July 20, 2009

ဘာရယ်မဟုတ် နောက်ထပ်မလွဲမသွေရေးမှဖြစ်မယ့် ကဗျာတပုဒ်

ဒီလို ခေါင်းစဉ်တပ်မိမှတော့

အချဉ်ကမိနေပြီလေ..မိတာတွေရော မမိတာတွေရော

ရောကောသောကောချရေးဖို့သာပြင်ပေတော့

ထွေးပြီးသားတံတွေး ပြန်မြိုရမှာ ရွံတတ် ရှက်တတ်သူဆိုရင်ပေါ့။

ခပ်ပေါ့ပေါ့ပါပဲ..

ဘယ်သူဘာထင်ထင် ဘာဂရုစိုက်စရာလိုက်လို့

စိုက်နေတော့ကော စိုက်လိုက်မတ်တတ် ဘယ်သူကအရေးတယူ

ပန်းပင်လေးတပင်စိုက်သလို အရေးတယူရှိတာလိုက်လို့။

ကြာခဲ့ပြီ..

တော်တော့ကို ကြာခဲ့ပြီ

အိုင်းစတိုင်းရဲ့ နှိုင်းရ ဓမ္မ တရားကို အားနာမိလို့သာ

အဲလောက် ကြာပြီလို့ အလွန်အကျူး မဖွဲ့လိုက်တာ

မဖွဲ့နွဲ့မိအောင် ဆီး ၀မ်းအောင့် သလို အောင့်လိုက်ရတာ

တကယ် တော့ ကြာတောင်းကြာခဲ့ပြီ။

ကြာတိုင်းကော… ကဗျာကကောင်းပြီတဲ့လား

‘ဖွတ်’……

ဖွတ်ကမှ သာဦးမယ် ဆိုသလိုပေါ့။

ညီမရေ…

ကဗျာဆိုတာ (အနုပညာမှော်ရုံ) တောနက်ထဲက

အခူးရအခက်ဆုံး ပန်းတပွင့်ပါပဲ၊

အားလုံးဟာ..

ကဗျာရေးသူ (ကဗျာဆရာလို့ဆိုချင်ဆိုလေတော့) အပေါ်မှာပဲတည်မှီလေတယ်၊

ချီးမွန်း/ကဲ့ရဲ့ ခွန်နစ်ရက်ကိုတော့

အရေထူထူဖြတ်သန်းနိုင်သူ ဖြစ်ကောင်းတယ်။ ။

ခင်အောင်အေး

(မြန်မာစာရိုက်လေ့ကျင့်ခန်းတခုမျှသာ၊ ညီမအိန္ဒြာ ကိုအမှတ်တရ ရည်ညွှန်းလိုက်ပါတယ်)

ကဗျာဆရာရဲ့ လေ့ကျင့်ခန်းစာမျက်နှာကို အမှတ်တရ တင်ပေးလိုက်ပါတယ်..

14 comments:

  1. ကဗျာဆရာ မြန်မာစာရိုက်ကျင့်တာက
    ကဗျာတစ်ပုဒ်ဖြစ်တယ်...
    ကိုခင်အောင်အေး ကဗျာတွေကို
    ထပ်ဖတ်ချင်ပါသေးတယ်
    စာရိုက်များများကျင့်ပါ ..း)

    ReplyDelete
  2. ကဗျာဆိုတာ (အနုပညာမှော်ရုံ) တောနက်ထဲက
    အခူးရအခက်ဆုံး ပန်းတပွင့်ပါပဲ၊..
    တဲ့...
    လှလိုက်တာ..

    အစ်ကိုရေ..
    မြန်မာစာရိုက်ရတာ ပျော်စရာပါ..
    ထပ်ဖတ်ချင်ပါတယ်...

    ReplyDelete
  3. အေးလေ...
    အကို့ကဗျာတွေကို များများ ဖတ်ချင်တယ်...

    ReplyDelete
  4. ဒီလိုပါပဲ...

    အရှေ့ကအကိုတွေ အမတွေ ပြောသလိုပေါ့...

    အကို့ရဲ့ကဗျာတွေကို မဖတ်ဖူးတော့ ဖတ်ဖူးချင်တယ်

    တကယ်လို့များ

    ဖတ်ခွင့်ရမယ်ဆိုရင်


    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  5. အင်း ကိုယ့်လူတွေကတော့ တောင်းဆိုနေလေပြီ.. တကယ်.. လုပ်သင့်တာလည်း ကြာပေါ့ဗျာ...

