ရသအလင်းအနေနဲ့ အောက်တိုဘာလမှာ ဆရာလှသန်းနဲ့ နိုဝင်ဘာအတွက် ဆရာအေးမင်းစောကို နှစ်ဦး ပေးအပ်ခဲ့ပြီး ဒီဇင်ဘာလမှာတော့ ဂုဏ်ပြုငွေကို ကဗျာဆရာကြီးမောင်အောင်ပွင့်ကို ပေးခဲ့ကြပါတယ်။
ဆရာမောင်အောင်ပွင့်ဟာ ပြောင်မြောင်တောက်ပတဲ့ကဗျာဆရာကြီးတစ်ဦးဖြစ်တဲ့အပြင်ကျန်ခဲ့တဲ့ မြန်မာပြည်ရဲ့ခေတ်ကာလတွေမှာထောင်အကြိမ်တော်တော်များများ ကျခံခဲ့ရတဲ့ ကဗျာဆရာတစ်ဦးလည်းဖြစ်ပါတယ်။
ဆရာ့သမိုင်းကြောင်းကိုပြန်ကြည့်လိုက်တော့
၁၉၆၇/၆၈ - ပုသိမ်ထောင် ၊ ၁၉၇၈/၈၀ - အင်းစိန်ထောင် ၊ ၁၉၉၇ - တံတားဦးအချုပ် ၊ ၁၉၉၉/၂၀၀၅ - အင်းစိန်/သာယာဝတီထောင် တဲ့။
ထောင်နံရံတွေဟာ ကဗျာတွေကို ကဗျာဆရာတွေကို ပိုမိုကျစ်လစ် ပြောင်မြောက် လာစေတတ်သလားမပြောတတ်တော့ပါ။
ဆရာက ၂၀၀၂ - လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ Hellman/Hammett Grant for writers ဆုနဲ့
၂၀၀၄ - နိုင်ငံတကာသတင်းသမားများကာကွယ်စောင့်ရှောက်မှု ကော်မီတီမှ နိုင်ငံတကာစာတယ်ဇင်းလွတ်လပ်ခွင့်ဆု တို့ကရရှိထားသူဖြစ်ပါတယ်။
ဆရာ့ကို ၁၉၄၅ခုနှစ်နိုဝင်ဘာ(၁၁)ရက်နေ့ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာဇာတိဖြစ်ပါတယ်။မိဘတွေကတော့ ဦးထွန်းမှိန် နဲ့ ဒေါ်စာမတို့ဖြစ်ပြီး ဆရာရဲ့နာမည်အရင်းကလည်း ဦးအောင်ပွင့်ပဲဖြစ်ပါတယ်။
၁၉၆၈ - အိုးဝေဂျာနယ်(၄)မှာကဗျာစတင်ဖော်ပြခံရခဲ့ရပြီး
၁၉၇၂ - မှာအလွမ်းပင်တော။(တကိုယ်တော်)
ဝါကျင့်ကျင့်နေ့ခင်းရှည်(အောင်ငြိမ်း။ကျော်ကျော်ခင်တို့နှင့်)
၁၉၇၄ - မိုးရိပ်လေရိပ် .မတ်လအရိပ်(လက်ရေးမှင်ကူး)
၁၉၉၅ - ကောင်းကင်တော်တမ်းခြင်း
၁၉၉၅ - ဧကစာမီးခိုးများ (ကိုသန်းထွန်း။ကေအေတီ။.အောင်ဘညိုတို့နှင့်)
ကျောင်းဆ၇ာ။စာပြင်ဆရာ။စာအုပ်ရောင်းသူ။AV MEDIA / PIONEER VIDEO PRODUCTION တို့တွင်စီစဉ်သူ..အနုပညာအကြံပေးလုပ်ခဲ့ပါတယ်။
၂၀၁၂ - ဇန်န၀ါရီတွင် ငြိမ်းချမ်းရေးညစာ ကဗျာရှည်စာအုပ်ထွက်မည်။
(ဆရာ့ရဲ့ကိုယ်ရေး အကျဉ်းချုပ်ကို ကဗျာဆရာသော်ဇင်အုန်းက စုံစမ်းပေးပို့ပေးခဲ့တာဖြစ်ပါတယ်။)
ဆရာ့ကိုဂုဏ်ပြုငွေပေးအပ်ကြဖို့ ရသအလင်းအဖွဲ့သားတွေ အားလုံးတိုင်ပင် ဆုံးဖြတ်ပြီးတဲ့ အခါ ၊ အဆင်ပြေတိုက်ဆိုင်စွာပဲ စာရေးဆရာမ မနော်ဟရီက ပုသိမ်ကိုသွားမှာနဲ့ ကြုံကြိုက်ခဲ့ပါတယ်။
ဆရာမောင်အောင်ပွင့်ကို ဂုဏ်ပြုငွေပေးအပ်ဖို့ ဆရာမ မနော်ဟရီက အစစအရာရာတာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။
အဲဒီ့အတွက် ဆရာမမနော်ဟရီကို ကျေးဇူးအထူးတင်ရှိပါကြောင်း ရသအလင်းမှ လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင်ရှိပါတယ်။
++++++++
ရသအလင်းရဲ့ ဆရာမောင်အောင်ပွင့်အတွက် ဂုဏ်ပြုလွှာ
ဆရာ့လက်ရေးနဲ့ ကျေးဇူးတင်မှတ်တမ်းလေး
ဆရာမမနော်ဟရီက ရသအလင်းရဲ့ကိုယ်စားပေးအပ်ဂုဏ်ပြုခဲ့ပါတယ်။
ပြည်သူထဲက ကဗျာဆရာရဲ့ ရင်ဖွင့်သံ
နွားတွေက သူ့ခြေရပေါ်နင်း၊ သူက နွားခြေရတွေပေါ်နင်း..နဲ့
+++++++++++++
ဆရာမောင်အောင်ပွင့်ရဲ့ မောင်အောင်ပွင့်မွေးဖွားခြင်းဆိုတဲ့ ဆောင်းပါရှည်ကိုလည်း တင်ပေးပါဦးမယ်။
( ဖေါ်ပြပါစာတမ်း ကဗျာနဲ့ ဖေါ်ပြမယ့်ဆောင်းပါကို ဆရာမ မနော်ဟရီက ကျေးဇူးပြူရှာဖွေပေးထားတာဖြစ်ပါတယ်။)
+++++++++++++++
မောင်အောင်ပွင့်ရဲ့ ခေတ်အဆက်ဆက်တင်ကျန်ရစ်မယ့် ကဗျာရှည်တစ်ပုဒ်ကိုလည်း မျှဝေပေးလိုက်ပါတယ်။
မြစ်တွေစီးထွက်လာတဲ့ အကြောင်းဆိုတဲ့ ကဗျာကိုတော့ အိန္ဒြာ့ဘလောဂ့်မှာရော ဖဘမှာပါတင်ပေးထားဖူးပါတယ်။
ပြန်ဖတ်လိုသူတွေ ရှာဖတ်နိုင်ကြပါတယ်။ ဒီပိုစ့်က တအားရှည်နေတဲ့ အတွက် ထပ်ထည့်မပေးတော့ပါဘူး။
"မဟာလူဆီသွားရာ ငဝန်မြစ်ရိုးက မမြင်နိုင်တဲ.တံတားများတဲ့"
ငြိမ်းချမ်းရေးကို အရူးအမူးဆာလောင်နေတဲ့ကဗျာဆရာရဲ့ ရေခဲမြေခံဟာ စစ်တလင်းပြင်ဖြစ်ခဲ့ဖူးတဲ့ အခါ.......
+++++++++++++++++++++++++++++++++
မဟာလူဆီသွားရာ ငဝန်မြစ်ရိုးက မမြင်နိုင်တဲ.တံတားများ
ကျွန်တော်ဟာ
ငဝန်မြစ်မှာ နေလိုက် ဝေးကွာလိုက်
ဒီတစ်ခါ ငဝန်ရင်ခွင်ကိုဝင်တော.
ဆရာမောင်သာနိုး ဘာသာပြန်တဲ.
ဖရီးဒရစ်နီးရှရဲ. “ဒီလိုမိန်.ရဲ. ဇရထုသျှတြ” ကို ဖတ်မိ
ဒီကဗျာရှည်ရေးဖြစ်အောင်ကို လှုပ်နှိုးခံလိုက်ရရဲ.။
"အယူနှစ်ပါးက ဝင်ပူးလိုက်တော.
လူနတ်တွေ တချို.နောက်ကျန်ကုန်တယ်
တချို. အပြေးလွန်ကုန်တယ်
အရှိကို အရှိအတိုင်းမြင်ပြီး အရှိငြိမ်းရေး
ရာဂကင်းရေး အဆုံးသတ်ရေး”
အရေးရေးတွေဘက် လှည်.ဖြစ်လှည်.အား မရှိအောင်ပဲ
ကိုယ်.ကိုယ်ကို စက်ဆုပ်ကြ ငဝန်မြစ်ဝှန်းသားတွေ။
အဲ၊ ဘယ်မြစ်ဝှန်းမှာကော
ကိုယ်.ကိုယ်ကို စက်ဆုပ်ကြသူတွေ မများလို.လဲ
လူငယ်အများစုရဲ. ဦးနှောက်
ကက်မွေးငှက်မွေးထက် ပေါ.နေတာမကောင်းဘူး
ကျွန်တော်ဟာ ဒီမြစ်ဝှန်းသားဘဝ
ဒီမြစ်ဝှန်းသားဘဝတွေဟာ ကျွန်တော်.ဘဝ
ဒီလိုခံယူလို.
ဒီကဗျာရှည် ကျွန်တော် အခုရေးဖြစ်ပြီ။
ငဝန်မြစ်မှာမွေး
ငြိမ်းချမ်းရေးကို ကျွန်တော်ချစ်တတ်ခဲ.တယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း
အတိုင်းမသိ ဂုဏ်ကြီးဘိကြောင်း
သိကောင်းမှန်းလည်း ရှိရော
ရှိခိုးဦးချချင်စိတ်လည်း ရှိရော
ကျွန်တော် မြို.တော်ကြီး ခြေအချမိ
ဆရာကြီး အသက်ထင်ရှား မရှိတော.။
ဆရာကြီးရဲ. ကျန်းမာရေးဆေးကုသူ
ဲငြိမ်းချမ်းရေး ဆေးကုသူပဲ
အခု သူဘယ်မှာလဲ
ဒေါက်တာဆင်ဖိုး ဘယ်မှာလဲ။
ဒေါက်တာဆင်ဖိုး ဘယ်မှာလဲ
ဒေါက်တာဆင်ဖိုး ဘယ်မှာလဲ
တမေးတည်း မေးနေမိတယ်
ငြိမ်းချမ်းရေးရှိရာ ငြိမ်းချမ်းရေးသာ သိတယ်
လူထုအမေက လိမ်စာပေးပါတယ်
ဝင်ဒါမီယာ၊ အောင်ဗောဓိရိပ်သာလမ်း။
ငြိမ်းချမ်းရေးကို ချစ်မက်ခဲ.တာ
အမေတို.စာအုပ်တွေ ဖတ်မှတ်ခဲ.ရလို.လည်း ပါတယ်
အဲဒီကာလ တိုင်းပြည်မှာမငြိမ်မသက်
လူထုသတင်းစာက ငြိမ်းချမ်းရေး။
မြို.မငြိမ်း
ကားဘီးအောက် ခေါင်းထိုးဝင်
အကြောင်းအကျိုး ဆက်ပြ
အရင်းရှင်စံနစ်ဆိုးက တွန်းထိုးချလိုက်တာ
ကားအောက် ကျခဲ.တာပါပဲ
ဒါ အမေရေးတဲ.
“ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ထဲမှာ ပါတယ်။
ဆရာငြိမ်းမသေခင် မရွှင် မပျ မြင်ရတော.
မိခင်နဲ.တူတဲ. သူ.ဇနီး
နေမကောင်းရင်းကြားက စောင်.ကြည်.သတိထား
ခင်ပွန်းသည်ရဲ.လက်ကို ကိုင်ထားရင်း အိပ်သတဲ.
နံနက် ၂ နာရီလောက်ကြီးမှာ
လင်သည် ပျောက်သွားတော.
အူယားဖားယား လိုက်မယ်ပြင်
လူစိမ်းယောင်္ကျားနှစ်ယောက် မြင်တော.
ကြောက်ကြောက်နဲ. အိမ်ထဲပြန်ဝင်နေရသေးသတဲ.
ကျွန်တော် စိတ်မကောင်းဆုံးဖြစ်ရတာ
အဲဒီနေရာပဲ
ခမျာ သိသိချင်းလိုက်ရင် မီချင်မီမှာ
ရင်ထဲမှာ တသသနဲ. တ,တ,နေမိရဲ.။
မန္တလေးမှာ အဲဒီအချိန်
ပုသိမ်မှာ စစ်ပြေးခိုရင်း
ကျွန်တော်ငါးနှစ်အရွယ် မိခင်ပျောက်ခဲ.တယ်၊
ပြည်တွင်းစစ် မီးတောက်ကြီးထဲ
ခေါက်ကယ်ပြန်ကယ်သွား
မြို.ပြန်လိုက် တောဆင်းဈေးရောင်းလိုက်
ကြွေတောင်းလိုက်နဲ.
သွေးချောင်းစီးတဲ.အထဲ ပါသွားရော.လား
သားတို.ဆီ ပြန်မရောက် ခုအထိတိုင်ပြီ။
အမေ နောက်ဆုံး ပျောက်မသွားမီ
ကျွန်တော်.ကို
အာစီအမ်ကျောင်းမှာ ထားသွားသေးရဲ.
အဲဒီနေ.က အမေ.လက်ကိုကိုင်
စတိုင်ကျကျ စလွယ်ကြိုးသိုင်းတပ်ဘောင်းဘီ
ဖိနပ်ဖြူဖြူ ခြေအိတ်ဖြူဖြူ အင်္ကျီဖြူဖြူ
လူ.ကို ကြွားဝင်.နေတာပဲ။
ကျွန်တော်.ကို စာသင်ခန်းထဲမှာထား
အမေ ပြန်သွားမယ်လုပ်တော. ကျွန်တော် ငိုပါရော
ချောကလက်တွေ ကျွေးတယ်
ကုလား ဆရာမကြီးက ချော.တယ်အတန်းသားတွေနဲ. သီချင်းလိုက်အဆိုခိုင်းတယ်
“ဒုံ…ဒုံ…မြစ်ကို စုန်ဆင်းတယ်”
တညည်းညည်းတညူညူ လူနာတွေကို တွေ.နေရတယ်
မယ်တော်မာရီရှေ.မှာ သစ်ပင်အောက်တွေမှာ
ခေါင်စောက် ကျောင်းကြီးနားမှာ
အလောင်းတွေပက်လက်အရောသား
(အဲဒီလူတွေဟာ စစ်ပြေးဒုက္ခသည်ဆိုတာ နောင်မှ သိရတယ်)။
အမေပျောက်
အမေပျောက်ကို အဖေရှာ
အဖေပါ ပေါ်မလာတော.
အခေါ်လာတဲ.
အမေ.ဘက်က အဘိုးအဘွားနောက်
ကျွန်တော်တို. ညီအစ်ကို ပါသွားရော။
တောရောက်တော.
ဆရာတော်ကျောင်းကြမ်းပြင်မှာ မျက်နှာအပ်
စာဖတ်ရတယ်
ဒေါင်…ဒေါင်…ဒေါင်
ဗုံးခွံဟောင်းကြီး ခေါက်သံကြား
သူ.ထက်ငါဦးအောင် ကျောင်းပေါ်ပြေးတက်ကြ။
သေနပ်သံ ကြားရပြီဆို
ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ရော
ကျေက်သင်ပုန်းတွေနင်းမိခဲ. စိစိကိုကြေလို.
မိန်းကလေးတွေက
မုန်.လေပွေ မစားရက် ရှေ.မှာ ချထားကြ
တက်နင်းမိကြ မွမွကြေ လွင်.လွင်.ဝဲပေါ.။
အဲဒီဧရာမ ကုက္ကိုပင်စည်တွေရဲ.
လက်တစ်ဖေါင် မမီ.တမီနေရာမှာ
ကြော်ငြာထားတဲ.ဆုတော်ငွေစာရင်း နှင်းတွေစိုလို.
ကိုယ်တစ်ပိုင်း ဓာတ်ပုံတွေအောက်
တစ်ယောက်ကို တစ်သိန်း
တစ်ယောက်ကို ငါးသောင်း
တစ်ယောက်ကို ငါးထောင်။
ဟိုးအဝေးကြီးက အမြောက်နဲ.လှမ်းပစ်
ကမ်းနားတန်ဆောင်းထဲကဘုရား ပါးပဲ.သွားတယ်
အစားထိုးဖါထေးလို. အင်္ဂတေအမာရွတ်ကြီးဖြစ်
သူငါ လူတကာပါးစပ်
“သေနပ်မှန် ဘုရား” တဲ.လေ။
တည်.တည်.ချိန်ပစ် ထိဖြစ်မယ်မထင်ဘူး
ထန်းပင်လည်ဆစ်ကျိုး ထိုးထောင်ကျန်ခဲ.ရဲ.
ပျံလွှားငှက်ကလေးတွေ စာဗူးတောင်းငှက်ကလေးတွေ
အိပ်တန်းပျက် အသိုက်ပျက်ကုန်ကြရော
ထန်းလည်ဆစ်ကျိုး အဖြစ်ဆိုးဟာ
မိုးတိုးမတ်တတ် ထိုးထိုးထောင်ထောင်
ကျွန်တော်တို.ရွာမှာ
ကြာပဲကြာလှ အနိဌာရုံသင်္ကေတ။
ပုခက်လွှဲရင်း တိုက်ပွဲသံကြား
ကြောက်အားလန်.အား ပြေးလွှားပုန်းရင်း
ဗုံးကျင်းထဲကနေ သားလေးဆီ ပြန်ပြေး
ပုခက်အောက်မှာ သွေးတွေ အိုင်ထွန်း
အဲ.အဲ. အဲ.အဲ. တအဲ.အဲ.နဲ.
မချိတင်ကဲ ဘာတွေပြောသွားတာလဲကလေးရယ်။
လူသားချင်းသတ်ဖြတ်တဲ. အနံ.ဆိုကြီး
ဗေဒါနဲ.အလောင်းတွေ ကျပ်တောင်.နေတာ
ဟိုဘက်ကမ်း ဒီဘက်ကမ်း နင်းလျှောက်လို.ရတယ်
ငဝန်မြစ်ခွဲ (ဒါးက) မြစ်ထဲမှာ ဖြစ်ခဲ.တယ်
၁၉၄၈ ခုနှစ်မှာ ဖြစ်ခဲ.တယ်
တကယ်ဖြစ်ခဲ.တယ်။
ကျွန်တော်တို.ရွာလယ်ဆိပ်က ဝဲထဲ
မကြာမကြာ အလောင်းတွေ ဝဲလည်ရင်
ဝဲထဲက တော်တော်နဲ. မထွက်
ဝါးလုံးရှည်နဲ. ထိုးလွှတ်လို.လည်း မထွက်
ရွာသားတွေ ကမ်းလုံးညွှတ် ကြည်.ကြ
ဘယ်ကလဲ၊ ဘယ်သူ.သားလဲ သမီးလဲ
ဘာကြောင်. သေရတာလဲ သူတို.မသိ
ကျားဆို မှောက်ခုံ၊ မဆို ပက်လက် မျောတတ်တာ
ဘာကြောင်.ရယ် ဘယ်.နှယ်ရယ်လို. သူတို.မသိ
နောက်ဆုံးတော. အလောင်းတွေသာ ဆက်မျောသွားတယ်
ရွာသားတွေရဲ. မသိတာတွေက
လိုက်ပါ မျောမသွားပေဘူး
မသိမှုအလေးဆုံး တရားတွေကြောင်.
ငဝန်ရေစီး နှေးကွေးလေးလံနေတာလား
နတ်ဆိုးတစ်ပါးပါးရဲ.
မိုက်မဲမှုလက်ရာမြစ် ဖြစ်နေတာလား
ကျွန်တော်. စိတ်ဓာတ်က
ဒေဝလို. အရှင်လို. ဘာကြောင်.မှ မခေါ်ချင်ဘူး
ကိုယ်.ကိုယ်ကိုယ် ကောင်းကင်ဘုံအရာတွေထဲ
သဲထဲရေသွန် မလုပ်မိတော.ဘူး
ကိုယ်.ကိုယ်ကိုယ် ငရဲထဲပို.
ကြောက်ဖို. နေနေသာသာ ဝေလာဝေးပေါ.။
စနေဂြိုလ်က အထွက်ကောင်းဖို.
စနေဂြိုလ်ခွင်ထဲမှာလည်း
အလုပ်ကောင်းတွေ လုပ်ရမယ် ကျွန်တော်ယုံတယ်။
ကိုယ်.ကိုယ်ကိုယ် စိတ်ပျက်ကြတယ်လို.ပဲ
ကိုယ်ကိုယ်တိုင်ကို ကျော်လွန်ပြီး
မဖန်ဆင်းနိုင်မှန်းလည်း သိရော
ကိုယ်.ကိုယ်ကိုယ် စက်ဆုပ်သွားကြရော မဟုတ်လား
သူတို.ဟာ ကျွန်တော်.အဖို.
