March 1, 2010

ချစ်တဲ့အကြောင်း ကဗျာပေါ့ သူငယ်ချင်း


နင်ဟာ အောင်မြင်မှုရွှေသားရွှေရောင်မီးလျှံပဲ
နင်ဟာ ရိုးသားခြင်းအခြေခံသစ်သီးပဲ
နင်ဟာ နူးညံမှုမြသားချည်မျှင်ပိုးထည်ပဲ
နင်ဟာ လန်းဆန်းခြင်းမနက်ခင်းမိုးသောက်နေရောင်ပဲ
နင်ဟာ ကြိုးစားမှု တောင်တက်ပန်းတိုင်ပဲ
နင်ဟာ ထက်ရှခြင်း မဟုတ်မခံဓါးသွားပဲ

နင်ဟာ..တောက်ပခြင်း ကြယ်စင်ကြယ်တန်းပဲ
နင်ဟာ...၀ံ့ကြွားနိုင်မှု အလင်္ကာဂုဏ်ရည်ပဲ..

နင်ဟာ
ငါ့အရိပ်ကြည့် ကြည့်မှန်တစ်ချပ်ပဲ
နင်ဟာ
ငါ့ ဧည့်ခန်းဆောင်က ချစ်စနိုးပန်းချီပဲ
နင်ဟာ
ငါ့ တိုးတိတ်ခြင်း နားရံတစ်ဘက်ပဲ

""သင်းသင်းမရေ..""
ငါကတော့
နင့်စိတ်ကောက်ခြင်းရဲ့ ပြေရာပြေကြောင်းတေးချင်းဂီတ
နင့် မွန်းကြပ်မှုတွေထဲက ခပ်ဟဟ ပြတင်းမျက်နှာစာ
နင့် မိုင်ပေါင်း မြောက်များစွာက အနီးဆုံးလူပဲပေါ့..။


အိန္ဒြာ

(၁.၃.၂၀၁၀)

အချစ်ဆုံးသူငယ်ချင်း သင်းသင်းထွဋ် ရဲ့မွေးနေ့မှသည်
မပြောပဲသိနေနိုင်သည့် ဆုမွန်ကောင်းများနဲ့
ပြည့်ဝကုံလုံပါစေ ပျော်ရွှင်ချမ်းမြေ့ပါစေ ပြောင်မြောက် ထွန်းပေါက်နိုင်ပါစေ။

17 comments:

  1. မွေးနေ့အမှတ်တရ ကဗျာလေးဖတ်သွားပါတယ်။ မွေးနေ့ရှင်လည်း အသက်ရှည်ပြီး အနာကင်းပါစေ။

    ReplyDelete
  2. နင်ဟာငါ့ရဲ့ ရေချမ်းစဉ်လေးပဲ
    နင်ဟာငါ့ရဲ့ ဘုရားကျောင်းကခေါင်းလောင်းသံချိုလေးပဲ
    .....နေ့သစ်များစွာ..မင်္ဂလာဖြင့် မျက်နှာသစ်နိုင်ပါစေသောဝ်..သူငယ်ချင်းတို့ ချစ်ခြင်းကမ္ဘာတည်ပါစေ..

    ReplyDelete
  3. မွေးနေ့ရှင်တော့ ကဗျာကိုတော်တော်ခိုက်သွားမှာပဲ..
    ဘဝမှာ အဲဒီလိုသူငယ်ချင်းမျိုးလိုအပ်ပါပေတယ်....

    ReplyDelete
  4. အစ်မသင်းသင်းကို မမြင်ဖူးပေမယ့် ချစ်ခင်နေမိပါတယ်...
    ဟိုစဉ် အသံကို ခန်းမှန်းစဉ်ကတည်းက... =)
    မွေးနေ့မှစ ရာသက်ပန် အထူးပျော်ရွှင်ပါစေနော် အစ်မ

    ReplyDelete
  5. ပုံလေးရော ကဗျာလေးပါ ကြိုက်တယ်။ အစ်မသူငယ်ချင်း မသင်းသင်း မွေးနေ့မှာ ပျော်ရွှင်အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။း)

    ReplyDelete
  6. ဒီလိုမွေးနေ့ဆုတောင်းကဗျာကိုဖွဲ့ပေးတဲ့ သူငယ်ချင်းမျိုးရှိတာ မသင်းသင်းကံကောင်းလိုက်တာနော်။
    Happy Birthday!

