February 21, 2010

ပစ္စုပ္ပန်ပေါ်..ရပ်ရင်း..တွေး...

သေခြင်းတရားဆိုတာ
မ၀တ်ဆင်ရသေးတဲ့ ၀တ်စုံတစ်စုံပါပဲ
ရှင်သန်နေထိုင်ခြင်းကတော့
ဆာလောင်မှုတွေဖိသိပ်ထည့်လာတဲ့
ခရီးဆောင်အိပ်တစ်လုံး..ဖြစ်နေခဲ့.......။

တဖြည်းဖြည်းနဲ့
မာနဆိုတာတောင်..
မိုး စား...
နေ စား..
မျှော်လင့်ချက်ဆိုတာလည်း
ဆိုက်ဘေးရီးယား သွား ရထားရဲ့
ဥ သြ သံ ဆန် လာ ပေါ့..

ဒီနေ့လဲ..စိတ်ကို တိုင်တစ်ဝက်မှာ လွင့်ထူလို့....

အချစ်ဆိုတာ..က
အနမ်းရှိမှပွင့်လို့လှတဲ့ နှင်းဆီဖူးပါ......ကွယ်...
အလွမ်းအဆွေးဆိုတာလည်း..
နာတာရှည်အဖျားသွေး...တွေပါပဲ...

ဒီလိုပါ..ပဲ..................
သွေးလေလှည့်ပတ်မှုမညီညွှတ်တဲ့...
အတွေး..အာရုံတွေကလည်း.ညောင်းရိလို့..

အတိတ်ဆိုတာ..
ရွဲကုန်သည်..ဆုံးရှုံးသွားခဲ့တဲ့
ရွှေ ခွက် အ ဟောင်း တစ်လုံးလိုလို......
အနာဂါတ်ဆိုတာ အချဉ်ဖေါက်စပြုနေတဲ့
အိမ်မက် အရိအရွဲတွေလိုလို........

ယုံကြည်ချက်ဆိုတာကတော့
ချောင်းမျောင်းလုပ်ကြံသူ
အမြဲစောင့်ကြည့်နေတဲ့
ဇာတ်လိုက်...တစ်ဦးဖြစ်နေခဲ့.....

အင်း.......
ဒီနေ့လည်း...........

ဂျင်းဘောင်းဘီဝတ်ကဗျာဆရာမတစ်ယောက်
West Coast လမ်းမပေါ်မှာ..
လမ်း ....လျှောက်....ဆဲ....။ ။


အိန္ဒြာ (၁၈.၃.၂၀၀၉)

ကဗျာက နည်းနည်းတော့ ငံနေပါလိမ့်မယ်.းP ။
ခုချိန်အထိလည်း တိုင်တစ်ဝက်မှာလွှင့်ထူထားရတဲ့ စိတ်တွေနဲ့
မျှော်လင့်ချက်တွေက မရပ်မယ့်ရထားက ဥသြသံလို မို့ ဒီကဗျာလေး ထပ်တင်မိပြန်တယ်။

17 comments:

  1. လာဖတ်သွားပါတယ် ကဗျာဆရာမလှလှလေးရယ်

    ReplyDelete
  2. အလံတစ်ဝက်မှာ လွင့်ထူထားတဲ့စိတ်နဲ့ ရေးထားတဲ့ကဗျာမှာ ကျွန်တော်တို့နေ့တွေကို တွေ့ရှိသွားပါတယ် ။

    ReplyDelete
  3. တူတူပါပဲ သမီးတို့ လည်းလမ်းလျှောက်တုန်းပါပဲ...
    west coast တော့ဟုတ်ဘူး..Intarakeeree မှာ...:)

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. တစ်နေ့နေ့မှာတော့ တိုင်ထိပ်ရောက်ရမှာပေါ့..
    အောက်ဆီဂျင်ထုထဲ မျှော်လင့်ချင်တွေဝဲနေ
    သမျှ ဒီလမ်းမတွေဆက်လျှောက်နေကြရဦးမှာ ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  6. MRT ဘာလို့ မစီးတာလည်း..း)

    ReplyDelete
  7. ယုံကြည်ချက်ဆိုတာကတော့
    ချောင်းမျောင်းလုပ်ကြံသူ
    အမြဲစောင့်ကြည့်နေတဲ့
    ဇာတ်လိုက်...တစ်ဦးဖြစ်နေခဲ့.....

    .....................................

    ReplyDelete
  8. အချစ်ဆိုတာ..က
    အနမ်းရှိမှပွင့်လို့လှတဲ့ နှင်းဆီဖူးပါ......ကွယ်...
    အလွမ်းအဆွေးဆိုတာလည်း..
    နာတာရှည်အဖျားသွေး...တွေပါပဲ... :P

    ဂျင်းဘောင်းဘီဝတ်ကဗျာဆရာမ ဆိုတာ ဘီလိုမျိုးလေးလည်းမတိ။

    ReplyDelete
  9. အင်း..

    ဒီနေ့လည်း....


    ယောင်လည်လည်နဲ့

    မပျော်တာကို ပျော်သလို အပြုံးတွေကို စက်ရုပ်ဆန်ဆန် ပါးစပ်ထဲ

    တပ်ဆင်ခဲ့...

