March 11, 2009
ဝါရှင်တန်ဒီစီမှာ..ဖယောင်းတိုင်မီးတွေငြှိမ်းလို့ရပါပြီ
အောင်နိုင်သူရေးဖွဲ့ထားတဲ့
သမိုင်းဇာတ်ဝင်ခန်းတွေမှာ..
အရေးနိမ့်သူတွေက..
ဗီလိန်ပဲ...
သူရဲကောင်းဆိုတာတော့..
စစ်တလင်းရဲ့ မြေသြဇာတွေပေါ့..
ထရိုဂျန်စစ်ပွဲကြီးဖြစ်ချင်ဖြစ်
အော်လန်ဒိုဗလွန်းသာခေါ်ခဲ့ရင်..
ကျွန်မဆိုလည်း..လိုက်မှာ..တဲ့
အပြစ်ဆိုတာ..
ရင်ခုန်ရူးသွပ်ချင်စရာ
ဆွဲဆောင်မှုအားကောင်းတဲ့ အရာပေါ့လေ...။
စစ်ပွဲတစ်ပွဲရဲ့တန်ကြေးကို
(အသက်သွေးတွေ မပါသေးဘဲ..)
ကြမ်းခင်းဘယ်ဈေး..ဘယ်နာလဲ..
တွက်ချက်မှန်းဆကြည့်ရအောင်..
အိုဘားမား...ရေ..
ခင်ဗျားရုပ်သိမ်းလိုက်တဲ့
ဘုရှ် အမျိုးအစား..တင့်ကားတွေဟာ..
ဘ၀ရောင်စုံတွေကိုပါ..
နင်း..ကြိတ်.. ထား.. ခဲ့..တာ...
ကဲ..
ဝါရှင်တန်ဒီစီမှာ..
ဖယောင်းတိုင်မီးတွေငြှိမ်းလို့ရပါပြီ..။
အိန္ဒြာ(၁၀.၃.၂၀၀၉)
(အိမ်ရှေ့ပူအိမ့်နောက်မချမ်းသာပါ..။ အလုပ်ဖြုတ်စာရတဲ့ မောင်လေးတစ်ယောက်နဲ့ ခုတလောနားထောင်နေရတဲ့ သတင်းတွေကြောင့် ....။)
(ပုံလေးက ဒီ က)
22 comments:
  1. ကောင်းလိုက်တာနော်။ ဘယ်လိုကွန်မန့် ရေးရမှန်းတောင် မသိတော့ဘူး။
    ReplyDelete
  2. စကားလုံးတွေအားရှိလိုက်တာ
    ကဗျာတစ်ပုဒ်လုံးကခေတ်ကိုလည်းဖော်ဆောင်တယ်။
    ReplyDelete
  3. ဖယောင်းမီးတွေငြိမ်းလို့ရပေမယ့် ပေးဆပ်လိုက်ရတဲ့ဘဝတွေအတွက် တောက်လောင်တဲ့ မီးတွေကတော့ ရင်တွေမြောက်များစွာမှာ လောင်နေဆဲပေါ့..
    ReplyDelete
  4. အော်လန်ဒိုဘလွန်းဆိုပါလား.. သားသားလည်းလိုက်ပါမည်.. ခေါ်နော်.. :D
    ReplyDelete
  5. ခေတ်ကို ထင်ဟပ်နေတဲ့ ဝေဒနာတွေပါပဲ ... ကဗျာကတော့ ကောင်းလိုက်ချက်..
    ReplyDelete
  6. အမရေ... လောင်နေတဲ့ မီးတွေက အတော်နှင့် အရှိန်သေမှာ မဟုတ်ပါဘူး... လောင်စာဖြစ်သွားတဲ့ဘ၀တွေအတွက်တော့...
    ဘာတွေကျန်ခဲ့သလဲ....
    ဟူးးးးးးးးးးးးး....
    ဒါတွေပဲထင်တယ်အမရေ..
    ဖိုးမောင်
    ReplyDelete
  7. မနက်ဖန်ဆိုတဲ့ မရေရာမှု့တွေ အတွက်
    အာမခံ လက်မှတ်တွေက ကြော်ငြာသာသာ
    လက်ပူတိုက်ထားတဲ့ ဘော်ဒီက ယိုင်နဲ့နဲ့
    ဘယ်ရင် ပျော်ကျနေတဲ့ အူမကြီးက ပုံမှန်မခုတ်ချင်
    နော်ဇယ်ပလန်ချာ အလိုက်မမှန်တော့တဲ့ နှလုံးသားက သွေးခုန်နှံန်းတွေကျ
    မီးခိုးတွေအူနေတဲ့ အိပ်ဇော လို ပါးစပ်က ချေးအထပ်ထပ်
    ပင်နယံလို ဖြစ်လာတဲ့ သွား သြဇာဓါတ်မဲ့ သွားဖုံးကိုစွန့်
    တိုက်ရော့ ပြတ်နေတဲ့ ခြေတစ်စုံက ဦးတည်ရာမဲ့
    မှုံဝါးဝါး မျက်လုံးတစ်စုံက ခေတ်မမှီတော့တဲ့ မီးတစ်စုံလို
    ကပ်နေတဲ့ ဂီယာလို စိတ်ကြိုက် အရှိန်မတင်နိုင်တော့တဲ့ ဦးဏှောက်
    ယုံကြည်မှု့တွေ တစ်စစပြောက်နေမှ
    ကဲ..ဘယ်လို ဆက်လျောက်မလဲ....၊၊
    အဆိုးဆုံးက...
