April 15, 2011

ငလျင်ဒဏ်သင့် မိဘမဲ့ ကလေးငယ်များ အတွက် သက်တံဖြူ ကဗျာအရောင်းဆိုင်လေး

အခါကြီး ရက်ကြီးမှာ ကုသိုလ်ပွား သာဓုခေါ်နိုင်စေဖို့ မြန်မာပြည်မှာလုပ်ခဲ့တဲ့ အလှူပွဲလေးတစ်ပွဲအကြောင်း မျှဝေးပေးချင်ပါတယ်.။

ဂျပန်သံရုံးက ဦးစီးပြုလုပ်တဲ့ ငလျင်ဒဏ်သင့် ဒုက္ခသည်တွေအတွက် ရန်ပုံငွေဈေးရောင်းပွဲတော်လေးပါ။

မြန်မာကဗျာဆရာ အနုပညာရှင်တွေကသက်တံဖြူဆိုတဲ့ကဗျာအရောင်းဆိုင်လေးဖွင့်လှစ်ခဲ့ပါတယ် ကဗျာဆရာတွေရဲ့ကဗျာတွေ ရောင်းချပြီး ရန်ပုံငွေရှာပေးခဲ့ကြတာပါ။

ဆိုင်ခန်းတစ်ခန်းကိုငွေကျပ်(၆)သောင်းနှုန်းနဲ့ ကဗျာဆရာစောဝေက တစ်ခန်း ၊ ဂျပန် အမျိုးသား တစ်ဦးက တစ်ခန်းလှူဒါန်းခဲ့တာပါ။စာပေ၊ဂီတ၊ရုပ်ရှင် ညီအကိုမောင်နှမတွေ စုစုစည်းစည်း ၀ိုင်းဝန်းကြိုးပမ်းခဲ့ကြတဲ့ ပွဲလေးဖြစ်ပါတယ်။

ကဗျာဆိုင်လေးက စုစုပေါင်း ခုနှစ်သိန်းနှစ်သောင်းကျော် လှူဒါန်းပေးနိုင်ခဲ့ပြီး ၊ ရရှိငွေတွေကို စုပေါင်းပြီး ဂျပန်နိုင်ငံ ငလျင်ဒဏ် ဆူနာမီဒဏ်ခံစားခဲ့ရသူတွေ နဲ့ မြန်မာပြည် တာလေ ငလျင် အတွက်ပါ လှူဒါန်းသွားမယ်လို့ ၀မ်းမြောက်သာဓုခေါ်ဖွယ်ရာ ကြားသိခဲ့ရပါတယ်..။

ကဗျာဆိုင်လေး ဆိုတာလေးကိုက ချစ်စရာ ကောင်းနေခဲ့တာပါ..။ နောက်လည်း ဒီလိုပဲ အနုပညာရှုင်တွေ တတ်အားသမျှ ၀ိုင်းဝန်းဆောင်ရွက်သွားဦးမယ်လို့ သိခဲ့ရပါတယ်။

ဖိတ်စာလေးပါ စာပေ၊ဂီတ၊ရုပ်ရှင် အနုပညာရှင်တွေ စုပေါင်းထားတဲ့ အားအင်လေးတစ်ခုပေါ့

ဆရာမဒေါ်သန်းမြင့်အောင်နဲ့ အဖွဲ့သားတွေ

ဆရာစောဝေနဲ့ အဖွဲ့သားတွေ

ဆရာမ မအိနဲ့ မျိုးဆက်သစ် ဆရာမလေးများ

ဆရာမ မအိ ၊ ဆရာမနှင်းဝေငြိမ်းတို့ တပြုံးပြုံး

အေးဝတ်ရည်သောင်းနဲ့ သွေး(စစ်ကိုင်း) တို့

ဆရာမ ဘာတွေ ရေးနေလဲ...

မျိုးမျိုးနဲ့ ယုမီတို့က တဆင့် ဂျပန်သံရုံးကို လှူဒါန်းခဲ့ပါတယ်။



အားလုံးနှစ်ဦးမှာ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ.။


အိန္ဒြာ

No comments: