February 15, 2010

အသံများ လှုပ်လို့ လီလို့ လှည့်လို့ ခေတ်က တခစ်ခစ်နဲ့


အသံများ လှုပ်လို့ လီလို့ လှည့်လို့

အသံတွေ သန့်စင်လား အသံတွေသန်မာလား
အသံကြောင့်သေသွားသောဖါးများ
အသံထက်မြန်နှုန်းမြင့် အတုအယောင်များ
အသံနဲ့ ရရှိခဲ့တဲ့ ထိခိုက်ရှနာများ
အသံဘယ်လောက်ကြားလဲ အသံများ

အသံကို အသံချင်းကျောသပ်ရင်သပ်
အသံကို အသံချင်းမျက်နှာလိုအားရ
အသံကို အသံချင်းအဆင်းဘီးတပ်
အသံကို အသံနဲ့မြှောက်ထိုးပင့်ကော်
အသံကို အသံနဲ့လက်ဝါးချင်းရိုက်
အသံကို အသံနဲ့နောက်ကျောဓါးစိုက်
အသံကို အသံက ချောင်းမြောင်းလုပ်ကြံ

အသံကို အသံက အခါတော်ပေး
အသံရှေ့ အသံတွေ လက်ညှိုးထောင်ခေါင်းငြိမ့်
အသံရှေ့ အသံတွေ ဒူးတုတ် ဦးညွှတ်
အသံရှေ့မှာ အသံတွေ နာတာရှည် အဖျားသွေးဝင်ခဲ့

အသံမှာ အဆန်ပါမလာဘူး
အသံကို အသံတွေက ဆုတောင်းမေတ္တာပို့သ
အသံကို အသံတွေက စိုးရိမ်ကြောင့်ကျ
အသံကို အသံတွေက လည်တဆန့်ဆန့်မျှော်လင့်
အသံရှေ့မှာ အသံတွေ အလံမလှဲခဲ့ကြဘူး

အသံတွေ သံချေးစား အသံတွေဟာ နင်းပြား
အသံတွေကီးချိန်းလာ အသံတွေကီးကြောင်လာ
အသံသေး အသံညောင်များ အသံဝါ အသံပြာများ
အသံနက်များ အနက်ရှိုင်းဆုံးအသံများ
နံရံဆီလှိုင်းလိုပြေးရိုက်လိုက် အသံများ
နံရံက ပြန်ကန်ထွက် အသံများ
အံသွားထဲက ကြိတ်ထွက်လာသံများ
ကြမ်းကြားက လေကြားက အသံများ
တော်လဲသံ ကျီးပြိုနေသံများ

အသံတွေ ကောက်ပင်ရိပ်လှီး လိုက်သံများ
အသံတွေ ရေကူးညာတင် နေသံများ
အသံတွေ ဖရုဿဝါစာ
အသံတွေမကြားဝံ့မနာသာ
အသံတွေ ငါတကော သူတကော
အသံတွေ သန်ရာသန်ရာပြောကြ
အသံတွေ ပဲ့ထွက်လာ
အသံတွေ ပဲ့တင်ရိုက်
ဘယ်သံများ ညာသံများ ဘယ်သန် ညာသန်များ
ညာသံပေးလို့ အညာသန်နေဆဲ..များ