    ReplyDelete
  6. စာရိုက်ကျင့်တဲ့ ကဗျာတောင် တော်တော်ကောင်းတာ ....နောက်ထပ် မလွဲမသွေစောင့်နေပါတယ်လို့ ...

    ReplyDelete
  7. ညီမရေ…

    ကဗျာဆိုတာ (အနုပညာမှော်ရုံ) တောနက်ထဲက

    အခူးရအခက်ဆုံး ပန်းတပွင့်ပါပဲ၊

    ကိုခင်အောင်အေးကဗျာတွေကိုအရမ်းကြိုက်မိတယ်
    ရှိသေးရင် ထပ်ဖတ်ချငိသေးတယ်ညီမလေးရေ

    ReplyDelete
  8. အကို ဆရာခင်အောင်အေးရေ..

    ပရိတ်သတ်ကတော့ တောင်းဆိုနေပါပြီ

    ခူးရခက်တဲ့ပန်းတွေက
    အကို့ ဥယျဉ်မှာတော့
    မွှေးလို့ လှလို့ပါ....

    ReplyDelete
  9. လူဆိုးကြီး
    ခုလိုကဗျာလေးဘာလေးရေး
    လတ်လျားလတ်လျားလုပ်နေမယ့်အတူတူ

    ReplyDelete
  10. မဖွဲ့နွဲ့မိအောင် ဆီး ၀မ်းအောင့် သလို အောင့်လိုက်ရတာ တဲ့။
    ပွင့်မဲ့ ပန်းကလေးကရော ပြန်ငုံသွားဦးမှာလား မသိ။

    ကဗျာဆိုတာ (အနုပညာမှော်ရုံ) တောနက်ထဲက

    အခူးရအခက်ဆုံး ပန်းတပွင့်ပါပဲ၊

    ကြိုက်လိုက်ထာဗျာ။
    ကိုခင်အောင်အေး ရဲ့ ကဗျာ မှော်ရုံတောမှာ ကဗျာ ပန်းလေးတွေ မွှေးလို့တဲ့။
    ဒါဆို ကျွန်တော်တို့လဲ ရှုရှိုက်ခွင့် ရကောင်းရဲ့။
    မျှော်နေပါ့မယ်ဗျာ။

    ချစ်ခင်လေးစားစွာဖြင့်

    ReplyDelete
  11. ကဗျာ လား..။
    ညီမအတွက်တော့ ရသ အသစ်ပဲ။
    မိုက်တယ်...း)

    ReplyDelete
  12. ကဗျာတစ်ပုဒ်ရဲ့ မှောင်ဝင်အငုတ်ကို ဆက်လက် တူးဆွနိုင်ပါစေ ..။
    စောင့်မျှော်လျှက်ပါ ..။

    ReplyDelete
  13. ကဗျာဆိုတာ
    (အနုပညာမှော်ရုံ) တောနက်ထဲက
    အခူးရအခက်ဆုံး ပန်းတပွင့်ပါပဲ၊

    ခူးရခက်သလောက် တစ်ပွင့်လေး ထိုက်ထိုက်တန်တန်ရရင်ကို
    ကြည့်လို့မဆုံး မက်လို့ မဆုံး မွှေးလို့မဆုံးဖြစ်နေတတ်တာ ကဗျာဆရာရဲ့ ဝဋ်နာကံနာ....

    ကျွန်တော်လည်း အထက်ကလူတွေလိုပဲ မဲပေးပါတယ်...
    ခူးရခက်တဲ့ပန်းတွေ ထပ်ခူးပေးပါဦးဗျာ...။

    ReplyDelete
  14. ညီမရေ

    အရေထူတယ်ဆိုတာ ရိုင်နို (ကြံ့) တစ်ကောင်လောက်ကိုထူနိုင်မှနော် ဟားဟား

    အမကိုတော့အမသူငယ်ချင်းတစ်ယောက်က
    ရိုင်နိုအိုးလ်ဒ်လေဒီတဲ့ တကယ်တော့ပါးပါးလေးကိုထူချင်ယောင်ဆောင်ရတာနော့

    လူတွေရဲ့သည်းခံနိုင်စိတ်နဲ့သည်းမခံနိုင်စိတ်က တကယ့်ကိုအလွှာပါးပါးလေးဘဲခြားတာညီမရဲ့

    ကဗျာရေးသူတွေရဲ့ရင်ထဲကစာလုံးတွေကိုတော့ဘယ်သူမှလိုက်မမှီနိုင်ဘူးကွယ်


    မဂျူ

    ReplyDelete