January 26, 2010

မျှော်လေတိုင်း.........

နေကြတ် လကြတ် တာတွေထက်
မျှော်လင့်ချက်ကြတ်တာက ပိုမိုမည်းမှောင်လို့

ဘ၀တွေက

အလုံပိတ်ထားတဲ့ အိုးထဲက
သွန်လိုသွန်မှောက်လိုမှောက် ရေ လောက်ပေါ့

အမှန်တရား...

ခါးလိုက်ပုံကြီးက မထွေးနိုင်မအန်နိုင်..။


အိန္ဒြာ

(၂၆.၀၁.၂၀၁၀)

18 comments:

လင်းဒီပ said...

တကယ်တော့ မျှော်လင့်ခြင်းတွေ“ကြတ်”တာ ပိုဆိုးပါတယ်လေ။။။
ရာစုတွေ ချီခဲ့ပေါ့ ။

ကောင်းကင်ပြာ said...

ခါးလိုက်တာ...

Anonymous said...

အချိုဓါတ်ရှိသော
လျက်ဆားများများစားပေးပါ

Anonymous said...

အားလုံးကိုလည်းကျွေးပါ။

ကိုရင်နော်ခင်လေးငယ် said...

အမှန်တရား...
ခါးလိုက်ပုံကြီးက မထွေးနိုင်မအန်နိုင်..။

မကြီးရေ.. ကျွဲရိုင်းဗူးနော်..

သတိရတယ်..း(

သိင်္ဂါကျော် said...

ဒီလိုနဲ့ပဲ မှောင်မှောင်မည်းမည်းထဲ.. နေသားကျ ခဲ့ပါပြီ။

သိင်္ဂါကျော် said...
This comment has been removed by the author.
မယ့်ကိုး said...

မှောင်မှောင်မှားမှား မိုက်မိုက်
အထက်အောက် ပြောင်းပြန်
ကူရာမဲ့ ထောက်တည်ရာပြို
မရနိုင်မှန်းသိလည်း ချောင်းကြည့်နေမိဦးမယ့်
မျှော်လင့်ချက်တွေ...

ချစ်တဲ့
=)

Sein Lyan Tun said...

နာကျည်းချက်တွေ မှိုလိုပေါက်လို့

ခါးသီးမှုတွေ အရည်ကျိုသောက်

အမှန်တရားတွေများ..

ဘယ်ဆီကိုရောက်...


ရီဝေဝိုးဝါးးး

ကိုလူထွေး said...

ထွေးနိုင်ရင် ထွေးသာထွေးလိုက်ပါ...

းဝ)

ဒဏ္ဍာရီ said...

နောက်ဆုံးအပိုဒ်လေးက မှန်လိုက်တာ မမရေ...

ခင်မင်လေးစားလျှက်

Moe Cho Thinn said...

ချိုအောင်လို့ အမ စာလာဖတ်တယ် ညီမလေး။ :)

loverstar said...

မှန်လိုက်တာ..မမရာ...

ဇွန်မိုးစက် said...

မျှော်လင့်ချက်တွေ ကြတ်ခဲ့ပေါင်းများပေါ့ မမရယ်..
အမှန်တရားက တကယ်ပဲ ခါးသီးလွန်းလှတယ်။

Mogok Thar said...

ခါးသီးတဲ့ အမှန်တရားတွေ ရှိသလို...
ချိုမြတဲ့ အမှန်တရားတွေလဲ လောကမှာ ရှိနေတယ်...

အချိုအခါး.. မျှတစွာ စားသုံးနိုင်ပါစေ....

ချစ်ခင်လေးစားလျက်

MANORHARY said...

ခုတလော အဲလိုကြီးကို
ခါးသက်နေတယ် .......

နွေဆူးလင်္ကာ said...

တခါတလေ ဆေးခါးကြီးလဲ မြိုရတာပဲလေ။

အရုပ်ကလေး said...

အမှန်တရားတွေကြား
ဗျာများနေခဲ့ရတာလည်း အကြိမ်ကြိမ်
အစုန်အဆန်ကို ကူးခတ်
ဘ၀တွေက ခပ်ယဲ့ယဲ့သာ ဖြစ်တည်နေတာလည်း အကြိမ်ကြိမ်
နောက်ဆုံး ..
အမှန်တရားက ကျောပြင်ကိုရိုက်ချသွားရင်း
မင်း မှားပြန်ပြီတဲ့ ..

မောင်ငယ်လေး
idulize(အရုပ်ကလေး)