ကျွမ်းမြိုက်ပူလောင်ဖို့…
တရွေ့…ရွေ့…။….ငါ့..ဆီ…။
အဓိပ္ပာယ်တွေ..အကန့်အသတ်မရှိတော့တဲ့..
နေခြင်းထိုင်ခြင်းမှာ..
အလန့်တကြား…..
ငါ့ကိုယ်ငါ….သိမ်းဝှက်ထားလိုက်တယ်…။
မှိုင်းမှုံ..ရီဝေဖွယ်ရာ..အငွေ့..အသက်တွေနဲ့..
ရင်ခုန်ယစ်မူးဖွယ်ရာ..နမိတ်ဆိုးတစ်ချို့နဲ့…..
ကြေကွဲရောင်..လှပနေတဲ့..ငါ့..တကိုယ်ရည်..ဆက်တင်..
အို…..!!
အဲဒီ့တံခါးကို..ဖွင့်လို့ရနိုင်မယ့်…
င့ါ..အတွေးပုံတူ..သော့တစ်ချောင်း….
နတ်ဝှက်ခြင်းခံလိုက်ရသတဲ့….။
ရုတ်ချည်း….မည်းပျို့…..
ဟော့ဒိတိမ်ညိုတစ်အုပ်ဟာ….
နတ်ဆိုး…မန်းစုတ်လိုက်တဲ့…မန္တန်တစ်ပုဒ်..ပေါ့ကွယ်…
ဘ၀ဟာ….
ရှင်သန်မှုတွေ..သေဆုံးသွားခြင်းနဲ့
သေခြင်းတရားတို့….ရှင်ပြန်ထမြောက်ရာကြိုးဝိုင်းပေါ့…..
ဘ၀ဟာ…
အသက်ရှိတဲ့ဝတ္ထုပေါ့….
ဘ၀ဟာ….
ဘာမှမဟုတ်ခြင်း..အထူးပြုလုပ်ချက်ပေါ့..
ဘ၀ဟာ…
ပေးဆပ်မှုတွေနဲ့လက်ပမ်းကျနေတဲ့…
အချစ်ပြိုင်ပွဲပေါ့…….
ဘ၀ဟာ..အချိန်မရွေးပေါက်ကွဲနိုင်တဲ့…တိုင်းဗုံး….
ဘ၀ဟာ.အလိုမကျခြင်း..တွေနဲ့ချည်းစည်ကားနေတဲ့..ပွဲတော်ည
ဘ၀ဟာ…ချိတ်ပိတ်ထားတဲ့ပေးစာတစ်စောင.်…..
ဘ၀ဟာ..အလွမ်းလောင်စာနဲ့….
ခုတ်မောင်းနေရတဲ့..ခရီးရှည်….
ဘ၀ဆိုတာ…..
ဘယ်အချိန်အထိ….တိုက်စားခံနေရမယ်မှန်းမသိတဲ့
ချောက်ကမ်းပါးတစ်ခု…ပါ…ကွာ.…။
အချစ်ဆိုတာကတော့..
သတိပေးဆိုင်းဘုတ်ချိတ်ဆွဲမထားတဲ့…
အန္တရယ်ကွေ့ ..တစ်ခုဖြစ်……ခဲ့တယ်.…..
ဘာပဲဖြစ်ဖြစ်…..
အခု..
သူလျို့ဝှက်ထားတဲ့..ငါ့လက်ဖ၀ါးထဲမှာ…
အရာရာကို…အပ်နှံထားခဲ့ပြီ..။
ဘယ်လောက်…..၊
ငါတွက်ဆမရနိုင်တဲ့..စိတ်ဒါဏ်ရာတွေနဲ့…
ဘယ်လို…၊
ကျွတ်ဆတ်နေမှန်းမသိတဲ့…ဒီပစ္စက္ခကိုတော့
ဟော့…ဒီ့…….သီချင်းတွေနဲ့……
ချော့ မြှူ နှစ် သိမ့် ကြည့် ယုံ လေး……..
ဒီလိုပါပဲ…………
လျောက်လှမ်းလာခဲ့တဲ့….
နေ့….နေ့…။…..ည…..ည
စိတ်ကို..စိတ်….အတိုင်းပစ်ချကြည့်တဲ့…..အခါ….
