March 8, 2009

မြစ်တွေ စီး ထွက်လာတဲ့ အကြောင်း

မြစ်ဟာ..
့မြို့ကလေးကို
မွေးကင်းစကနေ ကြီးကောင်ဝင်ချိန်အထိ
ရစ်ခွေစောင့်ရှောက်ခဲ့သူပေါ့...

မြစ်ဟာ..
သူ့မြို့လေးရဲ့ကမ်းနဖူးက အရိုင်းအစိုင်း ကိုင်းပင်တွေကအစ
သူ့ဝမ်းဗိုက်ထဲမှာ ငါးဖေါင်ရိုးလေးကူးခတ်နေတာအဆုံး..

သူ့မြို့လေးရဲ့ပြောင်းဆန်နံ့လေပြည်အရူးကစ
သူ့ကမ်းပါးမှာနေ၀င်သွားတဲ့ ဆည်းဆာရောင်ခြည်အဆုံး..

သူ့ရင်ခွင်ကိုတဖျမ်းဖျမ်းရိုက်ခတ်နေတဲ့ ကွန်ချက်တွေကအစ..
သူ့မြို့လေးကိုခေါင်းအုံးထားတဲ့သဲသောင်ဝါ၀ါအဆုံး...
အစွမ်း ကုန် ချစ်မြတ်နိုးခဲ့တယ်..။

မြစ်ဟာ...
ဘယ်တော့မှ ထိမ်ဝှက်လို့မရနိုင်တဲ့ အတိတ်ကာလတွေကို..
တစ်လွှာချင်း..ကျစ်ကျစ်ပါအောင်ပို့ချပေးခဲ့..
မြစ်ဟာ...
တစိမ့်စိမ့် နစ်မြုတ်နေတဲ့ သစ္စာတရားတွေကို
သူ့အံဝှက်ကနေ ကော်ထုတ်ပြနိုင်ခဲ့..
မြစ်ဟာ.
မြို့လေးရဲ့သမိုင်းကြောင်းကို သက်သေထွက်ဆိုဖို့
သူ့ရေးစီးသံတွေနဲ့ ကျမ်းသစ္စာတွေကျိမ်ဆိုခဲ့......၊

မြစ်ဟာ..ငြိမ်းချမ်းရေးဆင်ဖိုနီနဲ့
တသွင်သွင်စီးဆင်းချင်ခဲ့တယ်
မြစ်ဟာ ဗဟုဝါဒဆန်ဆန်
မြစ်ငယ်ချောင်းငယ်တွေကို...မငြင်းဆန်ခဲ့ဘူး..။

မြစ်ဟာ..
ကျဉ်းမျောင်းတဲ့ စီးလမ်းကြောင်းမှာတော့
အရှိန်ပြောင်းချင်ပြောင်းမပေါ့..
မြစ်ဟာ..
မြစ်ဆန်ဆန်..
သင့်တင့်လျှောက်ပတ်တဲ့ လေပြင်းတွေပဲ ထန် ပြခဲ့..
ဖြစ်သင့်ဖြစ်ထိုက်တဲ့ လှိုင်းကြမ်းတွေပဲ ဆင့် ပြခဲ့
မြစ်ဆန်သလောက်တော့ ကွေ့ကောက်ခဲ့
မြစ်ဆန်သလောက်တော့ ညစ် နောက်ခဲ့.....။

ဒါပေမယ့်...
မြစ်ခမျာ.
မြို့လေးရဲ့ရယ်မောသံတွေကို အလျော်မပေးဆပ်နိုင်ခဲ့ဘူး
သူ့အမြဲစိမ်းတောအုပ်တွေ..ပြုန်းတီးလေလွင့်သွားတာလည်း
အံကြိတ်မျက်ရည်ဝဲယုံ..ပဲ..

မြစ်မှာ...ယူကျုံးမရစရာ.
သတင်းအချက်အလက်တွေနဲ့ချည်း
ဘောင်ဘင်ဆန်လိုက်လို့........

