နိုဝင်ဘာဟာ သိပ်ကိုချိုမြိန်နေပါရောလား..
နိုဝင်ဘာမှာ အမှတ်တရတွေ သိပ်များနေပါရောလား..
နိုဝင်ဘာဟာ လန်းဆန်းထက်မြက်နေပါရောလား..
နိုဝင်ဘာဆီကနေ ကျွန်မဆီကို အတိုင်းမသိတဲ့ အင်အားတွေ စီးမျော တိုးဝင်လာခဲ့ပါရောလား..

*^**^**^**^**^**^**^**^**^**^**^**^**^**^**^**^**^**^*
နိုဝင်ဘာမှာ "အိန္ဒြာ ဘလော့ဂ်စပေါ့ဒေါ့ကွန်း" လို့ ၀ါသနာပါရာမနေသာ လုပ်မိခဲ့တဲ့
ဘလော့ဂ်လေးလည်း၂ နှစ်တိတိ ပြည့်ခဲ့ပါပြီ.။
ဘလော့ဂ်၂နှစ်ပြည့်အမှတ်တရလေးရေးချင်ပေမယ့်သိကြတဲ့အတိုင်းဘာမှချှရေးလို့မရအောင်ပြည့်သိပ်နေခဲ့ရပါတယ်။
တစ်ခုခုတော့ရေးချင်တယ်...
တစ်ခုခုတော့ ရေးဦးမယ် ..
ဘာမှမရေးနိုင်တောင် မနှစ်က မမ မနော်ဟရီနဲ့ ပေါင်းရေးဖြစ်ခဲ့တဲ့
အက်ဆေးနဲ့ကဗျာအတွဲအစပ်ကလေးကို ပြန်တင်ရမယ်..စသဖြင့်တွေ တွေးမိချိန်မှာပဲ
သတင်းလေး "နှစ်ခု"ရောက်လာခဲ့ပါတယ်..။
၂၀၀၆ ခုနှစ်နိုဝင်ဘာမှာ ရတီမဂ္ဂင်းမှာပါခဲ့ပြီး အခု နိုဝင်ဘာဆို ၄ နှစ်တိတိပြည့်ခဲ့တဲ့ .အွန်လိုင်းကနေ
အလှူငွေ ၄၇ သိန်းတိတိ " HIV မိဘမဲ့ကလေးငယ်များဂေဟာ(သုခရိပ်မြုံ)"အတွက် အလှူခံပေးခဲ့တဲ့..
အခု အလင်းသစ်မဂ္ဂဇင်းမှာ ပြန်လည်ဖေါ်ပြခဲ့တဲ့
"အခိုးအငွေ့တံတား" ဆိုတဲ့ ၀တ္ထုတိုလေးနဲ့ပတ်သက်လို့ပေါ့..
အဲဒီ့ဝတ္ထုတိုလေးက အလင်းသစ်မဂ္ဂဇင်းကနေပဲ ဆုပေးပြီးအသိအမှတ်ပြုခံခဲ့ရတယ်လို့သိလိုက်ရပါတယ်..။
(၂၉.၁၀.၂၀၁၀)မှာပွဲလေးတစ်ခုလုပ်ပြီး အိန္ဒြာ့ကိုယ်စား"ကဗျာဆရာမကြီးမအိ"တက်ရောက်ဖို့
ဖိတ်ကြားခဲ့တယ်လို့ သိရလို့လည်း ၀မ်းသာရပါတယ်.။
ဆရာမ ဒေါ်မေငြိမ်းက ရသစာအုပ်စင်မှာ မိတ်ဆက်ပေးဖို့ရွေးထားတယ်ပြောတော့ ထပ်ဝမ်းသာရပြန်ပါတယ်..။
အဲသလို အပျော်တွေ စုပြုံပေါင်းစပ်ပြီး နိုဝင်ဘာ ဘလောဂ့် နှစ်နှစ်ပြည့်ကို ပြင်ဆင်ခင်းကျင်းရင်း
အမှတ်တရ လုပ်ရရင်ကောင်းမယ်လို့ တွေးမိတောမိပြီး...........
အစ်မမေငြိမ်းရဲ့ ခွင့်ပြုချက်နဲ့ 18.11.2010 နေ့ကVOAရသစာအုပ်စင်ကဏ္ဍမှာ လွှင့်ခဲ့တဲ့ အသံဖိုင်နဲ့ပါ
ပူးတွဲ ဧည့်ခံလိုက်ပါတယ်..။

ဘလော့ဂ် နှစ်နှစ်ပြည့် အမှတ်တရ အစီအစဉ်ကလေးပါ..။ ၀တ္ထုလေးကိုတော့ ဒီမှာ တင်ခဲ့ဖူးပါတယ်..။
အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.။
ချစ်ခင်လေးစားစွာ
အိန္ဒြာ