December 20, 2009

သုခကြယ်

လူ့အဖြစ်သားရဲတွင်းထဲ
ကံကြမ္မာပစ်ချလိုက်ပုံက
ရမ်းကားသလောက် ရက်စက်ခဲ့ပေမယ့်
မင်းကို ယုယထွေးပိုက်ဖို့
မင်းကို ထွန်းညှိလင်းလက်ဖို့
ဟောဒီ့မှာ
အလင်းပျိုးတဲ့လက်တွေ စောင့်နေတယ် ။

ကလေးရေ
ဘယ်ကြယ်စင်ကိုမဆို
မင်းဆွတ်ယူခွင့်ရှိတယ်ကွယ့်
ဘ၀တောကြီးမျက်မည်းမှာ
လောကဓံဆိုတာ
အကြမ်းခံတောစီးဖိနပ်တစ်ရံပါကွာ.....

မင်းရဲ့ သတ္တိက
မင်းအတွက် ဆောင်ဓါး
မင်းရဲ့ ခွန်အားက
မင်းအတွက်လေးညှို့တစ်စုံပေါ့

ခုတ်ထွင်လိုက် ရှုင်းလင်းလိုက်
လိုအပ်ရင် ရင်ဆိုင်ရဦးမယ့်
အန္တရယ်အသွယ်သွယ်အတွက်
မင်း....အဆင်သင့်ပြင်ထားလိုက်..

ကလေးရေ..
အားမာန်အပြည့် လျှောက်လှမ်းရဦးမယ့်
မိုင်ထောင်ချီ ခရီးရှည်ကြီးအစ
ပထမမြောက် မင်းရဲ့ခြေလှမ်းဟာ
"သုခရိပ်မြုံ " က တာထွက်လာပြီလေ..

မင်း..ရဲရင့်ပါ
မင်း..ယုံကြည်ပါ
မင်း..ဇွဲသန်ပါ
မင်းဟာ..အရာရာပါ.. ကလေးရဲ့..

လှမ်းမျှော်ကြည့်လိုက်စမ်း
ဟောဟို့..ကောင်းကင်ထက်ဆီက
လင်းလက်ရွှန်းပနေသမျှ
ဘယ်ကြယ်စင်ကိုမဆို..
မင်း လည်း ဆွတ်ယူခွင့်ရှိတယ်လေ..။

အိန္ဒြာ

အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကူးစက်ခံ ကလေးသူငယ်များအတွက်
၂၀ ရက် ဒီဇင်ဘာလ ၂၀၀၉ အင်ယားကန်စောင်း စိမ်းလန်းစိုပြေဥယျာဉ်မှာ
DOI ( Dream Of Inferior Poretry Club) မှ ကဗျာဆရာလူငယ်တွေစုစည်းပြီး..
အလင်းပျိုးမယ့်လက်ဆိုတဲ့
စာနာမှု ကဗျာရွှတ်ပွဲလေးတစ်ခု စီစဉ်ကျင်းပခဲ့ကြပါတယ်။
စုစုပေါင်း ကဗျာ(၁၃)ပုဒ် ရွတ်ဆိုကြပြီး ကဗျာချစ်သူများပါ ပါဝင်နိုင်တဲ့
ပါဖောင့်မန့်အတ် ကဗျာကိုလည်း စုစည်းရေးစပ်ခဲ့ကြတယ်…
HIV .. သရုပ်ဖော်.. ပြကွက် တစ်ခုကို ပါဝင်ပြသခဲ့တယ်လို့သိရပါတယ်။
ရရှိတဲ့ အလှူငွေတွေကို သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာကို လှူဒါန်းကြမယ်လို့
သာဓုခေါ်ကြည်နူးဝမ်းမြောက် မုဒိတာပွားဖွယ်ရာကြားသိရပါတယ်။
အဲဒီ့ကဗျာရွတ်ပွဲမှာ မင်းယွန်းသစ်က ဒီကဗျာလေးကို ရွတ်ဆိုခဲ့ပါတယ်။

13 comments:

  1. ဘဝ မလှခဲ့ကြတဲ့ ကလေးတွေ အတွက် အနာဂတ်ကတော့ အမြဲလှနေမှာပါ..


    ကလေးရေ...
    မင်း..ရဲရင့်ပါ
    မင်း..ယုံကြည်ပါ
    မင်း..ဇွဲသန်ပါ
    မင်းဟာ..အရာရာပါ.. အားမလျှော့လိုက်ပါနဲ့..

    ခရီးများဆုံးထိလျှောက်

    ချစ်ခင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  2. ချစ်မရေ....ကဗျာလေးက
    တကယ့်ကိုအားဆေးတခွက်ပါ....။။။

    ReplyDelete
  3. ကဗျာလေးက အလင်းမဲ့ နေတယ်ထင်တယ်ကလေး
    တွေအတွက် အားဆေးတစ်ခွက်ပါဘဲဗျာ . . . အလင်း
    ပျိုးလက်ပိုင်ရှင်လေးများဖြစ်နိုင်ကြပါစေ . . .

    ReplyDelete
  4. it's a touching poem for those children !!

    ReplyDelete
  5. ကဗျာကောင်းလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။
    ကြယ်စင်တွေကို ဆွတ်ယူနိုင်ပါစေ ကလေးတွေရေ ...

    ReplyDelete
  6. စကားလုံးတိုင်းဟာ။
    ကောင်းကင်စီရရီပွင့်နေတဲ့ ကြယ်တွေလို
    ကလေးငယ်လေးတွေ လန်းဆန်းပွင့်လန်းဖို့ အားတွေ....
    နှလုံးသွေးထဲ ဖြတ်စီးစေလိမ့် ...

    ချစ်တဲ့

    ReplyDelete
  7. ကဗျာတွေ တော်တော်များများ မေးလ်ကနေ ဖတ်ပြီးပါပြီ။ ကလေးတွေကိုယ်စား ကျေးဇူးတင် မိပါတယ်။ သူတို့ကို မမေ့မလျော့ ၇ှိနေပေးတာ ကြောင့်ပါ။ သူတို့ရဲ့ အနာဂါတ်လေး လှပပါစေ
    တည်ငြိမ်ရဲရင့်စွာနဲ့ အနာဂါတ်ကို ဖြတ်သန်း နိင်ပါစေ

    ReplyDelete
  8. ကလေးရေ
    ဘယ်ကြယ်စင်ကိုမဆို
    မင်းဆွတ်ယူခွင့်ရှိတယ်ကွယ့်
    ဘ၀တောကြီးမျက်မည်းမှာ
    လောကဓံဆိုတာ
    အကြမ်းခံတောစီးဖိနပ်တစ်ရံပါကွာ.....

    ReplyDelete
  9. အလင်းပျိုးလက်တွေအားလုံး ကြယ်စင်တွေကို ဆွတ်ခူးရယူနိုင်ပါစေ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  10. ဟုတ်တယ်...
    ဘယ်သူမဆို ကောင်းကင်မှာ ရှိနေတဲ့ ကြယ်စင်တိုင်းကို ဆွတ်ခူးဖို့ မျှော်လင့်ချက် ထားနိုင်တာပဲနော်..!!

    မင်းကိုယ်တိုင်က လူတိုင်းနဲ့ တန်းတူဆိုတဲ့ စိတ်လေးမွေးဖို့ပဲ လိုပါတယ် အားမငယ်နဲ့ ကလေးရယ်..

    လို့ပဲ... မကြီးပေးချင်တဲ့ မက်ဆေ့ခ်ျလေးကို
    ကောက်ယူသွားပါတယ်...

    အရမ်းချစ်တဲ့...

    ReplyDelete
  11. ငြိမ်းချမ်းကြပါစေ..

    ခင်မင်လေးစားလျက်
    မိုးကြယ်

    ReplyDelete
  12. မမရေ... အပြစ်မဲ့ပြီး ရင်ခွင်မဲ့နေတဲ့ ကလေးတွေအတွက်တော့ မမ ကဗျာလေးက နွေးထွေတဲ့ ရင်ခွင်တစ်ခု၊ လင်းလက်တဲ့ ကြယ်စင်စုလေးပါပဲ။ တကယ့်ကို အင်အားတွေပေါ့ မမရယ်..။

    ခင်မင်လေးစားလျှက်

    ReplyDelete
  13. ကလေးတွေသာ ဖတ်ခွင့်ရရင် ခွန်အားဖြစ်မယ့် ကဗျာတပုဒ်ပါ...

းဝ)

    ReplyDelete