Showing posts with label သုခရိပ်မြုံ. Show all posts
Showing posts with label သုခရိပ်မြုံ. Show all posts

February 11, 2010

သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ (၅)

သုခရိပ်မြုံ HIV ကူစက်ခံ မိဘမဲ့ကလေးများဂေဟာအတွက် ကိုယ်တတ်နိုင်သမျှစွမ်းဆောင်မှုလေးနဲ့
စင်ကာပူနိုင်ငံနဲ့ နိုင်ငံအရပ်ရပ်က စေတနာရှင် ၁၁၁ ဦး မူးစုပဲစုနဲ့လှူဒါန်းခဲ့တဲ့ အလှူဒါနပွဲလေးက ဒီနေ့ပဲအထမြောင်အောင်မြင်ပြီးစီးသွားခဲ့ပါပြီ.။
လှူဒါန်းငွေပေးအပ်ပွဲလေးကို လျှပ်တစ်ပြက် ဂျာနယ်တိုက်မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားလေးအတွက်ဖိတ်စာလေးပါ။



အခမ်းအနားကို သုခရိပ်မြုံဂေဟာတာဝန်ခံ ဒေါ်အေးအေးမြင့်က အလှူငွေလက်ခံပြီး
ကျေးဇူးတင်စကားပြောကြားပေးခဲ့ပါတယ်။




အလှူငွေကို မမ မနော်ဟရီက လွှဲပြောင်းပေးအပ်ပေးပါတယ်.။




အလှူကိစ္စ အ၀၀အတွက် မြန်မာပြည်ကို ပြန်မှာဖြစ်တဲ့ မမ ကို ငွေတွေလွှဲပေးပြီး မမ က
အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်..။
မမကို ဦးမြတ်ခိုင်၊ဦးမျိုး(ကြောင်နှစ်ကောင်)မှစလို့ လျှပ်တစ်ပြက်ဝိုင်းတော်သားတွေနဲ့ အားလုံးက ၀ိုင်းဝန်းကူညီပေးခဲ့ကြပြီး
စာနယ်ဇင်းဆရာတွေ တော်တော်များများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
အခု သတင်းလေးတွေ ပူပူနွေးနွေးသိရအောင် တင်ပြပေးလိုက်တာဖြစ်ပြီး အစီအစဉ်အသေးစိပ်နဲ့
ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ပါတာတွေကို ဆက်လက်တင်ပြပေးသွားပါ့မယ်။
( မမ ကို scan ဖတ်ပို့ပေးဖို့ ထပ်ပြီးအပူကပ်ထားပါတယ်။)

အလှူအတွက် လွှဲပြောင်းပေးလိုက်တဲ့ ချက်လက်မှတ်ကလေးပါ



ငွေရကြောင်းလက်ခံဖြတ်ပိုင်းလေးပါ



ဒါကတော့ သုခရိပ်မြုံက လှူဒါန်းကြတဲ့အလှူရှင်(၁၁၁)ဦးထံကျေးဇူးတင်ပါကြောင်းမှတ်တမ်းလွှာလေးဖြစ်ပါတယ်။


ဒီပွဲကို အလုပ်တွေရှုပ်နေလို့ မတက်ရောက်နိုင်တဲ့ ဆရာမသန်းမြင့်အောင်ကလည်း အလှူ့ရှင်အားလုံးကို ဒီလို ကျေးဇူးတင်စာလွှာလေးပါးခဲ့ပါတယ်။



ဒီအလှူလေးနဲ့ပါတ်သက်ပြီး အိန္ဒြာက ကျေးဇူးတင်မှတ်တမ်းလေး အမှတ်တရရေးထားချင်ပါတယ်။

ပထမဆုံးကျေးဇူးတင်မိတာက မိုးကုတ်သားပါ။
စပြီး ငါ ဒီလိုလုပ်ချင်တယ်လို့ ပြောလိုက်ကတည်းက တက်တက်ကြွကြွ
အလှူခံပေး အစစအရာရာကူညီဆောင်ရွက် အပင်ပမ်းခံပေးခဲ့ပါတယ်။
အခုရတဲ့ အလှူခံငွေတွေ တွေရဲ့တစ်ဝက်လောက်က
သူ အာဝဇ္ဇန်းကောင်းကောင်းနဲ့အလှူခံပေးခဲ့တာပါ.။


နောက်မလေးရှားမှာနေတဲ့ ခရေတွန် လေးပါ
သူကအစိမ်း၅၀၀နဲ့ ဒီအလှူကိုဈေးဦးပေါက်လာဘ်ကောင်းအောင် လှူဒါန်းပေးခဲ့တဲ့ အတွက်ပါ.။
(သူကတော့ လူငယ်သလောက်တော်တော်စွံတယ်ကြားပါတယ်။)

နောက်တစ်ယောက်က ပြေတီဦးလေထိုးထားတဲ့ပုံနဲ့ သိန်း၅၀ပြည့်အောင်
လှည်းနေလှေအောင်းမြင်းဇောင်းမကျန် သူ့မိနစ်၇၀၀ဖုန်းကြီးအားကိုးနဲ့အလှူခံပေးတဲ့ ရီနိုမာန်ပါ။
ဒီလိုနဲ့ လေးဆယ့်ခုနှစ်သိန်းအထိ ရောက်လာခဲ့တာပါ။

လိုနေလို့ ဖြည့်တဲ့ ပိုက်ဆံကတော့ အိန္ဒြာတို့မောင်နှံကပဲစိုက်ထည့်ပါတယ်.။
(၁ ဒေါ်လာနဲ့၇၅ဆင့်တိတိ)

နောက် မမမနော်ဟရီ ။
နေမကောင်းတဲ့ကြားထဲက ငွေလွှဲထုတ်ကတည်းကနေစလို့ စိတ်ပင်ပမ်းလူပင်ပမ်း
အစစအရာရာဆောင်ရွက်ပေးခဲ့တဲ့ ပွဲလေးအတွက်ကုန်ကျစရိတ်ကိုလည်း
အိပ်ထဲက စိုက်ပြီး အများဆုံးကျခံပေးခဲ့တဲ့ မမကိုကျေးဇူးအရမ်းတင်ပါတယ်။
နောက်ဒီပွဲမှာ မမ က

"မနှစ်က ဒီဇင်ဘာတစ်ရက်က အိန္ဒြာက သူ့ဘလော့ခ်ကနေ
HIV ကူးစက်ခံ မိဘမဲ့ကလေးတွေအတွက် တစ်ခုခုလုပ်ပေးချင်တယ်ဆိုပြီး
ရတီမှာပါခဲ့တဲ့ သူ့ဝတ္ထုတိုလေးနဲ့ ပို့စ်တစ်ခု တင်ပြီး အလှူငွေ စကောက်ခဲ့ပါတယ် ။
ကျွန်မတို့လည်း အလှူငွေတွေဝိုင်းထည့်ခဲ့ကြပြီး
ဒီဇင်ဘာတစ်ရက်ကနေ ဇန္နဝါရီ ၃၁ရက်ထိ ကောက်ခံခဲ့တာမှာ အလှူငွေ ၄၇သိန်းရခဲ့ပါတယ်။
စင်ကာပူ၊ဂျပန်၊မလေး၊ဆိုက်ပရပ်စ်၊ဒူဘိုင်း၊ကာတာ၊ထိုင်း အမေရိကန် စတဲ့ နိုင်ငံတွေက စာရေးတဲ့ စာဖတ်တဲ့သူအလှူရှင်(၁၁၁)တွေက ဝိုင်းဝန်းလှူဒါန်းထားတဲ့အလှူငွေများဖြစ်ပါတယ်။
တကယ်တော့ ဒီလူတွေက တစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ ကလေးတွေအပေါ် ဂရုဏာသက်မှု
အိန္ဒြာရဲ့ စာတစ်ကြောင်း စာတစ်ပုဒ်ကြောင့် ရလာတဲ့ ဂရုဏာနဲ့ ဝိုင်းဝန်းလှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။
နောက် အလှူငွေကို လွှဲအပ်ဖို့အတွက် ဗမာပြည်ပြန်လာမယ့် ကျွန်မကို အကူအညီတောင်းတာကြောင့်
ကျွန်မ တာဝန်ယူပြီး ဒီအလှူငွေတွေကို အားလုံးကိုယ်စား လှူဒါန်းပေးရတာဖြစ်ပါတယ်။
ကမ္ဘာအရပ်ရပ်က အလှူရှင်ပေါင်း ၁၁၁ ဦး စုပေါင်းလှူဒါန်းတဲ့ငွေဖြစ်သည့်အတွက်
အားလုံးလည်း ရှင်းလင်းသွားအောင်၊
သာဓုလည်းခေါ်နိုင်အောင် ဒီလို စာနယ်ဇင်းလူကြီးတွေရှေ့မှာ
ခုလို အလှူငွေပေးအပ်ပွဲလေးလုပ်ပြီး ပေးရတာ ဖြစ်ပြီး
နောက်နှစ် ဒီလိုအချိန်မှာလည်းဒီလို အလှူလေးတစ်ခုဆက်လုပ်သွားနိုင်ဖို့ ကြိုးစားကြပါ ဦးမယ်။ "

လို့ပြောခဲ့ပါသေးတယ်။

နောက်ဗမာပြည်က မမ ကို ၀ိုင်းဝန်းကူညီပေးခဲ့ကြတဲ့ လူကြီးမင်းများ၊ စာနယ်ဇင်းပုဂ္ဂိုလ်များနဲ့
လှူဒါန်းကြသူ နိုင်ငံအရပ်ရပ်က စေတနာရှင် ညီအကိုမောင်နှမ၊မိတ်ဆွေများ ဘလော်ဂါများ အားလုံး

မမမနော်ဟရီပြောခဲ့သလို နှစ်စဉ် ဒီလိုမျိုးလိုအပ်တဲ့တစ်ထောင့်တစ်နေရာလေးအတွက် ဘယ်လိုလေးပဲဖြည့်ဆည်းနိုင်ဖြည့်ဆည်းနိုင် နိုင်သလောက်ဝန်းကလေးကို ၀ိုင်းဝန်းပြီး အတူတူထမ်းချင်ကြပါသေးတယ်။

နောက်နှစ်တွေလည်း လှူကြရအောင် လှူနိုင်ကြပါစေလို့ ဆန္ဒဆုမွန်ဖြင့်

ခင်မင်လေးစား ကျေးဇူးတင်စွာ

အိန္ဒြာ

January 31, 2010

သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ (၄)

သုခရိပ်မြုံ HIV ကူးစက်ခံ မိဘမဲ့ကလေးလေးတွေအတွက် အလှူခံပေးခဲ့တဲ့ လုပ်ငန်းလေးကတော့
အောင်မြင် အထမြောက်ပြီးစီးခဲ့ပါပြီ။
ဒီနေ့ ၂၀၁၀ခုနှစ်၊ဇန်န၀ါရီ(၃၁)ရက်နေ့မှာပဲ မြန်မာပြည်ကို ငွေလွှဲပြောင်းလိုက်ပါတယ် ။
စင်ကာပူနိုင်ငံနဲ့ နိုင်ငံအရပ်ရပ်မှ စုစုပေါင်း အလှူရှင် (၁၁၁) ဦးထံက စင်ကာပူဒေါ်လာ(၆၄၈၂.၇၅)တိတိ ရရှိထားပြီး၊
ယနေ့ စင်ကာပူငွေလွှဲနှုန်းပေါက်ဈေးအရ ငွေကျပ် လေးဆယ့်ခုနှစ်သိန်း(၄,၇၀၀,၀၀၀ိ/) တိတိရရှိပါကြောင်း ၀မ်းမြောက်ကြည်နူးဖွယ်ရာ သတင်းကောင်းပါးလိုက်ပါတယ်..။

အသေးစိတ်သတင်းများကို ထပ်မံတင်ပြပေးပါ့မယ်..။

လောလောဆည် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန်အတွက် အကြိုသတင်းကောင်းပါးလိုက်ခြင်းဖြစ်ပါကြောင်း....

မေတ္တာ စေတနာ နဲ့ သဒ္ဓါတရားထက်ထက်သန်သန် လှူဒါန်းကြသူတွေရဲ့စာရင်းကို ထပ်မံဖေါ်ပြလိုက်ပါတယ်

အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။
ဒီ့ထက်မက အများကြီး လှူနိုင်တန်းနိုင်တဲ့ ကိုယ်တွေဖြစ်ကြပါစေလို့
ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။

ခင်မင်လေးစားစွာ

အိန္ဒြာ
++++++++++++++++++++++++++++++++++++++++++++++++++++++

1) ကိုမင်းသုခ- S$ 100
2) မ မနော်ဟရီ-- S$ 100
3) မိုးကုတ်သား- S$ 50
4) ဖိုးစိန် - S$100
5) ကိုဝင်းဇော်လှိုင် + အိန္ဒြာ - S$101.75
6) Mr. Neo+ Ms. Lucy - S$ 200
7) မနန်းဧကရီ - S$100
8) မေသူ - S$50
9) မေဇင် - S$20
10) ကိုဇော်မျိုးအောင် - S$50
11) ကိုဇင်မင်းသူ+မခိုင်ခိုင်ဇာ - S$50
12) ငွေအိမ်စံ - S$150
13) မမီး(မိုးသောက်ကြယ်) - S$50
14) လိမ္မော်+ချစ်သူ - S$30
15) နန်းသန္တာ - S$25
16) ပူးတေ - S$25
17) နွေးနေခြည် - S$20
18) မြတ်ဖုန်းမို - S$50
19) Zephyr - S$100
20) ယဉ်ယဉ်ထွန်း -S$30
21) Khant Khant Chein - S$50
22) မယ်လိုဒီမောင် - S$ 50
23) ကိုသုခ+မမေကဆုန် - S$20
24) MHZ+KZPK - S$30
25) သက်နိုင် - S$10
26) ကိုသောင်းစံ+မပိုးရည်မွန် - S$30
27) ကိုမင်းမင်း+မအေးလေး- S$30
28) ဟန်သီဆု - S$50
29) ကိုဇာနည်+ယုယု S$ 100
30) သိရိထွန်း - S$ 100
31) ကိုရန်နိုင်+ မနေခြည်ပွင့် - S$ 15
32) ဖလ်နေ၀န်း - S$ 50
33) အိုင်လွယ်ပန်+အမရာ S$ 130
34) နီနီနိုင် S$ 100
35) မို့မို့ရှိန် S$ 30
36) ဒေါက်တာ ဥာဏ်+မ၀ါဝါခိုင်မင်း မိသားစု (ဂျပန်) -S$ 70
37) Major SawMyat Min(Retired)+Daw Khin Lin Min Family - S$50
38) ယုယုထက် - S$50
39) ကိုလင်းသန့် + မထက်ရီ - S$50
40) ပိုင်သူချစ် - S$50
41) အေးယုမွန် - S$50
42) မြတ်သန္တာအောင် - S$50
43) ကိုဗညားသိန်း - S$50
44) အေမွန်အောင် - S$50
45) ကိုပိုင်စိုးအောင်+မ၀င်းကြည်တင် - S$50
46) ခိုင်ဇာမွန် - S$70
47) ဇော်မျိုးမင်း - S$25
48) တိုးတိုးထိုက်လင်း - S$50
49) ကိုနောင်နောင်လတ်+လဲ့မိုးသွင် - S$50
50) ကိုမင်းရဲဖုန်း+မနိုင်နိုင်ထွန်း - S$10
51) မသင်းသက်အေး S$10
52) မနီလာထက်ထက်အောင် S$10
53) မမိုးမိုးထိုက်လင်း S$10
54) ကိုဖြိုးမောင်မောင်ဝင်း S$10
55) မခိုင်စန္ဒာလှမြင့် S$10
56) ကိုဝင်းနိုင်+မခင်မာချို မိသားစု S$50
57) ဥမ္မာကျော် S$20
58) ပွင့်လေးညို S$15
59) ကိုဥာဏ်ဝင်း+မနန္ဒာထွန်း S$ 50
60) နှင်းနွယ်ရွှေ S$1ဝ
61) သန္တာလှိုင် S$1ဝ
62) ကိုလှဝင်းအောင် + မယဉ်ယဉ်မြင့်
63) စိမ်းစိမ်းမိုး S$5ဝ
64) ကိုနှင်းမြိုင်+ မသီတာဝင်း S$50
65) ရီနိုမာန် S$3ဝ
66) မိုးခါး S$3ဝ
67) ဆောင်းချမ်းမိုး S$2ဝ
68) ဦးခင် S$50
69) မဥမ္မာထွန်း S$50
70) ကိုမင်းမင်းဦး S$50
71) နန်းအေးမြတ်မွန် S$30
72) ကိုမောင်မောင်ညွန့်S$20
73) နှစ်နှစ်-S$25
74) ရေတမာ S$20
75) ဦးပေါ S$50
76) ကိုသစ်ကောင်းအိမ်+မကေခိုင်၊ကိုဆောင်းယွန်းလ၊ကိုနိုင်ဝင်း (ခ) ကိုဝင်းငယ်၊
ကိုသန်းစိုး+မဒါလီသိန်း ၊
ကိုသိန်းအောင်ကျော် (ခ) ကိုရဲ၊ Karen Bendaer ၊
မသိင်္ဂီ (ခ) မမီးငယ် ကိုအောင်ဌေး နှင့် ကိုဇော်ဝင်း တို့မှစုပေါင်းအလှူငွေ S$602
85) ခရေတွန် S$682
86) မယ်ကိုး S$90
87) မြစ်ကျိုးအင်း S$100
88) အဖြူရောင်နတ်သမီး S$100
89) ကိုဝဏ္ဏ၀င်း+မမေဇော်ဦး S$50
90) ကိုတင့်လွင် နှင့် ဇနီး S$30
91) ပန်ဒိုရာ S$50
92) ထွန်းနောင်မြင့် + သဲဆုမွန် S$100
93) ထိုက်သင်ဇာဝင်း S$50
94) သမီးလေးဇွန်သဲဆု S$50
95) မမေဇင်ဦးလွင် S$120
96) ညိုမီညွန့် S$20
97) Julian S$100
98) စင်ကာပူ Blogger မောင်နှမများ S$70
99) ဦးဇော်မင်း+ဒေါ်မြင့်မြင့်ခိုင် S$50
100) ဒေါ်မြတ်မြတ်ထွေး S$130
101) လင်းဒီပ S$50
102) တေးမွန် S$100
103) ကျော်ဖ S$50
104) ကိုတင်မင်းထက် S$30
105) နိုဘယ်လ်မိုး S$100
106) ကိုသန့်ဇင်ဦး+မအေးမြငြိမ်း S$30
107) ချစ်ကြည်အေး S$30
108) တလနွန် S$20
109) သဲသဲ S$20
110) သံလွင်ဟီးရိုး S$25
111) မဆွေဇင်ထွန်း S$50

January 8, 2010

သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ (၃)

သုခရိပ်မြုံ HIV ကူစက်ခံမိဘမဲ့ကလေးငယ်များ ဂေဟာအတွက်
၂၀၀၉ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ကနေစပြီး အလှူခံပေးနေခဲ့တာ
ခုဆို စာရင်းပိတ်မယ်လို့ပြောထားတဲ့ ၂၀၁၀ခုနှစ် ဇန်န၀ါရီ ၁၀ ရက်နေ့နားနီးလာခဲ့ပါပြီ။
လှူဒါန်းထားကြတဲ့ လက်ဝယ်ငွေရရှိပြီးထားတဲ့ အလှူရှင်တွေရဲ့ စာရင်းကို မုဒိတာပွားနိုင်ဖို့ ထပ်မံဖေါ်ပြပေးလိုက်ပါတယ်။
စုစုပေါင်း သိန်း(၄၀)ပတ်ဝန်းကျင်ရရှိပြီးဖြစ်ပါတယ်။
သိန်း(၅၀)လောက်ရအောင်လှူချင်ပါသေးတယ်။

စာရင်းမပိတ်ခင်လှူချင်ကြသူများရှိဦးမလားပေါ့ ၊
မလှူလိုက်ရမရှိလေအောင် နိဗ္ဗာန်ဆော်ထပ်လုပ်လိုက်ပါတယ်။

အခုဆို အမေရိကား၊ စင်ကာပူ၊မလေးရှားနဲ့ထိုင်းနိုင်ငံတွေက
အလှူရှင်တွေစုပေါင်းထားတာဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံကတော့ သုခရိပ်မြုံကို
တိုက်ရိုက်ဆက်သွယ်လှူဒါန်းလိုက်တယ်လို့ အကြောင်းကြားထားပါတယ်။

အားလုံးကိုကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောနေရတာများနေပြီဖြစ်ပေမယ့်
ကျေးဇူးတင်တဲ့ အကြောင်းထပ်ပြောပါရစေဦး။

အခုလို စိတ်ပါလက်ပါ မေးမြန်းကြ ဆက်သွယ်လှူဒါန်းကြ မေးလ်တွေဖေါ်ဝပ်လုပ်ပြီး အလှူငွေကောက်ခံပေးကြသူ နိုင်ငံအရပ်ရပ်က ညီအကိုမောင်နှမ မိတ်ဆွေ သူငယ်ချင်းအားလုံး ကို
အိန္ဒြာက သုခရိပ်မြုံကိုယ်စား ရောဂါကူးစက်ခံ မိဘမဲ့ကလေးလေးတွေကိုယ်စား
ကျေးဇူးအထူးတင်ရှိပါကြောင်း
စိတ်၏ကိုယ်၏ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။

ဒီနေ့အထိလက်ဝယ်ငွေသားရရှိထားပြီးတဲ့ စာရင်းလေးကိုဖေါ်ပြပေးလိုက်ပါတယ်။
1) ကိုမင်းသုခ- S$ 100
2) မ မနော်ဟရီ-- S$ 100
3) မိုးကုတ်သား- S$ 50
4) ဖိုးစိန် - S$100
5) ကိုဝင်းဇော်လှိုင် + အိန္ဒြာ - S$100
6) Mr. Neo+ Ms. Lucy - S$ 200
7) မနန်းဧကရီ - S$100
8) မေသူ - S$50
9) မေဇင် - S$20
10) ကိုဇော်မျိုးအောင် - S$50
11) ကိုဇင်မင်းသူ+မခိုင်ခိုင်ဇာ - S$50
12) ငွေအိမ်စံ - S$150
13) မမီး(မိုးသောက်ကြယ်) - S$50
14) လိမ္မော်+ချစ်သူ - S$30
15) နန်းသန္တာ - S$25
16) အဆိပ်ခွက် - S$20
17) နွေးနေခြည် - S$20
18) မြတ်ဖုန်းမို - S$50
19) Zephyr - S$100
20) ယဉ်ယဉ်ထွန်း -S$30
21) Khant Khant Chein - S$50
22) မယ်လိုဒီမောင် - S$ 50
23) ကိုသုခ+မမေကဆုန် - S$20
24) MHZ+KZPK - S$30
25) သက်နိုင် - S$10
26) ကိုသောင်းစံ+မပိုးရည်မွန် - S$30
27) ကိုမင်းမင်း+မအေးလေး- S$30
28) ဟန်သီဆု - S$50
29) ကိုဇာနည်+ယုယု S$ 100
30) သိရိထွန်း - S$ 100
31) ကိုရန်နိုင်+ မနေခြည်ပွင့် - S$ 15
32) ဖန်နေ၀န်း - S$ 30
33) အိုင်လွယ်ပန်+အမရာ US$ 30
34) နီနီနိုင် S$ 100
35) မို့မို့ရှိန် S$ 30
36) ဒေါက်တာ ဥာဏ်+မ၀ါဝါခိုင်မင်း မိသားစု (ဂျပန်) -S$ 70
37) Major SawMyat Min(Retired)+Daw Khin Lin Min Family - S$50
38) ယုယုထက် - S$50
39) ကိုလင်းသန့် + မထက်ရီ - S$50
40) ပိုင်သူချစ် - S$50
41) အေးယုမွန် - S$50
42) မြတ်သန္တာအောင် - S$50
43) ကိုဗညာသိန်း - S$50
44) အေမွန်အောင် - S$50
45) ကိုပိုင်စိုးအောင်+မ၀င်းကြည်တင် - S$50
46) ခိုင်ဇာမွန် - S$70
47) ဇော်မျိုးမင်း - S$25
48) တိုးတိုးထိုက်လင်း - S$50
49) ကိုနောင်နောင်လတ်+လဲ့မိုးသွင် - S$50
50) ကိုမင်းရဲဖုန်း+မနိုင်နိုင်ထွန်း - S$10
51) မသင်းသက်အေး S$10
52) မနီလာထက်ထက်အောင် S$10
53) မမိုးမိုးထိုက်လင်း S$10
54) ကိုဖြိုးမောင်မောင်ဝင်း S$10
55) မခိုင်စန္ဒာလှမြင့် S$10
56) ကိုဝင်းနိုင်+မခင်မာချို မိသားစု S$50
57) ဥမ္မာကျော် S$20
58) ပွင့်လေးညို S$15
59) ကိုဥာဏ်ဝင်း+မနန္ဒာထွန်း S$ 50
60) နှင်းနွယ်ရွှေ S$1ဝ
61) သန္တာလှိုင် S$1ဝ
62) ကိုလှဝင်းအောင် + မယဉ်ယဉ်မြင့်
63) စိမ်းစိမ်းမိုး S$5ဝ
64) ကိုနှင်းမြိုင်+ မသီတာဝင်း S$50
65) ရီနိုမာန် S$3ဝ
66) မိုးခါး S$3ဝ
67) ဆောင်းချမ်းမိုး S$2ဝ
68) ဦးခင် S$50
69) မဥမ္မာထွန်း S$50
70) ကိုမင်းမင်းဦး S$50
71) နန်းအေးမြတ်မွန် S$30
72) ကိုမောင်မောင်ညွန့်S$20
73) နှစ်နှစ်-S$25
74) ရေတမာ S$20
75) ဦးပေါ S$50
76) ကိုသစ်ကောင်းအိမ် US$100
77) ကိုဆောင်းယွန်းလ US$50
78) ခရေတွန် US$500
79) မယ်ကိုး S$90
80) လိမ္မော် + ချစ်သူ S$30
81) မြစ်ကျိုးအင်း S$100
82) အဖြူရောင်နတ်သမီး S$100
83) ကိုဝဏ္ဏ၀င်း+မမေဇော်ဦး S$50
84) ကိုတင့်လွင် နှင့် ဇနီး S$30
85) ပန်ဒိုရာ S$50
86) ကိုနိုင်ဝင်း (ခ) ကိုဝင်းငယ် US$50
87) ကိုသန်းစိုးနှင့်မဒါလီသိန်း US$50
88) ကိုသိန်းအောင်ကျော် (ခ) ကိုရဲ US$50
89) မသိင်္ဂီ (ခ) မမီးငယ် US$30
90) Karen Bendaer US$20
91) ကိုအောင်ဌေး US$40
92) ကိုဇော်ဝင်း US$50
93) ထွန်းနောင်မြင့် + သဲဆုမွန် S$100
94) ထိုက်သင်ဇာဝင်း S$50
95) သမီးလေးဇွန်သဲဆု S$50
96) မမေဇင်ဦးလွင် S$120
97) ညိုမီညွန့် S$20


98) Julian S$100
99) စင်ကာပူ Blogger မောင်နှမများ S$70
100) ဦးဇော်မင်း+ဒေါ်မြင့်မြင့်ခိုင်
S$50






စုစုပေါင်း အလှူရှင် (၁၀၀) ဦးထံက အမေရိကန်ဒေါ်လာ (၁၁၆၀) စင်ကာပူဒေါ်လာ(၄၂၁၅)တိတိ ရရှိထားပြီးဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
သိန်း(၅၀)ရရင်စာရင်းပိတ်မှာဖြစ်ပါတယ်း)
လှူဒါန်းတဲ့သတင်းကိုလည်းမေးလ်မှာရောဘလော့မှာပါအသေးစိပ်သတင်းရေးပြီး အလှူရှင်များအတွက်ကျေးဇူးတင်မှတ်တမ်းကိုလည်းပေးပို့ပေးမှာဖြစ်ပါကြောင်း...



