July 7, 2010

ကဗျာဆရာ တောအုပ်



စိမ်းလန်းစိုပြည်ရေး

အသက်ဓါတ် တောတစ်အုပ်
လာခြင်းကောင်းသော.... နုလုံးသားအမွန်များ
တစ် ရွက် ပြီး တစ် ရွက် တစ် ခက် ပြီး တစ် ခက်
တစ်ရက်ပြီးတော့တစ်ရက် တစ်သက်ပြီးတော့နောက်တစ်သက်
ဘ၀အဆက်ဆက် ပျော်ရွှင်ခြင်းအေးရိပ်ဆာယာကို
အနုပညာနည်းနာနဲ့ စိုက်ပျိုးဝေဖြာ
ကဗျာ
ဆရာ
သေရင်
သစ်ပင်ဖြစ်ပြီး ကျန်ရစ်လိမ့်။



အိန္ဒြာ
(၇.၇.၂၀၁၀)

"" A-G-M-P ၏ ကဗျာဆရာတောအုပ်သစ်ပင်စိုက်ခြင်းစီမံချက်ကို ဂုဏ်ပြုရေးဖွဲ့ပါသည်။""

+++++++++++++++++++

မြန်မာကဗျာဆရာများပူးပေါင်းလှုပ်ရှားမှု အင်အားစု
( Action Group of Myanmar Poets ( A-G-M-P) ဆိုတဲ့ အမည်တစ်ခုနဲ့
မြန်မာပြည်မှာ မြန်မာကဗျာဆရာတွေ ဦးဆောင်တဲ့ အဖွဲ့လေးက
လူမှုရေးလုပ်ငန်းတွေ အနုပညာလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်
အသေးစိတ်ကို "ဒီ နေရာ"မှာကြည့်ရှုနိုင်ပါတယ်..။

2 comments:

မယ့်ကိုး said...

တကယ်မိုက်တယ် ချစ်မလေး။
တိုတိုလေးနဲ့ လှတယ်။ =)

emayarKhin said...

ဟုတ်ပ..မိုက်မှမိုက်..။။။