December 24, 2009

ခရစ်စမတ်တေး (၂၀၀၉)


ကဗျာဆရာဆိုတော့
ကဗျာပဲလက်ဆောင်ပေးနိုင်တယ်
မနက်စောစောအိပ်ယာထ ကိုယ်နဲ့ ခရစ်စမတ်နဲ့ ဘာမှမဆိုင်
လွတ်တွတ်တွတ်ကြီးခံစားနေရ
ကဗျာ တပုဒ်ထိုင်ရေး
ရေးနေရင်း
ခရစ်စမတ်အငွေ့အသက်တွေ ၀င်လာ/ရလာ
ကဗျာဟာ မမျှော်လင့်ပဲ ဒီလိုချိုးကွေ့ အဆုံးသတ်သွားတယ်
မိတ်ဆွေတို့ကို အမှတ်တရလက်ဆောင်ပေးဖို့ အတော်ပဲ ဖြစ်သွားတာပေါ့။

ခအအ

+++++++++++++++++++++++++++++++++

ခရစ်စမတ်တေး (၂၀၀၉)

ဒါ ကိုယ့်ဖောမက် ပဲ

ဖတ်ဖတ်မမောခင် မောလ်ထဲမှာ မျောနေအုန်းတော့

လက်ပစ်ကွန်ကို ညာပုခုန်းပေါ်မြှောက်တင်

လွှဲပစ်

ဆုတံဆိပ်တွေ သူ့အကြောင်းဒေါ့ကယူမင်ထရီ်။ ဘာလို့ တို့အတူတူနေခွင့်မရတာလဲ

သွားပေအုန်းတော့..လက်ဖမိုးကလေး နဖူးပေါ်

မိုးကာလျက် စမ်းသပ်ချက် နောက်ဆက်တွဲ

နောက်တွဲအရှည်ကြီးနဲ့ မပြီးဆုံးနိုင် မီးခိုးတလူလူ

ဖလင်..တုန်..မှုန်..

ရုပ်ပြောင်းရုပ်လွှဲမှာတော့ နိုးတူး

ဂျီးဆက်စ်ခရိုက်စ် လို့ကြားလိုက်တယ်

ဒီနေ့ ခရစ်စမတ်နေ့ ရုံးတွေ ကျောင်းတွေပိတ်တယ်

ဘော်လီဘောပုတ်သံ တဘုတ်ဘုတ်

ဒါ ကိုယ့်ဖောမက် ပဲ

ပျင်းရင်ပျင်းသလို အလွယ်လုပ်တယ်

မကြာမီပြန်လာမည်

အတိုအပြတ်တွေ ပြန်ခေတ်ထ လာတော့

ကြိုးကို ရှည်ရှည်ပြန်ချည်ရတယ်

လွတ်ထွက်သွားမှာကို အသားလွတ် ကြောက်နေတယ်

အိတေး လာဗီမိုးရ် ကဒ်ထူဖုံး စာအုပ်အထူကြီး ပြတယ်

နေရောင်ရွှဲရွှဲမှာ ပြတယ်

မြောက်ဝင်ရိုးစွန်းမှာ ပြတယ်

ကွာယာ သံပြိုင်တေးသီချင်းနောက်ခံမှာ ပြတယ်

ဒါ ကိုယ့်ဖောမက် ပဲ

(အခြောက်တိုက် မျက်ရည်တွေတွေစီးကျလျက်)

ဖဲကြိုးရောင်စုံတွေ သက်တံ ရှုံးလောက်အောင် ပလူပျံနေတာ

နောက်… စကားဟေးလ်မှာ သူနဲ့အချိန်းအချက်

ဂျေရုဆလင်။ ။

ခင်အောင်အေး

၂၅၊ ဒီဇင်ဘာ၊ ၂၀၀၉ (ခရစ်စမတ်နေ့) စင်္ကာပူစံတော်ချိန် ၈း၄၉ နာရီ


မေးလ်ကနေ ကဗျာဆရာဦးခင်အောင်အေးပို့လိုက်တဲ့လက်ဆောင်လေးကို ပြန်ပြီးလက်ဆောင်ဝေငှပေးလိုက်တာာပါ။
အလှူ့ရှင်လက်ဖက်နဲ့မျက်နှာလုပ်တယ်ဆိုပါစို့.းP



9 comments:

pandora said...

အလှူ့ရှင် လက်ဖက်ကို စောစောစီးစီး ခပ်မြည်းသွားတယ်။
အလှူ့ရှင်ရော ပြန်လည်ဝေငှသူပါ ခရစ္စမတ် ပိတ်ရက်မှာ ပျော်ရွှင်အေးချမ်းပါစေ။

ကိုလူထွေး said...

အခြောက်တိုက် စီးကျတဲ့ မျက်ရည်တွေ
အမြန်ဆုံး ခမ်းခြောက်နိုင်ပါစေ...

းဝ)

ဒဏ္ဍာရီ said...

မမရေ ...... ပျော်ရွှင်ဖွယ် နေ့လေးဖြစ်ပါစေ.။ ကဗျာလက်ဆောင်လေးကို လာဖတ်ရင်း ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လေးစားလျှက်

emayarKhin said...

ဘာပဲပြောပြော
လက်ဖက်လာစားတယ်.....

ချစ်တဲ့
အမရာ

သိင်္ဂါကျော် said...

ဖတ်လို့တော့ ကောင်းတယ်...
သူ့ဖောမက်က ဘာမှန်းတော့ သေချာမသိလိုက်ဘူး.. :D

ခရစ္စမတ်စ်မှာ ပျော်ရွှင်ပါစေ..

ဇွန်မိုးစက် said...

ခရစ်စမတ်နေ့မှာ မမနဲ့တွေခွင့်ရလိုက်လို့ အမှတ်တရ ဖြစ်သွားတဲ့အကြောင်း လာပြောတာ။ ကဗျာလေးလဲ ဖတ်သွားတယ်နော်။ ;) NTD

P.S. သူငယ်ချင်းတစ်ယောက်လည်း သုခရိပ်မြုံအတွက် အလှူငွေထည့်ဝင်ပါဦးမယ်တဲ့။ :)

သုခုမလေဒီ said...

အင်း ဘာမှမဆိုင်ပေမယ့် ကဗျာလေးတော့ဖတ်လို့ကောင်း သား မအိန္ဒြာရေ။ Merry Christmas လို့ဘာမှမဆိုင်ပဲ နှုတ်ဆက်သွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

Anonymous said...

;))))
ကဗျာက တွေးစရာတွေချည်းပါလား။ မိုက်တယ်။
“ဆုတံဆိပ်တွေ သူ့အကြောင်းဒေါ့ကယူမင်ထရီ်။ ဘာလို့ တို့အတူတူနေခွင့်မရတာလဲ

သွားပေအုန်းတော့..လက်ဖမိုးကလေး နဖူးပေါ်”

ဒါလေးကြောင့် တီဒြာခိုက်တယ်ထင်တာပဲ :PP

မယ့်ကိုး said...

ခရစ်စမတ်မှာ ချစ်မလေးရဲ့ လက်ဆောင်ကဗျာလေး လာဖတ်ပါတယ်။
ကဗျာလေးက မိုက်လိုက်တာ။
ှုဦးခင်အောင်အေးလည်း ဒီလိုကဗျာတွေ လက်ဆောင်အမြဲပေးနိုင်ပါစေလို့...