November 13, 2010

ပတ္တမြား

တစ်လောကလုံး လင်းလက်သွားသလို
အမှောင်ထဲမှာ အပြုံးက ယုံကြည်ချက်နဲ့ပွင့်ပြတယ်။

အလိုလို တိုးဝင်ပူးကပ်လာတဲ့ ခွန်အားသတ္တိများ
မကြုံဖူးတဲ့ စကားလုံးတွေ သမိုင်းစာမျက်နှာပေါ်ထင်ဟတ်ခဲ့။

မျက်ရည်တွေ
မျက်ရည်တွေ.....
မျက်ရည်..တွေ...
ဒီမျက်ရည်တွေဟာ..အရင်မျက်ရည်တွေကို ဆေးကြောပေးမယ့် မျက်ရည်ပေါ့...

ခရီး....
လက်တွဲပြီးချီတက်
ဒီနေရာကနေ တစ်ဖ၀ါးချင်းပြန်စကြမယ်..ပန်းတိုင်ဆီ။ ။

အိန္ဒြာ
(၁၃.၁၁.၂၀၁၀)

3 comments:

:P said...

သိပ်ကြိုက်တယ်

ကြယ်ပြာ said...

ကဗျာလေးအရမ်းကောင်းတယ် မ ရေ ....

tin min htet said...

အရင်မျက်ရည်တွေကို ဆေးကြောပေးမယ့် မျက်ရည်ဆိုတာ အမှန်ပဲ။ လူတိုင်းလိုလို အနည်းဆုံး မျက်ရည်တော့ ဝဲမိကြတယ်။