November 19, 2010

ဘလော့နှစ်နှစ်ပြည့် ရသစာအုပ်စင်နဲ့ နိုဝင်ဘာအပျော်အရွှင်တွေ

နိုဝင်ဘာဟာ သိပ်ကိုချိုမြိန်နေပါရောလား..
နိုဝင်ဘာမှာ အမှတ်တရတွေ သိပ်များနေပါရောလား..
နိုဝင်ဘာဟာ လန်းဆန်းထက်မြက်နေပါရောလား..
နိုဝင်ဘာဆီကနေ ကျွန်မဆီကို အတိုင်းမသိတဲ့ အင်အားတွေ စီးမျော တိုးဝင်လာခဲ့ပါရောလား..

*^**^**^**^**^**^**^**^**^**^**^**^**^**^**^**^**^**^*


နိုဝင်ဘာမှာ "အိန္ဒြာ ဘလော့ဂ်စပေါ့ဒေါ့ကွန်း" လို့ ၀ါသနာပါရာမနေသာ လုပ်မိခဲ့တဲ့
ဘလော့ဂ်လေးလည်း၂ နှစ်တိတိ ပြည့်ခဲ့ပါပြီ.။
ဘလော့ဂ်၂နှစ်ပြည့်အမှတ်တရလေးရေးချင်ပေမယ့်သိကြတဲ့အတိုင်းဘာမှချှရေးလို့မရအောင်ပြည့်သိပ်နေခဲ့ရပါတယ်။
တစ်ခုခုတော့ရေးချင်တယ်...
တစ်ခုခုတော့ ရေးဦးမယ် ..
ဘာမှမရေးနိုင်တောင် မနှစ်က မမ မနော်ဟရီနဲ့ ပေါင်းရေးဖြစ်ခဲ့တဲ့
အက်ဆေးနဲ့ကဗျာအတွဲအစပ်ကလေးကို ပြန်တင်ရမယ်..စသဖြင့်တွေ တွေးမိချိန်မှာပဲ

သတင်းလေး "နှစ်ခု"ရောက်လာခဲ့ပါတယ်..။

၂၀၀၆ ခုနှစ်နိုဝင်ဘာမှာ ရတီမဂ္ဂင်းမှာပါခဲ့ပြီး အခု နိုဝင်ဘာဆို ၄ နှစ်တိတိပြည့်ခဲ့တဲ့ .အွန်လိုင်းကနေ
အလှူငွေ ၄၇ သိန်းတိတိ " HIV မိဘမဲ့ကလေးငယ်များဂေဟာ(သုခရိပ်မြုံ)"အတွက် အလှူခံပေးခဲ့တဲ့..
အခု အလင်းသစ်မဂ္ဂဇင်းမှာ ပြန်လည်ဖေါ်ပြခဲ့တဲ့
"အခိုးအငွေ့တံတား" ဆိုတဲ့ ၀တ္ထုတိုလေးနဲ့ပတ်သက်လို့ပေါ့..

အဲဒီ့ဝတ္ထုတိုလေးက အလင်းသစ်မဂ္ဂဇင်းကနေပဲ ဆုပေးပြီးအသိအမှတ်ပြုခံခဲ့ရတယ်လို့သိလိုက်ရပါတယ်..။
(၂၉.၁၀.၂၀၁၀)မှာပွဲလေးတစ်ခုလုပ်ပြီး အိန္ဒြာ့ကိုယ်စား"ကဗျာဆရာမကြီးမအိ"တက်ရောက်ဖို့
ဖိတ်ကြားခဲ့တယ်လို့ သိရလို့လည်း ၀မ်းသာရပါတယ်.။
ဆရာမ ဒေါ်မေငြိမ်းက ရသစာအုပ်စင်မှာ မိတ်ဆက်ပေးဖို့ရွေးထားတယ်ပြောတော့ ထပ်ဝမ်းသာရပြန်ပါတယ်..။

အဲသလို အပျော်တွေ စုပြုံပေါင်းစပ်ပြီး နိုဝင်ဘာ ဘလောဂ့် နှစ်နှစ်ပြည့်ကို ပြင်ဆင်ခင်းကျင်းရင်း
အမှတ်တရ လုပ်ရရင်ကောင်းမယ်လို့ တွေးမိတောမိပြီး...........