မြစ်ဟာ..
သူ့ထက်မြစ်ဆန်ပြနေတဲ့...မြစ် အ တု တွေကို..
နာကျည်းစိတ်ကုန်ရလွန်းလို့.....

မြစ်ဟာ..
.................................
သူ့ကိုယ်သူအဆုံးစီရင်ဖို့ဆိုပြီး..
ပင်လယ်ဆီထွက်လာခဲ့လိုက်ပေါ့.....။

အိန္ဒြာ(၈.၃.၂၀၀၉)

ပုံလေးကို မိုးကြယ်(ယိမ်းနွဲ့ပါး)ကဆွဲပေးထားပါတယ်။

20 comments:

  1. အစ်မရေ မြစ်ထဲကိုစီးဝင်သွားတယ်ဗျာ.. ပင်လယ်ဆီအရောက်ပေါ့..
    ကဗျာကောင်းတယ်အစ်မ..

    ကဗျာထဲကမြစ်ထဲမှာလည်း.......... ......... ........
    မြစ်ထဲမှာလည်း ပေါ့အစ်မရေ..

    ခင်မင်လေးစားလျက်
    မိုးကြယ်

    ReplyDelete
  2. သိပ်ကောင်းတဲ့ ဖွဲ့နွဲ့ချက်တွေပါလား။ သက်သေပြချက်ကတော့ ရက်စက်တယ်မကြီးရေ။
    မြင်တယ် အဲ့ဒီ့မြစ်ကိုမြင်တယ်။ အဲဒီ့မြစ်ထဲက အရာတွေကို မြင်တယ်။ ဆိုလိုချင်တဲ့ အရာတွေ မြင်တယ်။

    မကြီး ကျွန်တော်လည်း ပင်လယ်ဆီကို စီးထွက်လိုက်ချင်ပြီ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  3. ကောင်းလိုက်တဲ့ကဗျာ...
    မြစ်ရဲ့စီးဆင်းမှုတွေ ဖြစ်တည်မှုတွေ ရပ်တည်ချက်တွေအားလုံးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်...လူတွေရဲ့မသိကျွိုးကျွံပြုမှုတွေနဲ့ သဘာဝတရားကြီးကိုလွယ်လွယ်ကူကူဖျက်ဆီးမှုတွေ
    ကြောင့် မြစ်တွေလည်းသောင်ထွန်းခဲ့ရပြီကော ညီမရေ..
    ဒါပေမယ့် မြစ်တွေက လူတွေထက်ပိုပြီးတာဝန်ကျေတယ်..ဘာပဲဖြစ်ဖြစ် ပင်လယ်ထဲအရောက် စီးဝင်မှုတွေပေးဆဲ ပေးမြဲ...

    ReplyDelete
  4. မြစ်ဟာ..
    သူ့ထက်မြစ်ဆန်ပြနေတဲ့...မြစ် အ တု တွေကို..
    နာကျည်းစိတ်ကုန်ရလွန်းလို့.....
    ...
    ....
    ......
    ........

    မြစ်အတုတွေကြားက မြစ်လေးကိုသနားမိတယ်

    with love...

    ReplyDelete
  5. ကျွန်တော့်ကို တစ်ချိန်က အစ်မပေးဖူးခဲ့တဲ့
    ကော်မန့် တစ်ခု ထဲက အတိုင်းပဲအစ်မရေ ...

    မြစ်တစ်စင်း စီးဆင်းသွားတဲ့ ဂီတသံကို ကြားလိုက်ရဲ့ ...

    စကားလုံးအခင်းအကျင်းတွေကို အလေးပြုသွားပါတယ်
    အစ်မ ....

    လေးစားခင်မင်စွာ

    ReplyDelete
  6. ဒီလိုမြစ်မျိုးကိုပဲ
    ကိုယ်တိုင်စိုက်ပျိုးခဲ့မိတာ
    ဝေဒနာတွေ ထင်ပါရဲ့...
    တနေ့နေ့ကျရင်
    ပင်လယ်ထဲမှာ
    မြစ်ကို ရိတ်သိမ်းကြပါစို့...