အားလုံးကို လေးစားခင်မင်စွာ


အိန္ဒြာ ( 065 91796542)eaindra.mm@gmail.com

December 20, 2009

သုခကြယ်

လူ့အဖြစ်သားရဲတွင်းထဲ
ကံကြမ္မာပစ်ချလိုက်ပုံက
ရမ်းကားသလောက် ရက်စက်ခဲ့ပေမယ့်
မင်းကို ယုယထွေးပိုက်ဖို့
မင်းကို ထွန်းညှိလင်းလက်ဖို့
ဟောဒီ့မှာ
အလင်းပျိုးတဲ့လက်တွေ စောင့်နေတယ် ။

ကလေးရေ
ဘယ်ကြယ်စင်ကိုမဆို
မင်းဆွတ်ယူခွင့်ရှိတယ်ကွယ့်
ဘ၀တောကြီးမျက်မည်းမှာ
လောကဓံဆိုတာ
အကြမ်းခံတောစီးဖိနပ်တစ်ရံပါကွာ.....

မင်းရဲ့ သတ္တိက
မင်းအတွက် ဆောင်ဓါး
မင်းရဲ့ ခွန်အားက
မင်းအတွက်လေးညှို့တစ်စုံပေါ့

ခုတ်ထွင်လိုက် ရှုင်းလင်းလိုက်
လိုအပ်ရင် ရင်ဆိုင်ရဦးမယ့်
အန္တရယ်အသွယ်သွယ်အတွက်
မင်း....အဆင်သင့်ပြင်ထားလိုက်..

ကလေးရေ..
အားမာန်အပြည့် လျှောက်လှမ်းရဦးမယ့်
မိုင်ထောင်ချီ ခရီးရှည်ကြီးအစ
ပထမမြောက် မင်းရဲ့ခြေလှမ်းဟာ
"သုခရိပ်မြုံ " က တာထွက်လာပြီလေ..

မင်း..ရဲရင့်ပါ
မင်း..ယုံကြည်ပါ
မင်း..ဇွဲသန်ပါ
မင်းဟာ..အရာရာပါ.. ကလေးရဲ့..

လှမ်းမျှော်ကြည့်လိုက်စမ်း
ဟောဟို့..ကောင်းကင်ထက်ဆီက
လင်းလက်ရွှန်းပနေသမျှ
ဘယ်ကြယ်စင်ကိုမဆို..
မင်း လည်း ဆွတ်ယူခွင့်ရှိတယ်လေ..။

အိန္ဒြာ

အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကူးစက်ခံ ကလေးသူငယ်များအတွက်
၂၀ ရက် ဒီဇင်ဘာလ ၂၀၀၉ အင်ယားကန်စောင်း စိမ်းလန်းစိုပြေဥယျာဉ်မှာ
DOI ( Dream Of Inferior Poretry Club) မှ ကဗျာဆရာလူငယ်တွေစုစည်းပြီး..
အလင်းပျိုးမယ့်လက်ဆိုတဲ့
စာနာမှု ကဗျာရွှတ်ပွဲလေးတစ်ခု စီစဉ်ကျင်းပခဲ့ကြပါတယ်။
စုစုပေါင်း ကဗျာ(၁၃)ပုဒ် ရွတ်ဆိုကြပြီး ကဗျာချစ်သူများပါ ပါဝင်နိုင်တဲ့
ပါဖောင့်မန့်အတ် ကဗျာကိုလည်း စုစည်းရေးစပ်ခဲ့ကြတယ်…
HIV .. သရုပ်ဖော်.. ပြကွက် တစ်ခုကို ပါဝင်ပြသခဲ့တယ်လို့သိရပါတယ်။
ရရှိတဲ့ အလှူငွေတွေကို သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာကို လှူဒါန်းကြမယ်လို့
သာဓုခေါ်ကြည်နူးဝမ်းမြောက် မုဒိတာပွားဖွယ်ရာကြားသိရပါတယ်။
အဲဒီ့ကဗျာရွတ်ပွဲမှာ မင်းယွန်းသစ်က ဒီကဗျာလေးကို ရွတ်ဆိုခဲ့ပါတယ်။

December 12, 2009

သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ(၂)

သုခရိပ်မြုံလေးနဲ့ပတ်သက်ပြီး တစ်ချို့က ဖေါ်ဝပ်မေးလ်တွေကတဆင့် တစ်ချို့က ဘလော့ကို ၀င်ဖတ်မိပြီး ထင်ထားတာထက်စိတ်ဝင်တစား မေးမြန်း လှူဒါန်းကြတဲ့ အတွက် အတိုင်း မသိ ၀မ်းသာကြည်နူးဖြစ်ရပါတယ်..။
သုခရိပ်မြုံမိသားစုကိုယ်စား မိဘမဲ့ ရောဂါသည်ကလေးလေးတွေရဲ့ကိုယ်စား အားလုံးကို
ကျေးဇူးတွေတင် မေတ္တာတွေပို့သနေပါတယ်..။
အခု ပိုစ့်လေးကတော့ သုခရိပ်မြုံနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲလေးပါ သုခရိပ်မြုံ(၂) လို့ နာမည်ပေးထားတာ ကတော့ နောက် သုခရိပ်မြုံနဲ့ပတ်သက်သမျှ ကို အလျင်းသင့်သလို ဖေါ်ပြပေးသွားမှာဖြစ်လို့ပါ..။
သုခရိပ်မြုံနဲ့ ပတ်သက်တဲ့ ဘလော့လေးတစ်ခုလုပ်ဖို့လည်း ၀ိုင်းဝန်း ကြိုးစားနေကြပါတယ်..။
အားလုံးသဘောပေါက်ကြတဲ့ အတိုင်း အချိန်က အဓိကကျနေတော့ အခုလောလောဆည် မကြာမှီ လာမည် မျှော်.....လို့ပဲပြောနိုင်ပါသေးတယ်..။

အခုသုခရိပ်မြုံနဲ့ဆက်သွယ်မေးမြန်းစုံစမ်းထားသမျှအသေးစိပ်အချက်အလက်ကလေးတွေ
စုဆောင်းတင်ပြလိုက်ပါတယ်..။
သုခရိပ်မြုံကို တိုက်ရိုက်သွားမေးပေးတဲ့ မိုးလှိုင်ည ၊
မေးခွန်းတွေကို ဖြေပေးတဲ့ တာဝန်ခံဆရာမ ဒေါ်အေးအေးမြင့် ၊
ဖုန်းနဲ့ နားပူခံပေးတဲ့ ဆရာမဒေါ်သန်းမြင့်အောင်နဲ့ ဆရာမစုထား အားလုံးကို ကျေးဇူးတင်ပါတယ်..။
အောက်မှာ ဖေါ်ပြထားတဲ့ပုံလေးကတော့ ဆရာမဒေါ်သန်းမြင့်အောင်က သုခရိပ်မြုံအကြောင်းကို
အဖြူရောင် သက်တံကဗျာရွတ်ပွဲမှာ ပြောပြနေတဲ့ ပုံလေးဖြစ်ပါတယ်။



သုခရိပ်မြုံဂေဟာလေးမှာ ခုအချိန်အထိ

၁ နှစ် အရွယ် ကလေးငယ် ၃ ယောက် …
မူကြိုအရွယ် ကလေးငယ် ၂နှစ်မှ ၅နှစ်ကြား ၁၀ယောက်
၅ နှစ်ကလေး ၈ ယောက်
၅ နှစ် ကနေ ၁၀ ကြား ကလေး ၁၆ ယောက်
၁၀ နှစ်အထက် ၈ ယောက်
စုစုပေါင်း(၄၅)ယောက်တိတိကို ကျွေးမွေးပြုစုဆေးကုသပေးလျှက်ရှိပါတယ်..။

ကလေးငယ်များအတွက် အဓိက လိုအပ်ချက်မှာ…အစားအစာ နဲ့ ဆေးဝါး.. ဖြစ်ပါတယ်…

အစားအစာအနေနဲ့ ကလေးငယ်များအား တစ်နေ့ ခြောက်ကြိမ် ကျွေးမွေးပါတယ်…
ခွန်အားဖြစ်စေတဲ့ အစားအစာ ကိုယ်ခံစွမ်းအားတွေ သန်မာလာစေနိုင်မယ့် အစားအစာတွေကို
စနစ်တကျ ကျွေးမွေးရတယ်လို့သိရပါတယ်..။