စိတ်ဆိုတာ…ကို…..က
အ..စိပ်….စိပ်…..
အ..မွှာ….မွှာ…..။
အိန္ဒြာ
ဖိုင်တွေထဲ ဟိုလိုက်ကလစ် ဒီလိုက်ကလစ် လုပ်ရင်းထွက်လာတဲ့ကဗျာတစ်ပုဒ်ပါ..။
အလှည့်အပြောင်းလေးအနေနဲ့ တင်ပေးလိုက်ပါတယ်..။
ပုံလေးရဲ့နေရာ
အလှည့်အပြောင်းလေးအနေနဲ့ တင်ပေးလိုက်ပါတယ်..။
ပုံလေးရဲ့နေရာ
19 comments:
ကျွမ်းလောင်ဖို့ ငါ့ဆီ
တရွေ့…ရွေ့…။….ငါ့..ဆီ…
ကျွမ်းမြိုက်ပူလောင်ဖို့…
အလန့်တကြား…..
ငါ့ကိုယ်ငါ….သိမ်းဝှက်ထားလိုက်တယ်…
မှိုင်းမှုံ..ရီဝေဖွယ်ရာ..အငွေ့..အသက်တွေနဲ့.
အဲဒီ့တံခါးကို..ဖွင့်လို့ရနိုင်မယ့်
နတ်ဆိုး…မန်းစုတ်လိုက်တဲ့…မန္တန်တစ်ပုဒ်..ပေါ့ကွယ်
သေခြင်းတရားတို့….ရှင်ပြန်ထမြောက်ရာကြိုးဝိုင်းပေါ့
ဘာပဲဖြစ်ဖြစ်…..
ဘယ်လောက်…..၊
သူလျို့ဝှက်ထားတဲ့..ငါ့လက်ဖ၀ါးထဲမှာ…
နေ့….နေ့…။…..ည…..ည
စိတ်ကို..စိတ်….အတိုင်းပစ်ချကြည့်တဲ့…..အခါ….
စိတ်ဆိုတာ…ကို…..က
အ..စိပ်….စိပ်…..
အ..မွှာ….မွှာ…..။
အချစ်ဆိုတာကတော့..
ဘယ်အချိန်အထိ….တိုက်စားခံနေရမယ်မှန်းမသိတဲ့
ချောက်ကမ်းပါးတစ်ခု…ပါ…ကွာ.…
ဟော့ဒိတိမ်ညိုတစ်အုပ်ဟာ
ရုတ်ချည်း….မည်းပျို့…..
နတ်ဝှက်ခြင်းခံလိုက်ရသတဲ့…။ ။
(တမျိုးလေးပေါ့)
စိတ်ကို စိတ် အတိုင်းပစ်ချကြည့်တဲ့အခါ
စိတ်ဆိုတာကိုက
အစိပ်စိပ်
အမွှာမွှာတဲ့................
......................
ပုံစံမပျက်ကွဲအက်ကြေမွနေသော စိတ်များ
နှင့်
ကျိမ်စာသင့်နေ့ရက်များးးးးးးးးးးးးးးးးးးးးး
ဒီလိုပါပဲ…………
လျောက်လှမ်းလာခဲ့တဲ့….
နေ့….နေ့…။…..ည…..ည
စိတ်ကို..စိတ်….အတိုင်းပစ်ချကြည့်တဲ့…..အခါ….
...
စိတ်မချနိုင်တဲ့ ငါ့စိတ်ကို တွေ့တယ် ..
...
နေရောင်ခြည်နဲ့လောင်ကျွမ်းနေတဲ့ ငါ့စိတ်ထဲမှာ ...
အဆင်သင့် မဖြစ်နိုင်တဲ့ ... ပြာမှုန်တစ်စဟာ
ငါ ငါ့ဥစ္စာဆိုရင် ....
အဲဒီအလွမ်းတွေကိုပဲ ...