    ReplyDelete
  7. "မြစ်တွေ စီး ထွက်လာတဲ့ အကြောင်း"

    ထပ်ခါတလဲဖတ်တယ်--ခံစားတယ်--
    ကဗျာရေးသူဟာ အကြောင်းအရာကို-
    စိတ်ကူးနဲ့ လှပ အောင်အထပ်ထပ်ဖွဲ့စည်းပြီး--
    လိုချင်တဲ့ စံ တခုကို ဖြစ်တည်စေခဲ့သလို--
    ကဗျာ အလှအပ ခြယ်သဖွဲ့စည်းမှုတွေက--
    အနုပညာ စံ ကိုဖေါ်ညွှန်းစေတယ်--

    ReplyDelete
  8. This would be the completed brilliant description of a river..
    And I was flowing along with it.

    Love your meaningful poem!
    They never failed to teach me the linkage between words & lives.. :)

    Cheers! ^-^

    ReplyDelete
  9. မြစ်ဟာ..
    သူ့ထက်မြစ်ဆန်ပြနေတဲ့...မြစ် အ တု တွေကို..
    နာကျည်းစိတ်ကုန်ရလွန်းလို့.....

    မြစ်ဟာ..
    .................................
    သူ့ကိုယ်သူအဆုံးစီရင်ဖို့ဆိုပြီး..
    ပင်လယ်ဆီထွက်လာခဲ့လိုက်ပေါ့.....။
    ..........................
    .........................
    ကောင်းလိုက်တာညီမရေ..
    ဒါပေမယ့် မြစ်တွေဟာ ပင်လယ်နားရောက်လေ
    လှိုင်းထန်လေ စီးဆင်းမှုမြန်ဆန်ကြမ်းတမ်းလေ
    ဆိုတာတော့ တချို့လူတွေသိထားဖို့လိုတယ်ထင်တယ်
    နော်....

    ReplyDelete
  10. အစ်မရေ ခံစားသွားပါတယ်။ ငါးဖောင်ရိုးလေးတွေ ကူးနေတာလည်း မြင်ခဲ့ရ၊ ပြောင်းဆန်မွှေးနံ့ လေးတွေလည်း ရှုရှိုက်ခဲ့ရ၊ သဲသောင်ဝါ၀ါမှာလည်း ခေါင်းအုံးခဲ့ရပါတယ်။ ချီးကျုးရမယ်ဆိုရင်တော့ မသက်ဇင် ပြောသလိုပါပဲ။ ဝေဖန်ရမယ်ဆိုရင်တော့ စာလုံးပေါင်းလေးတွေရယ်၊ ကြီးအောင်ဝင်ဆိုတာလေးတွေ ပြင်စေချင်တာပါပဲ။ ကြီးကောင်ဝင် ထင်ပါတယ်။ ခင်မင်လေးစားလျက်။

    ReplyDelete
  11. နောက်ပြီးတော့ အစ်မရေ။ နာကျည်းစိတ်ကုန်ရလွန်းလို့.....ပင်လယ်ဆီထွက်လာခဲ့လိုက်ပေါ့.....ဆိုတာကို ထွက်လာခဲ့လိုက်တယ် ဆိုပြီး သုံးလိုက်ရင် ပိုကောင်းသွားမလားလို့ ပါ။ အကြံပေးတာပါ။

    ReplyDelete
  12. လုလင်ငယ်သွေးရေ..

    ပက်လယ်ဆီထွက်လာခဲ့လိုက်တယ်...လို့
    ပထမရေးထားတာ.ပါ.....
    နောက်ရင်ထဲမှာဝင်နေတဲ့ အတွေးတစ်စက
    စီးထွက်လာလိုက်ပေါ့ နဲ့မှကိုက်သလိုခံစားနေရတယ်..
    ဖျက်လိုက်..ပြင်လိုက်နဲ့ နောက်ဆုံး..ခုတင်ထားသလိုပဲ
    ချရေးလိုက်တော့တယ်..။
    ကျေးဇူးတင်ပါတယ်..
    ကဗျာကို ခုလိုသေသေချာချာဖတ်ပြီး.
    .ဝေဖန်ထောက်ပြပေးတဲ့အတွက်..

