BLog လေးဆီ ခြေဦးမလှည့်ဖြစ်တာကြာခဲ့ပါပြီ။ Blog ကို မင်္ဂလာရှိရှိပြန်ဖွင့်လိုက်တယ်ပဲဆိုပါစို့..
၂၀၁၁ခုနှစ် ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်သမျှ စုစည်းထားတဲ့ သမိုင်းဝင်စာအပ်တစ်အုပ် စာရေးဆရာကိုအောင်ဆန်း ဆိုတဲ့ အမည်နဲ့ ထွက်ရှိခဲ့ပါတယ်။
ဆရာမောင်စိမ်းနီ စုစည်းတင်ပြတာဖြစ်ပါတယ်..။
ဒီစာအုပ်ထဲမှာ ဖတ်ပြီးကတည်းက ပြန်ပြီး မျှဝေပေးချင်နေတာကတော့
ဗိုလ်ချုပ်အောင်ဆန်းရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိပါ။
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်မှ ပေးရန်မ၀ံ့ပေမယ့် အော် ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဖြစ်တာကိုးလို့ ကြည်ညိုစိတ်တွေနဲ့ အထပ်ထပ်ရေရွတ်နေမိပါတယ်။
အားလုံးကို ဖတ်မိစေ့ချင်တဲ့ စိတ်လည်း ထက်ထက်သန်သန်ကို ဖြစ်ပေါ်လာတဲ့ အတွက် မျှဝေပေးတာလိုက်ပါတယ်.။









2 comments:
စာတွေ ပြန်တက်လာတာ မင်္ဂလာပါအစ်မ...။
ကျွန်တော့်ကွန်ပျူုတာ error တက်နေလား မသိဘူး ။ အစ်မ ဘလောဂ့်ဆိုဒ်ဘားကြီးက ညာဖက်ရောက်နေတယ် ။ :P
မဒါတင်ထားတာမသိဘူး။
စကင်န်တာင်ထပ်ဖတ်ပြီး တင်လိုက်တယ်။
မနေ့ကပဲ။ ဟဲဟဲ။
တိုက်ဆိုင်လိုက်တာများကွာ။
Post a Comment