July 13, 2009

ပဟေဠိ ရဲ့ အဖြေမှန်

အဖြေကိုမပြောခင်အဖြေမှန်တဲ့သူတွေစာရင်းကို အရင်ထုတ်ပြန်ချင်ပါတယ်..

(၁)။ မယ်ကိုး
တကယ်ဆိုသူက ဒုတိယရရမှာပါ..။ ဒါပေမယ့် သူ့ခမျာ မယ်ကိုး၏စာစုများကနေ အိန္ဒြာဘလော့စပေါ့ဒေါ့ကွန်းကို လှေတောင်လှော်လာနေရတော့
ပထမနေရာကပေးလိုက်ပါတယ်..။ခေါင်းတွေလဲတော်တော်စားနေရှာပြီး..နောက်ဆုံးမှအဖြေမှန်ကို ချရေးသွားတာပါ.။
( မယ်ရေ..အသံရှင်က ရှင့်ကို " မယ်ကိုးကို ကျွန်တော်စိတ်ဆိုးတယ်လို့ ပြောလိုက်ပါမကြီးရယ်..
လူ၃၀လောက်ချရေးတာ ကျွန်တော့နာမည်ကျန်နေခဲ့တယ်...
ကျွန်တော့မှာတော့ သူအသစ်တင်တိုင်းပြေးပြေးဖတ်လိုက်ရတာ "" လို့ စကားကြုံပါးထားပါကြောင်း..)

(၂)။လင်းဒီပ
ဒက်ထိကွက်တိကြိးပြောလာတော့ မျက်လုံးတောင်ပြူးသွားပါတယ်..အကြားအမြင်များရသလားပေါ့..။
နောက်အဖြေမမှန်ရင်ခဲနဲ့ပေါက်မယ်လာအော်တော့ အော်..မဟုတ်လောက်ဘူး..ရွှီးနေတာလားလို့တွေးရပြန်ပါတယ်..။
(လင်းဒီပကို သတိထားကြပါ စိတ်မထင်ရင်ခဲနဲ့ပေါက်တတ်ပုံရပါတယ်..။)

(၃)။အချစ်ဆုံးသူငယ်ချင်းမကြီးသင်းသင်းထွဋ်
သူက ရှားလော့ဟုန်းတူမလိုလို ဦးစံရှားမြေးလိုလိုနဲ့ စုံထောက်တွေးတွေးပြီးဖြေထားတာပါ..။
သူကGtalk ကနေခန့်မှန်းချက်ပေးတာ..ဆရာဦးအောင်ဝေးကစလို့ မောင်ကာတွန်းလေးအထိ.
စာရင်းကျွန်အကုန်ပါပြီးPrintထုတ်ကြည့်ရင်၃မီတာလောက်ရှည်မယ်..။ နောက်ဆုံးမဟုတ်သေးဘူးဆိုတာတွေကိုခြစ်ချပြီး..တစ်ယောက်ပဲကျန်ပါသတဲ့..။

(၄)။မောင်ဖိုးစိန်
အတင်းကာရော ညတွင်းချင်း Gtalk ကို add ပြီး သူဖြေတာမှန်မမှန် ဂျီကျနေတဲ့ ကလေးပါ..။
ခုလဲနံပါတ် ၁ရအောင် ကွန်မန့်box ကို လက်ဝါးနဲ့အုပ်ပြီးစောင့်နေပါတယ်.။.
သူက ဒီ ထူးအိမ်သင်တမလွန်ကထပြောသလိုထင်ရတဲ့ အသံကို မှတ်မိနေပါသတဲ့..။
ညကလည်းမောင်ကာတွန်းနဲ့ ထရိုက်ကြတော့မလို့ တော်တော်ဆွဲလိုက်ရပါတယ်..။
သူ့" ဦး " ငါ့ " ဦး " လုနေကြတာလေ...။