    ReplyDelete
  13. ပင်လယ်ဆီထွက်လာခဲ့တဲ့မြစ်က မြို့ကလေးဆီ ပြန်မလှည့်ဘူးလို့ ဘယ်သူလောင်းရဲလို့လဲကွယ်..။

    ReplyDelete
  14. မသွားပါနဲ့လား.. မြို့လေးကိုပဲ ဆက်လက်ထွေးပွေ့ပါလား.. နှမြောတယ်.. မရဘူး.. ပြန်လာခဲ့မြစ်..

    ReplyDelete
  15. အိန္ဒြာပြောတဲ့ မြစ်ရဲ့ ဒဿနကို ခံစားသွားပါတယ် အစ်မရေ...။ မြစ်ကို အသေးစိတ်ဖွဲ့ထားပုံက ပန်းချီကားတစ်ချပ်လိုပါပဲ...။ ဧရာဝတီကို လွမ်းလာပြီဗျာ...။ အစ်မလည်း အိမ်ကို လွမ်းနေပြီ ထင်ပါရဲ့...။ ဒီကဗျာလေးကို ဖတ်နေရင်းက သတိယတာနဲ့ အစ်မ ကဗျာဟောင်းလေးတွေ ပြန်ဖွပြီး ဖတ်ဖြစ်ပါတယ်...။ အဲဒီထဲကမှ အိမ်ငါးကဗျာလေးနဲ့ ပြန်လည်နှိုင်းယှဉ် ခံစားမိပါတယ်...။ အိမ်ထဲက ငါးလေးကို မြစ်ထဲမှာ လွတ်လပ်ပါစေတော့လို့...။



    အိမ် ငါး


    အိမ်မက်တစ်ခုခုလိုမျိုး.. ပြာညှိုးညှိုးလေး..လင်းရီနေခဲ့တာ...
    ကျောက်ဆိုင်ကျောက်ခက်ဆက်တင်ကလည်းအတု..
    ရေမှော်..ရေညှိ..စိမ်းမြမြကလည်းအတု
    မှုန်မှုန်ညှင်းညှင်းအလင်းပြေပြေလေးကလည်း...အတု...
    အစာအဟာရအတု....
    အောက်ဆီဂျင်ကအတုနဲ့...
    ရေသူမ..အတုကို..ပွတ်လျော..နမ်းမွှေး...

    ဟော..ဒီ့လို...
    ဘ၀သေးသေးလေးထဲမှာ....အလူးလူး...အပြေးပြေး...
    လှုပ်ရှားသက် ၀င်နေရသမျှ...
    ဘယ်လာ...ငါး..အရာမြောက်ပါတော့မလဲ...

    ငါးက..ငါးတို့ရဲ့..ဘာသာဘာဝအတိုင်း...
    အညှီနဲ့ချွဲချွဲ..ပြောင်ချော..ညစ်ပတ်နေချင်တာ...

    ငါးက...
    တ၀ုန်း..၀ုန်း...
    တစိမ်း..စိမ်း
    နက်ရှိုင်းခမ်းနားလွန်းနေတဲ့..
    ပင်လယ်ရဲ့..ဥပဓိကို..စာဖွဲ့နေချင်တာ

    ငါးက..
    သူ့စိတ်ကူး..ရေစီးတွေအတိုင်း..
    အဆုံးအစမရှိရွက်လွင့်..ပစ်...ချင်တာ..

    ငါးက....
့မျှားချိတ်မှာတပ်ထားတဲ့..အစာမှန်းသိသိ..
    မိမိရရ..ခုန်ဟတ်ရယူပြီး...
    လက်တစ်လုံးခြား...ငါးပါးဝချင်တာ...