မဟာလူဆီ သွားရာတံတားများ မဟုတ်ချေဘူး။
တို.မြစ်ဝှမ်းသားတွေ
ဘယ်လို ကုသိုလ်မျိုးပြုပြု စိတ်ဝမ်းကြည်နှုးဖြစ်ရတာ
ဘယ်သူ.ကျေးဇူးလဲ
တို. မြစ်ဝှမ်းသားတွေ ကိုယ်တိုင်နဲ. ဒီမြစ်ဝှမ်း
ဒီမြေရဲ. ကျေးဇူးတော်ပဲ မဟုတ်လား။
ငှက်တွေ ငါးတွေ ဘေးမဲ.လွှတ်ကြရင်
“နင်. အသက်တစ်ခါလွှတ်၊ ငါ.အသက် ဆယ်ခါလွှတ်” တဲ.
တို. မြစ်ဝှမ်းသားတွေရဲ. နှုတ်ဓလေ.
ဘယ်.နှယ်ဗျာ ဆယ်သက်တောင် မလွတ်လပ်ရမလား
မလွတ်လပ်လှ တစ်သက်အပြင် ရှိချင်သေးလို.လား။
အမေ.ဝမ်းကကျွတ်တဲ. ငါ၊ ငါ လုံးဝဖြစ်ရဲ.
ဝိညာဉ်အမည်နာမက ငါနဲ. ကပ်မြှောင်ပါလာတာ
ဒီတော. ငါနဲ.အတူ ချုပ်ငြိမ်းရမှာပါ။
ကျွန်တော်. အဘွားမွေးတုန်းက
ကျားဗိုလ်ဗျိုင်းဗိုလ် ကြောက်ရလွန်းလို.
ရွာ.နောက်တောထဲမှာ ပုန်းရင်း ဖွားမြင်တာတဲ.
သူနဲ.အတူ မွေး မွေးခါစလေးကို
ခါချဉ်ကိုက်လို. ငို
ဒီတော. ရွှေငို အမည်တွင်ရောတဲ.
ကိုလိုနီခေတ်ထဲ အဘွား အပျိုဖြစ်
မင်းလောင်းမောင်သန်. မျှော်မိလို မျှော်မိ
“ဂျော.ဘုရင် ရွှေဘုန်း နေတနှုန်းသို. ပမာညီ” အစချီလို.
ယိမ်းထဲဝင် ကလိုကရ
ဒီလိုနဲ. ဂျပန်ခေတ်နဲ. ကြုံဆုံရပြန်ရော
တစ်ကိုယ်လုံး ဝဲတွေ စွဲကြ
ဝဲနာတွေကို ဘီးစိပ်နဲ.တိုက် ဆားနဲ.ပွတ်
စပ်လွန်းလို. ထွန်.ထွန်.လူး မြစ်ထဲခုန်ချကြ
လွတ်လပ်ရေး ဒီဘက်ခေတ် ရောက်ပြန်တော.
ပြည်တော်မသာ ပြည်ရွာမအေး
ပြည်တွင်းစစ်ဘေးနဲ. ကြုံကြပြန်
“တာစားကျော်ရင် ရွာသားဆော်မယ်”
တဘောင်စကားကို ကြောက်လိုကြောက်ရ
ဒီလိုနဲ. မြန်မာ.ဆိုရှယ်လစ်ခေတ်ကို ရောက်
ဆိုရှယ်လစ်သော ဘာသောညာသော
ဘာရယ်မှ မသိလိုတော.ပြီ ထင်ပါရဲ.
အဘွားရယ် သေငင်ဇောနဲ. မျောနေတုန်း
ရုန်းဟယ် ကန်ဟယ်နဲ.
မွေးတုံးကကြောက် တစ်သက်လုံးလဲကြောက်
သေတော.ကြောက်နဲ. အကြောက်မကြီးလေ။
နီပြာခရမ်း စက္ကူပန်းချုံနား
ပိုက်ဆံငါးပြားစေ. ကောက်ရတုံးက
မည်းနေလို. ခြေဖနောင်.အောက်ချ
မွှတ်နေအောင် ကိုယ်ကိုလှည်. မူးသွားတာပဲ
စကြာပန်းရုံ လည်လည် လည်လည် မြင်ရဖူးပြီ။
တိုက်ပွဲညလေ
ပန်းချုံကြားအလောင်းထားလို. ထွက်သွားခဲ.ကြ
ပုတ်ပွနံမှ သိကြရပြီ
ကျွန်တော်. စကြာပန်းရုံ ပျောက်ဆုံးခြင်း။
မိုးချုပ်တော.ရင် လကိုမြင်
ကောင်းကင်မြင်.ခေါင် လှေကားထောင်လို.
ရောက်အောင်တက်သွား၊ လကိုကိုင်ထိ ဖဲ.ကြည်.ချင်တယ်
ရွှေရည်ဖိတ်လျှံ လက်ပေကျံလို.
