November 12, 2010

သူ့ရေတွေဖေါက်ချခံနေရတဲ့ ငါး

ငါးဟာ
အပျင်းပြေ အသတ်ခံဖို့အတွက်တော့
နွံအိုင်ကို ခံတပ်လုပ်မနေဘူး....
သူ့အကြေးခွံ လှန်မပစ်နိုင်သေးသ၍...
သူ့ယုံကြည်ချက် ရွှံ့တွေ နွံတွေကြား
သူ့သစ္စာတရားက
ပတ္တမြား ထပွင့်နိုင်ကြောင်း ပြလိမ့်မယ်။

အိန္ဒြာ
(၁၃.၁၁.၂၀၁၀)

(ပိတောက်ပွင့်သစ်မှာ စိစစ်ရေးငြိခဲ့တဲ့ ကဗျာလေးပါ ။ ဘလော့ဂ်မှာတော့ တင်ဖူးပြီးသားပါ)

2 comments:

  1. အရင်က ဖတ်ပြီးပေမယ့် ထပ်ဖတ်သွားပါတယ် ....
    ငြိမ်းစိုးဦး
    nyeinsoeoo.multiply.com

    ReplyDelete
  2. လာရောက်အားပေးသွားပါတယ်
    အကြောင်းအရာတခုအတွက်လာခဲ့ တာပါ
    ကျနော်အရမ်းလေးစားမိတဲ့ ကဗျာဆရာတယောက်
    ကိုမိုးမြင့်တိမ်...သူအခုကဗျာတွေများရေးသေးလား
    သူရဲ့ တိမ်ညိုတွေပြိုတဲ့ ကောင်ကင် ကဗျာဆိုင်မှာထပ်ပီးတော့ရေးတာတွေမတွေ့ ရတော့ပါဘူး
    ကဗျာလေးတွေဝထ္ထူလေးတွေကိုကြိုက်လို့  ကျနော်ရဲ့ ဘလော့လေးထဲမှာပြန်လည်မျှဝေပေးထားပါတယ်
    ကဗျာပိုင်ရျင်ဆီမှာခွင့်တောင်းချင်လို့ လိုက်ရှာနေတာပါ
    ကူညီလို့ ရမယ်ဆိုရင်ကူညီပေးစေချင်ပါတယ်
    ကျနော်နည်းပညာဘလောလေးရဲ့ အပေါ်ပိုင်းမှာကျနော်ရဲ့ ကဗျာဆိုးသို့ လို့ ညွှန်ပေးထားပါတယ်.....
    လိုအပ်ချက်တွေများရျိမယ်ဆိုရင်ပြောပြပေးပါ

    ReplyDelete