August 24, 2010

ခြေဆော့ လက်ဆော့ နား



အနေအထိုင်မတတ်ဘူး အထူအပါးနားမလည်ဘူး

အလိုက်ကမ်းဆိုးမသိဘူး အမှတ်သည်းခြေမရှိဘူး

အကောင်လိုက်ပြနေတာတောင် အရိပ်ကို မဖမ်းမိနိုင်ဘူး

အသွားမတော် တစ်လှမ်းတဲ့

ငါ့နားက ကြားနေကျ သတင်းထဲ ချော်ကျတယ်..။ ။



အိန္ဒြာ
(၂၄.၈.၁၀)

8 comments:

လင်းဒီပ said...

Next time take care yours ear :P

pandora said...

ပါးစပ်နဲ့ လှမ်းဆယ်လိုက်ပါ

MANORHARY said...

စကားလုံးတွေကိုက ပြစ်ခဲ စေးထန်းနေခဲ့တော့
ချော်ကျတာ ဆန်းသလား ...

မမသီရိ said...

ွှအမ ကတော့ အနှစ်တွေနဲ့ပြည့်နေတဲ့ ကဗျာလေးကို အဓိပါယ် နှစ်မျိုးနဲ့ ခံစားသွားတယ် ညီမ ရေ..
တမျိုးက မူရင်းအတိုင်း..ခံစားမိပြီး ..
တခေါက်နှစ်ခေါက် ထပ်ဖတ်မိရင်း နောက်
တမျိုးကတော့ ကိုယ့်ဖာသာ တကြောင်းပြင်ရေးပြီး..ခံစားဖြစ်တာ..

ကဗျာပြင်ရေးလို့ စိတ်မရှိပါနဲ့ နော်..။

အနေအထိုင်မတတ်ဘူး အထူအပါးနားမလည်ဘူး
အလိုက်ကမ်းဆိုးမသိဘူး အမှတ်သည်းခြေမရှိဘူး
အကောင်လိုက်မပြခင် အရိပ်ကို ကြိုကြို သိနေရက်နဲ့
အသွားမတော် တစ်လှမ်းဖြစ်ချင်ဖြစ်ပစေ
ငါ့နားက ကြားနေကျ သတင်းထဲ ချော်ကျတယ်..။ ။

နွေဆူးလင်္ကာ said...

မိုက်တယ်ဂျာ ... နားကြီးက ....

emayarKhin said...

စကားလုံးတွေ..သေလောက်တယ်..။။။

ငြိမ်းစိုးဦး said...

ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်နေကြရတာ ကြာပါပြီ ...
ငြိမ်းစိုးဦး

Mhu Darye said...

မကြီးရေ.. ရောက်စ်.. ;P