သက်သေခံနဲ. ပြန်ဆင်းခဲ.မယ်။
ကျောင်းဆရာလေး သူဟာ အဖြူပါ
လူတကာ ချစ်တယ်
သူ.ခေတ်ကို သူထုဆစ် ရွာကချစ်သူပါ
သူဟာ
“ဂွာရာနီကာ” ပန်းချီကား ခံစားတတ်လာတယ်
ပီကာဆိုရဲ. ချိုးဖြူ ကျူးရင်.ဟစ်ကြွေးသံ
သူ.ရင်ထဲမှာ ညံနေတယ်။
"အိမ်မက်ထဲက ရွာကလေး”
ဆရာကြီး ဦးအုန်းလွင်ရဲ. ပန်းချီကား
အဲဒီပန်းချီကားကို ခံစားရေးဖွဲ.
ဆရာကြီးမင်းသုဝဏ်ရဲ. ကဗျာ
သာယာလှပတဲ. ရွာကလေးလေ
ရေမြေနေလေ ဓာတ်ကြီး လေးပါး
ငှက်ပျောရွက်ဖားကြီးတွေ ဝေလို.
စိမ်းစိမ်းရွှေရွှေ အရောင်တောက်လို.
အဲဒီပန်းချီကားနဲ. အဲဒီကဗျာထဲ
ကိုယ်ကိုဘယ်လို ကျူံ.ပြီး ဘယ်လိုဝင်ရပါ.
ငြိမ်းငြိမ်းချမ်းချမ်း နေချင်လိုက်တာ။
“အင်ကွီဇီးရှင်း” အမှု ပြန်စစ်ရတယ်
ဂလီလီယိုနဲ. အေသင်တရားရုံး ဘယ်သူမှားခဲ.သတုန်း
လူရိုင်းတွေရဲ. နှိပ်ကွပ်မှုပဲလေ
တရားရုံးထဲမှာ ဒူးထောက်ထိုင်ရတုန်း
“ဘာပဲဖြစ်နေ ဖြစ်နေ
နေကို ကမ္ဘာက လှည်.ပတ်နေမြဲနေမှာပါ”
နှုတ်ခြွေဖြစ်အောင် ခြွေသွား ဂလီလီယိုရဲ. စကား
တရားဓမ္မစစ် ခု အောင်ပွဲခံခဲ.ပြီ။
“အင်ကွီဇီးရှင်း” ကို သိရတယ်
နေစကြဝဠာ ဗဟိုပြုစံနစ်ကို
ကျွန်တော် ထပ်မံယုံကြည်သထက် ယုံကြည်တယ်
အိန်းစတိန်းနဲ. သူ.ဓမ္မတရား
ပွားများရမှန်း သိခဲ.ပြီ။
မနက် ခရီးဝေး ထွက်ခွာရတော.မယ်.
အဲဒီညကမှ ချိန်းတွေ.ကြတဲ.
ကောင်မလေးနဲ. ကောင်လေး ကျွန်တော်
တစ်ခါမှ ပြန်မဆုံတော.ဘူး
အချစ်ဟာ ကျပျောက်တတ်ပါသလား
မိခင်ဖခင်တွေ ပျောက် သားသမီးတွေပျောက်
ဒီလိုပဲ ပျောက်တတ်ကြပါသလား။
“စောပု” ခေါင်းပြတ် ရွာထဲဖြတ်ယူ
ရွာသားတွေ လာကြည်.ကြရ
မီးညှိထားတဲ. “ဘားမားစတိတ်” စီးကရက်
ဘယ်သူက လက်ဆော.လိုက်ပါ.
