Showing posts with label အသံတွက် ကဗျာ. Show all posts
Showing posts with label အသံတွက် ကဗျာ. Show all posts

May 2, 2011

အမေဟာ အဖေငြိကျန်ရစ်တဲ့ အင်္ကျီစလေးနဲ့ မျက်ရည်သုတ်နေတယ်


ကျွန်မတို့ဗမာနိုင်ငံမှာ အထိမ်းအမှတ်နေ့တွေအများကြီးရှိသလို အထိမ်းအမှတ်နေ့တွေ အတွက် ကဗျာဆရာတွေ ပီပြင်တဲ့ စုတ်ချက်နဲ့ဆွဲပြထားတဲ့ ကဗျာတွေ အများကြီးရှိခဲ့ပါတယ်.။
ကဗျာဆရာတွေက ဘာမှလုပ်မပေးရင်တောင် ကဗျာတော့ရေးဖြစ်ခဲ့ပါတယ်တဲ့
ဆရာသုခမိန်လှိုင်က အလင်္ကာ ဆိုတဲ့ ကဗျာမှာ..

ပျံသန်းရန်မတတ်နိုင်
လူဆိုးဆယ်ယောက်ကို နိုင်အောင်မထိုးနိုင်
ကမ္ဘာကြီးကိုသယ်မ ဘေးကင်းရာသို့မပို့ဆောင်နှိုင်
လောကကြီးကို ပစ်လွှတ်နေသော ဒုံးကျည်များအား မတားဆီးနိုင်
ဆင်းရဲသူ ဆင်းရဲသားများအား ဆန်ရေစပါး မဝေငှနိုင်
ဒါကိုဝန်ခံတဲ့ ဒီကဗျာကိုတော့ ရေးတတ်ခဲ့တယ် တဲ့

ဒီတော့ ကဗျာဆရာတွေ မှတ်တမ်းတင်ထားတဲ့ ၀မ်းနည်းစရာနေ့ရက်စွဲ ကြေကွဲမှု အထိမ်းအမှတ်ကဗျာတွေ..

မေလ နှစ်ရက်နေ့တဲ့..။ ၃ နှစ်။

သိပ်မကြာသေးသလို ဒဏ်ရာတွေလည်း သွေးတိတ်နိုင်မယ် မထင်သေးပါဘူး။
ကမ္ဘာလောကကြီးတစ်ခုလုံး စစ်ကြောင့်လောင်တဲ့ မီး ၊
အာဃာတတွေ အတ္တတွေ ရမ္မက်တွေကြောင့်လောင်တဲ့ မီး ၊ရေ လေ မြေ သဘာဝတရားကြီးကြောင့် လောင်မြိုက်ခဲ့ရတဲ့ မီး၊
နောက် ရန်သူမျိုးငါးပါးထဲမှာ တစ်ပါးထပ်တိုးဖို့လိုအပ်နေပြီဖြစ်တဲ့ နည်းပညာကြောင့် လောင်တဲ့ မီး ၊

ဒီမီးတွေ အားလုံးကို မီးတွေ ငြိမ်းစေ့ချင်ပါပြီ။

တကယ်ဆို...ဟောဒီ့လို ကဗျာမျိုးတွေ ဘယ်တော့မှ နားမထောင်ချင်ခဲ့တာပါ။

အမေဟာ အဖေငြိကျန်ရစ်တဲ့ အင်္ကျီစလေးနဲ့ မျက်ရည်သုတ်နေတယ်...တဲ့






ကဗျာဆရာမောင်လင်းရိပ်နဲ့ ဒီဇိုင်နာ ကဗျာဆရာ အံ့ဘွယ်ဇင်တို့ နာဂစ်အထိမ်းအမှတ် ရွတ်ခဲ့ကြ ရေးခဲ့ကြ ဆွေးနွေးခဲ့ကြတဲ့ ကြေကွဲခြင်း ရက်စွဲတပ် ကဗျာလေးကို မျှဝေးပေးလိုက်ပါတယ်။

နာဂစ်ကြောင့်၊ ဟေတီကြောင့် ၊ ဆူနာမီကြောင့် ၊ သဘာဝဘေးအန္တရာယ်တွေကြောင့် ၊ စစ်မက်တွေကြောင့် သေဆုံးသွားခဲ့ရတဲ့ ရဟန်းရှင်လူတွေ နောက်ဘ၀ ဒီအဖြစ်ဆိုးမျိုးနဲ့ ဝေးပါစေ။
ကောင်းရာ သုဂတိကို လားနိုင်ကြပါစေ။



