September 9, 2010

ညီမလေးက ချိန်းတဲ့စာ

ညီမလေးရဲ့ ဧည့်ခန်းဆောင်မှာ သက်သေပြဖို့ဆို
အလွမ်းတစ်အိုးကို မှ ထိုးစိုက်ခွင့် မရခဲ့ပါဘူး...၊
အိပ်မက်ထဲကိုတောင် ရန်မူချင်ကြတယ်။

ချစ်သူတို့နှလုံးအိမ်တွေဟာ.. အရိုးသားဆုံး နီစွေး နေတာလေ...
မနှစ်သက်ဘဲတော့... လက်မခံနိုင်ဘူးပေါ့..
ဆင်စီးမြင်းရံ ဆိုတာကြီးကိုတော့ စိတ်ညစ်တယ်။
ညီမလေး လာခဲ့မယ်...
ဘယ်လိုမှ ဖူပွင့်သင်းရီခွင့်မရခဲ့တာပါ..၊
ရာသီတစ်ခုလုံး ဖိမှောင်ထားပြီးမှ
ကိုယ် ရိတ်သိမ်းဖို့ ကိုယ် စိုက်ပျိုးရ မ တဲ့..
မစားရ ဝခမန်းကြီး မို့ စိတ်ညစ်တယ်။
လာခဲ့မယ်..
ဒီ့ထက် သေဝပ် ကျိုးနွံရ မှ ဖြင့်
ခေတ်တွေကို သွန် သာပစ်လိုက်တော့..၊
ဗိုင်းကောင်းကျောက်ဖိ ပြဇာတ်ဟောင်းကြီးအတိုင်း
ဌာန်ကရိုင်းကျကျ က ပြ ချေ ဦး .....တဲ့
ပျားရည်နဲ့ဝမ်းချ နေတာမျိုးတော့လည်း စိတ်ညစ်တယ်။

လာခဲ့မယ်။ ညီမလေးလာခဲ့မယ်။
မေတ္တာစစ်သာမှန်ခဲ့ရင်...အရာအရာ ထူထောင်နိုင်စေကြောင်း...
လက်မောင်းသွေးဖေါက်ပြီး သစ္စာပြုဖို့ရာ...
ညီမလေး..ဆက်ဆက်လာခဲ့မယ်။

ညီမလေး စိတ်ဝိဉာဉ်ထိ ထင်နေတဲ့ အရှိုးရာ အထပ်ထပ်ကိုလည်း ယူခဲ့မယ်။
ညီမလေး သိမ်းဝှက်ထားရတဲ့ ကဗျာလေးတွေလည်း ယူခဲ့မယ်။
ညီမလေး တောင်ပံဖွင့်ဖို့အတွက် ယုံကြည်ချက်တွေလည်း ယူခဲ့မယ်...။

လာခဲ့မယ်..
ညီမလေး လာခဲ့မယ်....။

ညီမလေး ဆက် ဆက် လာ ခဲ့ မယ်....။


အိန္ဒြာ

အိမ်ကို လာလာလည်ကြတဲ့သူတွေပျင်းနေမှာစိုးလို့
"ညီမလေးရဲ့ လွမ်းခြေရာ" ကဗျာစာအုပ်ကလေးမှာ ရေးဖြစ်ခဲ့တဲ့
ကဗျာလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်..
တော်တော်လေးတော့ကြာပါပြီ
ကဗျာဆရာတွေ ညီမလေး ညီမလေးရေးကြလွန်းလို့ ကိုယ်လည်းရေးချင်စိတ်တွေပေါ်လာပြီး
ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ....။

13 comments:

  1. သဘောကျသွားပြီကွာ..
    ညီမလေး က ပြန်ချိန်းတာ..။
း)

    ReplyDelete
  2. သံသရာဟာ စမ်းရေအေးပမာမဟုတ်ကြောင်း
    ဘ၀ဆိုတာ ပင်လယ်ထက် မာယာများကြောင်း
    မျှော်လင့်ချက်ဆိုတာ ရှင်သန်ခြင်းရဲ့ အသက်ဓါတ်ဖြစ်ကြောင်း...
    ထောင်းလမောင်းကြေ ရာဇ၀င်မှာ
    ကိုယ့်လိပ်ပြာကိုယ် အလှဆုံးရေးခြယ်နိုင်တဲ့နေ့ ...

    ညီမလေးလာခဲ့မယ်..။

    ကဗျာကောင်းလေးကို ၀င်ရောက်ဖျက်ဆီးသွားပါတယ်။:P

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  3. မဒြာဆီကိုတော့ ညီမလေး ဇွန် လာလည်သွားတယ်နော်။း)

    ReplyDelete
  4. လာခဲ့တယ်...
    ညီမလေးလာခဲ့တယ်....။

    ညီမလေးဆက်ဆက်လာခဲ့တယ်...။

    ReplyDelete
  5. ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လားးးး
    အစစ အဆင်ပြေပါစေ ညီမလေးရေ..

    ReplyDelete
  6. အင်း အင်း သွားတော့ ညီမလေး ... စောင့်နေလိမ့်မယ် ....

    ReplyDelete
  7.း)

    ဘာမှ ပြောဖို့ မလိုတော့ဘူး ထင်ပ။

    ReplyDelete
  8. မကြီးးး

    အဲ့ဒီ ကဗျာ စာအုပ်လေး ရှိသေးရင် လိုချင်တယ်း)

    ReplyDelete
  9. ဆင်စီးမြင်းရံ ကို မနှစ်သက်တဲ့..
    ဗိုင်းကောင်းကျောက်ဖိ ပြဇာတ်ဟောင်းကြီး ကို မုန်းတဲ့
    ညီမလေးကို သဘောကျသွားပါတယ်..

    ReplyDelete
  10. ညီမလေး နဲ့ ရေးတာ အောင်ပိုင်စိုး တစ်ယောက်တော့
    သိပါတယ် ။ ဒါပေမယ့် သူ့ ညီမလေးတွေ က သူ့ကို
    ကဗျာတွေ ပေးပေး သွားတဲ့ ကျေးဇူးရှင်တွေ ဆိုပါတယ်။
    ဒီ ကဗျာ ကတော့ ညီမလေး စစ်စစ် ရဲ့ လှပတိကျ ခိုင်မာသော အနာဂတ် ထင် ကဗျာ ဖြစ်လို့ နှစ်သက်ခဲ့ပါတယ် ။
    ငြိမ်းစိုးဦး

    ReplyDelete
  11. ညီမလေး နဲ့ ရေးတာ အောင်ပိုင်စိုး တစ်ယောက်တော့
    သိပါတယ် ။ ဒါပေမယ့် သူ့ ညီမလေးတွေ က သူ့ကို
    ကဗျာတွေ ပေးပေး သွားတဲ့ ကျေးဇူးရှင်တွေ ဆိုပါတယ်။
    ဒီ ကဗျာ ကတော့ ညီမလေး စစ်စစ် ရဲ့ လှပတိကျ ခိုင်မာသော အနာဂတ် ထင် ကဗျာ ဖြစ်လို့ နှစ်သက်ခဲ့ပါတယ် ။
    ငြိမ်းစိုးဦး

    ReplyDelete
  12. ညီမလေးတော့ မှားတော့မယ် ........း)

    ReplyDelete