June 26, 2011

ရသအလင်းဖောင်ဒေးရှင်း မိတ်ဆက်



အလုပ်တွေ ရှုပ်နေခဲ့တဲ့ အတွက် ဘလောဂ့်ဘက်ကို ခြေဦးမလှည့်ဖြစ်တာကြာပါပြီ။

ဟိုတလောက ၀ဲရောဂါ ခေတ်ထလိုက်ပြန်သေးတော့ လင့်ခ်ချိတ်ထားတာတွေပြန်မတပ်နိုင်သေးအားပြန်တော့ဘယ်ဘလော့ဂ်ဆီမှလည်း မရောက်ဖြစ်ပြန်ပါ။ အခုက အလုပ်ရှုပ်ရတဲ့အကြောင်းလေးတွေနဲ့အသိပေးမိတ်ဆက်ပေးချင်တာလေးတွေရှိလာသမို့ကိုယ့်ဘလော့ဂ်လေး ကိုယ် ဖုန်ခါလိုက်ရပြန်ပါတယ်၊ စင်ကာပူရောက်ကတည်းက လူမှုရေး ကိစ္စလေးတွေ တတ်နိုင်လောက် လုပ်ဖြစ်အောင် ကြိုးစားအား ထုတ်မိခဲ့ပါသည်။ အားလုံးသိကြတဲ့ အတိုင်း အိန္ဒြာ့ဘလောဂ်ဟာ အလှူခံမဏ္ဍပ်ဖြစ်မှန်းမသိပင် ဖြစ်နေခဲ့တာကြာပြီလေ...

အခုလည်း လူမှုရေးကိစ္စလေးတစ်ခုပါပဲ Face Book နဲ့ သတင်းမီဒီယာ တော်တော်များများမှာ ပါထားပြီးပြီမို့ အားလုံးလည်း သိပြီးလောက်ပါပြီ.။

ဒါပေမယ့် တစ်စုတစ်စည်းတည်း ဖတ်ရသိရအောင်လို့ အိန္ဒြာ့ ဘလောဂ့်မှာ ရသအလင်းဖောင်ဒေးရှင်းဆိုတဲ့ ကဏ္ဍလေးတစ်ခုဖွင့်ပြီး တင်ပေးသွားမှာဖြစ်ပါတယ်။

ရသအလင်းဖောင်ဒေးရှင်းဆိုတာ စင်ကာပူနိုင်ငံမှာရှိတဲ့ အနုပညာချစ်မက်သူတွေ စုစည်းထားတဲ့ အဖွဲလေးတစ်ဖွဲ့ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ကျန်းမာရေးအတွက် အမှန်တကယ်ငွေကြေးလိုအပ်နေတဲ့ မြန်မာပြည်တွင်းက စာပေအနုပညာဖန်တီးသူ ပြည်သူများအသိအမှတ်ပြု စာရေးဆရာ ကဗျာဆရာများကို ကျန်းမာရေးအထောက်အပံ့အလို့ငှာ ဂုဏ်ပြုငွေအဖြစ်ပေးအပ်သွားဖို့ဖြစ်ပါတယ်။

ရသအလင်းရဲ့ အခုလက်ရှိအချိန်အထိ လှုပ်ရှားမှုတွေကတော့ အောက်မှာဖေါ်ပြထားတဲ့ အတိုင်းဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များကို သိချင်ရင် ရသအလင်းနဲ့ဆက်သွယ်ချင်ကြတယ်ဆိုရင်တော့

http://www.aestheticlightfoundation.com/ကိုဝင်ကြည့်နိုင်ပါတယ်..။

Face book နဲ့ အီးမေးလ်ကတော့ aestheticlightfoundation@gmail.com

++++++++++++++++

ကဗျာဆရာအောင်ဘညိုအား ဂုဏ်ပြုငွေပေးအပ်ခြင်း

ရသအလင်းဖောင်ဒေးရှင်းမှ ၂၀၁၁ခုနှစ် ဇွန်လ (၆)၇က်နေ့တွင် ရန်ကုန်မြို့တွင်နေထိုင်သော ကဗျာဆရာ အောင်ဘညိုအား ဂုဏ်ပြုငွေ မြန်မာငွေကျပ် ( ၃)သိန်းတိတိကို ကဗျာဆရာဟိန်းမြတ်ဇော် ကဗျာဆရာဇော်ထက်တို့မှတဆင့် ပေးအပ် ဂုဏ်ပြု ခဲ့ပါသည်။

