ဗုံး(၃)လုံးဆက်တိုက်ကွဲတာနဲ့ဧည့်ခံခဲ့ပါတယ်..
တံလျပ်တွေတလူလူနဲ့ ပိုးစိုးပက်စက်ပူရဲနေတဲ့..နွေ
အဲသည့် ..နွေလည်နေရဲ့အောက်မှာ
ရန်ကုန်ဟာ မယုံနိုင်လောက်အောင်ကို အိုစာသွားခဲ့ပါပြီ..။
ဘာပဲဖြစ်ဖြစ် စာအုပ်ဆိုင်မှန်သမျှလျှောက်သွား
အဟောင်းတန်းပါမကျန်ဝင်မွှေပြီး
လက်ဆောင်ရတာရော ၀ယ်လာတာတွေရော
စာအုပ်တွေချည်း ၁၄ ကီလို တန်ဆာခ အပိုပေးပြီး အရသယ်လာခဲ့ပါတယ်..။
အဲတော့
ကဗျာမရေးနိုင်တောင် ကဗျာရိုက်နိုင်အောင်ကြိုးစားပါ့မယ်..။
အလျင်းသင့်သမျှ ကဗျာဆရာတွေကိုလည်းblog မှာတင်မယ်နော်လို့ကြိုတင်ခွင့်တောင်းထားခဲ့ပါတယ်.။
အခု ဖတ်မိပြီး အလွတ်ပါရသွားတဲ့ လွှတ်ကြိုက်မိသွားတဲ့
ဆရာဦးစိမ်းနီရဲ့ ကဗျာလေးတစ်ပုဒ်လက်ဆောင်ပေးချင်ပါတယ်..။
++++++++++++++++++++++++++++++++++++++++++
ပျော်ရွှင်ဖွယ် ဇာတ်လမ်း
တအုံးအုံး
တဖုံးဖုံးနဲ့
ခေါင်းအုံးရိုက်ပွဲကတော့
လာဦးမှာ သေချာတယ်..
ဒီမှာ
လုလင်
သူလက်အလွှဲမှာ ခေါင်းငုံ့ရှောင်လိုက်
သေချာတယ်
သူစရိတ်နဲ့သူ လေကိုခွဲ......၀ဲ..သွားလိမ့်မယ်..။
မောင်စိမ်းနီ
( အမှတ်(၃) ပန်းအလင်္ကာမဂ္ဂဇင်း)
8 comments:
မရေ... ဆရာမောင်စိမ်းနီ ကဗျာလေး ကောင်းလိုက်တာ။ တိုတိုလေးနဲ့ ထိရှတယ်။
အလျဉ်းသင့်သလိုတင်ပါ မမရေ။ လာဖတ်ပါ့မယ်။း)
(1)အစ်မ ဘလောဂ်မှာ share နိုင်သမျှ share မယ့် 14 kilo ရှိတဲ့ စာအုပ်တွေထဲက ကဗျာတွေကိုလည်း ဖတ်ချင်ပါတယ် ။
(2)ကိုယ်တိုင်ရေး ကဗျာတွေကိုလည်း ဖတ်ချင်ပါတယ် ။
(3)(ကိုအိုင်တို့ဆီက ကျွန်တော့်ဖို့ ခဲဖိုးတောင်းခဲ့ပါသလားလဲ သိချင်ပါတယ်..:) )
ပျော်ရွှင်ဖွယ်ဇာတ်လမ်းဆိုလို့ အရောက် ပြေးလာခဲ့ပါတယ် ချစ်ညီမလေးရေ..
ညီမဆီက နှစ်သစ်ကို ကြိုတဲ့ ဗုံးယမ်းနံ့တွေကြားမှာ ခေါင်းအုံးရိုက်ပွဲကို မြင်ရတာ မောပါ့..
(ပျောက်နေတာ ရန်ကုန် ပြန်နေတာကိုး)
ပျော်ပျော်ရွှင်ရွှင်
ခေါင်းအုံးရိုက်ပွဲ.. ဆော့ချင်တယ်..
“ခေါင်းအုံးထဲ ဗုံးတော့ ဝှက် သယ်မလာရ”
;-)
ကဗျာလေးက စဉ်းစားကြည့်ရင် အဓိပ္ပါယ်ပြည့်ဝတယ်နော်..
သူပေးသမျှ မကောင်းသော အရာတွေ ကိုယ်သာ မခံယူရင် သူ့အရှိန်နဲ့ သူ သွားမှာပဲ လို့ တွေးမိတယ်..
ကိုလင်းဒီပ ပြောတဲ့ အမှတ်စဉ်တွေထဲမှာ မယ်လည်း အလိုတူ အလိုပါ :P
သားသားလည်းပါမယ် မိုးကယ်နဲ့ ကိုဒီ :P
မမရေ..များများသာရိုက်ပေတော့
ပရိတ်သတ်တောင့်တယ်....
အော်မေ့လို့..ကိုလင်းဒီပတောင်းထားတာပေးလိုက်ဦးလေ....
ဟိဟိ...
Post a Comment