February 19, 2010

ပြဿဒါးနဲ့ ပြာတဲ့တိမ်

ငါ တပ်ခဲ့တဲ့ အစာက မေတ္တာတွေချည်းပါ
ကြည်နူးမှုကိုင်းတံတစ်ခုလုံးကွေးညွှတ်သွားပြီးမှ
တိမ်တွေက ပြဿဒါးရောင် ပြာပြီးပါလာခဲ့.။

အိန္ဒြာ

10 comments:

  1. ပြဿဒါးရောင်တိမ်တွေကို ဖြည်းဖြည်းချင်း ပြန်ပြီး အရောင်ပြောင်းယူမယ်(မေတ္တာတရားနဲ့)။အချိန်တော့ယူရမှာပေါ့လေ ။

    ReplyDelete
  2. ငါ မြှားခဲ့တာက မေတ္တာ သက်သက်ကိုသာ
    စေတနာ ကြိုးတွေ တင်းခနဲ ဆွဲငင်ဟပ်ခံရတိုင်း
    ပုံရိုင်းရိုင်းဝေဒနာတစ်ချို့သာ ငြိတွယ် ပါ.. ပါ လာခဲ့တယ်...။

    မအိမ်ရေ.... ပြဿဒါး ထဲ ကျလို့ကတော့.... လုပ်သမျှ ကမောက်ကမပေါ့....။
    ကိုယ့်အစာက မေတ္တာ ဖြစ်နေခဲ့မှတော့...
    ကွေးညွှတ်သွားတဲ့ ကြည်နူးမှု ကိုင်းတံထဲ.. ဘာတွေပဲ ပါလာခဲ့.. ပါလာခဲ......
    ဖြူစင်တဲ့ စေတနာက.. ဘာမှ မမျှော်လင့်ထားတဲ့အတွက်... ပီတိသက်သက်သာ.. စားသုံး.... အမှောင်ဖုံးတဲ့ အဲ့ဒီ ပြဿဒါးတွေကို လွှတ်ချပစ်စို့ရဲ့...။

    ပျော်ရွှင်ချမ်းမြေ့ပါစေ

    ချစ်ခင်တဲ့

    ReplyDelete
  3. ညီမရေ
    အဲ့လိုကဗျာမျိုး စပ်တတ်ချင်တယ်..

    ReplyDelete
  4. ဆရာမိုးစဲနေက ကောင်းကင်တွေ ပင်လယ်တွေ စိမ်းကုန်ပြီ...

    ဆရာမကတော့ ပြာနေဆဲလား...

    ReplyDelete
  5. ပါလာတဲ့ ပြဿဒါးအပြာတွေကို ရေလုံပြုတ်ပစ်လိုက် တီဒြာ။

    ReplyDelete
  6. ပြသ၁ဒါးပြီးရင်ရက်ရာဇာလာမယ်ထင်တာပဲ..တီဒြာ
    သမီးလည်းဒီလိုပဲမျှော်လင့်ရင်းပြသ၁ဒါးတွေကိုကျော်ဖြတ်နေတာ... (Lover Star)

    ReplyDelete
  7. တိမ်တွေလည်း အမြဲတမ်းတော့ မပြာနိုင်ပါဘူးလေ...
    ပြဿဒါးရောင် ပျောက်တဲ့နေ့လည်း ရှိဦးမှာပါ...

    ReplyDelete
  8. တကယ်ဆို တစိမ့်စိမ့် ကြည်နူးနေခဲ့ရမှာ
    ခုတော့ ... အတ္တတွေတစ်လက်လက်နဲ့
    စိတ်လက် မချမ်းမြေ့လိုက်ပုံ ....

    ReplyDelete
  9. သိပ်ကောင်းတာပဲ မမ

    ကဗျာလေးတွေ လာဖတ်သွားပါတယ် အမြဲလဲ အားပေးနေပါတယ်

    ~ Kk ~

    ReplyDelete