January 9, 2012

ဇာဂနာနဲ့မင်းထင်ကိုကိုကြီးတို့ရဲ့ "Surviving Beauty"


ရသအလင်းရဲ့မိတ်ဆွေများအားလုံးကို သတင်းကောင်းပါးအပ်ပါတယ်..

"Surviving Beauty" ကို ရသအလင်း ဖောင်ဒေးရှင်းမှ စီစဉ်ကျင်းပပြီး ရရှိလာသော အကျိုးအမြတ်ပမာဏပေါ်မူတည်၍ မူရင်းရည်ရွယ်ချက်ဖြစ်သည့် ပြည်တွင်းရှိ ကျန်းမာရေးအတွက်အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်နေသော

စာပေ၊ကဗျာ၊ကာတွန်း၊ပန်းချီအနုပညာရှင်များကိုဂုဏ်ပြုငွေထောက်ပံ့သည့်ရန်ပုံငွေအပြင်

မြန်မာပြည်တွင်းမှအမှန်တကယ်လိုအပ်နေသော နေရာများသို့ လက်ထိလက်ရောက် လှူဒါန်းသွားမှာဖြစ်ပါသည်။

နောက်ဆက်တွဲ အလှူသတင်းများကို မီဒီယာများမှတဆင့် ရှင်လင်းတင်ပြပေးသွားမည်ဖြစ်ပါကြောင်း..

ဆိုတဲ့ ကြော်ငြာချက်နဲ့ ရသအလင်းက ပွဲလေးတစ်ပွဲစီစဉ်ကျင်းပဖို့ရှိပါတယ်။

ဇန်န၀ါရီလ(၂၁)ရက်နေ့မှာ လူရွှင်တော်ဇာဂနာ(ဒါရိုက်တာ ကိုသူရ)နဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ရဲ့ ရုန်းကန်ရှင်သန်နေသော အလှတရား (SURVIVING BEAUTY )ရုပ်ရှင်ပြပွဲနှင့် အနုပညာဟောပြောပွဲလေးကို အထက်ပါ ကြော်ငြာအတိုင်း စင်ကာပူနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီပွဲမှာ လွတ်လပ်ခြင်းအနုပညာပွဲမှာ ဆုရခဲ့တဲ့ ရုပ်ရှင်(၅)ကား၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးရဲ့ အင်းသီးရုပ်ရှင်ဇာတ်လမ်းတို၊ နောက်ကြည့်မှန် အပိုင်းအစတွေကို ပြသမှာဖြစ်ပြီး ဒါရိုက်တာ ဘ၀ အနုပညာဖြတ်သန်းမှုတွေနဲ့ ကိုဇာဂနာကတော့ ဒါရိုက်တာမောင်သူရအဖြစ်နဲ့ရော လူရွှင်တော် ဇာဂနာအဖြစ်နဲ့ရော သူဖြတ်သန်းလာခဲ့ရတာတဲ့ ဘ၀အတွေ့အကြုံ ၊ သူ့စွမ်းဆောင်ဖန်တီးနေတဲ့အနုပညာအတွေ့အကြုံတွေကိုပရိတ်သတ်နဲ့ရင်းရင်းနှီးနှီး မေးခွန်းတွေ ဖြေရင်း ဟောပြောသွားမှာဖြစ်ပါတယ်။

ရသအလင်းဟာ ကိုသူရတို့ စင်ကာပူကို ရောက်မယ့် ရက်ကိုသိရပြီး အချိန် နှစ်ပတ်လောက်အတောအတွင်းမှာ ဒီပွဲကို ရအောင်ဖြစ်အောင် စီစဉ်ပေးခဲ့ကြတာဖြစ်ပါတယ်။

လူကြီးမင်းတို့ အနေနဲ့ လက်မှတ်ကို ပိုက်ဆံပေးဝယ်ကြည့်ရတယ်သဘောမထားပဲ အလှူငွေထည့်ဝင်ခြင်းဖြင့် လက်မှတ်တစ်စောင်ရယူတယ်ဆိုတဲ့ သဘောထားလေးနဲ့ လာရောက်အားပေးကြပါဦးလို့ ဖိတ်မန္တကပြုအပ်ပါတယ်။

လက်မှတ်နှုန်းထားတွေကတော့ $25 - $20 -$15 တို့ဖြစ်ပြီး၊ မနက်ဖန်(၇.၁.၂၀၁၂)နေ့မှစတင်ပြီး

Peninsular Plaza ရနံ့သစ်စားသောက်ဆိုင် B1-07 နဲ့ မြနန်းနွယ်02-41 တို့မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ် တွေကတော့

ကိုဘိုဘိုဝင်း( ရနံ့သစ်) ၈၁၆၁ ၂၂၄၄

ကိုဇော်ဝင်းလှိုင် ( မြနန်းနွယ်) ၉၆၆၉ ၃၀၃၉

မချစ်ကြည်အေး (၉၀၀၃ ၃၈၀၄)

နီလာမြင့်(၉၁၀၆ ၉၃၇၇)

မအိအိအေး( ၉၁၆၈ ၂၀၃၇ )

ဖိုးစိန်( ၉၀၆၂ ၃၂၃၉)

လက်မှတ်များကိုကြိုတင်မှာယူနိုင်ပြီး၊ကြားရက်တွေမှာ ညနေပိုင်း ရုံးပိတ်ရက်တွေမှာတစ်နေကုန် အထက်ဖေါ်ပြပါနေရာတွေမှာ

ရောင်းချပေးလျှက်ရှိပါကြောင်း..................။


အိန္ဒြာ

ရသအလင်း ဖောင်ဒေးရှင်း











No comments: