December 31, 2009

၂၀၁၀-ကဗျာ ကမ္ဘာ

တစ်နေ့ပြီးတစ်နေ့ ပြီးခဲ့လေပြီ
၂၀၁၀ သို့ ရောက်လေပြီ
ကဗျာရေးနည်းများသည် ပြောင်းလေပြီ

တယ်လီဖုန်းမှာ ကြိုးမပါတော့ဘူး
ကင်မရာမှာ ဖလင်မပါတော့ဘူး
တစ်ယောက်နဲ့တစ်ယောက်ချစ်တာ
အချစ်မပါတော့ဘူး

သုခမိန်လှိုင်

Idea မဂ္ဂဇင်း(ဇန်န၀ါရီ-၂၀၁၀ အမှတ်၁၀၂)

12 comments:

  1. မင်္ဂလာ နှစ်သစ်ဖြစ်ပါစေမမရေ

    ReplyDelete
  2. ဆရာက ကဗျာတွေမှာလည်း ကာရန်မပါတော့ဘူးလို့ ပြောချင်ပုံရတယ်...

    Happy New Year မအိန္ဒြာ...
    အောင်မြင် ငြိမ်းချမ်းတဲ့ ၂၀၁၀ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်...


းဝ)

    ReplyDelete
  3. ကဗျာမှာ ဘာသာစကား မပါတော့ရင် ဘယ်လိုနေမလဲ....
    ဘယ်လိုဖြစ်ဖြစ် ၂၀၁၀နှစ်သစ်မှာ အချိန်တွေပါနေတယ်.. ကိုင်ဆုပ်ကြည့်လို့ မရတာတခုပါပဲ...

    အေးချမ်းပျော်ရွှင်အောင်မြင်သောနှစ်သစ်ဖြစ်ပါစေ.

    ReplyDelete
  4. တစ်ယောက်နဲ့တစ်ယောက်ချစ်တာအချစ်မပါတော့ဘူးတဲ့လား...

    ReplyDelete
  5. ကဗျာကို ပုံဆွဲပြီး စပ်မယ်ဆိုရင်တော့ ဘာသာစကားမလိုလောက်တော့ဘူး...

းဝ)

    ReplyDelete
  6. ကဗျာကဂွတ်ထ

    ReplyDelete
  7. အကြီးအကျယ်အော်သွားပါသည်။

    အမည်မဖော်လို သူ ဦးသီဟသစ်

    ဗီလိန်

    ဖိုးသင်္ကြန်

    ငချမ်းကောင်

    တလနွန်
    ရေတမာ

    တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
    မျိုးထက်ဇော်

    သံလွင်ဟီးရိုး

    မိုးကုတ်သား

    ရီနိုမာန်

    ဆောင်းချမ်းမိုး

    ဖိုးစိန်

    (ဖဲဝိုင်းမှ ထအော်ကြသည်)

    Happy new year playing card game!!!!!

    ReplyDelete
  8. ကောင်းရော...

    နှစ်သစ်ကို ဖဲဝိုင်းနဲ့ကြိုဆိုကြတာပေါ့..

    ထူးထွေသည့်အံရာသော်ပါလား...

    မင်္ဂလာနှစ်သစ်ပါ အားလုံး
    တစ်နှစ်လုံးမှာ
    များများဆုံ များများစု ပြီး
    များများ ရိုက် နိုင်ကြပါစေ

    ReplyDelete
  9. နှစ်သစ်မှာ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ ပျော်ရွှင်သောနေ့ရက်တွေ ဖြစ်ပါစေ မမ။း)

    ReplyDelete
  10. နှစ်သစ်ရဲ့ ပထမ ဆုံးနေ့လေးနှင့်အတူ ထာဝရ ပျော်ရွှင်ပါစေ အေဒီရေ....။

    ReplyDelete
  11. တယောက်နဲ့တယောက်ချစ်တာ အချစ်မပါတော့တာ နောက်ဆုံးတွေ့ရှိချက် ဖြစ်မယ်ထင်တယ်

    အရင်ကတော့ အချစ်မှာ မျက်စေ့ မရှိဘူးတဲ့လေ

    အမရေ နှစ်သစ်မှာပျော်ရွှင်အဆင်ပြေပါစေဗျာ

    ကဗျာကောင်းလေးတွေလည်း ဆက်လက်ရေး သားပေးပါအုံး

    ReplyDelete
  12. မကြီးကိုယ်တိုင် မွေးထုတ်တဲ့ ကဗျာကောင်းတွေတင်မကပဲ...
    အနှစ်အရသာပြည့်ဝတဲ့ ကဗျာတွေ အားလုံးအတွက်.. မကြီးကို အမြဲ ကျေးဇူးတင်မိကြောင်း ပြောသွားပါရစေ...

    ချစ်တဲ့....

    ReplyDelete