    ငါးက..သူ့ကိုယ်ပိုင်အမိုး..အကာလေးထဲမှာ..
    မိန့်မိန့်မူးမူး...မင်းမူနေချင်တာ

    ငါးက..
    ငါးရိုးရာ..ပွဲတော်ကြီးတွေကို
    ငါး..ဂီတ..ငါး..ဗီဇတွေအတိုင်း
    အချိန်ခါ..သင့်ကျင်းပချင်သေးတာ

    ငါးက..
    သူ့အိပ်မက်တွေအတိုင်း..ရဲဝံ့မာကျော..ပြီး
    သူ့ကကြိုးတွေ..အတိုင်း..နူးညံ့..ပျော့ပျောင်းမယ့်
    သူ့..မျိုးဆက်ကို..ရေးချယ်ချင်သေးသတဲ့..

    ငါးကလေ....
    ငါးလားမြောက်ဖို့အတွက်သာဆို...
    ကြောင်တစ်ကောင်ရဲ့..အစာပဲဖြစ်ဖြစ်...
    သူ့ကိုယ်သူ..ချကျွေးပစ်ဖို့..၀န်မလေးဘူးတဲ့..၊

    ငါး..က...
    ငါး..က..
    အ..တု..တွေ.ကို..မ..လို..ချင်..တော့..ဘူး..လေ..။ ။

    အိန္ဒြာ



    မြစ်တွေ စီး ထွက်လာတဲ့ အကြောင်း



    မြစ်ဟာ..
့မြို့ကလေးကို
    မွေးကင်းစကနေ ကြီးကောင်ဝင်ချိန်အထိ
    ရစ်ခွေစောင့်ရှောက်ခဲ့သူပေါ့...

    မြစ်ဟာ..
    သူ့မြို့လေးရဲ့ကမ်းနဖူးက အရိုင်းအစိုင်း ကိုင်းပင်တွေကအစ
    သူ့ဝမ်းဗိုက်ထဲမှာ ငါးဖေါင်ရိုးလေးကူးခတ်နေတာအဆုံး..

    သူ့မြို့လေးရဲ့ပြောင်းဆန်နံ့လေပြည်အရူးကစ
    သူ့ကမ်းပါးမှာနေ၀င်သွားတဲ့ ဆည်းဆာရောင်ခြည်အဆုံး..

    သူ့ရင်ခွင်ကိုတဖျမ်းဖျမ်းရိုက်ခတ်နေတဲ့ ကွန်ချက်တွေကအစ..
    သူ့မြို့လေးကိုခေါင်းအုံးထားတဲ့သဲသောင်ဝါ၀ါအဆုံး...
    အစွမ်း ကုန် ချစ်မြတ်နိုးခဲ့တယ်..။

    မြစ်ဟာ...
    ဘယ်တော့မှ ထိမ်ဝှက်လို့မရနိုင်တဲ့ အတိတ်ကာလတွေကို..
    တစ်လွှာချင်း..ကျစ်ကျစ်ပါအောင်ပို့ချပေးခဲ့..
    မြစ်ဟာ...
    တစိမ့်စိမ့် နစ်မြုတ်နေတဲ့ သစ္စာတရားတွေကို
    သူ့အံဝှက်ကနေ ကော်ထုတ်ပြနိုင်ခဲ့..
    မြစ်ဟာ.
    မြို့လေးရဲ့သမိုင်းကြောင်းကို သက်သေထွက်ဆိုဖို့
    သူ့ရေးစီးသံတွေနဲ့ ကျမ်းသစ္စာတွေကျိမ်ဆိုခဲ့......၊

    မြစ်ဟာ..ငြိမ်းချမ်းရေးဆင်ဖိုနီနဲ့
    တသွင်သွင်စီးဆင်းချင်ခဲ့တယ်
    မြစ်ဟာ ဗဟုဝါဒဆန်ဆန်
    မြစ်ငယ်ချောင်းငယ်တွေကို...မငြင်းဆန်ခဲ့ဘူး..။

    မြစ်ဟာ..
    ကျဉ်းမျောင်းတဲ့ စီးလမ်းကြောင်းမှာတော့
    အရှိန်ပြောင်းချင်ပြောင်းမပေါ့..
    မြစ်ဟာ..
    မြစ်ဆန်ဆန်..
    သင့်တင့်လျှောက်ပတ်တဲ့ လေပြင်းတွေပဲ ထန် ပြခဲ့..
    ဖြစ်သင့်ဖြစ်ထိုက်တဲ့ လှိုင်းကြမ်းတွေပဲ ဆင့် ပြခဲ့
    မြစ်ဆန်သလောက်တော့ ကွေ့ကောက်ခဲ့
    မြစ်ဆန်သလောက်တော့ ညစ် နောက်ခဲ့.....။

    ဒါပေမယ့်...
    မြစ်ခမျာ.
    မြို့လေးရဲ့ရယ်မောသံတွေကို အလျော်မပေးဆပ်နိုင်ခဲ့ဘူး
    သူ့အမြဲစိမ်းတောအုပ်တွေ..ပြုန်းတီးလေလွင့်သွားတာလည်း
    အံကြိတ်မျက်ရည်ဝဲယုံ..ပဲ..

    မြစ်မှာ...ယူကျုံးမရစရာ.
    သတင်းအချက်အလက်တွေနဲ့ချည်း
    ဘောင်ဘင်ဆန်လိုက်လို့........

    မြစ်ဟာ..
    သူ့ထက်မြစ်ဆန်ပြနေတဲ့...မြစ် အ တု တွေကို..
    နာကျည်းစိတ်ကုန်ရလွန်းလို့.....

    မြစ်ဟာ..
    .................................
    သူ့ကိုယ်သူအဆုံးစီရင်ဖို့ဆိုပြီး..
    ပင်လယ်ဆီထွက်လာခဲ့လိုက်ပေါ့.....။

    အိန္ဒြာ

    ReplyDelete
  16. ညီဇေရေ....

    စိတ်ရှည်လက်ရှည်နဲ့ အစ်မကဗျာတွေကို...
    ခံစားဝေဖန်ပေးနေတာတွေကို..ကျေးဇူးပါ..
    ဒီလိုပဲ...စိတ်သွားတဲ့အတိုင်းတော့..
    လက်ကရောက်အောင်ရေးနေဖြစ်ပါတယ်..
    စိတ်က...လိုရာေ၇ာက်အောင်မသွားနိုင်ပဲ...
    ဝေ့ဝေ့လည်လည်ဖြစ်နေခဲ့ရင်လည်း...
    ကဗျာတွေလဲ...ရော့တိရော့ရဲပေါ့..
    ကဗျာရေးတာဟာ..အဟာရတစ်ခုလိုမ၇ှိဖြစ်ဆိုတော့ကာ...
    စိတ်..လည်လည်နဲ့ရေးထားတဲ့ ကဗျာလည်လည်တွေဆိုလဲ
    သည်းခံဖတ်ပေးပါဦးနော...

    ReplyDelete
  17. မြစ်အစစ်လေးထဲမှာ ခံစားချက်တွေကို တစိမ့်စိမ့် စိမ်သွားတယ် အစ်မ။

    ReplyDelete
  18. ကဗျာလာဖတ်တယ် အမ

    ReplyDelete
  19. အသစ်လာရှာတယ်--------
    မတွေ့လို့ အဟောင်းထပ်ဖတ်ပြီးပြန်သွားပါတယ်--

    ReplyDelete
  20. အဲဒီမြစ်လေးဟာ....
    တကယ်လို့များ....သမိုင်းထဲက ရာဇဝင်မဲ့နေတဲ့
    ဘဝတွေလို့ ခံစားပြီးဖတ်ကြည့်လိုက်ရင်..
    အား.....အတော့်ကို ကြေကွဲစရာပဲ
    သူ..တွယ်တာ မြတ်နိုး ပေးဆပ်ခဲ့တဲ့
    အရာအားလုံးဟာ
    အတုတွေပဲ ပြန်ရလိုက်တဲ့ အချိန်
    အသက်မရှိတော့တဲ့ ခန္တာကိုယ် ကို
    ထပ်ပြီး သေမိန့်ပေးနေသလိုပါပဲ.....၊၊

    ReplyDelete