February 24, 2010

ငါ့ကို တင်ဆောင်မောင်းနှင်လာသော အသက်ဓါတ်


ဆိုတော့ကာ
ဒီနေရာမှာ မျဉ်းပိတ်လို့တော့မရသေးဘူး
လိုအပ်ရင် တစ်ဖက်စာမျက်နှာသို့လို့ ဖုနုတ် ပြ
လိုအပ်ရင်အစအဆုံးတစ်ခေါက်လောက်ပြန်ဖတ်ကြည့်လိုက်ဦး
ထင်ရှားချင်တဲ့ အချက်တွေ့ရင် ဟိုက်လိုက်တားထားလိုက်
လိုရင်လိုသလို အနီရောင်စတားတွေ ပေါပေါလောလောသုံးစွဲနိုင်သေးတယ်

ပြန်စဉ်စား..
စကားလုံးများများ အဓိပ္ပာယ်ပါလေရုံနဲ့
ဖွယ်တယ်တယ် ဖေါင်းပွပွကဗျာတစ်ပုဒ်လို
နေရာယူတာသိပ်များပြီး နေရာကျတာ သိပ်နည်းနေသလား..
ကိုယ့်ကိုယ်ကို အားမနာပ
အဲသလိုမျိုး ပြန်စဉ်းစား

ပြောကြည့်ရင် ဘ၀ဆိုတာ ပလိန်းကိတ်တစ်လုံးပေါ့
ဒီနေ့ကိုယ့်အတွက် တစ်ဖဲ့စာဟာ
မနက်ဖန်ဘက်က တတိတိပွန်းစားပြုန်းတီးမှု
ကိုယ့်ပိုင်ဆိုင်မှု ကိုယ့်ရပိုင်ခွင့်အတိုင်း
တိတိကျကျဒုလ္လဘတစ်ခု ဖြစ်တယ်..ပျက်တယ်... ဖြစ်ပျက်တယ်
အဲသလို ပေါ့ပေါ့လွယ်လွယ် သံဝေဂ တရားများ
အတ္တတွေ ရေလောင်းပေါင်းသင်စရာမလိုပဲ တောထ
ပေးသလောက်ပြန်ရချင်တာလား
ပေးတာထက် ပို လိုချင်ခဲ့လား
မပေးပဲရချင်နေမိလား
စဉ်းစား..
အဲသလိုမျိုးတွေ ပြန်စဉ်းစား

သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေနဲ့
စပါးလုံးတစ်ထောက်စာကို အပေါ်ယံ ပေါင်းတင် ဆေးဆိုးနဲ့
ဟန်ရေးပြတာနဲ့ ဟန်ဆောင်တာနဲ့ ဟန်လုပ်နေရတာတွေနဲ့
ကျေးဇူးရှင်တွေနဲ့ ကျေးဇူးအတင်ခံချင်စိတ်တွေနဲ့.
မီးစတဖက် ရေမှုတ်တဖက်နဲ့
လူဖြစ်ရတဲ့ဒုက္ခ ရေမီးအစုံနဲ့

အလျှော်ပေးမရသော အရေးပေါ်ကိစ္စနဲ့
အားနာပါးနာ အမနာပ တရားများနဲ့
ဂလိုဘယ်လိုက်ဇေးရှုင်းဆန်ဆန် သံခင်းတမန်ခင်းအပြုံးနဲ့
အိုဘာမားကို လက်ခုတ်တီးခဲ့တဲ့လက်နဲ့
တရားကို နတ်စောင့်ပါတယ်ဆိုတဲ့
တရားစောင့်နတ်ကိုတောင် မယုံကြည်တော့တဲ့ မိစ္ဆာဒိဋ္ဌိ အယူနဲ့
ခေတ်ကို မျက်ထောက်နီနဲ့ကြည့်နေတတ်ပုံ ဖက်ရှင်နဲ့

"အိန္ဒြာပါ "

သူလိုငါလို ခပ်ညံ့ညံ့ အသက်ဓါတ်တစ်ခုက
အဲဒီ့ခေတ်ဆီ တင်မောင်းလာခဲ့တယ်..။


အိန္ဒြာ
(၂၄.၂.၂၀၁၀)

18 comments:

  1. သူလို ငါလို အသက်ဓါတ်ပါတဲ့ ကဗျာတစ်ပုဒ်
    ငါ့ဆီပျံသန်းဆိုက်ရောက်လာခဲ့
    ဆိုက်ရောက်ရာ အရပ်ဟာ ...........