    ReplyDelete
  10. ကျွန်တော်ရောက်တယ် ခင်ဗျားမရှိဘူး

    ကျွန်တော်ရောက်တယ် ခင်ဗျားမရှိဘူး
    ပစ္စုပ္ပန်ပေါ် တွေးရပ်ရင်း
    ကျွန်တော်ရောက်တယ် ခင်ဗျားမရှိဘူး
    သေခြင်းတရားဆိုတာ
    မ၀တ်ဆင်ရသေးတဲ့ ကျွန်တော်ရောက်တယ် ခင်ဗျားမရှိဘူး ၀တ်စုံတစ်စုံပါပဲ
    ဆာလောင်မှုတွေ ရှင်သန်နေထိုင်ခြင်း
    ကျွန်တော်ရောက်တယ် ခင်ဗျားမရှိဘူး
    စိတ်ကို တိုင်တစ်ဝက်မှာ လွှင့်ထူလို့.
    အချစ်ဆိုတာ ကျွန်တော်ရောက်တယ်
    အနမ်းရှိမှ ပွင့်လို့လှတဲ့ ခင်ဗျားမရှိဘူး နှင်းဆီဖူးပါ
    အလွမ်းအဆွေးဆိုတာ ကျွန်တော်မရှိဘူး
    ခင်ဗျားရောက်တယ် နာတာရှည် အဖျားသွေးတွေ
    အတွေးအာရုံတွေ ညောင်းရိလို့ ကျွန်တော်ရောက်တယ်
    ခင်ဗျားမရှိဘူး အတိတ်ဆိုတာ
    အမြဲစောင့်ကြည့်နေတဲ့
    ဂျင်းဘောင်းဘီဝတ်ကဗျာဆရာမတစ်ယောက်
    ကျွန်တော်ရောက်တယ် West Coast လမ်းမပေါ်
    ခင်ဗျားမရှိဘူး
    လမ်း လျှောက် ဆဲ။ ။

    ReplyDelete
  11. ဒီနေ့

    ဘယ်လိုနေ့မျိုးပါလိမ့်

    ပစ္စုပန်ပေါ် ရပ်နေရင်းမတ်တပ်က

    အနာဂတ်ထဲ ခြေခေါက်လဲလိုက်

    အတိတ်တွေထဲ..ခြေလှမ်းတွေဆွဲလိုက်

    ဘယ်တော့မှ မရပ်ဘူးထင်ရတဲ့

    ရထားတစ်စင်းကိုမှ...

    ကိုယ်က..ခရီးလိုက်ဖို့ ဘူတာမှာစောင့်နေရသလိုလို...

    အချစ်ဆိုတာ..က
    အနမ်းရှိမှပွင့်လို့လှတဲ့ နှင်းဆီဖူးပါ......ကွယ်...
    အလွမ်းအဆွေးဆိုတာလည်း..
    နာတာရှည်အဖျားသွေး...တွေပါပဲ...
    တဲ့လားးး.....

    ဂျင်းဘောင်းဘီဝတ်ထားတဲ့ ကဗျာဆရာမကတော့

    West Coast လမ်းမပေါ်မှာ..

    လမ်းလျှောက်ဆဲ...
    မပြောင်းမလဲ.....လမ်းလျှောက်နေမြဲ...

    ReplyDelete
  12. ဒုတိယံမိကြိုက်သွားပါတယ်...

    ReplyDelete
  13. ကဗျာလေး ရဲ့ ခေါင်းစဉ်က ပစ္စုပန်မှာ ရပ်ရင်းတွေး..
    ကဗျာလေး ရဲ့ အဆုံး မှာတော့... West Coast လမ်းမပေါ် မှာ လမ်းလျှောက်နေတဲ့ဂင်းဘောင်းဘီ ၀တ် ကဗျာဆရာမလေး...

    စိတ်ပြတင်းပေါက်ကလေး ကိုလှမ်းကြည့်တော့ တ၀က် လွှင့်ထူထားတဲ့ အလံ နဲ့... တဲ့...

    အစစ အရာရာ အဆင်ပြေပါစေ ညီမလေး
    ဘာပဲ ဖြစ်ဖြစ် ကဗျာလေး က တော့ လှနေမြဲ

    ReplyDelete
  14. အင်း.. သေခြင်းတရား ဆိုတာတော့ လူတိုင်း ဝတ်ရမယ့် ဝတ်စုံတစ်စုံပေါ့..
    မဝတ်ရခင် စပ်ကြား.. မျှော်လင့်ချက်နဲ့ လျှောက်သွားနေကြတာပေါ့.

    ReplyDelete
  15. မမပြောတဲ့ ငံတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ သေချာမသိပေမယ့် ကဗျာကိုတော့ သေချာဖတ်ပြီး ကြိုက်သွားတယ်။း)

    P.S. လခထုတ်ပြီးရင် မုန့်ဝယ်ကျွေးမယ်နော်။ :D

    ReplyDelete
  16. တိုင်မြင့်မြင့်ထူဖို့ ကျင်းနက်နက်တူးနေဆဲ။ နားမလည်တဲ့စကားတွေကို နားမထောင်ချင် နားမယောင်ချင်လို့ MP3 ကိုပဲနားဆို့ (အဲလေ)နားထောင်၊ အမေ့အိမ်ကို FFW၊ နှစ်ကိုယ်တူချစ်သမျှကိုလွမ်း အင်း----လွမ်းနေရတာပါပဲ အစ်မရယ်။

    ReplyDelete
  17. ငံတယ်ဆိုတာ ကဗျာအဟောင်း ပြန်တင်တာ ပြောတာဇွန်ရေ..ဆားချက်တယ်ပေါ့ မော်ဒန် မော်ဒန်

    ReplyDelete