အစ်မမေငြိမ်းရဲ့ ခွင့်ပြုချက်နဲ့ 18.11.2010 နေ့ကVOAရသစာအုပ်စင်ကဏ္ဍမှာ လွှင့်ခဲ့တဲ့ အသံဖိုင်နဲ့ပါ
ပူးတွဲ ဧည့်ခံလိုက်ပါတယ်..။



ဘလော့ဂ် နှစ်နှစ်ပြည့် အမှတ်တရ အစီအစဉ်ကလေးပါ..။ ၀တ္ထုလေးကိုတော့ ဒီမှာ တင်ခဲ့ဖူးပါတယ်..။



အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.။

ချစ်ခင်လေးစားစွာ

အိန္ဒြာ

20 comments:

လင်းဒီပ said...

ဝတ္တုလေးလည်း ဆရာမမေငြိမ်းရဲ့ ရသစာအုပ်စင်မှာ သွားနားထောင်ပြီးပါပြီ ။
နှစ်နှစ်ပြည့်သွားပြီဆိုတော့ အထူး ဝမ်းမြောက်စွာနဲ့ ရှေ့ဆက်နှစ်များစွာ ပျော်ပျော်ပါးပါး ဆက်သွားကြပါစို့လို့။
အစ်မ ကျန်းမာပျော်ရွှင် ဘလောဂ့်ဂင်းနိုင်ပါစေ ။
မကြာခဏလည်း အွန်လိုင်းမှာ ရဲဖမ်းခံရပါစေ :)))

မေငြိမ်း said...

၂နှစ်သား ဘလော့လေးမှသည်.. သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ရှေ့ခရီးများစွာ ဆက်နိုင်ပါစေ...

ဇွန်မိုးစက် said...

မရေ... ဘလော့ဂ်နှစ်နှစ်ပြည့်မြောက်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဖွဲ့ဆိုရေးသား အမှတ်တရတွေ ချန်ထားနိုင်ပါစေနော်။

ချစ်တဲ့
ဇွန်

လင်းဒီပ said...

ဟော...ဟော ဂလိုလား....
မသိပါဘူး...
ကွန်မင့်ချနေတုန်း ပိုစ့်ပျောက်သွားလို့ :)))

emayarKhin said...

မမအိန္ဒြာ..ဘလော့ဂ်နှစ်နှစ်ပြည့်
လာလည်တယ်..နောက်ထပ်အများကြီး
အောင်မြင်မှုတွေရရှိပါစေ...။။
အသံဖိုင်လေးကိုလဲဖေ့ဘွတ်မှာ share ထားတယ်..။။

မြစ်ကျိုးအင်း said...

နှစ်နှစ်ထိ အကောင်းအဆိုးတွေကို ကြံ့ကြံ့ခံ ခဲ့ပြီးပြီဆိုတော့ နောက်ထပ် နှစ်တွေကိုလည်း အကောင်းဆုံး ကျော်ဖြတ်နိင်ပါစေဗျာ။

Ree Noe Mann said...

၂နှစ် ပြည့်သည်မှစ၍ နှစ်ပေါင်းများစွာ
ဆက်လက် ချီတက်နိုင်ပါစေသောဝ်

Unknown said...

ဪ အစ်မ ဘလောဂ့်လေးက ခုမှ၂နှစ်ပြည့်တာပေါ့လေ။

အစ်မစာရေးသက်ကတော့ ၁၀နှစ်ကျော်လောက်ပြီထင်တယ်။

ကျွန်တော်တို့လို စာဖတ်ပရိသတ်တွေအတွက် ဘလောဂ့်ဆိုတာ

လိုအပ်နေတာပါပဲ။ အစ်မရဲ့ ကဗျာ၊ စာတွေကို ရေးချတိုင်းလည်း

စာအုပ်မှာ ရှာဝယ်ဖတ်ဖို့ ဆိုတာ အဆင်မှ မပြေတာ။

ဘလောဂ့်လေး ရှိနေတော့ အဆင်ပြေတာပေါ့။

ကျွန်တော်ရဲ့ ၂နှစ်ပြည့်ဆုတောင်းကတော့

အစ်မရဲ့ စာရေးသက်နဲ့အတူ ဘလောဂ့်လေးရဲ့ အသက်ကိုလည်း

ထပ်တူဆွဲခေါ်နိုင်ပါစေ အစ်မ။

ပျော်ရွှင်ပါစေ

ပြည့်စုံအောင်မျိုး

Anonymous said...

Congratz on 2nd blog-anniversary!
=)

အင်္ဂါဟူး said...

အစ်မရေ နိုဝင်ဘာ မှာ နှစ်နစ်ပြည့်သတဲ့လား။

နောင်နှစ်ပေါင်းများစွာတိုင် အခက်အခဲတွေ ကျော်လွှားနိုင်ပါစေ အောင်မြင် ပျော်ရွှင်ပါစေဗျာ


စကားမစပ် အနော်လဲ နိုဝင်ဘာမှာ မွေးတဲ့ကောင်ဗျ

မယ့်ကိုး said...