    ReplyDelete
  2. သူလို ငါလို အသက်ဓါတ်ပါတဲ့ ကဗျာတစ်ပုဒ်
    ငါ့ဆီပျံသန်းဆိုက်ရောက်လာခဲ့
    ဆိုက်ရောက်ရာ အရပ်ဟာ ...........

    ReplyDelete
  3. သူလို ငါလို အသက်ဓါတ်ပါတဲ့ ကဗျာတစ်ပုဒ်
    ငါ့ဆီပျံသန်းဆိုက်ရောက်လာခဲ့
    ဆိုက်ရောက်ရာ အရပ်ဟာ ...........

    ReplyDelete
  4. 1 ယူမလာ အောက်မေ့ပါတယ် မကြီးရယ်
    မြန်လိုက်တာနော်။

    ReplyDelete
  5. ဟုတ်ပါ့ ဒေါ်မနော်ဟရီ.. ပြောမပြောချင်ဘူး :P
    (မြင်ရင် အသတ်ခံရမှာ.. ရှူးတိုးတိုးးးး)

    ဖတ်ဖူးသည်။
    ဒီထဲမှာတော့ ဂျင်းဘောင်းဘီဝတ်မထားပါလား :P
    အသက်ဓါတ်ကြီး တင်စီးထားတော့ တီဒြာ ပိနေရော့မယ်.. ဥုံဖွ.. ဖွ..

    ReplyDelete
  6. “တရားကို နတ်စောင့်ပါတယ်ဆိုတဲ့
    တရားစောင့်နတ်ကိုတောင် မယုံကြည်တော့တဲ့ မိစ္ဆာဒိဋ္ဌိ
    အယူနဲ့
    ခေတ်ကို မျက်ထောက်နီနဲ့ကြည့်နေတတ်ပုံ ဖက်ရှင်နဲ့”

    ကိုယ့်အတ္တ ကိုယ်အထင်းသား မြင်အောင်
    ကိုယ့်ဒဏ်ရာ ကိုယ်အတိုင်းသား မြင်အောင် ပြောပြလိုက်တဲ့ ကဗျာတစ်ပုဒ်...ပါ ။

    ဒီလိုနဲ့ပဲ နေပျော်ခဲ့ပါတယ် ...။

    ReplyDelete
  7. အသက်ကို တင်ဆောင်မောင်းနှင်လာသော ငါ့ဓါတ်

    သူလိုငါလို ခပ်ညံ့ညံ့ အသက်ဓါတ်တစ်ခုက
    ခေတ်ကို မျက်ထောက်နီနဲ့ကြည့်နေတတ်ပုံ ဖက်ရှင်နဲ့
    ဆိုတော့ကာ
    ဒီနေရာမှာ မျဉ်းပိတ်လို့တော့မရသေးဘူး
    အဲသလိုမျိုး ပြန်စဉ်းစား


    မီးစတဖက် ရေမှုတ်တဖက်နဲ့
    တရားကို နတ်စောင့်ပါတယ်ဆိုတဲ့
    အိုဘာမားကို လက်ခုတ်တီးခဲ့တဲ့လက်နဲ့
    ကျေးဇူးရှင်တွေနဲ့ ကျေးဇူးအတင်ခံချင်စိတ်တွေနဲ့.
    ပေးတာထက် ပို လိုချင်ခဲ့လား
    ကိုယ့်ပိုင်ဆိုင်မှု ကိုယ့်ရပိုင်ခွင့်အတိုင်း
    လူဖြစ်ရတဲ့ဒုက္ခ ရေမီးအစုံနဲ့
    လိုရင်လိုသလို အနီရောင်စတားတွေ ပေါပေါလောလောသုံးစွဲနိုင်သေးတယ်


    သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေနဲ့
    ထင်ရှားချင်တဲ့ အချက်တွေ့ရင် ဟိုက်လိုက်တားထားလိုက်
    စပါးလုံးတစ်ထောက်စာကို အပေါ်ယံ ပေါင်းတင် ဆေးဆိုးနဲ့
    လိုအပ်ရင်အစအဆုံးတစ်ခေါက်လောက်ပြန်ဖတ်ကြည့်လိုက်ဦး