အဖြေမှန်ကတော့

လေးဂွရှင်ပါ (မှတ်ချက် ။ ။ လေးညှို့ရှင်မဟုတ် )
ဆံပင်စုတ်ဖွားဖွာ ဂျစ်တီးဂျစ်ကန်စတိုင်နဲ့ ဂွ ခါးကြားထိုးထားတဲ့ ခပ်မိုက်မိုက် Blogger ပါ..။
တစ်လုံးကဗျာတွေကို နားထဲ သဲတရှပ်ရှပ်ဖြစ်လာအောင် ပြောင်ပြောင်မြောက်မြောက်ရေးဖွဲ့နိုင်စွမ်းတဲ့..
ကမ္ဘာ့ ပထမဆုံးစာဆိုတော်ကြီးပါ..။
အဲ..သိပ်တော့ သွားမပြောကြပါနဲ့နော်..။ သူအရမ်းရှက်တတ်ပါတယ်..။
ငါ ဘလော့မှာတင်လိုက်မှာနော်ဆိုတော့ သူရှက်ကြောင်း အကြိမ်၁၂၅၀ တိတိပြောခဲ့တာပါ..။
ကိုယ် ကတယ့်ကို ရင်သပ်ရုမောတအံ့တသြဖြစ်ရတာကတော့ လူနဲ့.(အဲ..)စာနဲ့(အဲ) ဘာမှမဟုတ်ပါဘူး.....
တည်ငြိမ်ပြီး ကာလာတအားလှတဲ့ ကရုဏာရိပ်တွေလွှမ်းနေတဲ့ နောက် mood အပြည့်နဲ့ရွတ်ပြလိုက်တဲ့ သူ့အသံကိုပါ..။
(ဒီလိုပဲ ပြောရတာပေါလေ..။)
အရေးထဲ ခင်လေးငယ်ကမကောင်းဘူးပြောလို့ သတ်မယ်ဖြတ်မယ်ဖြစ်ကြပါသေးတယ်..။

တစ်ကြိုစာရင်းထဲနာမည်ကြီးသွားသူကတော့..

ဝိတ်သား မိုးမောင်ပါ..။
သူတကယ့်ကို အလွန်အမင်း မဟားတရား အလုပ်များနေတာပါ..။
အဲဒီ့ကြားက အူယားဖါးယားဖုန်းဆက်ရှာပါတယ်..။
ဒါလား ကျွန်တော့်အသံ ကျွန်တော့် အသံ က ဒီ့ထက်ကောင်းတာကိုများ..တဲ့.။
(သိလား ကိုရင် ..ဒင်း အဲလိုပြောသွားတာ..)

ဆုလက်ဆောင်အနေနဲ့

မယ်ကိုးနဲ့လင်းဒီပ city hall ကမန္တလာဖြစ်ဖြစ်၊ရနံ့သစ်ဖြစ်ဖြစ် ကြိုက်တဲ့ဆိုင်တစ်ဆိုင်ဆိုင်မှာ..အ၀စား... (သုံးဒေါ်လာအောက်)
သင်းသင်းမ နင်မင်္ဂလာဆောင်ရင် လက်ဖွဲ့ပိုဖွဲ့မယ်..။
မောင်ဖိုးစိန်လေးက ဒီစနေမှာ ကြာဆန်ချက်ရှယ်ချက်view မျိုးစုံကနေ..ဓါတ်ပုံရိုက်ပြီး Mail ထဲကို sent ပေးမယ်နော်..။
လေးဂွရှင်နဲ့ အကြံပေးခင်လေး တို့အတွက်ကတော့ သေသေချာချာစဉ်းစားနေပါတယ်..
(သူတို့က VIP ဖြစ်သွားပြီလေ..။)

လေးလေးနက်နက်ပြောချင်တာလေးက

မထင်မှတ်ပဲ ပျော်စရာကြည်နူးစရာ အမှတ်တရလေးတစ်ခုဖြစ်သွားခဲ့တာပါ..
အချင်းချင်းတစ်ယောက်နဲ့တစ်ယောက်မဆုံဘူးမတွေ့ဘူးကြပဲ စိတ်ချည်းသက်သက်နဲ့ ဒီလောက် ချစ်ခင်ရင်းနှီးသွားနိုင်ကြသလားလည်းတွေးမိပါတယ်..။
ဒီလို အထီးကျန်နေနေကြရတဲ့ အချိန်ကာလတွေမှာ..
စိတ်ပင်ပမ်းလူပင်ပမ်း ဖြစ်လာရသမျှတွေဟာ ကွန်ပြူတာပါဝါခလုပ်ပေါ်ကို
လက်ညှိုးတင်လိုက်တာနဲ့ပြေပျောက်သွားရသလိုပါပဲ..
ကွန်းမန့် ထဲကစာတွေ..၊ gtalk ကမီးစိမ်းစိမ်း လေးတွေဟာ..ကိုယ့်အိမ်သားတွေလို ပါပဲ..။
(ဒီနေရာမှာ ပုန်းပုန်းနေပြီး သရဲခြောက်သလိုထထပြောတတ်တဲ့လူတွေလည်းပါပါတယ်..။)
ဟိုး..နောင်ရောက်လာမယ့်အချိန်တွေအတွက်ကတော့ ဒီအချိန်တွေဟာ..ဆွေးဆွေးမြည့်မြည့်တမ်းတလွမ်းဆွတ်စရာအချိန်တွေပါပဲ..
ဒီလူတွေဟာ..ဘယ်လိုမှမေ့ရတော့မှာမဟုတ်တဲ့ သံယောဇဉ်တွေပါပဲ..။

အခုလို ပျော်ပျော်ပါးပါးလာရောက်ဖတ်ရူထင်မြင်ချက်ပေးသွားတဲ့
ညီအမ မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်.။
အထူးသဖြင့်တော့ ကိုရင့်ကိုပါ..။
ကိုရင်ရေ...နင်ပေးတဲ့ လက်ဆောင်တစ်ခုပေါ့ဟာ..

"" အမှတ်တရဆိုတာ ကွာဟနေတဲ့ တစ်စုံတစ်ရာတွေအတွက် ထာဝရကဗျာ"" ပါပဲ..။

အိန္ဒြာ
(13.7.2009)

20 comments:

Sein Lyan Tun said...

ဝေးးးးးးးးးးးးး
တစ်းးးးးးးးး

Sein Lyan Tun said...

သား ရဲ့ ဦးနော် အသံကို သားက အလွတ်ရပီးသားပါ...


ပျော်လိုက်တာလေးးးးး


မကြီး ပြောလို့ နားထောင်လိုက်ကတည်းက တပုစ်လုံး မဆုံးခင် ဦးနော် ဆိုတာ ချက်ခြင်းသိလိုက်လို့ ပြေးမန့်တာပဲ

ဒီလောက် တိကျ ပြတ်သားပြီးဆွဲဆောင်မှုရှိတဲ့ အသံရှင်ကိုလဲ ဦးနော်ကို ပဲ ဖြစ်စေချင်ခဲ့တာပါ...

မမဒါ ဆီက အဖြေကို တနေကုန် စောင့်နေတာ စောင့်ရကျိုးနပ်ပါတယ်....

အသံပိုင်ရှင် က သား တို့ ရဲ့ ဦးနော်ကြီးဆိုတော့

ပျော်သွားပါတယ်...

မမဒါရဲ့ ကဗျာလေးက ဦးနော်ရဲ့ အသံဆွဲဆောင်မှုကြောင့် ပိုကောင်းသွားပါတယ်...

ပျော်သွားတယ်ဝေးးး


ကဗျာလက်ဆောင်မျှော်နေတယ်နော်..

ကြာဇံကျော် မဟုတ်ဘူး... အတင်းလာမကျွေးနဲ့ စားဖူး...

အဖြေမှန်ရဖို့ ဘယ်လောက် ရင်တုန်နေလဲသိတယ်ဟုတ်

ကဗျာလက်ဆောင်ပေးပါးးး

ဒါပဲ

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

MANORHARY said...

အမ် နောက်ဆုံးစာသားလေးကိုမြင်ဖူးသလိုပဲ။..း)
အော် ဒီလိုလား....ကိုရင်နော်က
ဒါမျိုးလည်းဖြစ်တယ်ပေါ့...း)

မယ့်ကိုး said...

ဘာပဲဖြစ်ဖြစ်မှန်သွားတာ ဝမ်းသာတယ် ...:P

ကိုရင်နော် ရေ ... စိတ်မဆိုးပါနဲ့  ....
ကျွန်မက ဘယ်သူ အသံမှ မကြားဖူးဘဲ ပြောရလို့ ပါ။

ရတဲ့ မုန့် ကို တစ်ဝက်ခွဲပေးပါ့မယ် :D


မရေ...

(ဒီနေရာမှာ ပုန်းပုန်းနေပြီး သရဲခြောက်သလိုထထပြောတတ်တဲ့လူတွေလည်းပါပါတယ်..။)ဆိုတာ မယ့်စောင်းပြောတာ မဟုတ်ပါဘူးနော်။

အဆုံးမဲ့ချစ်တဲ့

မယ်ကိုး :P

HAPPY CLOUD said...

ဒါသူ့လက်ချက်ဆိုတာ “မြရဲ့လ” နဲ့ “ရေမြောသီး” ကိုကြည့်တာနဲ့ ဘယ်သူဆိုတာ သိပြီးသားပါကွယ်..ဟဲ.ဟဲ..။

ကိုရင်... ကျနော် သစ္စာရှိတယ်နော်။ :D


မိုးမောင်

Anonymous said...

ဟွင်း.... သားရဲ့ဦးနော်တဲ့ ပြောသွားပုံက..။
ဦးနော်.. ဒီကိစ္စဒီစာကိုဖတ်ပြီး ချက်ချင်းရှင်း.. ဘယ်သူက ဦးနော်ရဲ့ သားလဲဆိုတာ..
တီအိန္ဒြာရေ.. ဒင်းက အကြီးဖြစ်ပြီး သားကိုအလျှော့လေးမပေးဘူး.. အနိုင်ကျင့်တယ်.. သူပဲအပိုင်လိုချင်နေတာ.. နည်းနည်းနှိပ်ကွပ်ပါဗျို့..
ကိုမိဖိုးစိန်နော်.. ကလေးကို တွန်လေးတွန်လေးနဲ့ ညှပ်ချနေတာ.. သားမသိဘူးမှတ်နေလား.. ထော်ဘူး ထော်တော့ဘူး.. ဦးနော်ရော.. မိစိန်ရော.. မေ့ထားရက်လေတဲ့ စိမ်းကားသူကြီး တီငယ့်ကိုပါ ဒီနေရာကနေ စိတ်ကောက်သွားပါကြောင်းးးးးးးးးးးးးးးး

ATN said...

နောက်ဆုံးမတော့ ကိုရင်ကိုး...း)

ကောင်းကင်ပြာ said...

ကိုနော့် အသံကိုး၊ ခနခန နားထောင်တာ သိမှ မသိတာနော့

လင်းဒီပ said...

ဟဲ ဟဲ ဟဲ ဟဲ
(အမှုမှန်ဖော်ထုတ်လိုက်နိုင်သော ရာဇဝတ်အုပ်မင်းအသံဖြင့်..)

ကောင်းပါပြီလေ...

ဒါပေမယ့် ကျွန်တော် သိတာကဖြင့် ဒီဆိုင်တွေက လေးဒေါ်လာက စရောင်းတာ ထင်တယ်...။
တော်ကြာ တစ်ပွဲတည်းကို မယ်ကိုးနဲ့ တစ်ယောက်တစ်ဝက် စားခိုင်းနေရင် ဒွတ်ခနော်.. :P

အဖြေမှန်သိလို အရမ်းပျော်ပြီး ဂျွန်းထိုးနေပါသည်။ကျေးဇူးပြုပြီး ရဲ မခေါ်ပါနှင့်..:P

ဘာပဲဖြစ်ဖြစ်
ပျော်စရာကောင်းတဲ့ ကစားနည်းပါပဲလေ..
မောင်နှမတွေ ဒုတ်တပြတ် ဓားတပြတ် ချစ်ကြည်ရေးတနင်္ဂနွေလေးပေါ့..ဟီး

အိုင်လွယ်ပန် said...

မသိလို့ ပထမငြိမ်နေပါသည်။
ထို့နောက်
အဖြေ လာကြည့်သွားပါသည် :)
ပျော်ရွှင်ပါစေအစ်မရေ ....

အရုပ်ကလေး said...

ခင်မင်ခွင့်တွေ ရခဲ့ပေမယ့် အသံမကြားဖူးတော့ ဦးနော်မှန်း မသိဘူး ... ထပ်ခါထပ်ခါတော့ နားထောင်ဖြစ်တယ် .. ဦးနော် အသံကို ကြားဖူးသွားပြီ
အနော်တို့က ဖြေဖို့ နေနေသာ ဦးနော် ဘလောခ့်တောင် မရောက်တာ ကြာပြီ ...

ကဗျာရေးသူကိုရော ဦးနော်ကိုပါ လေးစားလျှက် ..။

ကိုရင်နော်ခင်လေးငယ် said...

ဒီလိုပါပဲ..
ပျော်စရာဆိုတာ ကြံဖန်ပြီး လုပ်ကြရတာပေါ့..း)

မကြီးရေးထားတဲ့ ကဗျာလေး အရမ်းကောင်းတော့ စိတ်ကူးပေါက်လာတာနဲ့ ရွတ်မိသွားတာပါ..း)

မကြီး ကို အမှတ်တရ ပေးချင်တဲ့ စိတ်ပဲ ရှိနေခဲ့တာ.. ဒီလိုကြီး လုပ်လိုက်တော့ ရှက်လိုက်တာဗျာ.. (ဂယ်ကြီးကို ရှက်နေမိတားP)

အဖြေမှန်သူအားလုံး၊ လာရောက် နားဆင်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ..

ရာဇဝတ်အုပ်မင်း ကိုလင်းဒီပ ကိုတော့ လန့်နေမိတယ်.. ဘယ်လိုလုပ် ဒဲ့ကြီးသိနေပါလိမ့်နော်..းO

မယ်ကိုးကိုတော့ သိပ်မကျေနပ်လို့ “ မကျေနပ်ဘူးလို့” သူ့ပိုစ့်မှာ သူရေးသလို လက်ရေး ခပ်စောင်းစာင်းနဲ့ ပြောခဲ့သေးတယ်.. သူကတော့ သိမယ်မထင်..။ နောက်မှ မေးလ် အက်မယ် မယ်ကိုးရေ..း)

မကြီးသင်းသင်းထွဋ် ကိုလည်း စိတ်ရှည်လွန်းလို့ အံသြမိတယ်..း)

ဖိုးစိန်ကတော့ မပြောတော့ဘူး.. ကျနော့်ကို ချစ်ခင်တဲ့ စိတ်တွေနဲ့ အလိုလို သိနေတာ ဖြစ်မယ်..း)

သားငယ်လေး ကရေတွန် ကတော့ ဒီလိုပဲ စိတ်ကောက်နေကျ.. နောက်မှ ချော့မယ်..း)

မကြီးရေ.. “ဒီလိုပါပဲ..”
ပျော်စရာ အမှတ်တရပေါ့နော်..
မနက်ဖြန် နောက်တစ်ခေါက် လာမန့်မယ်..

အားလုံးကို ခင်မင်လေးစားချစ်ခင်ခြင်းအားဖြင့်

ကိုရင်နော်

Sein Lyan Tun said...

ပျော်နေတယ်


ပျော်နေတယ်...


တကယ်ပြောတား)


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Zephyr said...

မဒါ ..

ဝင်ဖြေလိုက်ရင် လွဲမှာပဲဆိုပြီး ငြိမ်နေတာ ...
ကိုရင်နော်မလား ..
သိနေတယ်လေ...
အဖြေကို သေချာဖတ်ပြီးတဲ့နောက်မှာ သေသေချာချာသိနေတယ် ...။

မယ်ကိုးကို နှစ်ပွဲကျွေးသင့်ပါတယ် ...။
သူက ဇွဲဆုရော ပူးတွဲပထမရော နှစ်ဆုလုံးရလို့ပါ။

ခင်မင်စွာဖြင့်
Z

(ဘသ၀(By the Way) word verification ဖြုတ်ပေးပါ .. comment မန့်ပါတယ်ဆိုမှ ကိုယ့်ကိုယ်ကို verify လုပ်ရတာ ရင်နာလို့ပါ ...။ )

အိန္ဒြာ said...

တော်လိုက်တဲ့ ဇက်

အဖြေဖတ်ပြီးပြီးချင်းသိတယ်...

ဖြုတ်ချင်နေတာ...
မလုပ်တတ်ဘူး..မေးရစမ်းရဦးမယ်
မမြင်မတော်သူများ..ကူညီနိုင်ပါတယ်..

အိန္ဒြာ said...

တော်လိုက်တဲ့ ဇက်

အဖြေဖတ်ပြီးပြီးချင်းသိတယ်...

ဖြုတ်ချင်နေတာ...
မလုပ်တတ်ဘူး..မေးရစမ်းရဦးမယ်
မမြင်မတော်သူများ..ကူညီနိုင်ပါတယ်..

အိန္ဒြာ said...

ကိုရင်ရေ..

အသံကို ဒေါင်းလုပ် လုပ်ချင်ပါသတဲ့
ပရိတ်သတ်က ပွဲတောင်းနေပြီ...
ငါမလုပ်တတ်ဘူး...
...........

မထူးပါဘူး...လုပ်ပေးလိုက်တော့..တခါတည်း...

မယ့်ကိုး said...

အလွန်တော်တဲ့ ကိုဇက်ကို ထောက်ခံပါတယ်။ :P

ကိုရင်နော်ခင်လေးငယ် said...

ဘယ်နေ့.. ဘယ်အချိန်.. ဘယ်မှာသွားစားကြမှာလဲ သေချာပြော... အတည်ပေါက်နဲ့ လာချောင်းမလို့း)

Anonymous said...

ဦးနော် အသံလို့ ပြောကြတာလား။ တခါမှလည်း ကြားဘူးတော့ သိဘူး။ ဒါပေမယ့် အသံသြဇာအရမ်းကောင်ပြီး ဆွဲဆောင်မှုရှိတာတော့ သေချာတယ်။
ဘယ်သူပဲ ဖြစ်ဖြစ် စာသားလေးရဲ့ အဓိပ္ပါယ်ကိုတော့ ရောင် အရမ်းနှစ်သက်တယ်။

လေးစားလျှက်
ရောင်