နံနက်စာကို မနက် ၇ နာရီတွင် ကျွေးမွေးပြီး… ပဲပြုတ်ထမင်း၊ ခေါက်ဆွဲပြုတ်နဲ့ …
ဗိုက်ပြည့်စေမယ့် အခြားအမယ်များပါကျွေးမွေးပါတယ်..။
နံနက် ကိုးနာရီအချိန်တွင် .. အဆာပြေ နွားနို့ ဘီစကစ်
နံနက် ၁၁ နာရီနဲ့ ၁၂ အချိန်တွင် နေ့လည်စာ ထမင်း
နေ့လည် ၂ နာရီ အချိန်မှာ အဆာပြေ အိုဗာတင်းနဲ့ ဘီစကစ်
ညနေ ၅ နာရီအချိန်တွင် ညနေစာ ကျွေးမွေးပါတယ်…။
ည အဆာပြေကို ည ၈ နာရီအချိန်တွင် ကြက်ဥ၊ နွားနို့ တို့ ထပ်မံကျွေးမွေးပါတယ်…။

ကလေး(၄၅)ယောက်စာတစ်နေ့ကို စားစရိတ် ငွေ ကျပ် ၅၀၀၀၀ ကနေ ကျပ်၆၅၀၀၀ ၀န်းကျင်အထိကုန်ကျပြီး
ဆေးဝါးအနေနဲ့ကတော့ ကုထုံးဆေးဝါးများအပြင် အားဆေးအဖြစ် Multivita နဲ့ ပရိုဗီမင် အားဆေးတွေကို တိုက်ကျွေးတယ်လို့သိရပါတယ်.။

လက်ရှိအဆောက်အဦနဲ့မြေနေရာကကျဉ်းမျောင်းနေပြီး.အဆောက်အဦတိုးချဲ့ဖို့လည်း
လိုအပ်နေပါတယ်.။ကလေးလေးတွေ ကစားကွင်းသေးသေးလေးလဲလိုအပ်နေပါတယ်.။

နောက် လက်ရှိကလေးလေးတွေ အရွယ်ရောက်လာတဲ့ အခါ မိန်းကလေး ယောက်ျားလေး သီးသန့်
GROUP HOME ပုံစံထားပေးနိုင်ဖို့အတွက် မြေကွက်တစ်ကွက်ဝယ်ပြီး အဆောက်အဦဆောက်ဖို့
အစီအစဉ် ရှိတယ်လို့ ဆရာမစုထားက ပြောပြပါတယ်။

သူတို့လေးတွေ အတန်းပညာဆက်သင်ချင်တဲ့သူတွေအတွက် သူတို့ရောက်နိုင်တဲ့ ပညာအဆင့်အတန်း အထိပြီးမြောက်အောင် ၊
အသက်မွေးဝမ်းကျောင်းပညာတွေတတ်ချင်သူတွေအတွက် ၀ါသနာပါရာလက်မှုပညာတွေ
ကိုယ်စီကိုယ်ငှ တတ်မြောက်အောင်၊
လူတစ်လုံးသူတစ်လုံးလူလောကထဲမှာတင့်တောင့်တင့်တယ်အခြေချနိုင်သည်အထိ
ပြုစုပျိုးထောင်ပေးသွားမှာဖြစ်ကြောင်း ကြည်နူး ၀မ်းသာဖွယ်ရာကြားသိရပါတယ်.။

အလှူအနေနဲ့ကတော့ စားစရိတ်ကို အပေါ်မှာ
ဖေါ်ပြထားတဲ့ အတိုင်း ဘယ်အနပ်အတွက်ဘယ်လောက်စသဖြင့်လှူဒါန်းနိုင်သလို

ကလေးလေးတစ်ယောက်စားစရိတ်အဖြစ်
တစ်နေ့ကို ၁၅၀၀ ကျပ်နှုန်း တစ်လကို ၄၅၀၀၀ကျပ်သတ်မှတ်ထားရှိပါတယ်.

ကလေးလေး တစ်ယောက်ချင်းစီအတွက်
စားစရိတ်တာဝန်ယူပြီးလည်း လစဉ်လှူဒါန်းနိုင်ပါတယ်.။

လစဉ်လှူဒါန်းလိုသူတွေအနေနဲ့ " thukhayeikmyone@gmail.com " ကို
တိုက်ရိုက်မေးလ်ပို့ပြီး ဆက်သွယ်လှူဒါန်းနိုင်ကြပါတယ်.။


သုခရိပ်မြုံ ဂေဟာလေးရဲ့တည်နေရာကတော့

အမှတ် ( ၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း၊
ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၁)ရပ်ကွက်၊ ရန်ကုန်မြို့။
(မထသ ၃၆ ဘတ်စ် အစိမ်း၊ တံတားထိပ်မှတ်တိုင်ရှေ့)

တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ် ။ ။ ၅၈၁၉၅၅

ဆက်သွယ်လှူဒါန်းနိုင်တဲ့ ပုဂ္ဂိုလ်များကတော့

(၁) ဒေါ်သန်းမြင့်အောင် (၀၉-၉၉-၂၈၅၄၉ ,၂၀၅၄၅၁)

(၂) ဒေါက်တာ ထားထား ( စုထား ) suhtar@gmail.com
( ၀၉-၂၀၁-၇၉၆၁) တို့ဖြစ်ပါတယ်..။

နေ့စဉ်အလှူ့ရှင်စာရင်းတွေကို ဆိုဒ်ဘားမှာတင်ပေးသွားမှာဖြစ်ပြီး
စာရင်းပေးသွင်းထားသူတွေအနေနဲ့
ကျေးဇူးပြုပြီး ၂၀၁၀ ဇန်န၀ါရီ ၅ ရက်နေ့နောက်ဆုံးထား

ငွေပေးပို့ လွှဲပြောင်းပေးစေ့လိုပါတယ်..။

သုခရိပ်မြုံလေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလည်း
ဒီဘလော့လေးမှာ ဆက်လက် ရေးသားတင်ပြပေးသွားပါ့မယ်..။

ကျွန်မတို့ တစ်ဦးချင်းစီရဲ့ငွေကြေးလေးတွေကိုစုပေါင်းပြီး
သူတို့လေးတွေအတွက်
အစားအစာလေးပဲရရ..အ၀တ်အထည် ၊ ဆေးဝါး.. ဒါမှမဟုတ် ကျောင်းစရိတ်လေးပဲဖြစ်ဖြစ်.
ဒါမှမဟုတ် နေရာထိုင်ခင်းလေး................

လိုနေတဲ့ ကွက်လပ်ကလေး တစ်ခုခုကိုတော့ ဖြည့်စွမ်းပေးနိုင်ကောင်းမှာပါ...

တွေးမိတိုင်း ကြည်နူးပိတိဖြစ်ကြရမယ့်
အမှတ်တရ အလှူဒါနလေး ဖြစ်နေမှာတော့မှာဖြင့် သေချာနေပါတယ်လေ..။




အိန္ဒြာ

December 1, 2009

သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ


အခုမြင်တွေ့ရတဲ့ အဆောက်အဦးလေး ကတော့ HIV ကူးစက်ခံ မိဘမဲ့ကလေးငယ်များရဲ့
သုခရိပ်မြုံလေးပါပဲ..။
သုခရိပ်မြုံဂေဟာ လေးက ဒဂုံ မြို့သစ် အရှေ့ပိုင်း မှာ တည်ရှိပါတယ်.။

အဲဒီ့အဆောက်အဦးလေးကို ၂၀၀၆ခုနှစ်မှာအုတ်မြစ်ချအခြေတည်ခဲ့တာဖြစ်ပြီး ၊
သုခရိပ်မြုံစတင်စဉ်မှာ ကလေးလေး(၂)ယောက်ကနေစတင်ခဲ့တာပါ..။
အခု အဲဒီ့အဆောက်အဦးထဲမှာ ကလေးလေး(၄၅)ယောက်အထိရှိသွားခဲ့ပါပြီ.။
သူတို့လေးတွေဟာ အသက် တစ်နှစ်ခွဲ ကနေ ၁၅ နှစ်အထိ အရွယ် အသီးသီးရှိကြပါတယ်.။
ကံကြမ္မာချထားပေးရာထိတ်လန့်စရာဘ၀တွေနဲ့ ကိုယ့်အနာဂါတ်ကိုမသိရှာကြတဲ့ ကလေးလေးတွေ.
သူတို့ဟာဘယ်လိုမှဆက်စပ်စရာမရှိတဲ့တစ်နေရာစီကနေရောက်လာကြရပြီး
တစိမ်းတရံစာတွေရဲ့မေတ္တာလေးနဲ့နွေးထွေးနေကြရရှာသူတွေဖြစ်ပါတယ်.။