    အားနာပါးနာ အမနာပ တရားများနဲ့
    တရားစောင့်နတ်ကိုတောင် မယုံကြည်တော့တဲ့ မိစ္ဆာဒိဋ္ဌိ အယူနဲ့
    ဖွယ်တယ်တယ် ဖေါင်းပွပွကဗျာတစ်ပုဒ်လို
    မပေးပဲရချင်နေမိလား
    လိုအပ်ရင် တစ်ဖက်စာမျက်နှာသို့လို့ ဖုနုတ် ပြ

    ဂလိုဘယ်လိုက်ဇေးရှုင်းဆန်ဆန် သံခင်းတမန်ခင်းအပြုံးနဲ့
    ပြောကြည့်ရင် ဘ၀ဆိုတာ ပလိန်းကိတ်တစ်လုံးပေါ့
    အဲသလို ပေါ့ပေါ့လွယ်လွယ် သံဝေဂ တရားများ
    ပေးသလောက်ပြန်ရချင်တာလား
    နေရာယူတာသိပ်များပြီး နေရာကျတာ သိပ်နည်းနေသလား..
    အဲသလိုမျိုးတွေ ပြန်စဉ်းစား


    ဟန်ရေးပြတာနဲ့ ဟန်ဆောင်တာနဲ့ ဟန်လုပ်နေရတာတွေနဲ့
    မနက်ဖန်ဘက်က တတိတိပွန်းစားပြုန်းတီးမှု
    စကားလုံးများများ အဓိပ္ပာယ်ပါလေရုံနဲ့
    အတ္တတွေ ရေလောင်းပေါင်းသင်စရာမလိုပဲ တောထ
    စဉ်းစား..
    ကိုယ့်ကိုယ်ကို အားမနာပ
    တိတိကျကျဒုလ္လဘတစ်ခု ဖြစ်တယ်..ပျက်တယ်... ဖြစ်ပျက်တယ်
    အဲဒီ့ခေတ်ဆီ တင်မောင်းလာခဲ့တယ်..။


    ပြန်စဉ်စား..
    အလျှော်ပေးမရသော အရေးပေါ်ကိစ္စနဲ့
    ဒီနေ့ကိုယ့်အတွက် တစ်ဖဲ့စာဟာ
    "အိန္ဒြာပါ "


    (ဟဲဟဲ……..)

    ReplyDelete
  8. မြင်သွားပီ..
    တီဒြာ့ ကို..
    ကွင်းကွင်းကွက်ကွက်ကိုမြင်သွားတယ်...

    ReplyDelete
  9. ကိုယ့်ကိုယ်ကို ပြန်မကြည့်ဖြစ်တာ ကြာပြီ
    တခါလောက်တော့ (အိန္ဒြာကိုအားကျပြီး)
    ခေတ်ကိုလည်း ခပ်မိုက်မိုက်ကြည့်
    ကိုယ့်ကိုယ်ကို ခပ်မိုက်မိုက်ကြည့်လိုက်ဦးမယ် :P

    ReplyDelete
  10. အမိုက်စား အိန္ဒြာကို လာကြည့်သွားပါတယ်။
    ညီမ နဲ့ ပန်ပန် တယ်လက်စွမ်းပြနေကြပါလား။
    မုဒိတာ ပွားသွားတယ် ညီမတို့ရေ..

    ReplyDelete
  11. “မီးစတဖက် ရေမှုတ်တဖက်နဲ့
    လူဖြစ်ရတဲ့ဒုက္ခ ရေမီးအစုံနဲ့”

    “တရားကို နတ်စောင့်ပါတယ်ဆိုတဲ့
    တရားစောင့်နတ်ကိုတောင် မယုံကြည်တော့တဲ့ မိစ္ဆာဒိဋ္ဌိ အယူနဲ့
    ခေတ်ကို မျက်ထောက်နီနဲ့ကြည့်နေတတ်ပုံ ဖက်ရှင်နဲ့”


    “သူလိုငါလို ခပ်ညံ့ညံ့ အသက်ဓါတ်တစ်ခုက
    အဲဒီ့ခေတ်ဆီ တင်မောင်းလာခဲ့တယ်..။”


    ပြောကြည့်ရင် ဘ၀ဆိုတာ ပလိန်းကိတ်တစ်လုံးပေါ့
    ဒီနေ့ကိုယ့်အတွက် တစ်ဖဲ့စာဟာ
    မနက်ဖန်ဘက်က တတိတိပွန်းစားပြုန်းတီးမှု”

    “ကိုယ့်ပိုင်ဆိုင်မှု ကိုယ့်ရပိုင်ခွင့်အတိုင်း
    တိတိကျကျဒုလ္လဘတစ်ခု ဖြစ်တယ်..ပျက်တယ်... ဖြစ်ပျက်တယ်
    အဲသလို ပေါ့ပေါ့လွယ်လွယ် သံဝေဂ တရားများ”

    (ထပ်ထပ်ကာ ဖတ်ရင်းသာ .....)