အသံဟာ သံသရာတစ်ဖက်ကမ်းအထိ တွင်းတူးမိုက်ခဲ့တယ်.။

အိန္ဒြာ

++++++++++++++++++++++++++++++++++++++++++

ခေတ်က တခစ်ခစ်နဲ့

ခေတ်တိုင်းမှာ လူသံတွေကြားရတယ် အူသံတွေကြားရတယ်
ခေတ်ထဲမျှောလိုက်သူတွေရှိတယ်
ခေတ်ကိုလိုက်ဆယ်သူတွေရှိတယ်
ခေတ်ကိုခြေနဲ့ကန်ကျောက်သူတွေရှိတယ်
ခေတ်ကိုပြားပြားဝပ်ကိုးကွယ်သူတွေရှိတယ်
ရှေ့ကခေတ်ကိုဆွဲထားသူတွေရှိတယ်
နောက်ကခေတ်ဆီတွန်းချသူတွေရှိတယ်
ပြောဆိုပိုင်ခွင့်ရှိတယ် တင်ပြပိုင်ခွင့်ရှိတယ်
လက်ခံပိုင်ခွင့်ရှိတယ် ထောက်ခံပိုင်ခွင့်ရှိတယ်
ဝေဖန်ပိုင်ခွင့်ရှိတယ် ငြင်းပယ်ပိုင်ခွင့်ရှိတယ်
မောင်း-ထုတ်-ပိုင်-ခွင့်-လည်း-ရှိ-တယ်
ခေတ်တိုင်းမှာ
ငါ့ခေတ်မှ ငါ့ခေတ်
မင်းတို့ခေတ်က မင်းတို့ခေတ်
ခေတ်တကော ကော သူတွေရှိတယ်
ခေတ်တိုင်းမှာ
ခေတ်ရှေ့ပြေး ခေတ်နောက်ပြန်
ခေတ်ကျန် ခေတ်ဆွေး ခေတ်ပျက်သူဌေးတွေရှိတယ်
ခေတ်ပြောင်းတော်လှန်ရေးများ ရှိတယ်
ခေတ်ပြောင်းတော်လှန်ရေးကို တော်လှန်သော တော်လှန်ရေးများ ရှိတယ်
ခေတ်ကောင်းက ခေတ်ဆိုး အနိုင်ကျင့်တာကို ခံရတယ်
ခေတ်ဆိုးကိုတော့ လူတွေက အနိုင်ကျင့်တယ် (ဟင်း.. လူဆိုးတွေ)
စိတ်ညစ်လို့ အရက်သောက်တာ ခေတ်ကြီးကြောင့်
အအေးမိလို့ ဟပ်ချိုးချေတာလည်း ခေတ်ကြီးကြောင့်
ခလုပ်တိုက် ဖားပြုပ်ကိုက် တရုတ်ရိုက်တာလည်း ခေတ်ကြီးကြောင့်
အိုကွယ် ဘယ်လိုပဲဖြစ်ဖြစ်
ရွှေခေတ် ငွေခေတ် ပတ္တမြားခေတ်
တို့ခေတ်.. ကိုတော့ ရောက်ရမည်မှာ မလွဲပါ
အဲ… ဒါ…. ဒို့ဗမာ။

ပန်ဒိုရာ

16 comments:

tin min htet said...

ညကြီးမင်းကြီး ကဗျာထတင်တဲ့ အမြွာညီအမ ရဲ့ ကဗျာ ၂ ပုဒ်ကို တခစ်ခစ် အသံထွက်အောင် လာဖတ်သွားပါတယ်။

ကိုချစ်ဖေ said...

လုပ်ကြပါ.. ကဗျာဆရာမတွေပဲ..ဟင်း

Anonymous said...

ကဗျာနှစ်ပုဒ်ကတော့ ရှေ့သွားနောက်ပြန် ညိလေ၏ ညီလေ၏ ညီးလေ၏ အသံတွေ.....က
တခစ်ခစ်နဲ့....။