    ရှေ့ဆက်ဖြတ်မောင်းရမဲ့လမ်း
    ဆူးတွေနဲ့ တင်းကြမ်းထနေရဲ့
    တကယ်တော့ ခင်ဗျားဟာ မေခလာယောင်ဆောင်ထားတဲ့
    ဂျင့်(က်စ်)Jinx ပဲ....
    ......................
    ဘဝတွေကို အဲလိုပဲ ကဗျာထဲက မြင်မိတယ်
    ကျွန်တော် ကဗျာတွေကို အလွယ်မမန့်တတ်ပါ
    ဒါပေမယ့် အခု ဆေးရုံကဆင်းဆင်းခြင်း
    အားတင်းပြီး....ကျွန်တော့်အမြင်သက်သက်
    ချရေးလိုက်တာပါ....
    ကောင်းလိုက်တဲ့ အတွေး အရေး
    ReplyDelete
  8. သူငယ်ချင်း
    ဆိုင်တော့မဆိုင်ဘူး....
    ခွင့်လာတောင်းတာ....
    "ကဝေကြောက်တတ်တဲ့အနာ"...လေးကို
    ငါ...ကျောင်းမှာ..မြန်မာ..အကြောင်းပြောတဲ့အခါ
    ပြောချင်လို့...
    နင်..မပေးလည်းပြောမှာပဲ...
    ယူသွားပြီ
    ဟီးဟီး
    တခြားကဗျာတွေကတော့.....
    ...................
    နားမလည်ဘူး...
    နင်..ကြွားချင်ရင်တော့..ထုံးစံအတိုင်း..
    ရှင်းပြ...
    အခုတော့..တန်ရာတန်ရာ..ပဲယူသွားတယ်
    ReplyDelete
  9. တကယ်ဆို အစိမ်းသက်သက်ပါဘဲ
    ခွဲထုတ်ခံလိုက်ရတဲ့ ဘ၀တွေထဲမှာ
    နာကျင်မှု ပျက်သုဉ်းမှုတွေနဲ့
    မချိမဆန့် ညဉ်းတွားမှုတွေ ပြည့်လို့ ။
    ဗီလိန်တွေအတွက်တော့
    သူရဲကောင်း တိုက်ပွဲရှိသင့်တယ် ။
    ဖယောင်းတိုင်မီးတွေ ငြှိမ်းလို့ရခဲ့ပေမယ့်
    ဘ၀ထဲမှာတော့
    သောကမီးတွေ လောင်မြိုက်နေဆဲဘဲ ။
    အရမ်းကောင်းတဲ့ အတွေးနဲ့ အရေးကို ပျော်ဝင်စီးဆင်းလိုက်တယ် မကြီး။
    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်
    ReplyDelete
  10. မthynn ရေ...
    ယူသာ ယူသွားအေ..ပြောရအုံးမယ်..သိလားဟဲ့..း)..
    သူ့မှာ ကဝေကြောက်တဲ့ အနာအပြင်.. တခြားအနာတွေလဲ ရှိမယ့်ပုံပဲဟဲ့..
    ရေလည်ခင်တဲ့...
    မိုးမောင်
    ReplyDelete
  11. ထရိုဂျန်စစ်ပွဲကြီးဖြစ်ချင်ဖြစ်
    အော်လန်ဒိုဗလွန်းသာခေါ်ခဲ့ရင်..
    ကျွန်မဆိုလည်း..လိုက်မှာ..တဲ့
    အပြစ်ဆိုတာ..
    ရင်ခုန်ရူးသွပ်ချင်စရာ
    ဆွဲဆောင်မှုအားကောင်းတဲ့ အရာပေါ့လေ...။
    ချစ်စရာကောင်းလိုက်တာ.... အင်း ပြီးတော့ တကယ်ပဲ စဉ်းစားစရာ.... အချစ်ဆိုတာ ...
    ReplyDelete
  12. ကော်မင့်က ပြီးသေးဘူး..