    ReplyDelete
  12. ကဗျာဆရာမအိန္ဒြာရေးတဲ့ အိန္ဒြာ့အကြောင်း လာဖတ်သွားပါတယ် မမ။

    ReplyDelete
  13. လာမယ် လာမယ် နဲ့ ခုမှပဲရောက်တယ် အိန္ဒြာ...။ ကဗျာလေးတွေ လာဖတ်ရင်း အားတွေကျသွားတယ်....အဲလိုတွေးတတ် ရေးတတ်ချင်လို့....:))

    ReplyDelete
  14. အားး ကောင်းတယ်...အားမနာပါးမနာ မဟုတ်ဘူး
    အတည်ကြီးကို ကောင်းတယ်.. ပြန်စဉ်းစား အဲ့လို ပြန်စဉ်းစားဆိုပဲ.... =D

    ပြန်စဉ်းစားလိုက်တော့ ကောင်းတယ် ပြောရတာကိုအောင် အားနာ သွားတယ်...။

    It has been a long time since I commented on your post :)
    HOw do you do, chit ma gyi?

    ReplyDelete
  15. အဲဒီလိုမျိုးပေါ့..
    မမအိန္ဒြာဆိုတာ.....

    ReplyDelete
  16. ဖုနုတ် လိုက်ရှာတယ်...
    မတွေ့ဘူး...

    ကိုယ်တိုင်ကိုက
    ပေးတာထက် ပိုလိုချင်နေလို့ ဖြစ်မှာပါလေ...

းဝ)

    ReplyDelete
  17. ဆိုပါစို့...
    ကဗျာက အပေါ်ယံလေးပဲ ထိရှရုံဖတ်လိုက်ရင်
    အိန္ဒြာ က ကိုယ်တိုင်ပါခပ်ညံ့ညံ့လို့ ပြောထားသလိုပဲ...
    ကျနော်အမြင်သက်သက်ဆို သုံးထားတဲ့ ပါဒ တွေက ကဗျာနဲ့ ဆန့်ကျင်ပြီး ဒေါသတွေကို
    အပေါ်ကနေသကြားအုပ်ထားတာလားလို့..
    ဒီလိုဗျာ...
    သူလိုငါလို ခပ်ညံ့ညံ ဆိုတဲ့ ပတ်ဝန်းကျင်ကိုဆွဲထည့်တန်းညိလိုက်တဲ့ ဝိသေသန နောက်မှာ အသက်ဓါတ်တစ်ခုက
    အဲဒီ့ခေတ်ဆီ တင်မောင်းလာခဲ့တယ်..။
    ကဲဗျာ အဲ့တာက သူလား တစ်ခြားတစ်ယောက်လား?
    ကဗျာစီးဆင်းပုံအရ ခေတ်ကို မျက်ထောက်နီနဲ့ကြည့်နေတတ်ပုံ ဖက်ရှင်နဲ့
    "အိန္ဒြာပါ " ဆိုပြီး ဖြတ်ထားပြီးသားလေ..
    ကဗျာရဲ့ အလှည့်အပြောင်းက အဲဒီနောက်ဆုံး အပိုဒ်လေးပါပဲ...
    အဲတာ ဘယ်သူလဲ...?
    ရှေ့အပိုဒ်တွေက အလိုမကျမူ့တွေက...တခြားတစ်ယောက်ယောက်ကိုရည်ညွန်းတယ်လို့ နောက်ဆုံးအပိုဒ်က ပြနေသလိုပဲ...ကဗျာဖန်တီးတတ်တဲ့ လက်ကို တော်တော်လေး လေးစားပါတယ်...စဉ်းစားစရာတွေ ဖြစ်သွားတယ်...ငါ့များပြောသလားပေါ့..။
    မင်းသုခ(MTK)

    ReplyDelete
  18. ကဗျာလေးလှလှလေးကို ပညာရှင်တွေ မန့်ထားတာကို အားကျလေးစားကြည့်သွားပါတယ် ချစ်မလေး။
    အဆုံးသတ်လေးက အရမ်းလှတာပဲ။
    အားကျလေးစားလျက်ပါ ချစ်မလေး

    ချစ်တဲ့

    ReplyDelete