အပေါ်ကပုံလေးကတော့ ကာတွန်းဆရာကိုစိုးသော်တာ ကာတွန်းရုပ်ကလေးတွေ ဆွဲပြနေတာကို
သဘောတကျ ကြည့်ရှုနေကြတာပေါ့..။
သူတို့လေးတွေထဲမှာ တစ်ချိုက ကာတွန်းတွေ ပန်းချီတွေရေးဆွဲရတာကို နှစ်ချိုက်လို့..
တစ်ချို့က စာအုပ်တွေဖတ် ကဗျာရွတ်တာနားထောင်ရရင်ပျော်လို့
တစ်ချို့လေးတွေက သူတို့နာမည်မေးရင်တောင် သူတို့ကြိုက်တဲ့ မင်းသားမင်းသမီးနာမည်ကို
ရယ်ရယ် မောမော ဖြေဆိုတတ်ပါသေးတယ်..
တစ်ချို့က ဦးဗေလုဝကိုမြင်တော့ Hi Tea လာပြီဟေ့တဲ့..
ဆရာဝန်မကြီးလုပ်တမ်းကစားရမှ ကျေနပ်ကြသူလေးတွေ
စာသင်ကြေးဆော့နေကြတဲ့ ကလေးလေးတွေ..
ကစားစရာကို ဖြုတ်လိုက်တပ်လိုက် အလုပ်ရှုပ်နေသူလေးတွေ..
အဲသည့် ၄၅ ယောက်သော လူမမည်လေးတွေဟာ အနာဂါတ်ကောင်းကင်မှာ
ဘယ်လို ထွန်းလင်းပြမယ့် ကြယ်စင်တွေများလဲ.....။

သူတို့လေးတွေက အဲဒီ့ဂေဟာလေးမှာ
ဆရာမဒေါ်သန်းမြင့်အောင်၊ ဆရာမ ဂျူး၊ ဆရာမစုထား
အစရှိတဲ့ သုခရိပ်မြုံမိသားစုရဲ့အရိပ်အာဝါသအောက် မှာ
ဝန်ထမ်းသူနာပြုဆရာမ၊ကျောင်းဆရာမမေမေတွေ (၁၈) ယောက်ရဲ့ ယုယအုပ်ထိမ်းမှုအောက်မှာ
အပူအပင်မရှိ ပျော်ရွှင်နေကြရှာပါတယ်..။
မူကြိုအရွယ်ကလေးတွေအတွက် မူကြိုကျောင်း နဲ့ သူငယ်တန်းကနေ လေးတန်းအထိ ကလေးငယ်တွေအတွက် ၀ိသာခါသီလရှင်ပညာဒါနကျောင်းမှာ နာမည်စာရင်းပေးသွင်းထားပြီး
သုခရိပ်မြုံလေးမှာပဲ သင်ရိုးတွေအတိုင်းသင်ကြားပေးလျှက်ရှိပါတယ်.။
လိုအပ်တဲ့ဆေးဝါးများ ပုံမှန်တိုက်ကျွေးပြီး အလှည့်ကျဆရာဝန်များ ၀န်ထမ်းသူနာပြုများနဲ့ သူတို့ဘ၀လေးတွေကို ပြုစုပျိုးထောင်ပေးနေကြပါတယ်..။

ခုချိန်အထိ ကလေး(၂)ယောက် တိမ်းပါးလက်လွှတ်ခဲ့ရတယ်လို့လည်းသိရပါတယ်..။

သူတို့ဘ၀လေးတွေရဲ့ လိုနေသမျှ ရုပ်ကွက်လပ်၊ စိတ်ကွက်လပ်တွေကို
အကုန်လုံးမပြည့်စွမ်းနိုင်ရင်တောင်
မေတ္တာရှင်တွေက ကရုဏာရှေ့ထားလှူဒါန်းကြတာလေးတွေနဲ့ ထပ်တူနီးပါး
ဖြည့်စွမ်းပေးနိုင်အောင်ကြိုးစား နေကြပါတယ်.။
သူတို့လေးတွေ ပစ္စပ္ဂုန်အတွက် ၊ သူတို့လေးတွေရဲ့အနာဂါတ်အတွက် အလှူငွေတွေ ပံ့ပိုးမှုတွေ
လိုအပ် နေပါတယ်.။

သုခရိပ်မြုံရဲ့ တစ်နေ့တာ နေ့လည်စာနဲ့ ညစာကုန်ကျစရိတ်က ငွေကျပ် ငါးသောင်း ၀န်းကျင်ရှိပြီး
တစ်လကို ဆေးဖိုး ၊၀န်ထမ်းစရိတ်နဲ့ အထွေထွေကုန်ကျမှုတွေမပါဝင်သေးပဲ
ငွေကျပ် တစ်ဆယ့်ငါးသိန်းကျော် ရှိတယ် လို့လဲသိရပါတယ်.။

မြန်မာပြည်မှာ အဖြူရောင်သက်တံ့ ဆိုတဲ့ စာပေ ဂီတ ရုပ်ရှင် အနုပညာရှင်တွေပါဝင်တဲ့
အဖွဲ့လေးတစ်ဖွဲ့က ဦးဆောင်ပြီး သုခရိပ်မြုံအတွက် အလှူငွေများကောက်ခံပေးပြီး
ရန်ပုံငွေရှာဖွေ ပေးခဲ့ပါတယ်။
ဒီအဖွဲ့ လှုပ်ရှားခဲ့မှုများကိုတော့ ဒီ Link ကတဆင့်ဝင်ရောက်ကြည့်ရှုရင်း သာဓုခေါ်ဆိုနိုင်ပါတယ်..။
ဒီဓါတ်ပုံလေးတွေကလည်း အဖြူရောင်သက်တံ့ဘလော့ကနေကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်.။

သုခရိပ်မြုံရဲ့ဦးဆောင်ဦးရွက်တစ်ဦးဖြစ်တဲ့ ဆရာမဒေါ်သန်းမြင့်အောင်က

"" ကလေးလေးတွေ အတွက် မိဘသဖွယ်မေတ္တာ ပေးနိုင်မယ့်သူတွေရဲ့ စေတနာတွေနဲ့ သူတို့ လေးတွေရှင်သန်နေကြပါတယ်..။
သုခရိပ်မြုံမိသားစုနဲ့ ကရုဏါရှင်တွေရဲ့ မေတ္တာရိပ်အောက်မှာ ကလေးလေးတွေ

ကလေးသူငယ်များရဲ့ အခွင့်အရေး
ကို
အပြည့်အ၀ ခံစားနေနိုင်ကြပါတယ်..

အခုလှူဒါန်းကြတဲ့ အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် "
"

လို့် ဒီအစီအစဉ်လေးနဲ့ပတ်သက်ပြီး ၀မ်းပန်းတသာ စကားကြုံပါးပြောကြားခဲ့ပါတယ်.။

အခုဒီပိုစ့် လေးကိုဖတ်မိပြီး သဒ္ဒါပေါက်ခဲ့ရင်
အခုဖေါ်ပြထားတဲ့ လိပ်စာတွေ ဖုန်းနံပါတ်တွေကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း
ဒီနေရာဒီပိုစ့် လေးကနေ ကုသိုလ်ယူသတင်းပေးလိုက်ပါရစေ.။

ရန်ကုန်ရောက်ရင်လည်း သုခရိပ်မြုံလေးဆီရောက်အောင်သွားပြီး
ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းနိုင်ကြပါတယ်..
ကရုဏာတကြီးအားပေးနိုင်ကြပါတယ်..
ခဏလေးဖြစ်ဖြစ်မေတ္တာဓါတ်လေးတွေပို့လွှတ်နွေးထွေးပေးနိုင်ကြပါတယ်..။

"ကလေးလေးတွေကတော့ ဧည့်သည်တွေလာရင်ပျော်လို့ပေါ့..။"


+++++++++++++++++++++++++++++++++++

သုခရိပ်မြုံ ဂေဟာလေးရဲ့တည်နေရာကတော့

အမှတ် ( ၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း၊
ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၁)ရပ်ကွက်၊ ရန်ကုန်မြို့။
(မထသ ၃၆ ဘတ်စ် အစိမ်း၊ တံတားထိပ်မှတ်တိုင်ရှေ့)

တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ် ။ ။ ၅၈၁၉၅၅

ဆက်သွယ်လှူဒါန်းနိုင်တဲ့ ပုဂ္ဂိုလ်များကတော့

(၁) ဒေါ်သန်းမြင့်အောင် (၀၉-၉၉-၂၈၅၄၉ ,၂၀၅၄၅၁)

(၂) ဒေါက်တာ ထားထား ( စုထား )
( ၀၉-၂၀၁-၇၉၆၁) တို့ဖြစ်ပါတယ်..။
+++++++++++++++++++++++++++++++++++

အခု ဒီပိုစ့်လေးမတင်ခင် မေးလ်ကိုဖတ်ပြီး သဒ္ဒါပေါက်လာတဲ့ အလှူရှင်များကတော့


ကိုသစ်ကောင်းအိမ် - US$ 100
ကိုဆောင်းယွန်းလ - US$ 50
ကိုမင်းသုခ- S$ 100
မ မနော်ဟရီ-- S$ 100
မိုးကုတ်သား- S$ 50
ခရေတွန် - US$ 500
ဖိုးစိန် - S$100
ကိုဝင်းဇော်လှိုင် + အိန္ဒြာ - S$100
မယ်ကိုး - S$50
Mr. Neo+ Ms. Lucy - S$ 200
မနန်းဧကရီ - S$100
မေသူ - S$50
မေဇင် - S$20
ကိုဇော်မျိုးအောင် - S$50
ကိုဇင်မင်းသူ+မခိုင်ခိုင်ဇာ - S$50
ငွေအိမ်စံ - S$150
ခိုင်ဇာမွန် S$50
မမီး(မိုးသောက်ကြယ်) - S$50
လိမ္မော်+ချစ်သူ - S$30
နန်းသန္တာ - S$25
အဆိပ်ခွက် - S$20
နွေးနေခြည် - S$20
ဇင်မာ - S$20
မြစ်ကျိုးအင်း - S$100
နိုင်ဝင်း - S$50
Zephyr - S$100
မက်မက် - S$50
ယဉ်ယဉ်ထွန်း -S$30
Khant Khant Chein - S$50
မယ်လိုဒီမောင် - S$ 50
ကိုသုခ+မမေကဆုန် - S$20
MHZ+KZPK - S$30
သက်နိုင် - S$10
ကိုသောင်းစံ+မပိုးရည်မွန် - S$30
ကိုမင်းမင်း+မအေးလေး- S$30
ဟန်သီဆု - S$50
ကိုဇာနည်+ယုယု S$ 100
သိရိထွန်း - S$ 100
ရန်နိုင်+ နေခြည်ပွင့် S$ 15
နမ်းမဝ(အဖြူရောင်နတ်သမီး) S$ 100
ကိုစံဖဲ(လစဉ်မြန်မာငွေကျပ်တစ်သိန်းတိတိလှူဒါန်းပါမည်..။)
ဖန်နေ၀န်း S$ 30
တသက်တာ S$ 50


စုစုပေါင်း အမေရိကန်ဒေါ်လာ(၆၅၀) နဲ့ စင်ကာပူဒေါ်လာ(၂၂၈၀) တိတိ
စာရင်းရရှိထားပြီးဖြစ်ကြောင်း သုဓုခေါ်မုဒိတာပွားနိုင်စေဖို့ တစ်လက်စတည်းဖေါ်ပြပေးလိုက်ပါတယ်.။

အခု ဒီပိုစ့်လေးကိုဖတ်ပြီး သဒ္ဒါပေါက်လာခဲ့ရင်တော့

အမေရိကန်နိုင်ငံမှာ....
ကိုသစ်ကောင်းအိမ်(၂၆၀ ၄၀၃ ၆၄၇၄၊၇၂၇ ၂၃၇ ၈၁၄၈)
ကိုဆောင်းယွန်းလ(၂၆၀ ၂၄၁-၆၃၃၉)

စင်ကာပူနိုင်ငံမှာ....
အိန္ဒြာ(၀၆၅ - ၉၁၇၉၆၅၄၂)
မိုးကုတ်သား(၀၆၅ - ၈၁၁၈၉၁၆၀)

ကိုရီးယားနိုင်ငံမှာ...
ကိုYမြစ်ချို ( ၈၂၁၀ ၈၇၁၄ ၇၀၁၉ )
ကိုစံဖဲ ( ၈၂၁၀ ၇၅၈၅ ၅၃၅၄)

မလေးရှားနိုင်ငံမှာ
ခရေတွန် (+၆၀၁၆ ၆၀၄၀၄၀၀ )တို့ထံမှာ
စာရင်းပေးသွင်းဆက်သွယ်လှူဒါန်းနိုင်ပါတယ်..။

ငွေကို ၂၀၁၀ ခုနှစ် ဇန်န၀ါရိလ (၇)ရက်နေ့နောက်ဆုံးထားပြီးစုကြမှာဖြစ်ပြီး ၊
ဇန်န၀ါရီ (၁၀)ရက်နေ့မှာ မြန်မာပြည်ကို လွှဲမှာဖြစ်ပါတယ်..။


အလှူခံကျေးဇူးတင်လွှာကို မေးလ်ကနေ တစ်ဦးချင်းစီပို့ပေးပါ့မယ်.။
အသေးစိတ်သတင်း အသေးစိတ် စာရင်းကိုတော့ ပိုစ့်လေးတစ်ခုအဖြစ်တင်ပြပေးမှာဖြစ်ပါတယ်..။
မထင်မှတ်ပဲ ဖေါ်ဝပ်မေးလ်တွေကိုဖတ်ပြီးလှူဒါန်းကြတာတင် တော်တော်များများလက်ခံရရှိလိုက်တော့
အတိုင်း မသိဝမ်းသာမိပါကြောင်းနဲ့ အဖက်ဖက်က ၀ိုင်းဝန်းကူညီကြတဲ့ ညီအကိုမောင်နှမများ အလှူ့ရှင်များ၊
လှူဒါန်းဖို့ စိတ်ကူးဝင်သွားကြသူများနဲ့
သူတို့လေးတွေ ရှိနေတယ်ဆိုတ သိရှိသွားကြသူများ အားလုံးကို
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းလေးနဲ့နိဂုံးချုပ်ချင်ပါတယ်..။

“အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ပျော်ရွှင်ခမ်းမြေ့နိုင်ကြပါစေ။”

လေးစားစွာ

အိန္ဒြာ

ကလေးလေးတွေအတွက် ရွတ်ဆိုရေးဖွဲ့ ခဲ့ကြတဲ့ ကဗျာရှည် ၃ ပုဒ်ကိုလည်း ဒီကဏ္ဍလေးအတွက် တင်ဆက်ပေးလိုက်ပါတယ်

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++


အသိုက်မဲ့ မာန

လမ်းခုလတ်တွင်
ထင်းရှူးကိုင်းပြတ်
ချိုးဖြတ်ပင်စည်
လေနီမွှေနောက်
ပင်အောက်ကပ်ခို
ဖြစ်သလိုပဲ

မိုးစက်အပ်ဖျား
လျှပ်လက်မြားဒဏ်
လူးလိမ့်ခံလိုက်
တောင်ပံရိုက်ခတ်
ပင်လယ်ဖြစ်စဉ်
လှိုင်းခေါင်းမြင်မိ
ခွန်စိုက်ချည့်နဲ့
နွမ်းယဲ့မူးမော
သောကတနင့်
နားခွင့်မကြုံ

ရက်စက်ပြီလေ
လွင်ပြင်ရေခဲ
တောမှာလည်း . . . နှင်း
တောင်မှာ . . . နှင်း . . . နှင်း
မြေ၀ပ်ကျင်းထဲ
ဖော်ကွဲငှက်ငယ်
ဒဏ်ရာသင့်ရက်များ

တမ်းတချင်မိ
တရှိုက်မက်မက်
အသိုက်နှင့်နေ
အဆွေခင်ပွန်း
ချစ်ကြင်လွန်းသမျှ
ကာလငယ်တစ်ခု
ပူမှုတစ်သက်
ပေးရက်လေသလား

လောကဓံတရား . . . တဲ့လားရှင်
အချစ်ကမ်းပါးပျက်ပြို
နားခိုရန်အတွက်
ရင်ခွင်ဝေးငှက်
သွေး . . . အစက်စက်
ဆွေးရတက်ပွေလည်း

နေ . . . နေရပြီ
လေဆန်ခရီး
တစ်ကိုယ်တည်းပ
မာနအတောင်
အရောင်မွဲလည်း
သခင့်ကိုယ်စား
အင်အားစုစည်း
ခရီးဆက်လက်
ငါ့မျိုးဆက်သစ်အတွက်ပေါ့ကွယ်
အထောင်တစ်ဝက်နဲ့ ဖြစ်ပါစေ . . . .

မအိ

(ဒီကလေးငယ်လေးတွေအတွက် ရန်ပုံငွေရှာဖွေပေးခဲ့တဲ့ အဖြူရောင်သက်တံ့ ကဗျာရွတ်ပွဲမှာ ဆရာမကြီးမအိ ရွတ်သီခဲ့တဲ့ ကဗျာလေးပါ.။)

+++++++++++++++++++++++++++++++++++++

ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ

ကလေးတစ်ယောက် ငိုနေတယ်
ချိုင့်ခွက်များတဲ့ လမ်းပေါ်မှာ သူချော်လဲသွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
လွယ်အိတ်အပေါက်ထဲကနေ
သူ့ခဲတံလေးကျပျောက်သွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
ညစာချက်ကျွေးမယ့် သူ့အမေ
အိမ်ပြန်နောက်ကျလို့နေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခုတိမရပ်သေးတဲ့ မိုးသဲထဲမှာ
သူအဖျားနဲ့ချမ်းနေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခွေးတစ်ကောင်လိုက်လို့ ပြေးရင်းနဲ့
သူရောင်းနေတဲ့ ဖရဲသီးဗန်းကလေး
သဲတွေထဲကို ကျသွားတယ်

မင်းလဲကြားရတယ် ငါလဲကြးရတယ်
ကလေးတစ်ယောက် ငိုနေတယ်
အနားမှာလဲကြားရတယ် အဝေးကလဲကြားရတယ်
ကလေးတစ်ယောက် ငိုနေတယ်