    တကယ်လည်း အချစ်ဆိုတာလို ကြောက်စရာကောင်းတဲ့ လောဘတွေ မောဟတွေကြောင့်ပဲ စစ်တွေ အလွယ်တကူဖြစ်.. နောက်ထပ်လည်း ဖြစ်နေကြဦးမှာ ထင်ပါရဲ့။
    ReplyDelete
  13.း) ကျနော် ဒီကဗျာဖတ်ပြီး ဘယ်လိုမန့်ရမှန်းမသိ ။ မာန်ပါတဲ့ အသုံးတွေပါတယ် ကြိတ်ခံလိုက်ရတဲ့ဘ၀တွေကတော့ ဖယောင်းတိုင်လေးတွေကို ငြိမ်းရုံနဲ့ ကျေနပ်ရမှာပေါ့နော် ။ မဖြေသာစရာပဲ ။
    ReplyDelete
  14. အိုဘားမား...ရေ..
    ခင်ဗျားရုပ်သိမ်းလိုက်တဲ့
    ဘုရှ် အမျိုးအစား..တင့်ကားတွေဟာ..
    ဘ၀ရောင်စုံတွေကိုပါ..
    နင်း..ကြိတ်.. ထား.. ခဲ့..တာ...
    ကောင်းလိုက်တဲ့ ကဗျာလေး...စကားလုံးတွေရွေးချယ်သုံးထားတာရော ခေတ်ကိုဖော်ကျူးပြထားတာပါ သိပ်ကိုပီပြင်တယ် ညီမရေ...
    ReplyDelete
  15. သူရဲကောင်းဆိုတာတော့..
    စစ်တလင်းရဲ့ မြေသြဇာတွေပေါ့..
    ReplyDelete
  16. မကြီးရေ...
    ကောင်းလိုက်တာ...
    ဘယ်လိုအတွေးတွေနဲ့များ ဒီကဗျာကို မွေးဖွားခဲ့ပါလိမ့်နော်....
    မကြီးနဲ့ပြောခဲ့ဖူးတဲ့ စကားလေးမှတ်မိနေတယ်..
    ကဗျာမေမေ...
    မေမေကဗျာ...
    ချစ်တဲ့...
    ခင်လေး
    ReplyDelete
  17. ***သစ်ခက်သရဖူ***သစ်ခက်သရဖူ***
    ***သစ်ခက်သရဖူ***သစ်ခက်သရဖူ***
    ***သစ်ခက်သရဖူ***သစ်ခက်သရဖူ***
    ***သစ်ခက်သရဖူ***သစ်ခက်သရဖူ***
    ***သစ်ခက်သရဖူ***သစ်ခက်သရဖူ***
    ***သစ်ခက်သရဖူ***သစ်ခက်သရဖူ***
    ***သစ်ခက်သရဖူ***သစ်ခက်သရဖူ***
    ***သစ်ခက်သရဖူ***သစ်ခက်သရဖူ***
    ***သစ်ခက်သရဖူ***သစ်ခက်သရဖူ***
    ***သစ်ခက်သရဖူ***သစ်ခက်သရဖူ***
    ***သစ်ခက်သရဖူ***သစ်ခက်သရဖူ***
    ReplyDelete
  18. ရေးတတ်တော့ ဝူး (ကွန်မန့် :P)
    ဘဝတွေ အများကြီး ရင်ထဲကို ခုတ်သွားတယ် ...
    ခင်မင်လေးစားစွာ
    ReplyDelete
  19. "၀ါရှင်တန်ဒီစီမှာ..ဖယောင်းတိုင်မီးတွေငြိမ်းလို့ရပါပြီ
    ကဗျာ လေးကို ရင်ထဲ ထည့်ယူသွားပါပြီ---
    ReplyDelete
  20. စကားလုံးလေးတွေ သုံးထားတာ လှသလို
    အဓိပ္ပါယ်တွေ နက်နဲတယ် ..။
    ကဗျာဖတ်ပြီး ကွန့်ဖို့ အင်အားမရှိတော့တဲ့ အတွေးနဲ့
    လက်တစ်စုံမှာ .... ကဗျာရဲ့ ကောင်းခြင်းတွေ စီးဝင်သွားတာတော့ သေချာတယ် ..။
    ReplyDelete
  21. အစ်မရေ ကျွနတော်တို့ကတော့ အောလန်ဒိုဘလွန်းမလိုဘူး..
    ဂျော်နီနဲ့ဆိုစစ်ပွဲထဲလမ်းလျှောက်ထွက်မယ်.. မယုံရင်ကြီးမိုးမေးကြည့်.. :)
    စာကြောင်းတိုင်းလေးနက်မှုတွေနှင့်ထိချက်ပြင်းရှတယ်အစ်မရေ..
    ဦးညွှတ်သွားတယ်..
    ခင်မင်လေးစားလျက်
    မိုးကြယ်
    ReplyDelete
  22. ခုမှ နားလည်သွားတာ...
    ဒါပေမယ့် ကွန့်ရလောက်အောင် ဥာဏ်မမှီဘူး...။
    ဖတ်သွားပါတယ်ပဲနော်...။
    ဖြစ်တယ်ဟုတ်?
    ဖြစ်ပါတယ်..။
    ^-^
    ReplyDelete