ဆရာအောင်ဘညိုသည် ဦးနှောက်သွေးခဲပြီး ခန္ဓာကိုယ်အောက်ပိုင်း ထိသိအာရုံများပျောက်ဆုံးကာ လမ်းမလျှောက်နိုင်သော အဆင့်အထိရောဂါဝေဒနာခံစားနေရကြောင်း ဆေးရုံတက်ခဲ့ရကြောင်း သိရှိခဲ့ကြရပြီး၊ ဆေးရုံက ဆင်းလာသော်လည်း အိမ်မှာ ဆေးကုသမှု ဆက်လက်ခံယူနေရကြောင်း ၅ရက်တစ်ကြိမ်ဆေးရုံကြီးကို သွားရောက်ပြသ ကုသမှုခံယူနေရကြောင်း နှင့် အနည်းဆုံး တစ်လခန့်အထိ တစ်ဦးတည်း လမ်းလျှောက်နိုင်လိမ့်မည်မဟုတ်ကြောင်းများကို ကြားသိရတဲ့အတွက်

ဆရာ အောင်ဘညိုကို ရသအလင်းဖောင်ဒေးရှင်းမှ ကျန်းမာရေးအထောက်အပံ့အလို့ငှာ ဂုဏ်ပြုငွေပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။


ရသအလင်းဖောင်ဒေးရှင်း၏ ဆရာအောင်ဘညိုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ




ဆရာအောင်ဘညို၏ ကျေးဇူးတင်ကြောင်း မှတ်တမ်း




ကဗျာဆရာဟိန်းမြတ်ဇော် ကဗျာဆရာ မိုးဃ်းဇော် တို့နှင့် ဆရာအောင်ဘညို ( ယာမှ ဒုတိယမြောက်)
ဆရာအောင်ဘညို၏ အနုပညာဖြတ်သန်းမှုများ

ကိုယ်ရေးအချက်အလက်

၁၉၆၀ ခုနှစ်မွေးဖွား

စာပေဆိုင်ရာအချက်အလက်များ

၁။ ဧကစာမီးခိုးများ ကဗျာစာအုပ်ကို ၁၉၉၀ ကျော်ကာလခန့်က ကိုသန်းထွန်း၊

ကျော်အောင်သစ် (ကေအေတီ)၊ ကိုအောင်ဘညိုတို့ သုံးယောက်တွဲ ထုတ်ဝေခဲ့။

၂။ တစ်ဦးတည်းအနေဖြင့် “တံတားပေါ်က ညနေခင်းများ”၊ “အိုစမာ” ကဗျာစာအုပ်တို့ ထုတ်ဝေနိုင်ခဲ့။

၃။ လူစွမ်းကောင်းစာအုပ်တိုက်အမည်ဖြင့် ပန်နုရောင်ဆံနွယ်များ၏ချည်တိုင်၊ မောင်ချောနွယ်အတု ကဗျာ စာအုပ်တို့ကို စီစဉ်ထုတ်ဝေခဲ့

၎။ မဂ္ဂဇင်းအနေနဲ့ ကမ်းလွန်လေ ကဗျာမဂ္ဂဇင်းကို ကိုလှသန်းနှင့် တွဲဘက်ဦးစီး ထုတ်ဝေခဲ့

၅။ ပိတောက်ပွင့်သစ်၊ ဟန်သစ်၊ လှိုင်းသစ် စသည့် မဂ္ဂဇင်းများတွင်လည်း အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့