မငိုပါနဲ့တော့ ကလေးရယ်
နှစ်သိမ့်စကားလေးတစ်ခွန်း
တစ်ယောက်ကပြောလိုက်တယ်
မငိုပါနဲ့တော့ ကလေးရယ်
နွေးထွေးတဲ့လက်တစ်ဖက်
တစ်ယောက်ကကမ်းလိုက်တယ်

တစ်ယောက်က တွေးမိတယ်
အလင်းရောင်တွေ မဖြန့်ကျက်ခဲ့ဘဲ
ဘယ်ကြယ်စင်လေး တစ်ပွင့်မှ
ကမ္ဘာမြေကို စွန့်ခွာမသွားသင့်ဘူး

တစ်ယောက်က တွေးမိတယ်
မွှေးရနံ့တွေ မလွှင့်ထုတ်ခဲ့ဘဲ
ဘယ်ပန်းပွင့်လေးတစ်ပွင့်မှ
ကမ္ဘာမြေကို ချန်ရစ်မထားခဲ့ဘူး

တစ်ယောက်ပြောဖူးတယ်
အလင်းဆုံးကြယ်စင်တွေတောင်မှ
တိမ်ညိုတွေနောက်မှာ အကြာကြီး
လမ်းပျောက်မသွားအောင် ခရီးဆက်ရအောင်

တစ်ယောက်ကပြောဖူတယ်
အမွှေးဆုံးပန်းပွင့်တွေတောင်မှ
မုန်တိုင်းတွေကြားမှာ အကြာကြီး
ကြွေကျမသွားအောင် အားတင်းကြရအောင်

ကလေးရေ ခြေတစ်လှမ်းလောက်
ရှေ့ကိုလှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ နည်းနည်းတော့ပြောင်းသွားမှာ
ခြေတစ်လှမ်းလောက် နောက်ထပ်လှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ ပိုပြီးတော့ပြောင်းသွားမှာ

ခြေလှမ်းတွေအများကြီးရောက်တဲ့အခါ
ကမ္ဘာအသစ်တစ်ခု မင်းရှေ့ကိုရောက်လာမှာ
ကမ်းနေတဲ့လက်ကို ဖမ်းဆုပ်ကာ
ခြေတစ်လှမ်းလောက် လှမ်းလိုက်ပါ.....

မြင့်မိုးအောင်

(ဒီကလေးငယ်လေးတွေအတွက် ရန်ပုံငွေရှာဖွေပေးခဲ့တဲ့ အဖြူရောင်သက်တံ့ ကဗျာရွတ်ဆိုပွဲမှာ ဆရာမြင့်မိုးအောင်ရေးပေးပြီးရီဝေယံ၊ အေးဝတ်ရည်သောင်း စတဲ့အနုပညာရှင်တွေက ရွတ်ဆိုခံစားပေးထားတဲ့ကဗျာလေးတစ်ပုဒ်ပါ)

+++++++++++++++++++++++++++++++++++++++

“အရှိမဲ့မေတ္ထာတော်”

ငါတို့ သွေးသားတွေကိုတောင်
ကမ္ဘာမြေက လက်မခံနိုင်တော့ဘူး
ဒီပြစ်မှုကို ဘယ်လိုစီရင်ကြသလဲ သိချင်တယ်...

ကျေးလက်စားကျက်ကွင်းတွေမှာ
နွားတစ်ရှဉ်းနဲ့ ထယ်တစ်စင်းနဲ့
သူ့လက်ဖျံပေါ်မှာ.. အမြတ်နိုးဆုံးနှင်းနဲ့
သူ့ဘေးနားမှာ အိမ်ရှင်ချစ်သူမလေးနဲ့
ယာသမားလေး ရိုးသားအေးဆေးရှာခဲ့တာ
သူ့ဘ၀မှာ.. ဆန်းကျယ်တာဆိုလို့
ချစ်သူ့နာမည်ကို အရေပြားပေါ် ဆေးဆိုးခဲ့တာပဲရှိတယ်တဲ့..။

ဟော့ဒီမှာ
အနန္တငါးပါးကို.. ညွှတ်တွား ကိုးကွယ်ခဲ့တဲ့လက်
ခင်ပွန်းသည်ကို ယုယတွဲကူခဲ့တဲ့လက်
ရင်သွေးငယ်လေးကို ပိုက်ထွေးချော့မြှူခဲ့တဲ့လက်
သနပ်ခါးနံ့တွေနဲ့ချည်း မွှေးပျံ့သင်းကြူခဲ့တဲ့လက်
အဲဒီ့လက်မှာ
ဝဋ်နာကံနာတွေ ဗရပွ
ဘယ်ကစဘယ်မှာဆုံးမယ်မှန်း မသိတဲ့ သံသရာအမှောင်ထဲ
နာကျင်ကြေကွဲခြင်းတွေနဲ့ချည်း.. ခရီးဆက်..။

ဘယ်လိုလော်လီမှုမျိုးမှ မစွက်ဖက်
ဝိဘက်ကြမ္မာ ချည်းသက်သက်ဘဝ
တော်လဲ.. ကျီးပြို..
တိမ်မည်းညိုတွေ အဆုတ်လိုက်အဆုတ်လိုက်..
နှင်းခါးရိုက်တဲ့ညမှာမှ
ဟောဒီ့သားလေးကို.. ဆွဲခေါ်မိခဲ့တော့...

သွေးရူးသွေးတမ်းဆန်ဆန်
အရာရာကိုတောင်းပန်...
နောက်အရာရာကို လက်လျော့..
အဖြူသက်သက်ဘ၀တွေထက်
ဆေးအနက်တွေ ကျဲပက်လိုက်သလိုမျိုး
ကံကြမ္မာဆိုတာ.. တောင်းပန်တိုးလျိုးလို့မရတဲ့
လက်မရွံ့အာဏာသားတဲ့ကွယ်..။

အတိတ်တွေကို ပြန်လှည့်မကြည့်ဝံ့ဘူး
အနာဂါတ်ကို လှမ်းမျှော်မကြည့်ဝံ့ဘူး..
ဝေဒနာနဲ့ငါ...
ပစ္စပ္ပုန်တည့်တည့်မှာပဲ စီးချင်းထိုးကြတဲ့ပွဲပေါ့
အံခဲ.. ဇွဲသံ...
အားမတန်သော်မှ လျော့လို့မရတဲ့ မာန်တွေနဲ့
ဒီလူမမယ်ကလေးလေးအတွက် ကြောင့်ကြ
အမေ....ဆိုတဲ့ရင်ဝမှာ...
မီးကျီး မီးခဲလို ပူလှပေါ့..။

သားရေ..
မင်းကိုပွတ်မွှေးထားတဲ့ လေပြည်မှာ
မေမေ့သောကတွေနဲ့များ ပူလောင်နေခဲ့သေးလားကွယ်...

အခု.. သားလေးရဲ ပြတင်းဝက..
အရောင်လှလှလိပ်ပြာလေးက မေမေပေါ့
သားလေးကိုလှုံထွေးထားတဲ့ နေခြည်နွေးနွေးဟာလဲ.. မေမေပေါ့..
သားလေးမက်နေဆဲ မသဲမကွဲအိပ်မက်တွေထဲမှာ
သားလေးကိုချီပိုး..
သားလေးကိုချော့မြှူ
သားလေးကိုနမ်းမွှေး
သားလေးကို ပိုက်ထွေးထားရင်း
သီလက်စသားချော့တေးတွေ တစ်ဝက်တစ်ပျက်
ဘယ်သုဂတိဘုံကိုမှ... ခရီးမဆက်နိုင်ပဲ
နှလုံးသားကွဲအက်နေတဲ့ တစ္ဆေ...
မေမေလေ....။

အပြစ်လုံးလုံးမရှိပေမယ့်
အပြစ်ဒဏ်ဆိုတာ ရှိတတ်တဲ့လောကမှာ
နာကျည်းခါးသီးစရာတွေကို.. မသိ
ရှက်ရွံ့သိမ်ငယ်စရာဆိုတာကို.. မသိ
တုန်လှုပ်ကြောက်လန့်စရာဆိုတာလည်း.. မသိ
ကိုယ့်အနာတရကိုတောင်မှ.. ကိုယ်မသိ
ဘာဆိုဘာမှမသိတဲ့
ပကတိဖြူစင်ရွှင်လန်း.. ကျမ်းမာသန်စွမ်းဆဲ.. သားလေး.....

အားတင်းထား သားရေ.....
ဟောဒီ့ အဖြူရောင်သက်တန့်ကြီးရဲ့နောက်..
ကိုယ်ယောင်ဖျောက်ထားတဲ့..မေမေ
မင်း....ဘယ်တော့မှ..
မ တွေ့ ချင် လေ နဲ့..။ ။

အိန္ဒြာ

(ဒီကလေးငယ်လေးတွေအတွက် ရန်ပုံငွေရှာဖွေပေးခဲ့တဲ့ အဖြူရောင်သက်တံ့ ကဗျာရွတ်ဆိုပွဲမှာ အိန္ဒြာခံစားရွတ်ဆိုခဲ့တဲ့ ကဗျာလေးပါ.။)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++