    ReplyDelete
  7. တယ်ချစ်နေကြပါ့လားးးးးးးးးးးးး
    ဟွင်းး.. တီတီသင်းကြီး ပျော်ရွှင်ချမ်းမြေ့ပြီး
    သားငယ်ကို နှင်းဓါတ်ပုံတွေများများပို့နိုင်ပါစေ :))))))))))))))))))))))

    ReplyDelete
  8. ဟတ်ပီးဘတ်ဒေးပါ အစ်မသင်းသင်းထွဋ်ရေ....
    မတွေ့တာလည်း ကြာပေါ့...
    မတွေ့တာကြာဆို တခါမှကို မတွေ့ဘူးတာ..:P

    (အစ်မ အိမ်ဒရာကို နောက်ချင်ဇောနဲ့ အစ်မပါ အဆစ်ပါသွားတာ..)

    ReplyDelete
  9. မသင်းမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့စွာနှင့် ဖြတ်သန်းနိုင်ပါစေဗျာ။

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  10. ကဗျာလေးလည်းကောင်း
    မွေးနေ့ ရှင်လည်းပျော်ရွှင်ပါစေ။
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  11. သင်းသင်းမရေ..
    ဟတ်ပီးဘတ်ဒေးဟေ့... :D


    မိုးမောင်

    ReplyDelete
  12. မသင်းသင်း တော့

    ကဗျာ လှလှ လေးကြောင့် မွေးနေ့မှာ ပိုပျော်သွားမှာ အသေအချာ

    Happy Birthday မသင်းသင်း....

း-)

    ReplyDelete
  13. [-]appy |3irthday ...

    မဒါကို အမြဲဖမ်းထားတဲ့ ရဲမေဆိုတာထင်ပါရဲ့ ...။
    ဂျီတော့ခ်မှာ အခါကြီးရက်ကြီးတွေမကျန် ဥပုသ်စောင့်သလို ရှိနေတတ်တဲ့ သူငယ်ချင်းလို့ပြောပါတယ်။
    တစ်ခါတစ်လေကြတော့ ...။ သူက ကျောင်းတက်စားနေတာလို့ ပြောပါတယ်။
    သူက ရယ်တဲ့အခါ ' တော်...တူး ...တော်' လို့ရယ်တယ်လို့လဲပြောပါတယ်။
    အဲဒါတွေ ငါမပြောမိပါလားလို့ပြောရင်လည်း ... ယုံပေးလိုက်ပါ ....။

    Zephyr ...
    သတင်းအရောင်းသမား ...။
    (လိုအပ်ရင် လိုအပ်သလို ချောက်တွန်းတတ်သည်)

    ReplyDelete
  14. သှူုယ်ချင်းအစားတအား
    ကျေနပ်သွားသည်.....:P


    ချစ်တဲ့
    အမရာ

    ReplyDelete
  15. သူငယ်ချင်း
    ကဗျာလေးတစ်ပုဒ် မွေးနေ့လက်ဆောင်ပေးလို့ကျေးဇူးပါ
    တန်ဖိုးဖြတ်လို့မရတဲ့စေတနာတွေမေတ္တာတွေကို
    မွေးနေ့လက်ဆောင်ရလိုက်လို့
    တကယ်ကိုဝမ်းသာမိပါတယ်
    မမြင်ဖူး မတွေ့ဖူး ကြပေမယ့်..မေတ္တာတွေနဲ့အတူ
    ဆုတောင်းပေးကြသူတွေအားလုံးကိုလဲကျေးဇူးတင်ပါတယ်

    ReplyDelete
  16. Happy Birthday Thynn Thynn !!
    ရဲမေ ဟုလည်းခေါ်တွင်ကြောင်းသိထားရ သော သင်းသင်း မွေးနေ့ တစ်ရာတိုင်ပါစေ ..း)

    ReplyDelete
  17. နောက်ကျ ဆုတောင်းပါ အမရဲမေသင်းသင်း

    happy Birthday

    ReplyDelete