September 27, 2010

စိတ်အဆင်တူများရဲ့...ပွဲ



ကိုယ့်စိတ်နဲ့ ခပ်ဆင်ဆင် မြင်မြင်သမျှ ခံစားပစ်လိုက်ဖို့
ရင်ဘတ်ကို အဆင်သင့်ဖွင့်ပြီး စောင်ကြိုနေခဲ့ကြရတာ
လက်ခုပ်သံတွေ ရယ်မောသံတွေ သြဘာသံတွေ
ဘယ်လောက် ကြေကွဲစရာကောင်းလိုက်တဲ့ မြင်ကွင်းလဲ...
ဒီ့အပြင် ဒါ့ထက်..
အဲသလိုမတွေးမိလိုက်နဲ့လို့ ကိုယ့်စိတ်ကို နာနာ နားချရင်း
စိတ်ရှိလက်ရှိ အော်ဟစ်ပေါက်ကွဲပစ်ခဲ့ရသလိုမျိုး...
အနည်းငယ် နေသာထိုင်သာရှိပြီးပြန်ခဲ့တယ်..။ ။



အိန္ဒြာ
(၂၆.၉.၂၀၁၀ နေ့အမှတ်တရ)

8 comments:

  1. စိတ်အဆင်တူများရဲ့ပွဲ ...........

    ReplyDelete
  2. နေသာထိုင်သာ ရှိသွားတာ ဟာ နေမသာ ထိုင်မသာ ထက်အများကြီး အဆင်ပြေတာပေါ့

    ReplyDelete
  3. စာပေဟောပြောပွဲ ကို ရောက်ခဲ့ပါတယ်
    အမ က စာရေးဆရာကြီးတွေကို ကန်တော့ဖို့  စီစဉ်ပေးတယ်ဆိုတာ သိရလို့  ကျေးဇူးတင်မိပါတယ်
    Singapore Blogger တွေလဲ ဟောပြောဖို့ စီစဉ်သင့်တယ်ထင်တာပဲ
    စောင့်နေပါတယ်

    ReplyDelete
  4. စိတ်အဆင်တူများရဲ့... ပွဲ ကနေ
    အနည်းငယ် နေသာထိုင်သာရှိပြီး ပြန်ခဲ့တယ်...း))

    ReplyDelete
  5. ချစ်မ ပျောက်နေလို့ စိမ်းကားသွားပြီ ထင်နေတာ။း( အဲဒီ့နေ့ကမှ ၂၆ရက်နေ့အတွက် အလုပ်တွေများနေလို့ဆိုတာ သိသွားတယ်။ အထင်လွဲမိတဲ့ ညီမလေးဇွန်ကို ခွင့်လွှတ်နော် ။း)

    ReplyDelete
  6. နေသာထိုင်သာရှိတယ်ဆိုလို့ သက်သာပါသေးတယ် အိန္ဒြာရေ..
    အဆင်ပြေပါစေနော်.

    ReplyDelete
  7. ကဗျာလေးက ဘာကိုဆိုလိုချင်နေတယ် ဆိုတာ
    ကဗျာ ခံစားတက်တဲ့ လူတိုင်း စာပေနှစ်သက်တဲ့
    လူတိုင်း ခံစားလို့ နှစ်သက်ကြမှာပါ။
    ကျနော်ကတော့ စာတွေကို ချစ်တယ်
    ကဗျာတွေကို နှစ်သက်တယ်။

    ReplyDelete
  8. ကိုယ်တိုင်ကိုယ်ကျ စိတ်အဆင်တွေ တူညီအောင် ညှိခဲ့ပါကြောင်း မကြီး ... ။

    ခင်မင်စွာဖြင့်

    ReplyDelete