အသံကိုအသံမှန်းသိရင်
အသံထွက်တတ်သူတိုင်း
အသံကိုနားလည်
နားမလည်ရင် အသံမထွက်သင့်
ထွက်ခဲ့ရင်လည်း အသံမဟုတ်တော့
အသံဟုတ်တယ်လို့ အသံကောင်းဟစ်လာဦးတော့
ခေတ်ဆိုးကိုဝါးကူထိုးနေသံတွေ...
ခေတ်ပျက်ကိုလိုက်လံဆယ်တင်သံတွေ...
ဖရုဿလှည်းဝါကို အဆင်းဘီးတတ်နေသံတွေ...
အသံကိုအသံချင်း တိမ်ကောပျောက်ကွယ်အောင် မန်းမှုတ်နေသံတွေ...
ဒါတွေဟာ အသံတွေပါလို့
မွေးဖွါးကြီးပြင်းလာသူများသာဖြစ်၊
ကျောရိုးထဲသံမှိုစွဲလာသူတွေဖြစ်
ဘယ်သန်ချင်တဲ့ ညာသန်တွေဖြစ်
ထွက်လာတာက တခစ်ခစ်နဲ့ရယ်။

MANORHARY said...

တစ်ခုခုကို တွေ့လိုက်သလိုပါပဲ

လင်းဒီပ said...

အသံတွေကြားနေရတယ်..
တို့ခေတ်ကိုရောက်မည် မလွဲပါ...ဆိုပြီး

Moe Cho Thinn said...

ငါ့ ညီမ နှစ်ယောက်စလုံးကို လက်ဖျားခါသွားတယ်။

လင်းဒီပ said...

အစ်မမိုးချိုသင်း ဆေးလိပ်မီး ကိုင်မိလို့ :P

Eaindra said...

လင်းဒီပ

သေမယ်

ပျံ့ လွင့် နေ သော တေး နှင့် က ဗျာ ၀ိ ညာ ဉ် said...

နားညည်းတယ်ဗျာ .. အသံတွေနဲ့ ခေတ်ကြီးထဲ တစ် ခစ် ခစ် နဲ့ ရီမနေနဲ့။

kay said...

အမာပူး မှန်း ဒုမှ သိဒယ်..း)
ခစ်ခစ်

ကိုလူထွေး said...

အားရိုးရိုး ပူတယ်ဗျ...

(ဆေးလိပ်မီးက ဒီဘက် ရောက်လာလို့...)

းဝ)

နွေဆူးလင်္ကာ said...

ခေတ်ထဲက အသံတွေ အသံတွေ .. တချို့အသံတွေက လျှာဖျားတင် ဆွံ့အ ..
တချို့အသံတွေက ထောင်နံရံကြီးထဲကနေ လျှံထွက်လာကြတယ် ..
ရွှေပြည်တော် မျှော်တိုင်းဝေးတဲ့ ခေတ်မှာ ..
ရွှေရောင်အသံတွေပိုင်ရှင် သူရဲကောင်းတွေ ..
ခေတ်ကို ထုဆစ်ဖို့ ဓားသွေးနေကြလေရဲ့ ။

emayarKhin said...

မမအိန္ဒြနဲ့မမပန်ဒိုရာတို့ရဲ့
ရေးချက်တွေကိုအားကျလိုက်တာ...

သုခုမလေဒီ said...

အသံတွေကို နားထောင်သွားတယ်။ ဒါနဲ့ အမွှာဆိုတာ က တကယ်ပဲလား ။ စပ်စုတား))

ကိုရင်နော်ခင်လေးငယ် said...

ကဗျာနှစ်ပုဒ်လုံး အရမ်းကို ကောင်းလွန်းလိုက်တာ...

အသံပေါင်းစုံနဲ့ ဆူညံနေတဲ့ ခေတ်.....
............................................. :P

သိင်္ဂါကျော် said...

အသံ.. အသံ ဆိုပြီး အသံတွေအကြောင်း ဖတ်ရတာ.. စိတ်ညစ်သွားတယ်.. ဘာလို့ဆို.. သီချင်းကြိုက်လျက်နဲ့ အကျယ်ကြီးဖွင့်တဲ့ သီချင်းသံတွေ.. repeat ပတ်ပြီး ဖွင့်တတ်တဲ့ သီချင်းသံတွေကို မုန်းတဲ့သူမို့၊ အမျိုးစုံ ဆူညံတတ်တဲ့ အသံတွေကို မုန်းတဲ့သူမို့ပါ။