၂၀၁၀ သို့ ရောက်လေပြီ
ကဗျာရေးနည်းများသည် ပြောင်းလေပြီ
တယ်လီဖုန်းမှာ ကြိုးမပါတော့ဘူး
ကင်မရာမှာ ဖလင်မပါတော့ဘူး
တစ်ယောက်နဲ့တစ်ယောက်ချစ်တာ
အချစ်မပါတော့ဘူး
Idea မဂ္ဂဇင်း(ဇန်န၀ါရီ-၂၀၁၀ အမှတ်၁၀၂)

လိုင်းအတိုအရှည်ဆိုတာ အကွာအဝေး အနီးအဝေး ဆွဲဆန့်ခြင်းတရားဖြစ်တယ် မအိန္ဒြာ
တစ်ကြောင်းချင်းဆို… တစ်ကြောင်းချင်း ဆင်းဆင်းသွား
ပြီး တက်တက်လာ တစ်(၁)နေ့ တစ်(၁)ခြား ကမ္ဘာကြီးဟာ
ဘာကြားသေးလဲ ဘာထူးသေးလဲ အသက်ရှူပုံ မမှားဘူး ပုံသဏ္ဍာန်ပျက်သွားတယ်
စကားပဲ
ဇယားပဲ
ဒီနေ့ အလုပ် များတယ် ထိုကြောင့် ခေါင်းကိုက်တယ်
ကွန်ပါချွန် ထောက်ပြီးရွှေ့လိုက်ရင်
များများမြန်မြန် မြန်မြန်များများ
မျဉ်းများ
လူများ
ရပ်ကွက်များ
ပိုးနသန်ကောင်များ
အက္ခရာအချင်းချင်း အဓိပ္ပာယ်အချင်းချင်း
တိမ်ရိပ်တွေ တစ်ရိပ်ပြီး တစ်ရိပ်
တစ်ကြောင်းပြီး ရင် တစ်ကျောင်း
သတင်း
အာရုံ
ဒီအချိန် ဖုန်းမြည်သံ မအားလပ်သေးပါ
ဒီအချိန် အိမ်မြှောင်ဟာ နံရံမှာ
ဒီအချိန် ဆောက်တည်ချက်တချို့ဟာ
ထမင်းစားပြီး အချိုတည်းပါ အိမ်သာသုံးပြီး လက်ဆေးပါ။
မီး ဂရုစိုက်ပါ စကားပြောဆင်ခြင်ပါ ဖြစ်ပေါ်လာတဲ့ ဟာသတချို့မှာ မပျက်မကွက်
ရွာရန် ရွာနှုန်း ကိုးဆယ့်ကိုးမှ
ဘောလုံးအသင်း တစ်သင်းဆိုတာ ပန်းတစ်ပွင့် ပွင့်သလို
ကန်လန်ကာဖွင့်ရုံ မိုးလင်းမသွားဘူး မနက်ခင်းကို ။ ။
တည်ရရေးသည်
++++++++++++++++++++++++++++++++++++++++
အမေများနေ့ ပြာသိုလပြည့်နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ရှိနေခဲ့တဲ့ ဒီမွေးနေ့ က အမှတ်တရရှိချင်စရာတွေသိပ်များနေပါတယ်.။
ကိုယ်တိုင်ရေးမယ် စိတ်ကူးနေမိတဲ့ ဒီကဗျာလေးကို
ကိုရင်ငြိမ်းတို့က အမေများနေ့အတွက်အွန်လိုင်းကဗျာစာအုပ်လေး လုပ်ချင်တယ်ဆိုတော့ ချရေးဖြစ်သွားပါတယ်..။
မေမေဖတ်ရရင်တော့ နားမလည်ပါဘူးအေ လို့ ပြုံးဖွဖွညည်းညူဦးမှာသေချာပေမယ့် ကြည်နူးကျေနပ်နေမှာပါ..။
စိတ်ဓါတ်တွေ တစ်နှစ်ထက်တစ်နှစ်ရင့်ကျက်လာသလား မသေချာပေမယ့် အသက်ကတော့ တစ်နှစ်ကြီးသွားခဲ့ပြန်ပါပြီ..။
ဒီကဗျာလေးကို အွန်လိုင်းကဗျာစာအုပ်မှာ ပန်ဒိုရာက သရုပ်ဖေါ်ပုံလေးဆွဲပေးခဲ့ပြီး ၊
အခုလည်းဒီပိုစ့်မှာတင်ဖို့ခွင့်ပြုခဲ့ပါတယ်.။(ကျေးဇူးပါ ဆရာမ)
အားလုံး ကိုယ်စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
ချစ်ခင်လေးစားစွာ
အိန္ဒြာ
ဒါ ကိုယ့်ဖောမက် ပဲ
ဖတ်ဖတ်မမောခင် မောလ်ထဲမှာ မျောနေအုန်းတော့
လက်ပစ်ကွန်ကို ညာပုခုန်းပေါ်မြှောက်တင်
လွှဲပစ်
ဆုတံဆိပ်တွေ သူ့အကြောင်းဒေါ့ကယူမင်ထရီ်။ ဘာလို့ တို့အတူတူနေခွင့်မရတာလဲ
သွားပေအုန်းတော့..လက်ဖမိုးကလေး နဖူးပေါ်
မိုးကာလျက် စမ်းသပ်ချက် နောက်ဆက်တွဲ
နောက်တွဲအရှည်ကြီးနဲ့ မပြီးဆုံးနိုင် မီးခိုးတလူလူ
ဖလင်..တုန်..မှုန်..
ရုပ်ပြောင်းရုပ်လွှဲမှာတော့ နိုးတူး
ဂျီးဆက်စ်ခရိုက်စ် လို့ကြားလိုက်တယ်
ဒီနေ့ ခရစ်စမတ်နေ့ ရုံးတွေ ကျောင်းတွေပိတ်တယ်
ဘော်လီဘောပုတ်သံ တဘုတ်ဘုတ်
ဒါ ကိုယ့်ဖောမက် ပဲ
ပျင်းရင်ပျင်းသလို အလွယ်လုပ်တယ်
မကြာမီပြန်လာမည်
အတိုအပြတ်တွေ ပြန်ခေတ်ထ လာတော့
ကြိုးကို ရှည်ရှည်ပြန်ချည်ရတယ်
လွတ်ထွက်သွားမှာကို အသားလွတ် ကြောက်နေတယ်
အိတေး လာဗီမိုးရ် ကဒ်ထူဖုံး စာအုပ်အထူကြီး ပြတယ်
နေရောင်ရွှဲရွှဲမှာ ပြတယ်
မြောက်ဝင်ရိုးစွန်းမှာ ပြတယ်
ကွာယာ သံပြိုင်တေးသီချင်းနောက်ခံမှာ ပြတယ်
ဒါ ကိုယ့်ဖောမက် ပဲ
(အခြောက်တိုက် မျက်ရည်တွေတွေစီးကျလျက်)
ဖဲကြိုးရောင်စုံတွေ သက်တံ ရှုံးလောက်အောင် ပလူပျံနေတာ
နောက်… စကားဟေးလ်မှာ သူနဲ့အချိန်းအချက်
ဂျေရုဆလင်။ ။
ခင်အောင်အေး
၂၅၊ ဒီဇင်ဘာ၊ ၂၀၀၉ (ခရစ်စမတ်နေ့) စင်္ကာပူစံတော်ချိန် ၈း၄၉ နာရီ