၆။ မဂ္ဂဇင်းအမျိုးမျိုးတွင် နှစ်ပေါင်း ၂၀ ကျော်ခန့် ကဗျာမြောက်များစွာရေးသားခဲ့ပြီး ပင်လယ်အော်သံ(အဆိုတော်လေးဖြူ အယ်လ်ဘယ်ခေါင်းစဉ်အဖြစ်အသုံးပြုခဲ့)၊

အိုစနေ၊ အိုစမာ အစရှိသည့် ကဗျာများသည် ကျော်ကြား

၇။ ၂၀၀၈ နာဂစ် ဒေသကူညီမှုတွင် ကဗျာ၊ ဂီတ၊ ပန်းချီ ကူညီသူများအဖွဲ့တွင် တက်တက်ကြွကြွ ဦးဆောင် ကူညီခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ရသအလင်းအနေဖြင့် ယခုအကြိမ်ပေးအပ်နိုင်ခြင်းဟာ စတုတ္ထအကြိမ်မြောက်ဖြစ်ပါသည်။

ရသအလင်းဖောင်ဒေးရှင်းအနေဖြင့်နာမည်မတပ်ခင်က ( ၂ )ကြိမ်ပေးအပ်လှူဒါန်းခဲ့ပြီး ယခု ဖောင်ဒေးရှင်းတစ်ခုအနေဖြင့် ဖွဲ့စည်းပြီးချိန်မှာ ( ၂ ) ကြိမ်ပေးအပ်ဂုဏ်ပြုနိုင်ခဲ့ပါသည်။

ပထမအကြိမ် ကဗျာဆရာမ လုံမငြိမ်းချမ်း

ဒုတိယအကြိမ် ကဗျာဆရာလှသန်း

တတိယအကြိမ် ကာတွန်းဆရာဗိုမောင် နှင့်

ယခုစတုတ္ထအကြိမ် ကဗျာဆရာအောင်ဘညို တို့ဖြစ်သည်။

ရသအလင်းအနေဖြင့် ချမှတ်ထားတဲ့ မူများအတိုင်း မြန်မာ ပြည်တွင်းရှိ ကျန်းမာရေးအတွက် အမှန်တကယ်လိုအပ်နေသော စာရေးဆရာ၊ ကဗျာဆရာများကို ဂုဏ်ပြုငွေများ ပေးအပ်ပေးသွားမှာဖြစ်ပါသည်။

သတင်းများကို အောက်ပါ Link များမှတဆင့်လည်း ၀င်ရောက်ကြည်ရှုနိုင်ပါသည်။

. http://moemaka.blogspot.com/2011/06/news-aesthetic-light-foundation.html

. http://www.naytthit.net/?p=14090

. http://www.irrawaddyblog.com/2011/06/blog-post_8035.html

. http://www.mizzimaburmese.com/news/breaking-newsbrief/7739-2011-06-15-13-39-59.html

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကာတွန်းဗိုမောင်အား ဂုဏ်ပြုငွေပေးအပ်ခြင်း


စင်ကာပူနိုင်ရှိ ကဗျာ၊စာပေ၊အနုပညာ ချစ်မက်သူများစုပေါင်း ဖွဲ့စည်း အခြေတည်ထားသောရသအလင်းဖောင်ဒေးရှင်းမှ အနုပညာ ဖန်တီးမှု ဂုဏ်ပြုငွေ သုံးသိန်း ကျပ်တိတိ ( ၃၀၀,၀၀၀ိ )ကို မန္တလေးမြို့ မြို့တော်ဆေးရုံ အခန်း(211)တွင် ကျောက်ကပ် ရောဂါဖြင့်ဆေးဝါးကုသခံယူနေသည့် ကာတွန်း ဆရာဗိုမောင်ထံသို့ ဆရာကာတွန်းအော်ပီကျယ်၊ ဆရာ ကာတွန်းအောင်မော်တို့မှတဆင့် လွှဲပြောင်းပေးအပ်ဂုဏ်ပြုနိုင်ခဲ့ပါသည်။


ရသအလင်းဖောင်ဒေးရှင်း၏ ဆရာဗိုမောင် အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ



ဆရာဗိုမောင်၏ ကျေးဇူးတင်ကြောင်း မှတ်တမ်း



ကာတွန်းမှတ်ကြီး(အောင်ပင်လယ်)မှ ရသအလင်းကိုယ်စား ဂုဏ်ပြုငွေပေးအပ်ပြီး ဆရာဗိုမောင်မှ လက်ခံနေစဉ်





ရသအလင်းဖောင်ဒေးရှင်းအဖြစ် မဖွဲ့တည်မီကအဖြစ် ကဗျာဆရာ လှသန်းနှင့် ကဗျာဆရာမ လုံမငြိမ်းချမ်းတို့အား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ခြင်း

ဆိုဒ်ဘားမှာဖေါ်ပြထားသည့် ရသအလင်းရသအလင်းဖောင်ဒေးရှင်းဖြစ်တည်လာပုံနှင့် ရပ်တည်ချက်သဘောထားမူတွင် ပါဝင်သည့် အတိုင်း ရသအလင်းဟူသည့်အမည်ဖြင့် ဖောင်ဒေးရှင်းဟုမဖွဲ့တည်မီက နီးစပ်ရာ စာပေ၊ ကဗျာ အနုပညာ မြတ်နိုး သူများ စုပေါင်းဝိုင်း ၀န်းပြီး အရေးပေါ်နာမကျန်းဖြစ်ပြီး အမှန်တကယ် အကူအညီလိုအပ်နေတဲ့ စာရေးဆရာ ကဗျာဆရာတွေ ကို ထောက်ပံ့ လှူဒါန်း သွားနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါသည်။

-

- ပထမဆုံး သွေးကင်ဆာဖြစ်နေသော ဟင်္သာတမြို့တွင်နေထိုင်သော ကဗျာဆရာမ လုံမငြိမ်းချမ်း အတွက်

o ပထမအကြိမ် ၁၁.၈.၂၀၁၀ ၆ သိန်းတိတိ

o ဒုတိယအကြိမ် ၁၅.၈.၂၀၁၀ ၃ သိန်းတိတိ

o တတိယအကြိမ် ၅.၁၂.၂၀၁၀ ၇သောင်း ၂ ထောင်တိတိ

o စုစုပေါင်း မြန်မာငွေ သိန်း ခုနှစ်သောင်း ၂ထောင်တိတိ ၀ိုင်းဝန်းစုပေါင်းဂုဏ်ပြုလှူဒါန်းပေးနိုင်ခဲ့ပါသည်။

o ကဗျာဆရာကိုမြတ်ခိုင်ဦးမှ ဂုဏ်ပြုငွေပေးအပ်ပြီး ကဗျာဆရာမလုံမငြိမ်းချမ်းမှလက်ခံနေစဉ်

-

ပထမအကြိမ် အလှူရှင်များကိုယ်စား ကဗျာဆရာမအိန္ဒြာမှ ဂုဏ်ပြုလှူဒါန်းငွေ ပေးအပ်စဉ်က မှတ်တမ်း

++++++++


- ဒုတိယအကြိမ်မှာတော့ ကျောက်ကပ်မှာရောဂါဖြစ်နေသည့် ကဗျာဆရာလှသန်းအာစုစုပေါင်း မြန်မာငွေ ၅သိန်းကျပ် တိတိစုပေါင်းဂုဏ်ပြု လှူဒါန်း ပေးနိုင်ခဲ့သည်။


ကဗျာဆရာ လှသန်း(ကြည်မောင်သန်း)အတွက် ဂုဏ်ပြုမှတ်တမ်း



လက်မရွံ့ ကဗျာဆရာ လှသန်း

ကဗျာဆရာ လှသန်း (ကြည်မောင်သန်း) ၏ ကျေးဇူးတင်မှတ်တမ်းလွှာ


*****************************************************************


တစ်စက်ချင်းတစ်ပေါက်ချင်းကနေ ပြည့်အောင်ဖြည့်လိုက်ကြစို့လား


အိန္ဒြာ