မမ နှစ်နှစ်မှစ ရာသက်ပန်
အမြဲလှတဲ့စာတွေအတွက် ချီးကျူးပျော်ရွှင်း)

အိပ်မက်ရှင် said...

မကြီးရေ ...

ဝါသနာအရ ရင်ထဲကလာတဲ့ ပိုးကြောင့် စာတွေရေး၊ ကဗျာတွေရေးနဲ့ အနုပညာလမ်းကြောင်းပေါ်က ကျွန်တော့် မကြီး အိန္ဒြာရဲ့ ဘလောက်လေးတောင် ၂ နှစ်ပြည့်သွားပြီနော် ... ဂုဏ်ယူဝမ်းသာပါတယ်မကြီးရေ ... ၂ နှစ်ပြည့် နှစ်ပတ်လည်မှသည် နောင် နှစ်ပေါင်းများစွာတိုင်အောင် ရေးဖွဲ့၊ ဖန်တီးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း ဆန္ဒပြုလိုက်ပါတယ်ဗျာ ... ။

ခင်မင်လေးစားစွာဖြင့်
အိပ်မက်

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ..

နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့ အောင်မြင်နိုင်ပါစေ..။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...

အင်အားတွေ အပြည့်ပါတဲ့ ပြင်းရှရှ ကဗျာတွေ စာတွေ အများကြီး ဆက်ရေးနိုင်ပါစေလို့ ဆုတောင်းပါတယ်...

tin min htet said...

အိန္ဒြာ ဘလော့ဂ်သက် ၂ နှစ် အတွင်းမှာ စာကောင်းလေးတွေလည်း ရေးဖြစ်တယ်။ သုခရိပ်မြုံ လိုမျိုး အကျိုးရှိတာလေးတွေလည်း လုပ်ဖြစ်တယ်။ ဆက်လည်း ဒီလိုပဲ ဆက်လျှောက်သွားမယ်လို့ ယုံကြည်ပါတယ်။

MANORHARY said...

Long life Eaindra and her art works !!

minn thuka said...

ညီမလေး... ရေးချင်တာတော့အများကြီးပဲ...အားဘူးဟ...
ဖတ်ရတာ ရေသောက်လိုက်ရသလိုပဲ...ရိုးမသွားဘူး..
ပြောချင်တာက..အရင်ကဖတ်ထားတုန်းကလိုပဲ အရသာ
ပြောင်းမသွားဘူး...မိုက်တယ်..။

Zephyr said...

We cannot change the history.
All we create will reflect our life, and also this nonsense age and so-called miserably joyous time of valuable life of human being.

I found so many air-heads, no-brainers, losers, and some sort of bullsh** in blogosphere and comment section. I wonder what they are trying to do. Is there nothing to do for them except criticizing to someone?

And second thing is that ART is not dedicated to everybody and no one guaranteed all the ART creations will be easily understood. Everyone can say "like" or "dislike" according to own preference. But, no one should say "good" or "bad" to the art work which he/she doesn't really understand or even so far away from the basic understanding of art or lack of EI or possessing extra chromosome or whatever.

I felt some of people have got mental illness to be shouting words as stupid as they can think and familiar in their environment in c-box. It is so much similar to dogs cannot withstand the sound of triangular brass gong. What they can do is just a simple way: keep howling.

In civilized society, rudeness is the crime and is the childish response of the lunatic. We see clearly why we are writing and what our vision is and where our goal is. So, if there is someone who wants to attack another for no reason, should go to psychiatrist to go and check for your mental disorder.
By the way, congratulations for your blog anniversary! I am remembering the time you all are trying to collect the donations for the poor children who are infected HIV.
I would like to put a quote I love most by Ezra Pound,
“Any general statement is like a check drawn on a bank. Its value depends on what is there to meet it.” (Ezra Pound )
I am sorry for these obviously stupid who believe what he/she writes on the check (or even in c-box)is what he/she will get. There will be no place for fools to talk nonsense in the future as in previous decade. Especially, in the civilized society, there will be no room for bullsh**’s nonsense.

Eaindra said...

ဘလော့နှစ်နှစ်ပြည့်မှာ စာတွေလာဖတ် ဆုတွေလာတောင်းသွားကြတဲ့ ညီအစ်မ မောင်နှမတွေ အားလုံး ကျေးဇူးအထူးတင်ပါတယ်...။

ဘလော့ဂ် အနေနဲ့ တောက်လျှောက်ရေးဖြစ်လုပ်ဖြစ်ဖို့က
မဖြစ်နိုင်ပေမယ့်
စာတွေကတော့ မသေမချင်းရေးသွားပါ့မယ်..။