May 16, 2012

တစ်ထောက်နားပြီး လှည့်ပြန်




အညောင်းပြေ အညာပြေ ခြေဆန့်လက်ဆန့်ရွှေအိုရောင် မဟုတ်တော့လည်း ဖက်ဖူးရောင်
မဟုတ်တော့လည်း ကြည်ပြာရောင် ညနေခင်း ပန်းနံ့လေညှင်း တသင်းပျံ့ပျံ့ တိမ်တွေပျံလာတာ
မော့ကြည့်လို့ သီချင်းဆို ရေချိုးခန်းထဲ ရေဘုံပိုင်းခေါင်းဖွင့်ပြီးငိုတဲ့အခါတွေလည်း ငို အညောင်းပြေ
အညာပြေ ခြေဆန့်လက်ဆန့်  ဆွဲဆောင်ညှို့ငင်နိုင်မှုအပြည့် ကြော်ငြာဘုတ်ဘီလ် မထီတရီ ပြီတီတီ
အီစီကလီ သုံးဘက်မြင် မူဗွီ အတွေး တစ်ချက်ငေး ဟိုငေး ဒီငေး အစင်းလေး အကွက်ကလေး
မဟုတ်တော့လည်း နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ အစောင်း အစောင်းလေးဖြစ်ဖြစ်ပေါ့
နောက်ဆုံးပေါ်ဆံပင်ပုံပေါ် ဦးထုတ်တစ်လုံးပစ်တင်နောက်တော့ ဂူချီမျက်မှန်သားအောက်မှာ
အကြည့်တွေကို လှောင်ထား နောက်တော့ဂျင်းဘောင်းဘီထဲလက်နှိုက် ပလက်ဖောင်းဘေးကနေ
သွားမလား ကျည်ဆံရထားနဲ့ သွားမလား နှစ်ထပ်ကားနဲ့သွားမလား မရောက်သေးဘူးလား
မရောက်သေးရင်ရောက်အောင်သွား ရောက်ပြီးရင်တစ်ထောက်နား. အသည်းပုံအမြှုတ်လေး
တွေကိုအသည်း တယားယား ကစား အကြည့်ချင်း ၀ိုးဝန်း တိုးတိုက် တလှိုက်လှဲလှဲ အညောင်းပြေ
အညာပြေ ခြေဆန့်လက်ဆန့် အဖန် ဒါမှမဟုတ် ချဉ်တင်တင် မဟုတ်လည်း အခါးလေး ပဲပေါ့ ကွာ

အိန္ဒြာ
(၁၂.၇.၂၀၁၁)

3 comments:

  1. ဒီလို ကဗျာရေးပုံမျိုးကိုနှစ်သက်ပေမယ့် မရေးတတ်ဘူး။ ဖတ်လို့တော့ ကြိုက်တယ် အစ်မအိန္ဒြာရေ ..

    ReplyDelete
  2. အညောင်းပြေအညာပြေ တစ်ထောက်နားပြီး ပြန်လှည့် !!

    ReplyDelete
  3. ဒီလိုရေးဟန်ကိုကြိုက်တယ် ဒါပေမယ့် ကျွန်တော်နားမလည်ဘူး ...

    ReplyDelete