ခေါင်းပြတ်ကြီးပါးစပ် မီးတရဲရဲ
အသဲယား အူယား
ကျွန်တော် ကြောက်ဖျား,ဖျားပါရော
ဗုံးခွံခေါင်းလောင်းခေါက် ကျောင်း စ,ရောက်ခဲ.သူ
သူ.ဆရာဘဝ
ကျောင်းခေါ် ခေါင်းလောင်းဟာလည်း
ဗုံးခွံဟောင်းကြီးပါပဲလား။
အမြောက်ကျည်ခွံ ကြေးညောင်ရေအိုး
ဘုရားပန်း မညှိုး လွယ်တာ သိတယ် အေးတယ်
ဒီကျည်ပစ်ဖောက် လူဘယ်မျှ သေခဲ.ပြီလဲ
ရင်ထဲခံစား ဘုရားကျောင်းမှာ မမြင်ရဲ။
ဗုဒ္ဓရဲ. စကြာ၊ ဟစ်တလာရဲ. စကြာ
ညာလှည်. ဘယ်လှည်. မတူတဲ.အချက်
သိလျက်နဲ.ဝိပါက် ကြမ္မာငင်
စကြာပုံ မြင်တိုင်း ရင်တုန်တတ်တာလည်း အခက်။
အင်္ဂလန်တိတ်ဆတ်ငြိမ်သက် ချက်စတာ အရပ်က
မုဆိုးမရဲ.သား နယ်ချဲ.စစ်ဗိုလ်ဟာ
တူမီးသေနတ်တစ်ချက် ပေါက်ကွဲပြီးတဲ.အခါ
ဒီရွာမှာ ကျဆုံးခဲ.တာပါပဲ
နဖူးမှာ အပြာရောင် အပေါက်ကြီးနဲ.
နောက်စေ. တစ်ခုလုံး ပွင်.ထွက်လို.
“ပထမရှီကာရီ” တပ်ဖွဲ.ဟာ သွေးနတ်ပူးဝင်
ကမူးရှူးထိုး ကလဲ.စားချေလိုက်ကြတယ်
ရွာကို မီးတိုက်၊ ယောင်္ကျားမှန်သမျှ ပစ်သတ်
ဦးခေါင်းတွေကို ဖြတ်
သူတို. စစ်ဗိုလ်သင်္ချိုင်းပေါ် ပုံထားလိုက်ကြတာ
အရပ်မြင်.မြင်. လူတစ်ဦးရဲ. မေးအထိ မြင်.သွားရော
သူတို. ကိုယ်တွေလက်တွေ ချင်းချင်းနီ
အနီးဝန်းကျင် မြက်ပင်တွေ နီမြန်းကုန်ပြီ
ခေါင်းပြတ်မျက်နှာတွေ မီးရောင်ဟပ်
ဒေါသနဲ. နာကျင်တာတွေ ပေါ်လွင်
မမြင်တော.တဲ. မျကိစိတွေ ပြူးကျယ်နေ
မြန်မာဗိုလ်ခေါင်းပြတ်ဟာ အပေါ်ဆုံးမှာ
သူ.သားခေါင်းပြတ်က
ဓားနဲ. ဒေါင်းအလံနဲ.အတူ အောက်ဆုံးမှာ
ရုဒယဒ်ကစ်ပလင်ရဲ.
“ခေါင်းတစ်ရာ သင်္ချိုင်း” ကဗျာထဲက ဖြစ်ရပ်တွေပါ
ဒါ တကယ်ဖြစ်ခဲ.တယ်
ဒါ တကယ်ဖြစ်ခဲ.တယ်
ပုသိမ်အောက်ဘက်
ငဝန်မြစ်နဲ. ပေပင်ချောင်းဆုံရာ
“ပေပင်မော်” ရွာမှာ ဖြစ်ခဲ.တယ်
အင်္ဂလိပ်-မြန်မာစစ်မှာ ဖြစ်ခဲ.တယ်
တကယ်ဖြစ်ခဲ.တယ်။
ငဝန်မြစ်ဟာလည်း
သက်တမ်းနှစ်ပေါင်း ၁၅ သန်းကျော်ပြီ ဖြစ်တဲ.
ဧရာဝတီမြစ်ကြီးနဲ.အတူ
ပြောစရာသမိုင်း အရိုင်းခေတ်တွေ ခေတ်တွေ။
ငဝန်
အရိုင်းခေတ်တွေ ထားရစ်ခဲ.လေ
နွေဦးသန်.မှ မြစ်သန်.မှာပါ
ငဝန်မြစ်ဝှမ်းကလည်း
တောင်တန်းတွေထက် လေးတဲ. ဦးနှောက်ပိုင်ရှင်
အမျိုးကောင်းသားတွေ မွေးဖွားပြီးရင်း မွေးဖွားရင်း
တငြိမ်.ငြိမ်. တသိမ်.သိမ်. စီးဆင်းပါတော. ငဝန်။
ငဝန်မြစ်ဝှမ်းမှာမွေး
ငြိမ်းချမ်းရေးကို ကျွန်တော် ချစ်ခဲ.ပါတယ်။ ။
မောင်အောင်ပွင်.
++++++++++
ရသအလင်းဖောင်ဒေးရှင်းအဖွဲ့
No comments:
Post a Comment