September 11, 2009

စိန်ခေါ်ပွဲ

လှုပ်နေတဲ့ အဲဒီအရိပ်ကိုမှ မိအောင်ဖမ်းချင်နေတာ
လက်နှစ်ဖက်ကိုဖြန့်၊ စူးစိုက်ကြည့်၊ လက်ချောင်းလေးတွေကိုလဲ လှုပ်ကစားကြည့်တယ်
‘စွမ်းနိုင်မလား’ အသံ ပဲ့တင်ထပ်
(ပဲ့တင်ထပ်) (ပဲ့တင်ထပ်) (ပဲ့တင်ထပ်)
ခေါင်းတချက်ဆတ်ကာ စိန်ခေါ်မှုကို တန်ပြန် စိန်ခေါ်လိုက်တယ်။

နှစ်နဲ့ချီပြီး ပျောက်ဆုံးနေတဲ့ ငါ့လိပ်ပြာ
ငါ အခုပြန်ရပြီ ဒီစိန်ခေါ်တိုက်ပွဲမှာ။ ။


ခင်အောင်အေး
၁၊ စက်တင်ဘာ၊ ၂၀၀၉

4 comments:

  1. တော်သေးတယ်..ပြန်ရလို့

    ReplyDelete
  2. စိန်ခေါ်ပွဲလား...

    စိန်လာခဲ့မယ်...

    ဒါပေမယ့် နှစ်နဲ့ချီ ပျောက်ဆုံးနေတဲ့

    ပျော်ရွင်ခြင်းဝိညာဉ်တွေကို ရှာယူလာခဲ့မယ်..

    ချစ်ခင်လေးစားစွာဖြင့်

    မျောက်မျောက်

    ReplyDelete
  3. အမ် သူများမန့်ထားတာတွေဘယ်ပျောက် ...း((

    ReplyDelete
  4. စိန်ခေါ်ပွဲ ( နယူးဗားရှင်း)

    ရိပ်နေတဲ့ အဲဒီ အလှုပ်ကို
    မိ အောင်
    ဖမ်းချင်နေတာ
    လက်နှစ်ဖက်ကို ဖြန့်
    စူး စိုက်
    ကြည့် လက်ချောင်းလေးတွေကိုလဲ
    လှုပ် ကစား
    ကြည့်တယ်
    “စွမ်းနိုင်မလား”
    အသံ
    ပဲ့တင်ထပ်
    ((((((((( စွမ်းနိုင်မလား )))))))))
    ခေါင်းတချက်ဆတ်ကာ
    စိန်ခေါ်မှုကို တန်ပြန်
    စိန် ခေါ် လိုက် တယ်။

    ငါ့ပျောက်ဆုံးနေတဲ့ နှစ်ချီလိပ်ပြာ
    ငါ ပြန်ရပြီ
    အခု
    ဒီ
    စိန်ခေါ်
    တိုက်ပွဲမှာ။ ။

    စိတ်ဆိုးချင်လည်း ဆိုးစေတော့ .. အောင်ပွဲရ စစ်သူကြီးတစ်ယောက်ထက် ပိုတဲ့ ချစ်ခြင်းနဲ့
    ပျောက်ဆုံးနေတဲ့ လိပ်ပြာကို ပြန်ဖမ်းနိုင်တဲ့လက်တွေ...
    ပြန်ဖမ်းနိုင်တဲ့ စိတ်တွေကို......

    ReplyDelete