အိန္ဒြာ




April 20, 2011

ဆရာမင်းထက်မောင်ကိုယ်တိုင်ဖတ်တဲ့ အနာဂါတ်ဒဏ္ဍာရီ

မန္တလေး FM မှာလွှင့်ခဲ့တဲ့ ရေဒီယို ကဗျာဆရာအစီအစဉ်မှာ
ဆရာမောင်လင်းရိပ်နဲ့ ဆရာမင်းထက်မောင်တို့
အနာဂါတ်ကမ္ဘာကြီးအကြောင်း ကဗျာတစ်ပုဒ်နဲ့ ဆွေးနွေး ခန့်မှန်းခဲ့ကြတာလေးကိုမျှဝေပေးလိုက်ပါတယ်။
ဆရာမင်းထက်မောင်ကဗျာလေးက
ဆန်းကျယ်သလို စိတ်ဝင်စားစရာကောင်းသလို စိုးရိမ်စရာ တွေးစရာတွေ အများကြီး ပေးခဲ့ပါတယ်။
ဆရာကိုယ်တိုင်ရွတ်တာနဲ့ ကဗျာကိုပါ ကိုယ်တိုင်ဖတ်ပြီး ခံစားနားဆင်နိုင်ဖို့ ကဗျာစာသားတွေကိုပါ တင်ပေးလိုက်ပါတယ်..။






အနာဂါတ်ဒဏ္ဍာရီ

မကြာမီရောက်ရှိလာတော့မယ့် ရာစုနှစ်သစ်တစ်ခုမှာ
ကမ္ဘာကြီးပူနွေးလာမှုဟာ အဆုံးစွန်ထိရောက်ရှိလာ
ရာသီဥတုကလည်း ဆိုးဆိုးရွားရွာဖေါက်ပြန်လာခဲ့ပေါ့
အက်စစ်မိုးတွေ တရစပ်ရွာသွန်းပြီး ကာဘွန်အဆိပ်ငွေ့လေထုထဲပျံနှံ့
ရှိနေတဲ့ရေဟာ PH0 နဲ့ PH14 မှာ။
တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းမှာ အပြောရောင် သဲမုန်တိုင်းအဆက်မပြတ်တိုက်ခတ်
လွင်ပြင်ဒေသတွေဟာ ပတ်ကြားအက်ကာ တံလျှပ်တွေ တရိပ်ရိပ်ထ
အဲဒီလိုဆိုးဝါးတဲ့ဖေါက်ပြန်မှုတွေကြောင့်ဇီဝမျိုးကွဲတွေရဲ့ သဘာဝဟာလည်း
အရင်လို မဟုတ်တော့ပဲ ဗီဇအမျိုးမျိုးပြောင်းလဲသွားခဲ့ကြပေါ့
သစ်ပင်တွေဟာ အစိမ်းရောင် အပင်မြင့်ကြီးတွေကနေ အနီရောင်အပင်ပုလေးတွေ အဖြစ်
ရေခဲမြစ်ဘေးမှာ စုရုံးပေါက်ရောက် ၊ သစ်စေးတွေဟာ သွေးလို ဖေါက်ထွက်ထာကြ
ငှက်တွေဟာ လေထဲ မပျံဝဲနိုင်ကြတော့ပဲ မြေပြင်ပေါ်မှာပဲ ခုန်ဆွခုန်ဆွသွားလာကြ
သူတို့ရဲ့နှုတ်သီးတွေဟာလည်း ဂေါ်ပြားကြီးတွေလိုဖြစ်လာကြ
မြေပြင်ပေါ်နေထိုင်ကြတဲ့ မူလသတ္တ၀ါတွေကတော့ တစ်ချို့တွင်းအောင်းပြီး တစ်ချို့ ရေထဲဆင်းသွားကြ
သူတို့အရေပြားတွေပေါ်မှာ အကြေးခွံတွေ တလက်လက်ထွက်လာကြ
ရေထဲက ငါးတွေကတော့ အကြေးခွံတွေနေရာမှာ အမွေးအမျှင်တွေ ပေါက်လို့
ဆူးတောင်တွေဟာ အတောင်ပံတွေ အဖြစ်ပြောင်းလို့ ဝေဟင်ထဲ ပျံသန်းကာ အစာရှာ
ကျောက်တောင်ကြီးတွေပေါ်မှာ အသိုက်ဆောက်လာကြ
မြေကြီးထဲ နေထိုင်တဲ့ တီကောင်တွေဟာ ဓါတုအဆိပ်သင့်မြေဆီမြေနှစ်တွေကို စားသုံးပြီး
မယုံကြည်နိုင်ဖွယ် ဖွံ့ဖြိုးကြီးထွားလာ ခုတော့ကာ ဧရာမ နဂါးကြီးတွေ အလား
မီးများတောင် ပန်းထုတ်နိုင်တဲ့ အစွမ်းရှိခဲ့
သစ်ပင်တွေမှာ ပန်းတွေ မပွင့်တော့ပါဘူး
လိပ်ပြာနဲ့ အင်းဆက်တွေ မျိုးတုန်းပျောက်ကွယ်သွားတာ ကြာလှပေါ့
သက်ရှိသတ္တ၀ါတွေဟာ တစ်ကောင်နဲ့ တစ်ကောင် ကိုက်ဖြတ်စားသောက်
လူတွေနေထိုင်ခဲ့တဲ့ ခေတ်မှီအဆောက်အဦတွေဟာလည်း
သမုဒ္ဒရာအောက်က သန္တာကျောက်တန်းတွေဖြစ်နေခဲ့ပြီ
လူတွေလား ခင်ဗျားတို့ ကျွန်တော်တို့လို လူတွေလား
အဲဒီလို ရေခဲခေတ်နဲ့ ကန္တာရနှစ်တွေမှာ ခင်ဗျားတို့ ကျွန်တော်တို့လို လူတွေ ရှိနိုင်ပါဦးမလား

ဗျာ....

သိပ္ပံပညာ ဟုတ်လား
သိပ္ပံပညာဟာ သိပ္ပံပညာထဲ သိပံ္ပပညာကို သတ်လိုက်ပြီ.။ ။

မင်းထက်မောင်
( ဗြူတီမဂ္ဂဇင်း)

April 10, 2011

အသံထွက် ကဗျာ (၁)

အိန္ဒြာ့ဆီမှာ " အသံထွက်ကဗျာ"ဆိုတဲ့ ကဏ္ဍလေးတစ်ခု ထပ်တိုးချင်ပါတယ်..။
ဒါကတော့ ပထမဆုံးတင်ဆက်မှုလေးတစ်ခုပေါ့။
မြန်မာပြည် မန္တလေးFM မှာ ထုတ်လွှင့်ခဲ့တဲ့ ရေဒီယို ကဗျာဆရာ အစီအစဉ်လေးတွေကို အဆင်ပြေသလို တင်ဆက် မျှဝေပေးသွားမှာဖြစ်ပါတယ်။
ကဗျာတွေကို ကဗျာဆရာတွေကိုယ်တိုင်ရွတ်ဆိုပြီး ဆရာမောင်လင်းရိပ်ရဲ့ ပြောင်မြောက်ပြေပြစ်လွန်းတဲ့ အတွေးတွေ အပြောတွေနဲ့မို့ အလွန်နှစ်သက်မိပါတယ်..။
အသံလွှင့်နေတုန်းက နားထောင်ခွင့်မရလိုက်တာကို
စီဒီနဲကူးပြီး တကူးတက ပေးလိုက်ဖေါ်ရတဲ့ ဆရာမောင်လင်းရိပ်ကို အရမ်းကျေးဇူးတင်မိပါတယ်။

+++++++++++++++

လက်ရှိရင်ဆိုင်နေတဲ့ နျုကလိယ ခြိမ်းခြောက်မှုတွေနဲ့ ကမ္ဘာကြီးအတွက် မတန်တဆ အပူချိန်တွေကို စုပ်ယူပေးနိုင်တဲ့ ဟိုက်ဒရိုဂျင် ဖေါင်းပွမှုပြသနာ
အချိန်တိုင်း ခုထိုင်ထားရတဲ့ သဘာဝဘေးအန္တရာယ်
စတဲ့ ပြသနာတွေ အတွက်....


ကဗျာဆရာ မောင်လင်းရိပ်နဲ့ ကဗျာဆရာ စိုးရိမ်တို့ နှစ်ဦးသား
ကဗျာလေးတစ်ပုဒ်နဲ့ ပူပင်ကြောင့်ကျ ခဲ့ကြတာလေးပါ...