တစ်သက်လုံး သိမ်း ထား လိုက် တော့ မယ် ....။ ။
Z
စိတ်တွေအက်ကွဲ
စိတ်တွေကျွမ်းမြေ့
စိတ်တွေ စိတ်တွေ
ရပ်ထားလို့မရဘူး...။
ဒီကဗျာက ကိုအောင်သာငယ် တလောကလုံးကို တက်ဂ်ထားတဲ့ ဘ၀ဆိုတာ.. များလားး)
အဲ့ဒီ အန္တရာယ်ကွေ့မှာပေါ့
ဇောက်ထိုးကျသွားလိုက်တာ..
ဘဝဆိုတာ ငါးပါးကိုမှောက်ရော..
း)
စိတ်
လူး
လွန့်
တာ
လှိုင်း
သိပ်
များ
တယ် ...။
သူလျို့ဝှက်ထားတဲ့..ငါ့လက်ဖ၀ါးထဲမှာ…
အရာရာကို…အပ်နှံထားခဲ့ပြီ..။
ဟိုလိုက်ကလစ် ဒီလိုက်ကလစ် လုပ်ရင်းထွက်လာတဲ့ကဗျာတစ်ပုဒ်တောင် အရမ်းလှတယ်....မ ရေ....
ဖွင့်ဆိုချက်တွေ ကြိုက်လွန်းလို့  မယ် ခဏခဏ ပြန်ဖတ်မိတယ်...
အဆုံးမဲ့ ချစ်တဲ့ ....
စိတ်ကို..စိတ်….အတိုင်းပစ်ချကြည့်တဲ့…..အခါ….
စိတ်ဆိုတာ…ကို…..က
အ..စိပ်….စိပ်…..
အ..မွှာ….မွှာ…..။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အခုတလောတွေးမိနေတဲ့အကြောင်းတွေနဲ့သွားတူနေလို့
ခင်မင်လျှက်
ဟိုတလောက ကိုအောင်သာငယ်စုနေတဲ့ ဘဝ Definition တွေ ဒီကဗျာထဲမှာ တန်းစီ ထွက်လာတယ်။ ကိုအောင်သာငယ် သွားပြောဦးမှ..:)
အချစ်ဆိုတာကတော့..
သတိပေးဆိုင်းဘုတ်ချိတ်ဆွဲမထားတဲ့…
အန္တရာယ်ကွေ့ ..တစ်ခုဖြစ်……ခဲ့တယ်.…..
ခက်တာပဲ ခဏခဏ အရှိန်လွန်ပြီး ပြုတ်ကျရတယ်...
ပြန်တက်လာလိုက် ဆက်သွားလိုက် အခုတော့တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေ ပြည့်နေခဲ့ပြီ...
အဲဒီဘဝဆိုတာကြီးရဲ့ ဖောင်းပွပွနိုင်မှုကို အတော်လေး ငြီးငွေ့မိပေါ့....
စိတ်ကို..စိတ်….အတိုင်းပစ်ချကြည့်တဲ့…..အခါ….
စိတ်ဆိုတာ…ကို…..က
အ..စိပ်….စိပ်…..
အ..မွှာ….မွှာ…..။
ဝိုးးးးးးးး
နကိုကတည်းကမှ တစ်စီဖြစ်နေတဲ့ စိတ်ကို
ထပ်မံ ပိုင်းခြားကြည့်ဖို့
ချခွဲလိုက်တဲ့ အခါ
အစိပ်စိပ်အမွှာမွှာ .... အိုး လှလိုက်တာ မကြီးရယ်
ဘယ်လိုမှ ကို ကျွန်တော်တို့ လိုက်မမှီအောင်
စာသား စကားလုံးလေးတွေက နုရွနေတယ်
မကြီးကတော့ မကြီးပါပဲဗျာ ~~~း)
ခင်မင်လေးစားစွာဖြင့်
ဒီလိုပါပဲ.........
ရောက်သွားခဲ့တဲ့နေရာတွေ ပျောက်သွားခဲ့တဲ့ အချိန်တွေ...
နေ့....နေ့..... ည.... ည
စိတ်ကို ..စိတ်.. အတိုင်း လိုက်သွားကြည့်မိတဲ့အခါ....
အတိတ်ဆိုတာ.... ကို...က
ရေရေရာရာ.... သေသေချာချာ....
မှုံ.... ဝါးး.... ပျောက်.... ကွယ်.....
