August 29, 2010
အရူးကွက်
ကျွမ်းကျင်သလို လိုအပ်သလို ပါးနပ်သလို
ဆုတ်ကြည့် တက်ကြည့် ကာကြည့် ကန်ကြည့်
ရှောင်ကြည့် တိမ်းကြည့် ၀ပ်ကြည့် ၀ိုက်ကြည့်
ချွတ်ကြည့် ၀တ်ကြည့် ဖြုတ်ကြည့် တပ်ကြည့်
ဟိန်းကြည့် ဟောက်ကြည့် ဟစ်ကြည့် ဟောင်ကြည့်
စိတ်ထင်သလို အရေးပေါ်သလို ကြုံရင်ကြုံသလို
ပေါင်းကြည့် မြှောက်ကြည့် နုတ်ကြည့် စားကြည့်
ဝါးကြည့် မျိုကြည့် အန်ကြည့် ထွေးကြည့်
ညည်းကြည့် ငြင်းကြည့် ညုကြည့် ငြူကြည့်
ရိသလို ရစ်သလို သိသလို သစ်သလို
ချိန်ကြည့် ချိတ်ကြည့် ခြောက်ကြည့် ချောင်းကြည့်
ပျောက်ကြည့် ဖျောက်ကြည့် ဖြည့်ကြည့် ဖွင့်ကြည့်
မှီးကြည့် မွှေကြည့် မှားကြည့် မှောက်ကြည့်
ရွှေ့ကြည့် ရွေ့ကြည့် လျှိုးကြည့် လျှောက်ကြည့်
ဘယ်သူ့မှဂရုမစိုက်သလို ဘယ်သူ့မဆိုဂရုစိုက်သလို
ပြိုင်ကြည့် ပြေးကြည့် ခုန်ကြည့် ခေါက်ကြည့်
ထိုင်ကြည့် ထကြည့် ထေ့ကြည့် ထစ်ကြည့်
စုန်ကြည့် ဆန်ကြည့် စမ်းကြည့် ဆန်းကြည့်
လူးကြည့် လုကြည့် လှုပ်ကြည့် လုပ်ကြည့်
ကျွမ်းကျင်သလို ပါးနပ်သလို သိသလို စိတ်ထင်သလို
လိုအပ်သလို အရေးပေါ်သလို ရိသလို ကြုံရင်ကြုံသလို
လက်ညှိုးငေါက်ငေါက်ထိုးထိုးကြည့်...။ ။
အိန္ဒြာ
(၂၉.၈.၁၀)
13 comments:
  1. မကြီးရေ....
    ရေလည် လန်းတယ်ကွာ...
    ချိန်ကြည့် ချိတ်ကြည့် ခြောက်ကြည့် ချောင်းကြည့်
    ...............ကြည့်
    ...................ကြည့်
    ........................ကြည့်
    .............................ကြည့်
    ..................................ကြည့်
    ချစ်တဲ့....
    KL
    ReplyDelete
  2. ဟိုကြည့် ဒီကြည့်
    ဖတ်ကြည့် တွေးကြည့်နဲ့
    ပြန်ပြန်ဖတ်ကြည့်ရင်း
    လှည့်ကြည့် ပြန်သွားသည် ..။
    ခင်ခင်မင်မင်
    idulize(အရုပ်ကလေး)
    မဖတ်ဖြစ်လိုက်တဲ့ ကဗျာတွေ တစ်နေ့တစ်ပုဒ်နှုန်းနဲ့ အေးဆေး ဖတ်မည် .။
    ReplyDelete
  3. ဘယ်လို ဖတ်ကြည့် ဖတ်ကြည့် မိုက်မှမိုက် ....
    ချစ်တဲ့
    ReplyDelete
  4. ရပ်ကြည့် ဖတ်ကြည့် မှတ်ကြည့် သွားတယ်
    တောကြည့် တောင်ကြည့် ကျီးကြည့် ဘုတ်ကြည့် တွေ
    ပါနေမှာစိုးလို့ ... :)
    ReplyDelete
  5. ဟိန်းကြည့် ဟောက်ကြည့် ဟစ်ကြည့် ဟောင်ကြည့်
    ထိုင်ကြည့် ထကြည့် ထေ့ကြည့် ထစ်ကြည့်
    စိတ်ထင်သလို အရေးပေါ်သလို ကြုံရင်ကြုံသလို
    လက်ညှိုးငေါက်ငေါက်ထိုးထိုးကြည့်...။ ။။။။။
    တအားကြိုက်တယ်။။။။။။။။မကြီး!!!
    ReplyDelete
  6. မိုက်တယ်ကွာ..
    ReplyDelete
  7. ကျွမ်းကျင်သလို ဖတ်ကြည့်သွားတယ် .. ပြီးမှ စဉ်းစားမိတယ် . ကျနော်များ အရူးကွက် နင်းမိနေပြီလားလို့ ... လက်ညှိုးငေါက်ငါက်ထိုးဖို့ထက် လက်မပဲ ထောင်ချင်ပါတယ်
    ReplyDelete
  8. ပူးကြည့် ကပ်ကြည့် နှူးကြည့် နှပ်ကြည့်
    လှမ်းကြည့် လှုပ်ကြည့် မန်းကြည့် မှုတ်ကြည့်
    ကြည့် ကြည့် ကြည့် ကြည့်ရသေးတာပေါ့လေ.. :P
    ReplyDelete
  9. ကြည့်လို့မဝသေးရင် ရန်ကုန်ပြန်ကြည့်
    ReplyDelete
  10. နဂိုထဲကမှ ရူးချင်ချင်ဖြစ်နေရတဲ့ အထဲ သွက်သွက်ခါအောင် မလုပ်နဲ့ဗျာ။
    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်
    ReplyDelete
  11. မော့ကြည့် မျိုကြည့် မော်ကြည့် မူးကြည့် မှောက်၏...
    ဒန်ဒန်ဒန်..
    မိုးကြယ်
    ReplyDelete
  12. ဟီးဟီးဟီး မမ အရူးကွက်လည်းကောင်းနေတာပဲ
    ဖတ်ကြည့် တွေးကြည့် ပြုံးကြည့် ရီကြည့် သွားပါ၏။
    သာယာချမ်းမြေ့ပါစေရှင်းးး
    မိုး
    ReplyDelete
  13. တိန့် ရှောင် ဖိန် လိုလို နဲ့ ခွ ထား...
    ငြိမ်းစိုးဦး
    ReplyDelete