူနေတဲ့ စိတ်တွေကိုပဲ နာကျင်မိတော့ရဲ့ ..

    ReplyDelete
  9. ဟုတ်ပါရဲ့..
    စိတ်ကိုစိတ်နဲ့လုပ်ကြံခံခဲ့ရ...

    ReplyDelete
  10. မကြီး သိတဲ့အတိုင်းပဲ
    တအားးးးးးးကြီးးးးးးးးးးးးးး ကြိုက်စ်!
း)
    ခင်ခင်မင်မင်
    မှူးဒါရီ

    ReplyDelete
  11. စိတ်ကို စိတ်နဲ့လုပ်ကြံခံရ စကားလုံးလေးလှတယ်
    သဘောကျတယ် မအိန္ဒြာရေ...
    ကဗျာတွေ အားပေးနေမယ်..။

    ReplyDelete