ခုတော့ ငါဟာ.... ကျိန်စာမိနေတဲ့
ပြုံးချင်ယောင်ဆောင်ထားတဲ့ ကျောက်ရုပ်ကြီးတစ်ရုပ်
ဖြစ်နေတယ်ပေါ့....
ဒီလိုပါပဲ...
ဒီလိုပါပဲ........
ချစ်ခင်လေးစားစွာဖြင့်
အ..စိပ်….စိပ်…..
အ..မွှာ….မွှာ…..။
အပိုင်းအစလေးတွေ ကို တယုတယပြန်ဆက်ရင်း
အကောင်းအတိုင်းပြန်ဖြစ်မလာတော့တဲ့
ဒဏ်ရာတွေ မျှဝေခံစားသွာပါတယ်။
ကဗျာလေးရဲ့ကိုယ်မှာ အမာရွတ်တွေနဲ့ပါလား
ညီမလေးရေ....ချမ်းမြေ့ပါစေ။
အန္တရာယ်ကွေ့မှာ အစိတ်စိတ် အမွှာမွှာ ဖြစ်နေပါပြီ ညီမလေးရေ......
အတွေးတွေကို ဆွဲဆန့်ရင်း
နိုးထခြင်းရဲ့ မနက်သစ်ရောက်တိုင်း
အတွေးထဲစီးမျော တစ်နေ့တာကုန်ဆုံး
စိတ်လုံးလုံးပျက်ခဲ့ရတာ င့ါစိတ်နဲ့ငါ ..
ဘ၀ဟာ .. အံမ၀င်အောင်
အနားသတ်ပြတ်နေတဲ့ စိတ်ပုလင်းလေးဆိုရင်
ငါဟာ .. အဖွင့်အပိတ်တွေနဲ့ရှင်သန်ရမဲ့
စိတ်အစီအရီနဲ့ ပုလင်းလေးပေါ့ ..
စိတ်နောက်ကိုလိုက် တေးချော့ကိုကြိုက်တဲ့ဒီစိတ်..
ဒီအတွေး ဒီမှာတင်ရပ်
တစ်ခန်းဆက်ရမဲ့
င့ါစိတ်အဝေး ..
အတွေး......... ရပ်ထားချင်သော်လည်းမရ
ဟိုတွေး....ဒီတွေး......ငါမှားလား ...ငါမှန်လား.....ငါရှုံးလား.....ငါနိုင်လား.... သူရောငါ့လိုဘဲလား.....ငါဘာဖြစ်လို့......ဘာကြောင့်.....ဘယ်လို......တိုက်တိုက်ဆိုင်ဆိုင်......
ဂျူ
အစိပ်စိပ် အမွှာပါပဲ အိန္ဒြာရေ
စိတ်အတွေးတွေက ရပ်မရ
ထုံရီပေပွ နေသမျှ
သပ်ဖယ်ချရင်း
နေ့ ည ရက်လ နှစ်တွေပေါ်မှာ
စိတ်ကို..စိတ်….အတိုင်းပစ်ချကြည့်တဲ့…..အခါ….
စိတ်ဆိုတာ…ကို…..က
နတ်ဝှက်ခြင်းခံလိုက်ရတဲ့
အတွေးပုံတူ..သော့တစ်ချောင်းပေါ့
နာကျင်ခြင်းကိုယ်ကို စွန့်ထွက်ရာ
တခါးတစ်ချပ်ကိုဖွင့်ဖို့အတွက်
စိတ်ကို စိတ်နဲ့ ရွက်လွှင့် ခဲ့တယ်။
(စုတုပြုခဲ့ပါတယ်။ ကဗျာဆရာမ ခင်ဗျား)
စိတ်ကို..စိတ်….အတိုင်းပစ်ချကြည့်တဲ့…..အခါ….
စိတ်ဆိုတာ…ကို…..က
အ..စိပ်….စိပ်…..
အ..မွှာ….မွှာ…..။
...အဲဒီစိတ်တွေကိုပဲ...နိုင်အောင်တိုက်ချင်နေတာ.....
ဦးမဲ့ဆီမှာ ကဗျာဖတ်ပီး
ဒီကဗျာလေးဆီရောက်လာပါတယ်....
Post a Comment