March 17, 2010

ဘယ်တော့မှ ပြန်လာမှာမဟုတ်တော့တဲ့ ကောင်းကင်

ဘယ်တော့မှ ပြန်မလာတော့ဘူးတဲ့ စိတ်လိုက်မာန်ပါ သူ့အတောင်တွေတောင် ပါးစပ်အဟောင်းသား

သူ့နာကျည်းရာ ဒဏ်ရာကို သူ အတိမ်အနက် အကြောင်း ဂယက်အနက်နဲ့တကွ ထုတ်ပြန်ပြောကြား

ဖို့ဆိုတာ တယ်လီဖုန်းတလုံးရဲ့ ကီးပက် တွေကိုနှိပ်ရသလိုမျိုးလောက်တော့ စိတ်အလိုလိုက်မိ သွက်

လက်မိသွားလောက်အောင်အထိ ဘယ်ရည်ရွယ်ချက်မျိုးမှ ပြဌာန်းပြီးဖြစ်မနေဘူးလို့ အောက်လင်းမီး

အိမ် ဖြန့်ထားနိုင်သလောက် အလင်းရောက်မှုပေါ်မူတည်ပြီး ပြုံးလိုက်တဲ့အပြုံးကိုတောင်မှ နှစ်ချီပြီးသင်

ယူမှ ရတဲ့ မှော်ပဉ္စလက်ဆန်ဆန်လို သွတ်သွင်းချင်တဲ့ စေတနာအလျားအနံရဲ့ မက်ထရစ်စံနစ် အတိုင်း

အတာ နိုင်ငံတကာအသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်လို့ ရတဲ့ ယူနစ်မျိုးနဲ့ ဂစ်တာကြိုးညှိသလို ညှိ

ကြမယ်လေ၊ ဒါမှလည်း ပြောဆို မက်ဆေ့ခ်ျပေးလိုရာကို ပီပြင်စေပြီး ကဗျာအရာရောက်မှုနဲ့အငြင်းပယ်

မခံရမှု ဆုလဒ် (အရပ် အခေါ်)နှောင်ကြိုးကျစ်မိပြီးသား၊ဟာ….မလုပ်ပါရစေနဲ့၊မလိုက်လျောပါရစေနဲ့

ရုန်းရင်းကန်ရင်း ဆေးထိုးအပ်ဖျားမှာ ကလောင်သွားထက်မြက်မှု လမ်းကြောင်းအတိုင်း အလိုမတူတဲ့

စိတ်ကြေကွဲရမှု ရာဇ၀င်အခင်းအကျင်း တခုကို ခင်းကျင်းတင်ဆက်မိလျက်သားဖြစ်နေပြီးမှ မထူးဇာတ်

ကိုပဲ ထပ်တလဲလဲ က တော့မယ်လို့ သူ့ဇာတ်မင်းသားက ပြောတဲ့ အခါ မိတ်ကပ်လူးပြီး ရေအိုးစင်မှာ

ရေစစ်နဲ့ စစ်မထားတဲ့ ရေတခွက်ကို သောက်ရေ လို့…

ကောင်းကင်က sms ပို့တယ်။

I will never be young again တဲ့။

သူ ဘယ်တော့မှ ပြန်လာမှာမဟုတ်တော့ဘူး။ ။


ခင်အောင်အေး

၂၇ ဖေဖော်ဝါရီ ၂၀၁၀ ဘန်ကောက်ချိန် ၂၁း၁၆ နာရီ

9 comments:

  1. အိုးးးးးးးးးးးးးးးးး............
    စကားပြေတော်တော်ပိုင်နိုင်တာပဲ
    သုံးနှုန်းထင်ဟပ်သွားတာတွေကို မနည်းချိတ်ဆက်ပြီး လိုက်ဖတ်ရတယ်ကွယ်....

    ReplyDelete
  2. ကြည့်ရတာ ဟိုနေ့က ရိုက်လိုက်တဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး အမြင်မှန်ရသွားတယ်နဲ့ တူတယ်။
    ဆရာခင်အောင်အေးရဲ့ စကားလုံးတွေက ကွက်တိကျနေတာပေါ့ မကြီး။

    I will never be young again တဲ့။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  3. ကိုခင်အောင်အေး ရဲ့.. ကဗျာတွေ မတွေ့နေတော့လို့...
    ဖတ်ရင်း..ဖတ်ရင်း..ခဲချွန်တခု ဆီက.. လိပ် လိပ် ... လိမ် ခွေ တက်လာတဲ့..ခဲတံ တချောင်း ရဲ့.. ပန်းပွားလေး တွေ ကို ကြည့်နေရသလို ခံစားရတယ်..

    ReplyDelete
  4. ခံစားသွားပါတယ်...

    ReplyDelete
  5. သူ.. ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ဘူးးး

    ReplyDelete
  6. ဖတ်ရင်းနဲ့မောလိုက်တာ အစ်မရယ် .... ကြယ်ပြာ ဒီပုံစံမျိုးတခါမှမဖတ်ဖူးဘူး .....

    ReplyDelete
  7. တော်လိုက်တာ မရာ...
    မိုက်စ်တယ်.. တကယ်ကြိုက်တယ်။။

    ReplyDelete