March 19, 2010

တစ္ဆေကြောက်တတ်တဲ့ အနာ

ခေါင်းတလားထဲမှာ
တစ္ဆေတွေ
က ခုန်.........

လမ်း ကန်း နေတဲ့ ချယ်ရီသားတုတ်ကောက်ကလေးက
ခရီးတွေကို အငမ်းမရဖြစ်နေသလိုမျိုး...
သော့တူနဲ့တူတဲ့လူတွေက
နှလုံးသားတွေကို ဖွင့်ဖေါက်စစ်ဆေးသလိုမျိုး....
ကောင်းကင်ပေါ် တိမ်အတုတွေ ပစ်တင်ပြီး
တစိမ်စိမ့် ရွာသွန်းဖြိုးတဲ့ မိုးစိမ်းတွေက
နာတာရှည်အဖျားသွေးတွေကို အရသာခံသလိုမျိုး....

တစ္ဆေတွေက ခေါင်းတလားထဲမှာ...က ခုန် တယ်။

သင် ပျင်းရိတဲ့အခါ သမ်းဝေလိုက်ပါ၊
သင် အားငယ်တဲ့အခါ စစ်တုရင်ကစားပါ၊
သင် ကြောက်ရွံ့တဲ့အခါ မေတ္တာသုတ်ရွတ်ပါ၊

အထပ်ထပ် ရစ်ကျော့ခံနေရတဲ့ စီဒီဓါတ်သားမှာ
အသံတွေ ဂျမ်းဖြစ်နေသလိုမျိုး...
မျှော်လင့်ချက်တွေကော့ညွှတ်နေတဲ့ ဆင်စွယ်ရောင်မျက်စောင်းလေးက
မိုးကြိုးမုန်တိုင်းကို ထိမ်ဝှက်ထားသလိုမျိုး..
ပခြုပ်ထဲက ညောင်းညောင်းရိရိ မြွေဆိုးတစ်ကောင်ရဲ့
သတိယတိုင်း ထထတိုက်တတ်တဲ့
အလမ္မယ်ဆရာအတွက် ကျိမ်စာလိုမျိုး

ခေါင်းတလားထဲမှာ...တစ္ဆေတွေက က ခုန် တယ်။

သင် စိတ်ညစ်ညူးတဲ့အခါ တောင်တက်လေ့ကျင့်ပါ၊
သင် လွမ်းဆွတ်လာတဲ့အခါ သစ်ပင်စိုက်လိုက်ပါ၊
သင် ရယ်မောချင်တဲ့အခါ တစ္ဆေကပွဲကြည့်ပါ၊

သင့် ဒုက္ခအတိုအစတွေကိုတော့
ရေခဲရိုက်ပြီး သိမ်းထုပ်ပါ ။

ဒီကနေ့
တစ္ဆေ စွန့်ကြဲမယ့်...အိမ်မက်တစ်ဆုပ်တစ်ခဲနဲ့
အဆာပြေရဦးမယ့် နေ ၀င် ဖျိုး ဖျ မှာ
တစ္ဆေ အသစ်ဝတ်ဆင်လာမယ့်
ညနေခင်း ၀တ်စုံက ။ ဘာ ??!!!

ပြောတယ်..
၃၁ ဘုံမှာ
လူ့ပြည်က
ကတိတွေဖေါင်းပွလွန်းတဲ့ ၀ပ်ကျင်းလို့..။ ။


အိန္ဒြာ
(၂၀၀၈ ခုနှစ် ၊ မုဒိတာမဂ္ဂဇင်း)

9 comments:

  1. နှစ်သက်သဘောကျမိပါသည်

    ReplyDelete
  2. ကတိကဝတ်တွေ ဖောင်ပွလွန်းတဲ့ အဲဒီဝပ်ကျင်းလေးထဲမှာပဲ
    ညနေခင်းဝတ်စုံအသစ် ကကြိုးအသစ်တွေနဲ့
    တစ္ဆေတစ်ကောင်ရဲ့ လက်ကိုဆွဲလို့ ...
    .............

    ReplyDelete
  3. ကတိတွေ ဖောင်းပွလွန်းတဲ့ ဝပ်ကျင်းထဲ တစ္ဆေတွေကို ဘယ်လို တောထုတ်ကြမလဲ..။

    ReplyDelete
  4. ပြောတယ်..
    ၃၁ ဘုံမှာ
    လူ့ပြည်က
    ကတိတွေဖေါင်းပွလွန်းတဲ့ ၀ပ်ကျင်းလို့..။ ။

    ရေရွတ်မိနေဆဲအပိုဒ်လေးပါ..
    မမအိန်နာရေ.......


    ချစ်တဲ့
    အမရာ

    ReplyDelete
  5. မွန်းကြပ်စရာ....။

    ReplyDelete
  6. ကဗျာဖွဲ့စည်းပုံကို ရင်သတ်ရှုမော ဖြစ်ရပါတယ် ချစ်မလေး။
    လေးစားလို့ မကုန်နိုင်အောင်...

    ချစ်တဲ့
    =)

    ReplyDelete
  7. ၃၁ ဘုံမှာ လူ့ပြည်က....
    ကတိတွေဖောင်းပွလွန်းတဲ့ ဝပ်ကျင်း....
    ဆွံ့အ သွားရပြန်ပြီ။
    ကဗျာလေးကို တကယ်နှစ်သက်မိတယ်.....

    ReplyDelete
  8. ကတိတွေဖောင်းပွလွန်းတဲ့ ဝပ်ကျင်းထဲမှာ ဒုက္ခအတိုအစတွေကို ရေခဲရိုက်ပြီး သိမ်းထားလိုက်တယ်...

    မကြီး ရေလည်ဂွတ်တယ်ဗျာ..
    မိုက်တယ်...
    ရေလည်ဇူး

    .com ပြောင်းထားတာ ခုမှ သိတယ်... လင့် ပြောင်းချိတ်လိုက်မယ်... ဂွတ်၏။

    ခင်မင်လေးစားမဟားဒယားချစ်ခြင်းအားဖြင့်
    (ကိုရင်၊ ခင်လေး)

    ReplyDelete
  9. တကယ်တော့ တစ္ဆေဆိုတာ
    လောကကို
    အလှတမျိုးနဲ့
    ကြည့်တတ်မြင်တတ်သူတွေမဟုတ်လား...

    ကတိတွေအထပ်ထပ်ပေး
    ကြေးတွေ အထပ်ထပ်တက်လာတဲ့
    ဟောဒီလောကီမှာ
    ငါ...

    တစ္ဆေ စွန့်ကျဲမယ့်
    ခေါစာ တထုတ်အတွက်
    ငုပ်တုပ်ထိုင်ရင်း စောင့်အုံးမယ်...

းဝ)

    ReplyDelete