January 25, 2012

ရုန်းကန်ရှင်သန်နေသောအလှတရားနှင့် ရသအလင်း၏ ပွဲဦးထွက် အလှူ (NLD ပညာရေးရန်ပုံငွေ)


ရသအလင်း၏ ဇာဂနာ( ဒါရိုက်တာ မောင်သူရ) ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့နဲ့ Surviving Beauty (ရုန်းကန်ရှင်သန်နေသော အလှတရား) ရုပ်ရှင်ပြပွဲနဲ့ အနုပညာ ဟောပြောပွဲလေးမှာ အားလုံးသိပြီးကြတဲ့ အတိုင်း အောင်အောင်မြင်မြင်ပြီးမြောက်ခဲ့ပါပြီ။

ရသအလင်းအနေဖြင့် ဒီပွဲကို စတင်အကောင်အထည်ဖေါ်စဉ်က ကြော်ငြာထားရှိတဲ့ ရည်ရွယ်ချက်အတိုင်း ရရှိလာသောအကျိုးအမြတ်ကို ရသအလင်း၏မူရင်းရည်ရွယ်ချက်ဖြစ်သည့် မြန်မာပြည်တွင်းမှ ကျန်းမာရေးအတွက် အရေးပေါ်ဆေးကုသရန်လိုအပ်နေသော ကဗျာဆရာ၊စာရေးဆရာ၊ကာတွန်းဆရာများနှင့် အနုပညာကျေးဇူး၊စာပေကျေးဇူးကြီးမားသော ဆရာကြီး၊ဆရာမကြီးတို့ကို ဂုဏ်ပြုငွေအဖြစ် ချီးမြှင့်နိုင်ရန် အတွက်ရန်ပုံငွေအပြင် မြန်မာပြည်တွင်းရှိ လူမှုရေး အသင်းအဖွဲ့များသို့ ခွဲဝေလှူဒါန်းရန်ဖြစ်ပါသည်။

အခု ပထမဆုံးအနေနဲ့ (၂၂.၁.၂၀၁၂ ) တွင် ကိုဇာဂနာမှတဆင့် NLD ပညာရေး ၀န်ဆောင်မှုသို့ ငွေကျပ် ၁၀သိန်း (၁၀၀၀၀၀၀ိ) တိတိလှူဒါန်းနိုင်ခဲ့ပါသည်။

ရဲရင့်ပို့ဆောင်ရေးမှ ကိုဇော်လေး၏ လှူဒါန်းငွေ စင်ကာပူဒေါ်လာ(၂၀၀)၊ ဇေယျာစားသောက်ဆိုင်မှ

ကိုတင်မောင်ဆွေ ၊ ကိုသက်နောင်တို့၏လှူဒါန်းငွေစင်ကာပူဒေါ်လာ(၅၀၀)တိတိကိုလည်း

ရသအလင်းဥက္ကဌဦးဘိုဘိုဝင်းမှတစ်ပါတည်း ပေးအပ်လှူဒါန်းပေးခဲ့ပါသည်။

ကိုဇာဂနာမှ NLD ပညာရေးဝန်ဆောင်မှုသို့ ယနေ့ပေးအပ်လှူဒါန်းပြီးကြောင်း သတင်းရရှိပါသည်။

စုစုပေါင်း မြန်မာငွေ( ၁၄ သိန်း၊၂သောင်း ၇ ထောင်တိတိ)လှူဒါန်းနိုင်ခဲ့သည်ဟု သိရှိရပါသည်။

ရုန်းကန်ရှင်သန်နေသောအလှတရားပွဲလေးကို လက်မှတ်တွေ ၀ယ်ယူခြင်းအားဖြင့် အလှူငွေတွေ ပါဝင်ပံ့ပိုးကူညီခဲ့ကြသော လူကြီးမင်းများရဲ့ အလှူဒါနလည်းဖြစ်သည်မို့ သာဓုခေါ်မုဒိတာပွားများနိုင်ကြစေရန် သတင်းမျှဝေပေးလိုက်ပါသည်။ ထို့အပြင် နောက်ဆက်ဆွဲ ဆက်လက်လှူဒါန်းဦးမည့် အလှူဒါနသတင်းများကိုလည်း ဖေါ်ပြပေးသွားမည်ဖြစ်ပါကြောင်း ကြိုတင် သတင်းကောင်းပါးအပ်ပါသည်။

ရသအလင်းဖောင်ဒေးရှင်းဥက္ကဌ ဥိးဘိုဘိုဝင်းမှ ဦးသူရ(ဇာဂနာ)သို့ တဆင့်လှူဒါန်းစဉ်

ဦးသူရမှ NLD ပညာရေးဝန်ဆောင်မှုသို့

ရသအလင်း၏ အလှူမှတ်တမ်းလွှာ

ပွဲဖြစ်မြောက်ရေးအတွက် ကြိုးစားအားထုတ်ပေးခဲ့ကြသူများအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်လျှက်

ရသအလင်းဖောင်ဒေးရှင်း

No comments: